ချန်ဂင်တို့စခန်း (၂၇၂)

ဒေါ်လာဈေး၊ ရွှေဈေး၊ အထွေထွေ ကုန်ဈေးနှုန်းတွေဟာ မင်းအောင်လှိုင် အာဏာမသိမ်းခင်ကနဲ့စာရင် အကြမ်းဖျင်းအားဖြင့် ၅ ဆလောက် တက်လာတယ်ဆိုတာ ပိုက်ဆံပေးဝယ်စားကြရတဲ့သူတိုင်း သိပါတယ်။ စာရင်းစာအုပ်အဟောင်းလေးများရှိရင် ပြန်သာကြည့်။ ဆေးရုံစဖွင့်ကာစက မနက်မနက် ဟင်းချက်စရာဝယ်တဲ့ ဈေးဖိုးဟာ တစ်ရက်ကို တစ်သောင်းလောက်ဆို လောက်ပါတယ်။ အခုတော့ ၅ သောင်းလောက်မှ လောက်တော့တယ်။ ဒါတောင် ဆန်ဖိုးဆီဖိုးမပါ။ မီးစက်နှိုးဖို့ ဒီဇယ်တစ်ပေပါ ဝယ်ရင် ပထမဦးဆုံး ဝယ်ခဲ့ရတာ ၂ သိန်း။ အခု ၁၀ သိန်း။ ကားခတွေ၊ တန်ဆာခတွေလည်း ငါးဆလောက် တက်တာပဲ။ မတက်တာက လခပဲ ရှိတာ မဟုတ်လား။ ဒီအခြေအနေ ဒီကုန်ဈေးနှုန်းနဲ့မှာ ဘယ်ဝန်ထမ်းမဆို သူ့လုပ်ခလစာက ၅ ဆလောက် လျော့နည်းသွားတဲ့သဘောရှိတယ်။ ရိုးရိုးသားသား လုပ်ကိုင်စားသောက်တဲ့ ဝန်ထမ်းမှန်သမျှ […]

ချန်ဂင်တို့စခန်း (၂၇၁)

ဆရာဝန်ဘဝနဲ့ နယ်တကာထွက်ရတဲ့အခါ ကိုယ့်မှာ ငှက်ဖျားနဲ့ချည်း ရင်ဆိုင်နေရတာပါပဲ။ လူနာတွေ အများကြီး လည်းကုရ၊ ကိုယ်ကိုယ်တိုင်လည်း ဖျားပေါ့။ လောက်ကိုင်မှာလည်း ငှက်ဖျားမိဖူးတယ်။ အမ်းမှာလည်း ငှက်ဖျားမိဖူးတယ်။ အခုတစ်ခေါက်တော့ အင်းတော်ကြီးငှက်ပေါ့။ အရင်တုန်းက ငှက်ဖျားစစ်ရင် blood film ဆွဲပြီး microscope နဲ့ကြည့်ရတာ။ အခုတော့ test kit လေးတွေ ပေါ်နေပြီဆိုတော့ အများကြီး လွယ်ကူသွားတယ်။ ဒါပေမယ့်လည်း ကိုယ့်မှာ သွေးစစ်လိုက်ရင် တစ်ခါမှ ပိုးမတွေ့ဖူးပါဘူး။ သို့သော် ကိုယ့်ဘာသာကိုယ်တော့ သိပ်ကို သေချာတာပါ။ ဆေးရုံမှာ လူနာထိုင်ကြည့်နေရင်း ချမ်းစိမ့်ချမ်းစိမ့်ဖြစ်လာရင် ဆရာဝန်နားနေခန်းထဲဝင်ပြီး စောင်အထူကြီးခြုံကွေးလည်း ခိုက်ခိုက်တုန်နေတာပဲ။ တအောင့်နေ တစ်ကိုယ်လုံး ချွေးတွေ ရွှဲနစ်လာပြီး ကိုင်ရိုက်ထားသလိုနာတယ်။ ၁၅ မိနစ်လောက်နေရင် ပြန်ကောင်းသွားပြီး အပြင်ထွက် လူနာဆက်ကြည့်နိုင်တယ်။ […]

ချန်ဂင်တို့စခန်း (၂၇၀)

စစ်ပွဲကာလအတွင်းမှာ ထွေထွေထူးထူး အပြောင်းအလဲ မရှိပဲ ဖြစ်ရိုးဖြစ်စဉ် နေ့တစ်နေ့ ဖြတ်သန်းရတာဟာ “No news is good news.” လို့ ပြောရမှာလား။ “တစ်ခုခုတော့ လုပ်ကြပါဦး ဟ။ ဒီလိုနဲ့ပဲ တစ်ရက်ကုန်ပြန်ဦးတော့မယ်။” ဆို စိတ်မချမ်းမသာ ဖြစ်ရမှာလား မပြောတတ်တော့ပါဘူး။ “ဘာမှမဖြစ်လည်း တစ်ခုမဟုတ်တစ်ခုတော့ ရေးကိုရေးရမှာ” ဆို ကိုယ့်အိမ်စာနဲ့ကိုယ် ခြေချုပ်မိနေတဲ့ ကိုယ့်အတွက်တော့ အဲ့ဒီ ဘာမှမဖြစ်တဲ့ အကြောင်းအရာကို စိတ်ဝင်တစား လူဖတ်ချင်အောင် စာအရှည်ကြီး ရေးရတဲ့အလုပ်က မလွယ်ပါဘူး။ ဘာမှမဖြစ်လို့ ဘာမှ မလုပ်ဘူးဆိုတာတော့ မဟုတ်သေးဘူးလေ။ တစ်ခုခုတော့ လုပ်နေရမှာ မှလား။ နုတ်စ်အဟောင်းတွေ ပြန်ရှာဖတ်တယ်။ နုတ်စ်အသစ် ရေးဖို့ စဉ်းစားတယ်။ ကိုယ့်ဘာကိုယ်တောင် မေ့တေ့တေ့ဖြစ်နေတဲ့ စာကလေးတွေဆို အသံသွင်း ဗီဒီယိုရိုက်ပြီးတော့ […]

ချန်ဂင်တို့စခန်း (၂၆၉)

ဒေါ်လာဈေးတက်တာကို VPN တွေ ban ပြီး Facebook မသုံးနိုင်အောင် လုပ်လိုက်ရင် ပြန်ကျသွားလိမ့်မယ် လို့ဉာဏ်တိမ်တိမ်လေးတွေးတတ်တဲ့ စစ်တပ်ကကောင်တွေဟာ VPN ပေါင်းစုံနဲ့ တိုင်ပတ်နေတဲ့ မြို့နေလူထုကြီးကို သရော်သလို လှောင်သလိုနဲ့ ရွှေဘကွ လုပ်နေကြပါတယ်။ ရူးသလိုပေါသလိုနဲ့ My Space လေး ပြောင်းသုံးရအောင်လေ လို့ ဆွယ်ပေမယ့်လည်း စွမြင်ကပ်ကပ်နဲ့ rp ဝိုင်းထုကြတာကြောင့် Google Play Store မှာတောင် တင်မရပါဘူး။ “ကဲ အခုတော့ ဘာတတ်နိုင်သေးလဲ။ Facebook သုံးတဲ့သူ နည်းသွားပြီ မဟုတ်လား။” လို့ ဇွတ်လော်နေသူတွေသိအောင် ကိုယ့်မှာ မအားတဲ့ကြားက Facebook ပေါ်တက်ပြီး ဖုန်တထောင်းထောင်းထအောင် လူလုံးပြနေရတယ်။ ၁ အချက်ကတော့ “ငါတို့ဆီမှာ VPN မလိုတာ ကြာပြီ။ […]

ချန်ဂင်တို့စခန်း (၂၆၈)

မြေပြင်မှာ စစ်ပွဲတွေ ငြိမ်နေတာ တစ်လလောက် ရှိပါပြီ။ ကောင်းကင်ကနေ လေယာဉ်နဲ့ လာတာတော့ ဘယ်တတ်နိုင်ပါ့မလဲ။ ဆုတ်ခွါသွားတဲ့ စစ်စခန်းတွေမှာ မိုင်းဗုံးတွေ ရာနဲ့ချီပြီး မြှုပ်ထားခဲ့တာမို့ အဲ့သဟာတွေ ရှင်းရတာကလည်း ရက်အတန်ကြာပါတယ်။ မိုင်းဆရာတွေ လက်ထဲတင် မိုင်းကွဲပြီး ရောက်လာတာလည်း ခဏခဏပဲ။ ဆယ်ဇင်းက ကလေးတွေတောင် ခြေနင်းမိုင်းလေးတစ်လုံး ကောက်ရတာကို ချိုင်းသုတ်ဆေးဗူးလေးဆို ယူယူဆော့နေတာ။ ကလေးတစ်ယောက်က “မဟုတ်ဘူး။ အဲ့ဒါ မိုင်းကြီး။” ဆို လွှင့်ပစ်လိုက်တာ ထပေါက်ပြီး ၅ ယောက်လုံး ဆေးရုံရောက်လာကြရော။ ဆင်သမား ၂ ယောက်တုန်းကလည်း ကောက်ရတဲ့ မိုင်းဗုံးအအလေးကို ဘက်ထရီအားကုန်နေတာလား မသိဘူး ဆို ဓါတ်ခဲအသစ်လဲကြည့်လိုက်လို့ ပေါက်သွားတာ။ ကိုယ်လည်း ဒီရောက်မှ မိုင်းထိတဲ့ လူနာမျိုးစုံကို မြင်ဖူးခွဲဖူးသွားတော့တာ။ ပြီးခဲ့တဲ့လ တစ်လလုံး […]

ချန်ဂင်တို့စခန်း (၂၆၇)

မွေးမေလေ ဆိုလို့ဆဲ အိမ်ခွဲပါလို့ဆောက်ရအောင် မဲဇာဆို ရွှေလီထဲက ဝါး ဆွဲခဲ့မောင်။ (ပျို့မောင်တွဲတဲ့ ဝါးရွှေဖောင်ရယ်) x ၂ နှစ်ဆောင်ပြိုင် ကျယ်ကျယ်ဆောက်မှ သုံးဆောင် လေးဆောင် ကျယ်ကျယ်ဆောက်မှ နေလောက်မယ် ပျိုသက်ထားရယ် သားတွေက များတယ်။ ရန်ကုန်မှာ VPN တွေ ချိတ်မရ​တော့ဘူး။ စစ်သားစုဆောင်းရေးကလည်း ဟိုရပ်ကွက်ချောင်းလိုက် သည်ရပ်ကွက် ချောင်းလိုက်နဲ့လေ။ နေရထိုင်ရတာ အဆင်မပြေပါဘူး။ အဲ့သလိုနဲ့ပဲ ကိုယ်တို့ မဲဇာရွှေလီအရပ်က တောနက်ထဲဆီရောက်လာတဲ့သူတွေ တစ်ယောက်ပြီးတစ်ယောက်ပေါ့။ နိုင်ငံခြားအလုပ်လုပ်နေတဲ့သူတွေကို passport သက်တမ်းတိုးမပေးတော့ရင်လည်း စိတ်နာနာနဲ့ တောထဲအထိ ရောက်အောင် လာကြတယ်။ ရှင်းရှင်းလေးပဲလေ။ မဖြစ်မနေ စစ်သားလုပ်ရတော့မယ် ဆိုမှတော့ ဒင်းတို့ဆီမှာ လုပ်စရာလား။ ဒီဘက်ကိုပဲ လာမှာပေါ့။ အဲ့ဒါကြောင့် ကိုယ်တို့မယ် သားတွေက များပြီး နှစ်ဆောင်ပြိုင်ကျယ်ကျယ်ဆောက်မှ […]