ဒီတခါတော့ မိုးချုပ်အောင်တောင် မစောင့်နိုင်တော့ပဲ ညနေမှောင်ရီဖြိုးဖျကတည်းက မိုးရွာနေနှင့်ပါတယ်။ သူတို့ဘက်ကလည်း ညတိုင်းလိုလို ဒရုန်းနဲ့ပျံပျံပြီး လာကြည့်တာမို့ ညမှောင်ရင် ကိုယ်တို့လည်း မီးစက်မနှိုးပဲ အမှောင်ချနေကြတာ။ ညဆိုလည်း ဆေးရုံထဲမှာ မအိပ်တော့တာ ကြာပြီလေ။ လူနာတွေကိုတော့ ညဆေးတွေ အပြီးထိုးပေးခဲ့ပြီး လုပ်စရာရှိတာတွေ ကြိုလုပ်ပေးထားခဲ့ပါတယ်။ ညဉ့်နက်သန်းခေါင်ကျမှ complaint လာရင် ကိုယ်တို့လည်း ပြန်လာလုပ်ပေးလို့မှ မရတာ။ အရေးအကြောင်းဆို evacuate လုပ်ဖို့ plan ကိုလည်း သူတို့ကို ရှင်းပြသင်ကြားပေးထားရပါတယ်။ သူတို့လည်း ကိုယ်တွေပြန်သွားကြရင် အားငယ်ကျန်ရစ်ခဲ့မှာ သိပေမယ့် အဲ့လိုပဲ လုပ်ခဲ့လို့ရတာကိုး။ သူတို့ချည့်ကျန်ခဲ့တာ မဟုတ်ပဲ လုံခြုံရေးတွေ ကင်းတွေ အထပ်ထပ်နဲ့ပါ။ စစ်တပ်ကလာရင်တောင် ခုလာလို့ ခုရောက်တဲ့ အရပ်လည်း မဟုတ်။ မနက်စောစော ကိုယ်တို့ပြန်လာရင် ဆေးဆက်ကုဦးမယ့်ဥစ္စာ။ သူတို့လည်း […]
ချန်ဂင်တို့စခန်း (၅၆)
တစ်ရက်ချင်း တစ်ရက်ချင်း ရှင်သန်သွားမယ်ဆိုရင် ဒီနေ့ဟာ သာယာတဲ့ နေ့တစ်နေ့ပါပဲ။ နေသာတယ်။ တိုက်ပွဲမရှိဘူး။ မနေ့ကဖမ်းသွားတဲ့ထဲက ကလေးနှစ်ယောက်တော့ ပြန်လွတ်လာခဲ့တယ်။ ဟယ်လီကော်ပတာတောင် မလာဘူး။ ပုစဉ်းမောင်းတဲ့ကောင်တွေလည်း “ဒီနေ့က တင်းဂွေနေ့လေ ဘေးဘေ။” လုပ်နေသလား မသိ။ ရွာမှာတော့ လူကုန်သလောက် ရှိသွားပါပြီ။ အိမ်စောင့်မယ့်သူပဲ နေခဲ့ပြီး တော်တော်များများ စစ်ရှောင်ကုန်ကြတာကိုး။ အနီးအနားရွာကနေ ဘုရားကျောင်းထဲမှာ စစ်ရှောင်လာတဲ့ မိသားစုတွေတောင် သူတို့စစ်ရှောင်တဲ့ဆီ စစ်ကလိုက်လာလို့ နှစ်ထပ်ကွမ်းစစ်ရှောင်ကြရတယ်။ ဓမ္မဆရာတွေလည်း ချမ်းသာပေးတာမှ မဟုတ်တဲ့ဟာ။ အိမ်စောင့်ကတော့ မနေလို့လည်း မဖြစ်ဘူး။ ဆယ်ဇင်းဆိုတာ ဘိန်းစားတွေ တရားဝင် သွားလာနေထိုင်လို့ရတဲ့ရွာ။ နံပါတ်ဖိုးတစ်တိုင်ရှို့ချင် ဘီယာသောက်သလောက်တောင်မကုန်ပဲ အလွယ်တကူ ဝယ်လို့ရတဲ့နေရာ။ ဒီနေရာမှာ စစ်လာဖြစ်တော့ လော်ပန်တွေလည်း လစ်ကုန်ပြီ။ ဝယ်ရရှာရလည်း ခက်သွားပြီ။ သူတို့အတွက်ဖွင့်ထားတဲ့ နားခိုရာစင်တာလေးတောင် […]
ချန်ဂင်တို့စခန်း (၅၅)
မေတ္တာရဲ့တန်ခိုးဟာ ချမ်းသာစွာအိပ်စက်ရပြီး ချမ်းသာစွာ နိုးထရတယ်တဲ့။ တောထဲရောက်ကတည်းက စာရေးနေတဲ့အချိန်ကလွဲရင် အိပ်လို့မပျော်ဘူး ဆိုတာ မရှိဘူး။ အိပ်ယာကမနိုးဘူး ဆိုတာလည်း မရှိဘူး။ အိပ်တော့မယ်ဆို တုံးကနဲ ထတော့မယ်ဆို ဝုန်းကနဲပဲ။ အလုပ်ရှိရင် လုပ်တယ်။ အလုပ်မရှိရင် အိပ်တယ်၊ စားတယ်၊ သီချင်းနားထောင်တယ်။ သာသာယာယာပဲ။ သွားရင်းလာရင်း ကုန်ရတဲ့အချိန် မရှိဘူး။ စစ်ဖြစ်နေလို့သာ သတိဝီရိယ နဲ့ နေရတာ။ တိုက်ပွဲအခြေအနေအေးရင် ကိုယ်တို့လည်း အေးဆေးပဲ။ မနေ့ညက ပူပူလောင်လောင်နဲ့ အိပ်ပျော်သွားတာတောင် မနက် ၄ နာရီလောက်ကျ မိုးတွေသည်းလိုက်တာ တအား။ ခြိမ်းလိုက်တာကလည်း သိမ့်သိမ့်ကို တုန်လို့။ လျှပ်စီးတွေတဝင်းဝင်း နေ့ခင်းကြောင်တောင်လောက်ကို လင်းတယ်။ လေယာဉ်လာနေကျ အချိန် မဟုတ်လား။ မိုးနတ်မင်းကြီးကတော့ တာဝန်ကျေပါပေတယ်။ ချောင်းရေတွေ တက်လာတာ ကမ်းပါးစွန်းထိ […]
ချန်ဂင်တို့စခန်း (၅၄)
ဒီဆေးရုံကလေးကို စတည်စဉ်အခါကတည်းက PDF ကလေးတွေအတွက် စစ်မြေပြင် ကုသရေးဆေးရုံအဖြစ် ရည်ရွယ်ခဲ့တာမို့ အခုလိုအချိန်မျိုးမှာ ပီပီပြင်ပြင် အလုပ်လုပ်နိုင်အောင် ပြင်ဆင်ထားခဲ့ပါတယ်။ တချိန်တည်းမှာပဲ စစ်ကောင်စီဘက်က အလွယ်တကူ သိမ်းယူဖျက်စီးသွားလို့မရအောင်လည်း နေရာထိုင်ခင်း၊ တည်ဆောက်ပုံ၊ စစ်ပွဲတွေဖြစ်လာရင် စောင့်ရှောက်ပေးမယ့် လက်နက်ကိုင် အဖွဲ့အစည်းကအစ ရွေးချယ် ညှိနှိုင်း အကာအကွယ်ယူထားရပါတယ်။ အတတ်နိုင်ဆုံး လူမသိအောင် တိုးတိုးတိတ်တိတ် လုပ်ဆောင်ခဲ့သော်လည်းပဲ ဆရာဝန် နဲ့ ပစ္စည်းကိရိယာ စုံလင်တဲ့ ဆေးရုံအဖြစ် လူနာတွေ အသိအမှတ်ပြုလာရင် ဖုံးကွယ်သိုဝှက်ထားလို့ရတဲ့ ကိစ္စမှ မဟုတ်တာ။ တချိန်ချိန်မှာ ကိုယ့်ဆေးရုံကို စစ်တပ်ကလာပြီး ချေမှုန်းခဲ့သည်ရှိသော် ဆိုတဲ့ ပေးထားချက်ဟာလည်း ကိုယ့်အတွက် ဘယ်လူနာလာရင် ဘာတွေလုပ်ပေးမယ် ဆိုတဲ့ plan လိုပဲ လစ်ကွက်ဟာကွက်မရှိအောင် အဖက်ဖက်က စဉ်းစားပြင်ဆင်ထားရမယ့် တာဝန်ရှိပါတယ်။ ကိုယ့်တစ်ယောက်တည်း […]
ချန်ဂင်တို့စခန်း (၅၃)
မနေ့ညကတော့ လှထုံတို့ရွာမှာ မင်းရဲကျော်စွာ ဗိုလ်နေတိုး သီချင်းထဲကအတိုင်း “ဓညဒေ ရွာထဲဝင်လာပါပြီဗျိုး။” “ပြေး ပြေး ပြေး ပြေး” “ကယ်ကြပါဦးရှင်” တွေ ဖြစ်ကုန်ပလား မသိပါဘူး။ ကိုယ်သာရှိရင် “ဟိတ်လူဆိုး။ ငါ့မှာ ငွေကြေးတော့မရှိဘူး။ အကြွေးပဲရှိတယ်။” လို့ ဝင် က နေရဦးမယ်။ အခြေအနေတွေက မကောင်းဘူးပေါ့။ ကိုယ်တို့တောင် နေရာရွှေ့ အိပ်နေရပြီ။ ညကြီးမိုးချုပ်မှ လေယာဉ်တစ်ခေါက်ပြန်လာပြီး ပစ်သွားတာ ရွာထဲမှာ ထမင်းချက်နေတဲ့ မိန်းမတစ်ယောက် တံတောင်ဆစ်ကိုမှန်ပြီး သွေးထွက်နေတယ်တဲ့။ ဒီဘက်ပို့လို့ ရဦးမလားမေးတာ။ ပို့လို့ကတော့ ရပါတယ်။ ဒါပေသိ ဘယ်လိုလုပ်ပို့မှာတုန်း။ ညကြီးအချိန်မတော်။ လာလို့လည်းမရ။ သွေးတိတ်အောင်စည်းထားပြီး မနက်ကျမှ ပို့လိုက် လို့ မှာရတယ်။ တိုက်ပွဲကနီးနေပြီဆိုတော့ ကိုယ်တို့လည်း ပစ္စည်းတွေ သိမ်းနေရပြီလေ။ မသုံးမဖြစ် […]
ချန်ဂင်တို့စခန်း (၅၂)
“မိုးမင်းလွန်ကဲ အုံ့ဖွဲစွေရွာ။ ရွာပင်သာရွာလှ ပင်လုံးလန်း။ ကြွားကြွားရွားရွား ရိုးဆင့်ဆင့်မြိုင်ဖျား။ နူးညွတ်စေဖွယ်သား။” မိုးကလည်း အဆက်မပြတ်ကို ရွာတော့သကိုး။ မိုးကောင်းတော့ တောထူဖို့ဖြစ်လာတယ် ပြောရမှာပဲ။ စိမ်းစိမ်းစိုစို အုပ်အုပ်ဆိုင်းဆိုင်းနဲ့ သစ်ပင်ဝါးပင်တွေဟာ တတောလုံးပိန်းပိတ်လို့သာနေတယ်။ မြေပေါ်မှာဆိုလည်း မြက်ပင်ခြုံနွယ်တို့က သန်လှတယ်။ ပုဆိုးတွေ ဘောင်းဘီတွေမှာ မြက်သီးလေးတွေစူးနေတာများ နှုတ်လို့တောင် မနိုင်ဘူး။ အိမ်ဘေးတဘက်တချက်က ဂျာမနီခြုံကြီးတွေဆို လူတရပ်ကျော်လာလို့ ဘက်ဖိုးခေါ်ပြီး ကုပ်ချရတယ်။ မမအိုဂျီစိုက်ထားတဲ့ စိုက်ခင်းကလေးကတော့ သန်တော့သန်ပါရဲ့။ ခြံစည်းရိုးခတ်မထားတော့ နွားတွေကချည့် ဝင်ဝင်စားနေလို့ အခင်းပျက်ရတယ်။ ခုနေခါများ ရွာထဲသွားရင် ယောက်ကျားသားတွေ တွေ့ရမှာမဟုတ်ပဲ နွားအုပ်ကြီး တရုန်းရုန်းပဲ ရှောင်နေရမယ်။ စိုက်ချိန်ပျိုးချိန်ဆိုတော့ အကုန် လယ်တောထဲရောက်ကုန်ပြီလေ။ ဒီမှာက လယ်ကို စက်နဲ့ပဲထွန်တော့တယ်။ သူတို့လယ်တောတွေဟာ ရွာကနေ တမျှော်တခေါ် တွေ့နေရတဲ့ မြေပြန့်မြေညီမှန်သမျှ […]

















