လှထုံတို့ရွာ (၁၂)

အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတဲ့ လှထုံတို့ရွာကိုတောင် NUG အစိုးရရဲ့ တိုက်ပွဲခေါ်သံ သတင်းက တမနက်ခင်းအတွင်းမှာပဲ ပြန့်နှံ့ရောက်ရှိလို့ လာခဲ့ပါတယ်။ ရှိတဲ့အလုပ်တွေ အကုန်ပစ်ထားပြီး လိုင်းသုံးလို့ရတဲ့ဆီပဲ ပြေးချင်နေတော့တယ်။ သတင်းဆာတယ် ဆိုတာလည်း ထမင်းဆာသလို တော်တော်ကို ပြင်းပြတဲ့ အာသီသတစ်မျိုးပေပဲ။ ဟိုးတုန်းကလို ဘီဘီစီ ဗီအိုအေ ပြန်နားထောင်ရမယ့် အခြေအနေမျိုး ပြန်ရောက်သွားတာကိုး။ ဒီဘက်မှာ လိုင်းတွေအကုန်ဖြတ်ထားလို့ ဖေ့စ်ဘုတ်ပေါ်ကပျောက်နေတာကြောင့် တော်တော်များများက စိတ်ပူနေကြသတဲ့။ ဆက်သွယ်ရေးလမ်းကြောင်းပျောက်ရင် ထောက်ပို့အလုပ်ကလည်း အဆင်မပြေတော့ဘူး မဟုတ်လား။ ကလေးတွေကလည်း တစ်တော့မဆော့ရ ဇာတ်ကားမဒေါင်းရလို့ မပျော်နိုင်ဘူး။ အဟောင်းလေးတွေ ပြန်ကြည့်ကြည့်ပြီး အပျင်းဖြေနေရရှာတယ်။ “မိတ် အမေဒီးကား။ ဂဒိတ်။ အဂိန်းတဲ့တော်။ တို့ရွာက ကပ္ပိယကြီးတောင် သူ့လောက် လျှာမထူဘူး။” ဆိုပြီး ဟားနေတာ။ “ဟဲ့ကလေးတွေ။ သူများတကာ ပညာမတတ်တာကို […]

လှထုံတို့ရွာ (၁၁)

ကိုယ်တွေ့ကြုံသမျှ အဖြစ်အပျက်တွေကို အိပ်သွန်ဖာမှောက် မကြောက်မလန့် ရေးသားနေလိုက်တာ။ “ကာဘူးလေဆိပ်က ပဒူအုံကြီးလို အမေရိကန်ဗီဇာ လိုချင်လို့ နေမှာပေါ့။” လို့ ဟိူဘက်ကလူတွေကတော့ ဟောကိန်းထုတ်ကြပါတယ်။ refuge visa ဘယ်လိုလျှောက်ရတယ် နည်းပေးလမ်းပြ နတ်လမ်းညွှန်တဲ့သူတွေလည်း ရှိသားပဲ။ လေးတောင်ပြည့်ခန်းသာလယ်မှာ ဘယ်ခြောက်ကာ ညာလှမ်းရင် ဒီလမ်းကပဲ ထွက်စရာရှိတော့တယ် လို့ ထင်နေတာကိုး။ အဲ့သလိုတော့ မထင်ပါနဲ့။ ဒီလမ်း ဒီစခန်းကို ရောက်တယ် လာတယ်ဆိုတာ ကျားကြောက်လို့ ရှင်ကြီးလာကိုးတာလည်း မဟုတ်ဘူး။ ကယ်ပါယူပါ တစာစာနဲ့ သူများနိုင်ငံ ထွက်ပြေးဖို့လည်း မဟုတ်ပါဘူး။ သို့သော်လည်း ကိုယ်က ရာဇဝတ်သားမဟုတ်၊ ပြစ်မှုပြစ်ဒဏ် ဘာမှမငြိစွန်းပဲ တွေ့ရာသင်္ချိုင်း ဓါးမဆိုင်း ဖမ်းဆီးသုတ်သင်ခံရမယ့် ရန်ကြောင့် ကျီးလန့်စာစား ဝရမ်းပြေးများလို ပုန်းရှောင်နေရတဲ့အရပ်မှာတော့ မနေလိုပါဘူး။ ကိုယ်တတ်တဲ့ပညာကို အရမ်းလိုအပ်နေသူတွေ […]

လှထုံတို့ရွာ (၁၀)

အခုလောက်ဆိုရင်တော့ ကိုယ်ရေးနေတဲ့ လှထုံတို့ရွာကို ဘယ်နားလေးမှာပါလိမ့် သိချင်နေကြမယ် ထင်ပါတယ်။ ဟိုးအဝေးကြီးမှာလေ။ သွားရေးလာရေးး အရမ်းခက်တဲ့နေရာ၊ ဆရာဝန်တွေ ရွှေထက်ရှားတဲ့ နေရာမှာပေါ့။ တိုက်နယ်ဆရာဝန်ဆီတောင် မနည်းရောက်အောင် လွှဲနေရတာဆိုတော့ ကိုယ့်အဆင့်ဟာ တဲနယ်ဆရာဝန်လောက်ပဲ ရှိမလား မပြောတတ်ဘူး။ တောနယ်ဆရာဝန်လို့ပဲ ပြောကြပါစို့ကွယ်။ တောထဲမှာ။ တောင်ထဲမှာ။ လူနာတွေက “လှည်းစီး၍ လာကြသည်။ လှေစီး၍လည်း လာကြသည်။” ဆိုတဲ့အရပ်။ အမ်းမှာတုန်းကလို “ဟတ်စကီး စီး၍ လာကြသည်။” တွေလည်း တွေ့ရပ။ စောင်ကို ပုခက်လုပ်ပြီး ဝါးပိုးဝါးနဲ့ လျှိုထမ်းလာတာလေ။ သူဌေးတွေဆိုရင်တော့ ပါဂျဲရိုးစီး၍ လာကြသည်။ လင်ခရုဆာစီး၍ လာကြသည်ဗျ။ တခါတခါမှာတော့ ကိုရီးယားကားထဲကလို ကုန်းပိုးပြီး လူစီး၍ လာကြပါသည် ခင်ဗျာ။ ဆေးခန်းဖွင့်ကာစမှာ ချောင်းတဘက်ကမ်းကနေ အားပုဂျိက ကုန်းပိုးပြီး ရိုမန်းတစ်ဆန်ဆန် […]

လှထုံတို့ရွာ (၉)

ရွာအကြောင်းလေး စီကာပတ်ကုံး ရေးမိတဲ့အခါ စောင့်မျှော်ဖတ်ရှုကြသူတွေ မနည်းဘူးဆိုလို့ ကိုယ်လည်းပဲ အားတက်သရော ဆက်ရေးနေပါတယ်။ စိတ်ဝင်စားစရာကောင်းတာတော့ မပြောနဲ့။ စာရေးတဲ့သူကိုယ်တိုင်တောင် ရှေ့ဆက် ဘာဖြစ်မယ်မှန်းမသိ။ ရေးရင်းရေးရင်းကို ဇာတ်ရှိန်ကတက်လာတာ။ အခုလောလောဆယ်မှာတော့ တောင်ကြီးက မိုဟာမက်ဆီကို မလာရင် မိုဟာမက်က တောင်ကြီးတွေဆီ သွားရမယ် ဆိုတဲ့စကားနဲ့ ပြောင်းပြန်ပဲ။ ဆရာစိုးက စစ်မြေပြင်ကို မသွားရသေးခင် စစ်ပွဲတွေက ဆရာစိုးရှိရာကို ရောက်လာခဲ့ပြီ ထင်ပါရဲ့။ စစ်မှာတမူ နှမလေးမယ့်ထက်ဖြူနဲ့ ယူရမလား။ စစ်မှာယွန်းမ နှမလေးမယ့်ထက်လှကို ရလေမလား တော့ မပြောတတ်။ ကြည့်ကြသေးတာပေါ့နော။ ဟိုတနေ့ညက လက်နက်အပြည့်အစုံနဲ့အဖွဲ့တွေ လာသွားတာ “တံပိုးနဲ့စည်သံညံညံ စစ်ကြောင်းကြီး ချီလာသံကြား” ဆိုတဲ့အတိုင်း ဖြစ်ကုန်တာပေါ့။ မိဂဒါဝုန် ဟာ မိဂဒါဝုန် မဟုတ်တော့ဘူး လို့ ပြောခဲ့တဲ့အတိုင်းပဲလေ။ အရင်တုန်းက […]

လှထုံတို့ရွာ (၈)

ဗီဇစရိုက်အားဖြင့်ကိုက အအိပ်အစားမက်တဲ့အထဲ ကိုယ်မပါပါဘူး။ မအိပ်မနေ အသက်ရှည် စကားလက်ကိုင်ထားတာ လူမှန်းသိတတ်စအရွယ်ကတည်းကပါ။ ကလေးဘဝကတည်းက အိပ်ပျက်ခံ စာကျက်တတ်တယ်။ ဆေးကျောင်းသားဘဝမှာ အိပ်ငိုက်မှာစိုးလို့ မတ်တပ်လမ်းလျှောက် စာကျက်ခဲ့ရတယ်။ ဆရာဝန်ဖြစ်တဲ့အခါကျတော့ နိုက်ဂျူတီတွေမှာ မိုးစင်စင်လင်းတဲ့ထိ ငိုက်တောင်မငိုက်အားပဲ အလုပ်များနေခဲ့ဖူးပါတယ်။ ဒီတသက် ဒီဘဝမှာတော့ ကိုယ့်အတွက် အိပ်ရေးပျက်တယ် အိပ်ရေးမဝဘူး ဆိုတဲ့ ပြဿနာဟာ စကားထဲထည့်ပြောစရာကို မလိုခဲ့တာပါ။ UHC တို့ သျှင်ပါကူဆေးခန်းတို့မှာ MO လုပ်တုန်းကဆို နေ့ဘက်တ​နေကုန် ဆေးရုံမှာဆင်းပြီး ညဘက်ကျ​တော့ ဆေးခန်းမှာ တညလုံးဆက်ဂျူတီဝင်နိုင်ပါတယ်။ ဘာအလုပ်မှ လုပ်စရာမရှိဘူးဆိုရင်တောင် စာရေးတာ စာဖတ်တာ၊ သီချင်းနားထောင်တာ၊ ရုပ်ရှင်ကြည့်တာနဲ့ မိုးလင်းပေါက် မျက်စိကြောင်နိုင်တဲ့အစားထဲမှာပါတယ်ဗျ။ ဘာစိတ်ကြွဆေးတွေမှ စားဖို့မလို ကိုယ့်ဘာသာကိုယ် ပေါက်မြောက်တက်ကြွနေနိုင်တဲ့သူပါ။ သို့သော်လည်း အခုရက်ပိုင်း ညဘက်ညဘက် လာလာအနှိုးခံရတာကိုတော့ အမှန်အတိုင်းပြောရရင် […]

အသက်ကို ဉာဏ်စောင့်သတဲ့နော်

ဘဝမှာ အသက်ဘေးနဲ့ နီးနီးကပ်ကပ် ကြုံခဲ့ပြီး လွတ်မြောက်လာတာ နှစ်ခါရှိပြီလို့ ပြောရမှာပဲ။ ကိုဗစ်ဆိုတာ သေတတ်မှန်းလည်းသိတယ်။ သေချာပေါက် ကူးမယ်မှန်းလည်း သိတယ်။ အဲ့ဒီကြားထဲကမှ သေမှာကြောက်ရမှာကို သေရမှာထက် ပိုကြောက်တဲ့စိတ်နဲ့ ခေါင်းမာမာ ဝင်တိုးခဲ့တာလေ။ အခုတော့ သေနိုင်ပါရိုးလား လေပါတီရယ် လို့ သက်ပြင်းသက်မချနိုင်ပြီပေါ့။ ကိုယ်တို့ တည်းအိမ်တစ်အိမ်လုံးတော့ ဘယ်သူမှ ပြေးမလွတ်ပါဘူး။ ထမင်းလာလာပြင်ကျွေးတဲ့ သားအမိနှစ်ယောက်ပါ အိပ်ယာထဲ အတုံးအရုံးလဲကုန်တာ။ ချောင်းဆိုးတဲ့ဆရာမလေးဆိုလည်း အသံတောင်မထွက်နိုင်လောက်အောင် မရပ်မနားဆိုး၊ ဖျားတဲ့ကလေးဆိုလည်း တကိုယ်လုံးခြစ်ခြစ်တောက်ပူပြီး ရေတောင်မသောက်နိုင်။ ဒီရောဂါနဲ့ နှစ်ပေါက်အောင်နေလာရတဲ့ ဆရာဝန်တစ်ယောက်မို့ သူ့အကြောင်းကို လှစ်လှစ်ကလေးနေအောင်ကို သိပါတယ်။ ပေါ့ပေါ့လေး မနေပါဘူး။ ပို့သသောမေတ္တာများကြောင့်ရော ကုသသောစေတနာများကြောင့်ရော ဘာဝေဒနာမှ မခံစားရပဲ ပိန်းကြာဖက် ရေမတင်တာ အင်မတန် အံ့ဩစရာကောင်းသား။ ရန်ကုန်မှာတောင် ရှာမရ […]