လူနာတွေကို ဆေးကုပေးတဲ့ အကျိုးအားကြောင့် ယာထဲအခင်းထဲကထွက်တဲ့ ကောက်ပဲသီးနှံကလေးတွေ လာလာပေးကြပါတယ်။ အရင်လကမှ ကောက်သစ်စားပွဲ လုပ်ထားကြတာ မဟုတ်လား။ ကောက်ညှင်းဆန်တွေဟာ ထမင်းချက်သလိုချက်စားလို့ မရမှန်း ခုမှပဲ သိတော့တယ်။ ကောက်ညှင်းကျည်တောက်ကတော့ လုပ်စားစရာမလို။ လုပ်ပြီးသားလေးတွေ ပေါလွန်းလို့။ ရွာကလူကြုံလာရင် ပေါင်းချောင်ယူခဲ့ပါ လို့ မှာရတယ်။ ပေါင်းစားကြမယ်။ ပေါင်းစားကြမယ်လေ။ သူတို့အရပ် သူတို့ဇာတ်ကတော့ ပေါင်းရုံနဲ့ အားမရလို့ ထောင်းကိုစားကြတာ။ ခေါပုတ်ထောင်း၊ ခေါပုတ်ကင်၊ ခေါပုတ်ကြော်၊ ခေါဆီ။ ဝါးရသက်သာတယ်ဗျ။ ဒီက မနက်စာဆိုတာ ခေါပုတ်တလှည့် ခေါက်ဆွဲတလှည့်ပဲ။ ဆရာဝန်ဆိုတာ ကောက်သစ်ပေါ်ဦးနှင့် အထူးတလည် ဧည့်ခံထိုက်သော ဧည့်ကောင်းစောင်ကောင်းလို့ သဘောထားကြတယ်နော်။ သာဓုပါဗျာ။ သာဓု သာဓု။ တဘက်မှာ စာရေးတဲ့ အကျိုးကျေးဇူးကိုလည်း ကိုယ်တို့ ခံစားရပါတယ်။ တနေ့တနေ့ “လှူချင်နေပါပြီနော်။ […]
ချန်ဂင်တို့စခန်း (၃)
ဆရာဝန်တွေဟာ ဆေးကုတဲ့ အလုပ်အပြင် နောက်ထပ် အတတ်ပညာတစ်ခုခု တွဲလာတဲ့အခါမှာ (ဥပမာ ဆရာဝန်အဆိုတော်၊ ဆရာဝန်ရုပ်ရှင်မင်းသား၊ ဆရာဝန်စာရေးဆရာတို့လိုမျိုး) ဘယ်အရာကို အဓိကထားမှာလဲ မဖြစ်မနေ ရွေးချယ်ရပါတယ်။ ဆေးမကုတတ်မှာစိုးလို့ တခြားအလုပ် ပေးမလုပ်တာ မဟုတ်ပါဘူး။ ဆေးကုတဲ့အခါမှာ ဆရာဝန်-လူနာ ဆက်ဆံရေးထဲကို မဆိုင်တဲ့သက်ရောက်မှုတွေ အနှောက်အယှက် ဖြစ်မှာစိုးလို့ပါ။ စဉ်းစားကြည့်လေ။ ဦးဦးစိုးသူတို့၊ မမဖြူဖြူကျော်သိန်းတို့ဆို ဆေးရုံကို အမှတ်တမဲ့ ရောက်လာရင်တောင်မှ လူတွေက “ဟိုမှာကြည့်စမ်း။ ဟိုမှာကြည့်စမ်း။” နဲ့ အုတ်အော်သောင်းနင်း နောက်ကလိုက်ကြမှာ မဟုတ်လား။ ဆရာဝန်လုပ်ပြီး ရုပ်အရမ်းကြီးချောနေရင်ကို ဆေးကုရတာ မလွတ်လပ်တော့ဘူး။ အရိပ်တကြည့်ကြည့် အောက်မှာ မွန်းကြပ်တာကိုး။ ဒါသည်ပင် ကိုယ့်အားနည်းချက် ဖြစ်တော့သည်လေ။ ဆရာဝန်လုပ်ပြီး စာရေးတဲ့အခါမှာ လူနာတွေက လုပ်ဖော်ကိုင်ဖက်တွေက “သူရေးတဲ့အထဲများ ပါသွားမှဖြင့်ကွယ်။” ဆို စိတ်တထင့်ထင့် […]
ချန်ဂင်တို့စခန်း (၂)
ဆရာမင်းလူရဲ့ ပရိသတ်တိုင်းက လှထုံကို ရင်းနှီးသလိုပဲ ကိုရီးယားဇာတ်လမ်းတွဲ ကြည့်သူတွေကိုလည်း ချန်ဂင်နဲ့ မိတ်ဆက်ပေးစရာ မလိုပါဘူး။ ဆေးကုလိုက် အစားအသောက်တွေ ချက်လိုက် လုပ်နေတဲ့ နန်းတွင်းသမားတော်ကလေးမှန်း လူတိုင်းသိပါတယ်။ အခုလည်း ကိုယ်တို့အဖွဲ့သားတွေ အဲ့ဒီအလုပ်ပဲ လုပ်နေကြတာ မဟုတ်လား။ နန်းတွင်းရေး အရှုပ်အထွေးတွေကို ကြံ့ကြံ့ခံရင်ဆိုင်ပြီး ကိုယ့်အသက်မွေးမှုအတတ်ပညာဖြစ်တဲ့ ဆေးကုတဲ့အလုပ်ကို အားသွန်ခွန်စိုက် လုပ်နေတဲ့ ချန်ဂင်ဆိုတာ ဘယ်သူများပါလိမ့် လို့ သိချင်ရင် ကိုယ်တို့စခန်းက ဆရာဝန် ဆရာမ အားလုံးကို လက်ညှိုးထိုးပြလို့ ရပါတယ်။ နောက်ထပ် ချန်ဂင်ဖြစ်ချင်တဲ့သူတွေလည်းပဲ အတူတကွ လာရောက်ပူးပေါင်းလို့ ရသေးတယ်နော်။ အကြီးတွေက အငယ်တွေကို သင်ရင်းပြရင်း လက်တွဲခေါ်မှာပေါ့။ စိတ်တူသဘောတူ ဖြစ်ဖို့သာလိုရင်းပဲ။ ဒါမှလည်း ပျော်စရာကောင်းမှာကိုး။ စခန်းကို ရွာမှာမရွေးပဲ တောထဲဝင်ခိုရတဲ့အကြောင်းကတော့ ကိုယ်တို့အားလုံးရဲ့ အသက်အန္တရာယ် […]
ချန်ဂင်တို့စခန်း (၁)
တော်လှန်ရေးကာလတလျှောက် ကိုယ်ဘယ်လိုရပ်တည်ရှင်သန်ခဲ့သလဲ ပြန်တွေးကြည့်ရင် ဘာမှထွေထွေထူးထူး မရှိပါဘူး။ စစ်အုပ်စုမှအပ သန်း ၅၀ ခန့်သော အရပ်သားပြည်သူထဲက တစ်ယောက် အနေနဲ့ပဲ ခိုင်ခိုင်မာမာ ဆန့်ကျင်တော်လှန်နေတာပါ။ လှုံ့ဆော်သူလည်း မဟုတ်။ ဦးဆောင်သူလည်း မဟုတ်။ ပဲ့ကိုင်လမ်းညွှန် ထိန်းကြောင်းသူလည်း မဟုတ်ပါဘူး။ တော်လှန်ရေး ဝိဇ္ဇာရှစ်သောင်း ဆရာအပေါင်းထဲမလည်း စာရင်းမဝင် အင်းမဝင်ပါ။ “ဒါနဲ့များ မင်းက ဘာကိစ္စနဲ့ ဖျာအရှည်ကြီး ဝင်ခင်းရသလဲ” ဆိုရင် ပြည်သူတစ်ယောက်အနေနဲ့ ကိုယ်သန်ရာစွမ်းရာ ကဏ္ဍကနေ ခေတ်ရဲ့ဝန်ကို ဝင်ထမ်းခြင်း ဖြစ်ပါတယ်။ ဆရာဝန်တစ်ယောက် ဖြစ်တဲ့အတွက် ပြည်သူဘက်က ဆေးကုတယ်။ စာရေးသူ တစ်ယောက် ဖြစ်တဲ့အတွက် လက်တွေ့ဖြတ်သန်းလာရတဲ့ မျက်စိအောက်က တော်လှန်ရေးဖြစ်စဉ်တွေကို မှတ်တမ်းမှတ်ရာ ချန်တယ်။ နောင်တချိန်မှာ သက်သေ အထောက်အထား သမိုင်းဖြစ်ရပ်အနေနဲ့ ခိုင်မာစေချင်လို့ […]
စစ်ကျွန်ပညာရေး
စစ်ကျွန်ပညာရေးဆိုတာ ဘယ်လိုဟာမျိုးလဲ လို့ မသိတဲ့လူတွေက မေးကြတယ်။ စစ်သားတွေက ပညာရှင်တွေကို သူတို့လက်အောက်မှာ ကျွန်ခံခိုင်းချင်လို့ ဦးနှောက်အသိဉာဏ်တွေကို မဖွံ့ဖြိုးအောင် ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးဖြစ်အောင် လေ့ကျင့်သင်ကြားပေးတဲ့ ပညာရေးစံနစ်ကို စစ်ကျွန်ပညာရေး လို့ ခေါ်ပါတယ်။ ဘဝတစ်သက်တာ ဆည်းပူးသင်ကြားထားခဲ့သမျှ ပညာရပ်ပိုင်းမှာ တဘက်ကမ်းခတ်စေကာမူ စစ်သားတွေ အသုံးချဖို့ထက် ပိုအသုံးမဝင်တဲ့ ဦးနှောက်တွေဟာ စစ်ကျွန်ပညာရေးရဲ့ ထွက်ကုန်တွေပေါ့။ မမြင်ဖူးရင် စစ်ဗိုလ်တွေ ဖိနပ်ဦးကို နဖူးတိုက်ခစားနေရတဲ့ ပါမောက္ခကြီးတွေကို ကြည့်လိုက်။ သူတို့မှာ ယုံကြည်ချက်ဆိုတာ မရှိတော့ဘူး။ အလိုက်သင့် ခစားဝန်းရံဖို့ပဲ တတ်တော့တယ်။ ဟိုက ဩဝါဒပေးရင် ဘုတ်အုပ်ကလေးနဲ့တောင် ထုတ်မှတ်ပြရတာ။ ခိုင်းသမျှလည်း ဘာပဲလုပ်ရလုပ်ရ ဆိုတဲ့ အစားမျိုး။ စစ်ကျွန်ပညာရေးရဲ့အစဟာ ဦးနေဝင်းကြီး အာဏာသိမ်းလိုက်တဲ့ဆီက စတာပဲ။ သူ့ဩဇာ မနာခံပဲ ကလန်ကဆန်လုပ်တဲ့ […]
လှထုံတို့ရွာ (၁၇)
လှထုံတို့ရွာအကြောင်းလေး မရေးတာကြာပြီ လို့ သတိတရ တမ်းတကြသူတွေကို အားနာပါတယ်။ သွားလမ်းသာသလို ပြန်လမ်းဖြောင့်စေဖို့အတွက် ခြေသံလုံအောင် ထိန်းရတာကြောင့် အဆင့်ဆင့်သော စစ်ဆေးရေးဂိတ်က လူတွေဆီကို “ပြန်ပါဦးမယ် ပြန်ဦးမယ်” သတင်းပို့ နှုတ်ခွန်းမဆက်နိုင်တာပါ။ သို့သော်လည်း ရွာကလူတွေနဲ့ဖြင့် တစ်လလုံးလုံး မဆုံးနိုင်အောင် နှုတ်ဆက်ပွဲချည့် ကျင်းပနေရတယ်။ အဲ့သလောက်လှည့်ပတ်နှုတ်ဆက်နေတာတောင် နောက်တစ်နေ့ကျတော့ တွေ့ပြန်ပါပြီ။ ပြန်မှမပြန်နိုင်သေးပဲကိုး။ မပြန်ဆို လူနာကျန်နေသေးတာလေ။ ကိုဗစ်စင်တာပိတ်ပွဲကြီး ကျင်းပပြီးလို့ ဆေးတွေပစ္စည်းတွေ ထုတ်ပိုးသိမ်းဆည်းနေခိုက်မှာမှ အမောဖောက်တဲ့ အသည်းအသန် လူနာတစ်ယောက် ရောက်လာခဲ့တယ်။ ဖျားတယ် ချောင်းဆိုးတယ် မောတယ်။ အောက်ဆီဂျင်တွေ ကျနေတယ်။ မြင်တာနဲ့ ကိုဗစ်မှန်းလည်း သိသာတယ်။ နှာခေါင်းတို့ပတ် မယူပဲထားရကောင်းမလား မသိပါဘူးပေါ့။ တော်နေကြာ စစ်လိုက်မှတွေ့နေရင် ကိုယ်ပဲတိုင်ပတ်နေမယ်။ သို့သော် မနေနိုင်ပါဘူးလေ။ စစ်လိုက်တော့ ပိုးကလည်း […]

















