ချန်ဂင်တို့စခန်း (၂၁)

“နွေခါမီဝယ် ရာသီမိဿ ဂိမန္တနှင့် စိတြကြယ် တိမ်ခိုးလယ်မှာ စံပါယ်ကွန့်ကာ တိမ်ဗွေချာလျှင် ဒေသစာလျှမ်း လှည့်လည်မြန်းပါလို့ နှစ်ဆန်းခဲ့သင်္ကြန် သစ်သစ်သာဖန်တော့တယ် နိုင်ငံကြော့ပြည်သူမှာ ပန်ဆုယူ တာရေသွန်းချိန်မို့ လွမ်းလှတယ်လေး။” တဲ့။ စာသားလေးတွေက ဖတ်လို့ကောင်းလိုက်တာနော်။ ဦးကြော့ရဲ့ တန်ခူးလဖွဲ့တဲ့။ သီချင်းလေးလို နားထောင်တော့လည်း အင်မတန် နားထောင်လို့ကောင်းပြန်တာပဲ။ ဒေါ်ကြည်အောင် ဆိုထားတဲ့ “သပြေခက် နဲ့ ရေပက်” ထဲမှာပါတယ်။ တီးဝိုင်းကြီးနဲ့ ကိုယ်တိုင်ဝင်ဆိုလိုက်ရရင်တော့ ဘယ့်နှယ်ပြောပါလိမ့်ဗျာ။ အရသာကို ရှိနေတာပဲ။ တခါတုန်းက မုံရွာသင်္ကြန်ကို ကိုဘသန်းတင်နဲ့ အလည်လိုက်သွားတုန်းက ဆိုဖူးတယ်။ မိန်းကလေးသီချင်းမို့ ခါတိုင်း မပပ ဆိုနေကျကို အတက်နေ့ရောက်တော့ သူကအသံတွေနာနေတာနဲ့ နေဦးကွယ်။ ဆိုကြည့်စမ်းပါရစေ။ ဆိုပြီး အမှတ်တမဲ့ တက်ဟဲတာ နားထောင်တဲ့သူတော့မသိဘူး။ ဆိုရတဲ့သူမတော့ အီစိမ့်နေတာပဲ။ ပြန်မရနိုင်တဲ့အချိန်တွေပေါ့လေ။ […]

ချန်ဂင်တို့စခန်း (၂၀)

တကယ်တမ်းစဉ်းစားကြည့်မယ်ဆိုရင် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ကစလို့ ကိုယ်စီကိုယ်စီ ရှိခဲ့သမျှ ရည်မှန်းချက်တွေ ရိုက်ချိုးခံခဲ့ရပြီး နေ့စဉ်ဘဝတွေမှာ တေးသံမချို ပန်းတွေငို နွေမကပူ အဖြစ်ဆိုးခဲ့ကြရတာပါ။ ပြည်သူလူထုရဲ့ အသက်ရော အိုးအိမ်ရော စည်းစိမ်ရော မှောက်လိုက်သွန်လိုက်သလို တမဟုတ်ချင်း ပျောက်ခြင်းမလှ ပျောက်ကုန်ကြရတယ်။ စစ်တပ်ကလူတွေ တဖွဖွပြောနေတဲ့ တိုင်းပြည်ကြီး ချောက်ထဲကျတယ်ဆိုတဲ့ အဖြစ်အပျက်ဟာ အခုအဖြစ်အပျက်မှ အစစ်။ သူတို့ကိုယ်တိုင် တွန်းချခဲ့တာလေ။ ခုထက်ထိကျလို့ မဆုံးသေးတာ။ ဒလိန့်ခေါက်ကွေးပဲ။ အင်မတန်ကိုရက်စက်တဲ့ လူယုတ်မာတွေရဲ့ လက်ချက်လို့တောင် သမိုင်းမတင်အားသေးပါဘူး။ သူသူကိုယ်ကိုယ် ကိုယ့်အသက်ကိုယ် မရအရ ကယ်တင်နေရတုန်းမို့လို့။ နို့မို့ သေတဲ့အထဲပါသွားမှာကိုး။ ကိုယ်လည်းပဲ ကိုယ့်အသက်ကိုယ် ရှင်သန်အောင် စောင့်ရှောက်ရင်း ဒီအထိရောက်လာတာပဲ မဟုတ်လား။ ဒီကောင်တွေ အသေရရ အရှင်ရရ သတ်ချင်နေတဲ့စာရင်းထဲမှာ မပါရအောင် […]

ချန်ဂင်တို့စခန်း (၁၉)

အခုရက်ပိုင်း ဆေးရုံမှာ လူနာများလာတယ်။ ကုတင်တွေမလွတ်တော့လို့ လူနာကုတင်တောင် ထပ်မှာထားရသေး။ ခွဲခန်းကလေးလည်း အလုပ်များလာသားပဲ။ ခွဲခန်းသုံးပစ္စည်းတွေတောင် ကုန်ကုန်သွားလို့ ထပ်ကာထပ်ကာ မှာရပြန်တယ်။ ထမင်းဟင်း မချက်နိုင်တော့လို့ လက်ဘက်ထမင်း ကြက်ဥကြော် မီနူးနဲ့ ရက်တွေလည်း ရှိပ။ အလုပ်များပေမယ့် အားလုံးကတော့ ပျော်ပျော်ပါးပါးပါပဲ။ လူများများခွဲနိုင်လေ ဒီခွဲခန်းကြီးအတွက် မတည်ရင်းနှီးထားရတဲ့ ကုန်ကျစားရိတ်တွေ မြန်မြန်အရင်းကျေလေ မဟုတ်လား။ ကိုယ်တို့က ပိုက်ဆံတစ်ပြားမှ ပြန်မရသော်လည်းပေါ့နော်။ ဆိုကြပါစို့ မြ်ို့ပေါ်က အထူးကုဆေးရုံကို ခွဲလူနာတစ်ယောက်လွှဲရင် အနည်းဆုံး သိန်း ၂၀-၃၀ ပါမှ ဆေးရုံတက်လို့ ရတယ် လို့ ပြောကြတယ်လေ။ ဒီမှာတင်ခွဲပေးလိုက်ရင် အဲ့ဒီပိုက်ဆံ လူနာဘက်က ကုန်စရာ မလိုတော့ဘူး။ သက်သာသွားပြီ။ ခွဲခန်းကြီး ဆောက်လှူထားတာ ကျပ် သိန်း ၂၀၀ ကျော် […]

ချန်ဂင်တို့စခန်း (၁၈)

ဆရာဝန်ဖြစ်ရတဲ့ဘဝမှာ ကိုဗစ်ကပ်ရောဂါကြီးနဲ့ ဘယ်နှစ်ကြိမ်တောင် တိုက်ပွဲဝင်နေရမှာပါလိမ့်။ ပထမလှိုင်း ဒုတိယလှိုင်း တတိယလှိုင်း စတုတ္ထလှိုင်း ဘယ်လှိုင်းနဲ့မှ မလွတ်အောင် ဗေဒါပျံ အံကိုခဲလာခဲ့ရတယ်။ အလှူရှင်အင်အားနဲ့ လိုအပ်တဲ့ဆေးပစ္စည်းကိရိယာ ထောက်ပံ့ပေးသူအဖြစ်၊ ကိုဗစ်စင်တာမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ကုသသူအဖြစ်၊ အသေအပျောက်များတဲ့ ကျေးလက်တောရွာမှာ ကိုဗစ်စင်တာတစ်ခု ဦးစီးဦးဆောင်သူအဖြစ်၊ အခုတခါမှာတော့ တောထဲတောင်ထဲက ဆေးစခန်းကလေးထိရောက်လာတဲ့ ကိုဗစ်ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ထိန်းချုပ်ကုသနေရတဲ့အဖြစ်။ ပင်တိုင်ရောဂါကသာ တူတာ။ ကိုယ့်မှာတော့ ၄ ခါလာ ပုံစံ ၄ မျိုးနဲ့ ရင်ဆိုင်ဖြေရှင်းရတဲ့ ပြဿနာချင်းက မတူပါဘူး။ အရင်နှစ်က ရက်စွဲအဟောင်းတွေကို ဖေ့စ်ဘုတ်ကြီးက ပြန်ပြန်အစဖော်ပေးလိုက်တော့မှပဲ အဖြစ်က မနှစ်ကနဲ့ မတူမှန်း သတိထားမိတော့တယ်။ ပထမလှိုင်းတုန်းကတော့ “သားဦး အရူး” ဆိုသလိုပါပဲ။ case detection တွေကို သည်းထိပ်ရင်ဖိုကို […]

ချန်ဂင်တို့စခန်း (၁၇)

သည်အရပ် သည်ဒေသကို ရောက်ခဲ့တာ ၉ လ နီးပါး ရှိသွားပါပြီ။ လာတုန်းကတော့ အဲ့လောက်ကြာမယ် ထင်မထားသလို ဘယ်လောက်ကြာမယ်ဆိုတာလည်း ခန့်မှန်းလို့ မရပါဘူး။ ဘယ်ကိုဘယ်လိုသွားမယ်ဆိုတာ ရေရေရာရာ မရှိပဲ ပေးလာတဲ့အခြေအနေမှာ ရှင်သန်အောင် ရုန်းကန်လာခဲ့ရတာကိုး။ တကယ်လို့များ ပြန်မလာနိုင်ပဲ တစုံတရာဖြစ်ခဲ့သည်ရှိသော် ဒီနေ့ဒီရက်မှာ ဒီနေရာကိုတော့ ရောက်ခဲ့ပါတယ်လို့ လူပျောက်ရှာမယ့်သူ ခြေရာကောက်နိုင်စေဖို့ စိတ်ချရတဲ့အသိအကျွမ်း တစ်ယောက်ယောက်ကိုတော့ ပြန်မလာနိုင်ခဲ့သည်ရှိသော် အိမ်ကို အကြောင်းကြားပေးပါလို့ မှာပြီး လာခဲ့ရတာပါ။ အခုလိုသာ ထွက်မလာခဲ့ရင်လည်း လူက ထောင်ထဲရောက်နေမှာ သေချာသလောက်ပါပဲ။ ဖမ်းမှာကြောက်လို့ ထွက်ပြေးတာတော့ မဟုတ်ပါဘူး။ သူတို့ကို ဘာမှပြန်မလုပ်နိုင်ပဲ အလကားနေရင်း ကိုယ့်ရဲ့အချိန်တွေ အလဟသဖြစ်သွားမှာကို မလိုလားလို့ ချောင်ပိတ်မိမနေအောင် လှုပ်သာရှားသာတဲ့နေရာမှာ နေတာပါ။ ရှားရှားပါးပါး သားဆရာဝန်ကလေး ၂ ယောက်မွေးပြီး […]

ချန်ဂင်တို့စခန်း (၁၆)

တစ်နေ့ပြီးတစ်နေ့ တစ်လပြီးတစ်လ ကျော်ဖြတ်လာခဲ့တဲ့ အချိန်အတောအတွင်းမှာ စစ်တပ်နဲ့ အပေါင်းအပါ လူယုတ်မာအသင်းအပင်းတစ်စုဟာ ကြာလေကြာလေ ဆထက်ထမ်းပိုး တိုးလို့ ယုတ်မာကောက်ကျစ်လာခဲ့တာဟာ လူရယ်လို့တောင် သတ်မှတ်လို့ လက်မခံနိုင်လောက်အောင်ပါပဲ။ လူမဆန်ဘူးဆိုတာ သူတို့မှအစစ်။ အဲ့လိုမျိုးအတန်းအစားနဲ့ ယှဉ်တွဲပေါင်းဖက် နေထိုင်လုပ်ကိုင်ဖို့ရာ ဘယ်လိုမှ မဖြစ်နိုင်မှန်း အစကတည်းက ကွဲကွဲပြားပြား သိတဲ့အတွက် လွတ်အောင်ကင်းအောင် မပတ်မသက် အိုးစားခွဲခဲ့တာ ခုဘဝရော သံသရာပါ ကောင်းဖို့ဖြစ်လာတာပါပဲ။ ဒီလူတွေကို ပါးလျက်နားလျက် ပရောပရည်လုပ်ရမှ အရိုးအရင်းလေးကိုက်ရမယ့်ဘဝကို ဘယ်တုန်းကမှ မလိုချင်ပါဘူး။ အဲ့ဒါကြောင့် CDM လုပ်ခဲ့တာပါ။ “အခုလိုနှစ်ပေါက်အောင်ကြာလာတော့ စိတ်ဓါတ်တွေ ကျမလာဘူးလား။ စားဝတ်နေရေးတွေ ထိခိုက်ကုန်ပြီ မဟုတ်လား။” လို့ နှမ်းဆီတွေက မေးရင် “ကိုယ့်ဘာသာကိုယ် အင်ဗာတာလေးနဲ့ မြဝတီပဲ ထိုင်ကြည့်နေကြပါ။” လို့ပဲ ပြောချင်တယ်။ ခများတို့နဲ့ […]