ချန်ဂင်တို့စခန်း (၃၁၀)

စောင့်ရတဲ့သူတွေအတွက်ဆို အချိန်တွေက ကုန်ခဲလိုက်တာတဲ့။ ကိုယ်ကတော့ ဘာကိုမှ မစောင့်ပဲ ချက်ချင်း ချက်ချင်း ထလုပ်တတ်လို့ ထင်ပါရဲ့။ အချိန်တွေက ဘယ်လိုဘယ်လို ကုန်သွားမှန်းတောင် မသိလိုက်ဘူး။ ကုန်သွားပြန်ပြီ တစ်ရက်။ ရေးဖြစ်ပြန်ပြီ နောက်တစ်ပုဒ်။ ဘာမှလည်း ထွေထွေထူးထူး ဖြစ်ပျက်ပြောင်းလဲနေတာ မရှိပေမယ့်လည်း မပျင်းမရိ ဖတ်ကြသားနော်။ ဆျာစိုးဆီ ဝင်ဝင်ဖတ်လို့ give away လည်း ပေးစရာ မရှိသလို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ဆက်ဆီဆယ်လ်ဖီလေးတွေလည်း တင်မထားမိပါဘူး။ အိုပဲ အိုလှပေါ့ဟာကို။ ဟိုဘက်ကလူတွေကတော့ ဒီဆရာဝန်ကို သွပ်ကမိုးယို (အနီကောင်) လို့ပဲ သဘောထားမှာပါ။ ဒီဘက်မှာလား။ ပါဝါရိန်းဂျား အနီကောင်တော့ လုပ်လိုက်။ ဘယ်သူတွေ ဘယ်လိုထင်ထင်ပါလေ။ နေ့ရှိသ၍ အပတ်တကုတ် ကြိုးစားလုပ်ကိုင်လာခဲ့သမျှဟာ ပွင့် သီး ရင့် မှည့် […]

ချန်ဂင်တို့စခန်း (၃၀၉)

ဒီရက်တွေမှာ ဘယ်လောက်ပဲ အလုပ်များတယ် ဆိုဦးတော့ လေးငါးရက်နေရင် စာတစ်ပုဒ်လောက်တော့ ထွက်အောင်ရေးပြီး တင်ဖြစ်ပါတယ်။ မရှိ ရှိတဲ့အကြောင်းအရာကို အတင်းဖြစ်ညှစ် ရေးသားနေတာတော့ မဟုတ်ဘူးပေါ့။ လတ်တလောရက်တွေမှာ ဖြစ်သမျှပျက်သမျှ ကြုံရာဆုံရာတွေကို ညဘက်အိပ်တဲ့နေရာရောက်ကာမှ ဖုန်းမရ၊ မီးမရ၊ လိုင်းမရတဲ့ဆီမှာ ဖုန်းကလေး တောက်ကာတောက်ကာ ရေးရပါတယ်။ ခုချိန်ထိအောင် ဘေးကင်းရန်ကွာ ပန်းကြာရေသို့ လန်းဖျာစေဖို့ဆိုတာ ပြည်သူအများ ပို့သသောမေတ္တာကြောင့် လို့ပဲပြောပြော၊ ဘုရားသခင် ဂုဏ်ကျေးဇူးတော်ကြောင့်လို့ပဲဆိုဆို။ တောင်းတဲ့ဆုတွေ ပြည့်ဝနေတယ် လို့ပဲ သဘောထားပါိတယ်။ ကိုယ့်နိုင်ငံ တနံတလျားမှာ လောင်မီးကျလျက် ဒရုံးတို့စက် ဖြစ်နေတယ်ဆိုတာ ကိုယ်တို့လို စောင့်ရှောက်ကုသပေးနေရတဲ့သူတွေ အသိဆုံးပါပဲ။ လေယာဉ်တွေကလည်း ညတိုင်းပဲ မဟုတ်လား။ ကိုယ်တို့တွေ လိုင်းပေါ်မှာ အချင်းချင်းတွေ့ရင် ဘယ်လောက်တောင် အလုပ်များနေသလဲ လို့ တစ်ယောက်နဲ့တစ်ယောက် မမေးမိပါဘူး။ […]

ချန်ဂင်တို့စခန်း (၃၀၈)

အမေရိကားမှာ ဒေါ်နွယ်ထွမ့်ကြီးတစ်ယောက် ဘုန်းမီးနေလ အာသောက ဖြစ်နေပြီဆိုတော့ ပူတင်ကြီး နဲ့ ကျင့်ဖျင်ကြီးတို့ က “ရိုက်လိုက်ပါဦး ရိုက်လိုက်ပါဦး” လုပ်နေမလား မသိပါဘူး။ သူတို့ရဲ့ မယားပါသားလေး မိအောင်လှိုင် ကတော့ “NUG ကို မူရီးကားက ဒေါ်လာတွေ ဆက်ထောက်ပံ့မှာ မဟုတ်တော့ဘူး။” ဆိုပြီး ကျွမ်းဆယ်ပါတ်လောက် လှိမ့်ထိုးနေတယ်။ အောင်မယ် အဲ့ကောင်က ဆရာကြီးအထာနဲ့ တာ့ကောတို့ကို ကွန်မန်းတွေ ပေးနေတာဗျား။ “နယ်စပ်ကုန်သွယ်ရေးတွေ ပိတ်ထားတယ်ဆို။ ကောင်းတယ်။ ကောင်းတယ်။ ဒီလိုပဲ ဆက်ပိတ်ထားစမ်းပါ။” ဆိုပြီး ထောက်ခံဆွေးနွေးလေသတဲ့။ သူ ဖောရှောလုပ်နေကျ တပ်မတော် အထည်ချုပ်စက်ရုံမှာ မိန့်ခွန်းချွေတယ်များ မှတ်နေသလားကွယ်။ ဟိုဘက်က ဆက်ပိတ်ထားပြန်ရင်လည်း “တွေ့လား။ ငါပြောရင် တစ်ခွန်းရယ်။” ဆိုပြီး အမှတ်ယူလေဦးမယ်။ သူ့တိုက်ရည်ခိုက်ရည် ကွပ်ကဲမှုနဲ့ […]

ချန်ဂင်တို့စခန်း (၃၀၇)

ခုရက်ပိုင်း ကိုယ်တို့ တော်တော်ပင်ပန်းကြပါတယ်။ မိုးလင်းမိုးချုပ် အိုတီဝင်နေကြတာကိုး။ ဆရာအော်သိုရောက်တဲ့အခါ အရိုးလူနာတွေ သူ့ဆီလွှဲစရာ မလိုတော့ပဲ ဒီမှာတင် ခွဲလို့ရသွားတယ်။ ဒဏ်ရာရရချင်းမှာ ကိုယ်တို့က အရေးပေါ်ကုသမှုနဲ့ အသက်ကိုကယ်ထားနိုင်ပေမယ့် ခြေတွေလက်တွေ အကောင်းအတိုင်းပြန်ဖြစ်ဖို့ သူတို့ရဲ့ဘဝကို ဆရာအော်သို ကယ်တင်မှ ရမယ်။ သူ့ကျွမ်းကျင်မှုနဲ့သူပေါ့လေ။ ရှေ့တန်းက ကလေးတွေက First aid treatment နဲ့ ကိုယ့်ဆီကို အသက်နဲ့ရောက်အောင်ပို့တယ်။ ကိုယ်တို့က အဖိတ်အစင် မရှိအောင် အရေးပေါ် ခွဲစိတ်ကုသပေးထားတယ်။ ဆရာအော်သိုလာတော့ သူတို့ခြေထောက်တွေ လက်တွေ အကောင်းတိုင်း ပြန်ဆက်အောင် စတီးချောင်းတွေနဲ့ ငြမ်းဆင်တယ်။ လုပ်ပေးနိုင်သ၍ အတိုင်းအတာအားလုံး လိုလေသေးမရှိအောင် လုပ်ပေးထားတယ်။ သူတို့လည်း ကိုယ်တို့အတွက် အသက်ပါ သေချင်သေပစေ၊ စစ်တိုက်ပေးနေတာ မဟုတ်လား။ တော်လှန်ရေးကြီး ဒီခရီးအထိ အောင်မြင်လာရဖို့ […]

ချန်ဂင်တို့စခန်း (၃၀၆)

ဒီလထဲမှာ မင်းအောင်လှိုင်ကို တရုတ်ပြည်ခေါ်ပြီး ကျောသပ်ရင်သပ် ၁၃ ကျပ် လုပ်ပြမယ့် အစီအစဉ်ဟာ “ဘာမှမပူနဲ့ သားရီး။ မင်းရဲ့နောက်မှာ တို့ရှိတယ်။” လို့ ပရိတ်သတ်ကြီးရှေ့မှာ ချပြလိုက်တဲ့သဘောပါပဲ။ ဒါပေမယ့် ဟိုအကောင်က သူ့ကိုညာခေါ်ပြီး ဘန်ဘူးထည့်မှာစိုးလို့ ထောက်ပြုတ်အဟောင်းကြီးတွေ ကြိုလွှတ်ပြီး အနေအထား မြွေဖားလေးတွေ ရှိုးခိုင်းထားသတဲ့။ တချို့ဝန်ကြီးတွေလည်း ရောက်နေကြပြီး တရုတ်နယ်စပ်က တိုင်းရင်းသားလက်နက်ကိုင်တွေအကြောင်း ဆွေးနွေးတယ် လို့ သတင်းထုတ်လိုက်သေးတယ်။ ရန်ကုန်မြို့သစ် စီမံကိန်းအတွက် စာချုပ်ချုပ်မလို့ လို့လည်း ပြောကြသေးသဗျ။ ဘယ်သတင်းကိုမှ အတည်မယူပေမယ့် ဒီလူတွေ မဟုတ်တာ တခုခု ကြံစည်နေတာတော့ သေချာပါတယ်။ တရုတ်ကြီးဆီက ယူထားတဲ့လက်နက်တွေအတွက် ခရေပေးနဲ့ ရှင်းမလို့သွားတာလည်း ဖြစ်နိုင်ပါသေးရဲ့။ သွားလမ်းရော သာပါ့မလား။ လာလမ်းရော ဖြောင့်ပါ့မလား။ ဦးခင်ညွန့်တုန်းကလည်း လေယာဉ်ပျံဆိုက်တာနဲ့ “ကြွပါ […]

ချန်ဂင်တို့စခန်း (၃၀၅)

လွတ်မြောက်နယ်မြေက ဆေးရုံတွေဟာ ဝင်ကစွပ်ကောင်တွေလို နဂိုရှိပြီးသား ဆေးရုံဆက်တင်ကလေးကို စွန့်ခွါထွက်ပြေးသွားတဲ့ non-CDM တွေနေရာမှာ အသာလေးဝင်အလုပ်လုပ်ကြတာမျိုးလည်း ရှိကြပါတယ်။ ဒါပေမယ့် အဲ့လိုဆေးရုံမျိုးက မလုံခြုံပါဘူး။ အမြဲတမ်း လေယာဉ်နဲ့ ဗုံးလာလာကျဲနေတာမို့ပါ။ ကိုယ်တို့ဆေးရုံကိုတော့ သူတို့ဗုံးလာကျဲဖူးကတည်းက စစ်ရေးအခြေအနေကိုကြည့်ပြီး ဖြုတ်တပ်ရွှေလျား ဆော့ကစားလို့ရတဲ့ ပါဝါရိန်းဂျား အရုပ်ကလေးတွေလို ပေါင်းလိုက်စုလိုက် ဖြန့်လိုက်ဖျောက်လိုက်နဲ့ အရှင်ထားပြီးကစားရပါတယ်။ လူနာနည်းရင် နည်းသလို လူနာများတော့လည်း များသလိုပေါ့။ အရေးကြီးတာကတော့ အကုန်လုံး အန္တရာယ်ကင်းနေဖို့ လိုပါတယ်။ တောထဲမှာသွားနေတဲ့အခါလည်း နေရတယ်။ လယ်ကွင်းပြင်မှာ သွားအိပ်တဲ့အခါလည်း အိပ်ရတယ်။ တဲထိုးပြီး ခွဲတဲ့အခါလည်း ခွဲရတယ်။ ဘယ်အရာမှ ပုံသေကားကျ မဟုတ်ဘူး။ လူတွေရော၊ ဆေးဝါးပစ္စည်းကိရိယာတွေရော ဟိုရောက်လိုက် သည်ရောက်လိုက်နဲ့ပါပဲ။ စစ်ပွဲရှိရင် ရှိတဲ့နေရာကို လူနာလိုက်ကောက်တယ်။ Base 1, Base […]