ချန်ဂင်တို့စခန်း (၈၁)

ဒီမနက် မိုးလင်းတော့ မိုးကလည်း သည်းလိုက်တာ။ အုန်းအုန်းကို ဆန်နေတာပဲ။ ဘယ်နေရာကြည့်ကြည့် မိုးကလွဲလို့ ဘာမှ မမြင်ရအောင် ရွာတယ်။ သည်းလွန်းတော့ အိပ်ရာနိုးလည်း ငုတ်တုတ် ထိုင်စောင့်နေရတယ်။ ဆေးရုံပြန်လို့ မရသေးဘူး။ ဒီတခါမိုးက ရေတွေပါတော့ တိတ်တောင်မတိတ်သေးဘူး။ မြေပြင်က ရေပြင်ဖွေးဖွေးကြီး ဖြစ်သွားတယ်။ ချောင်းကနေ တက်တဲ့ရေ မဟုတ်ဘူး။ ချောင်းထဲကို ဆင်းမယ့်ရေတွေ အိုင်နေနှင့်တာ။ ၅ လပိုင်းကတည်းက ရွာတဲ့မိုး။ ၈ လပိုင်းတောင် ကုန်တော့မယ်။ ကောင်းတုန်းကောင်းဆဲပဲ။ နေ့မရွာနိုင်တောင် ညဘက်တော့ မှန်မှန်ရွာတယ်။ နှစ်တိုင်း ဒီလိုပဲ ရွာနေကျလား။ ဒီနှစ်ကျမှ ထူးထူးခြားခြား မိုးများနေတာလား မပြောတတ်။ အောက်ပြည်အောက်ရွာက လာတဲ့သူတောင် မြောက်ဖျားမိုးကို အထူးတဆန်း ဖြစ်နေပြီ။ ဒီနေရာမှာ ဒီလိုမိုးတွေရွာမှပဲ ချောင်းကလေး မြောင်းကလေးတွေကနေ […]

ချန်ဂင်တို့စခန်း (၈၀)

ဘဝ ဟာ အမြဲတမ်းတော့ ပဋာမြေလူး ဇာတ် က နေရတာ မဟုတ်ပါဘူး။ မုန်တိုင်းကြားမှာလည်း လေပြေ ရှိပါတယ်။ ၁၉/၇ မှာ တစ်ခါ၊ ၈/၈ မှာတစ်ခါ၊ ကမ္ဘာပျက်ပြီးတဲ့ ဆယ်ဇင်းရွာဟာ အခုတော့လည်း လူသူစွန့်ခွါပြီး သူခိုးဓါးပြတို့ ဖောက်ထွင်း ယူငင်ရာ အရပ် ဖြစ်ခဲ့ပါပြီ။ ရွာသားတွေက စစ်ရှောင်စခန်းတွေမှာ ရောက်နေကြပြီကိုး။ အများပြည်သူက ဝိုင်းဝန်းပံ့ပိုးကြတာကြောင့် ယာယီအားဖြင့် စားဝတ်နေရေးတော့ အဆင်ပြေနေကြပါတယ်။ ကိုယ်လည်းပဲ တတပ်တအား ကူနေပါရဲ့။ ကိုဗစ်စင်တာမှာ ဗော်လံတီယာလုပ်တဲ့ ကလေးတွေဆီလည်း မုန့်ဖိုးလှမ်းပို့ပေးလိုက်တယ်။ သူတို့လည်း ကိုယ့်ဆွေမျိုးသားချင်း နီးစပ်ရာမှာ တကွဲတပြားစီ ဖြစ်ကုန်ကြပြီ။ မသေမပျောက် မိသားစု စုံစုံလင်လင် ရှိနေရင်ပဲ ကြံဖန် ဝမ်းသာနေရတဲ့ အဖြစ်။ ဆယ်ဇင်းမှာ ရက်တွေကြာလာရင် ဒီကောင်တွေ […]

ချန်ဂင်တို့စခန်း (၇၈)

ကမ္ဘာ့သမိုင်းမှာ စစ်ဘုရင် စစ်မင်း စစ်ကဲတွေ ဦးစီးတဲ့ စစ်တပ်ကြီးတွေ အများအပြား ရှိခဲ့ပါလိမ့်မယ်။ မဟာအလက်ဇန္ဒါးရဲ့စစ်တပ်ကြီး၊ ဂျူးလီးယက်ဆီဇာ ရဲ့ စစ်တပ်ကြီး၊ အာသောကမင်းကြီးရဲ့ စစ်တပ်ကြီး၊ ချင်းရှီဝမ်တီရဲ့ စစ်တပ်ကြီး၊ နောက်ပိတ်ဆုံး ဂျာမဏီ၊ အီတလီ၊ ဂျပန်တို့ရဲ့ စစ်တပ်ကြီးတွေအထိ ဖတ်ဖူးကြားဖူးကြပါလိမ့်မယ်။ ဒါပေမယ့်လည်း မင်းအောင်လှိုင်ရဲ့ ဒီကနေ့ မြန်မာ့တပ်မတော် ဆိုတာကြီးလောက် ကောက်ကျစ်စုတ်ပဲ့၊အောက်တန်းကျ၊ လိမ်လည်လှည့်ဖျားတတ်သော သူခိုးဓါးပြ စစ်တပ်ကြီးမျိုးကတော့ ဘယ်တုန်းကမှ ဘယ်မှာမှ အလားတူ မရှိခဲ့ဖူးပါဘူး။ သူတို့ပြောတဲ့ ရာဇဝင်မှာ စာတင်ထားအပ်သောတို့ ၊ သမိုင်းမော်ကွန်းထိုးအပ်သောတို့၊ ဆိုတာ ဒီပုံဒီနည်းမျိုး ဖြစ်နေတာပေါ့နော်။ ကိုယ့်အချင်းချင်း လူမဆန်အောင် သတ်လွန်းဖြတ်လွန်းလို့ သူများတကာက တော်ပါတော့၊ ရပ်ပါတော့၊ မလုပ်ပါနဲ့တော့၊ အကြိမ်ကြိမ် ဖြောင်းဖျ ပြောဆိုတာတောင် “ဘယ်ကဟုတ်ရမှာလဲ။ ငါတို့က […]

ချန်ဂင်တို့စခန်း (၇၇)

ညအိပ်ချိန်တောင် အရေးပေါ်လူနာလာရင် ဆေးရုံပြန်ပြန်ကြည့်နေရတဲ့သူတွေဆိုတော့ ပိတ်ရက်တွေ နားရက်တွေဆိုတာလည်း ရှိမနေတော့ပါဘူး။ “ဒီနေ့က တင်းဂွေနေ့လေ။ ဘေးဘေ။” လည်း မလုပ်နိုင်ဘူး။ လကုန်သွားမှသာ “ဟင် လကလည်း ကုန်ပြန်ပလား။” ဆို တစ်လစာ စာရင်းတွေ ကောက်ကောက် ချုပ်ရတယ််။ ဒါပေမယ့်လည်း နားရက်က သူ့ဘာသာသူ ကြံဖန်ရပါတယ်။ ခွဲလူနာ မရှိတာ ၃-၄ ရက်လောက် ကြာသွားပြီဆို လူလည်း အနားရ၊ ခွဲခန်းထဲက ပစ္စည်းတွေလည်း ပေါင်းထုပ်ပြင်ဆင်ပြီးသားဖြစ်၊ စင်ပေါ်က ရေတိုင်ကီတွေလည်း ရေတင်ပြီးသား အပြည့်ရတာပေါ့။ မနေ့ကဆို ထမင်းမစားခင် တရေး၊ ထမင်းစားပြီး တရေး၊ အိပ်ရေးဝသွားတယ်။ တိုက်ပွဲတွေ နေ့စဉ်ရက်ဆက် မဖြစ်တာလည်း မင်္ဂလာတစ်ပါးပဲ မဟုတ်လား။ ကလေးတွေလည်း အလှည့်နဲ့ နားလို့ ရတာပေါ့။ သူတို့လည်း အားပြန်ဖြည့်ချိန် […]

ချန်ဂင်တို့စခန်း (၇၉)

နွေဦးတော်လှန်ရေးကာလမှာ ကိုယ် ဖြတ်သန်းခဲ့တဲ့ နေရာ၊ ဒေသ၊အတွေ့အကြုံလေးတွေ မှတ်တမ်းတင်ရင်း ချန်ဂင်တို့စခန်း စာစုလေး ဖြစ်လာသလို ကိုယ်နဲ့ ခေတ်ပြိုင်ဖြတ်သန်းကြတဲ့ contemporary figures တွေ အကြောင်းလည်း စဉ်းစားကြည့်မိပါတယ်။ ဒီလူ ဒီလူတွေဟာ အကောင်းတွေချည့် စုနေတဲ့ ခြောက်ပစ်ကင်း သဲလဲစင် လို့ မဆိုလိုပါဘူး။ တချို့ကို လေးစားတယ်။ တချို့ကို တော်တော်လေးစားတယ်။ တချို့ကို ကြည့်လို့မရဘူး။ တချို့ကို အမြင်ကပ်တယ်။ ဒါပေမယ့်လည်း သူတို့ဟာသူတို့ ဘာဖြစ်နေနေ၊ တော်လှန်ရေးကာလအတွင်းမှာတော့ အတိုင်းအတာတစ်ခုအထိ၊ ဒါမှမဟုတ် ကာလအပိုင်းအခြား တစ်ခုအထိ၊ တက်ကြွစွာ ပါဝင်ခဲ့တယ် လို့ သိထားပါတယ်။ သူတို့ထက် ပိုရင်းနှီးမြှုတ်နှံ အနစ်နာခံထားတဲ့သူတွေ ရှိပေမယ့် အကုန်လုံး ကိုယ် မသိနိုင်ဘူးလေ။ ကိုယ်သိတဲ့သူတွေတောင် မမြင်တာကြာရင် မေ့မေ့သွားတာ။ လူတိုင်းဟာ […]

ချန်ဂင်တို့စခန်း (၇၆)

ဆယ်ဇင်းမှာ ဘာတွေဖြစ်နေသေးလဲဆိုရင် စစ်ပွဲတွေတော့ မရှိတော့ဘူး။ မီးလောင်ပြင်ထဲမှာ ရွှေရှာတဲ့ကိရိယာနဲ့ ရွှေတွေလိုက်ပြီး ရှာတယ် လို့ ပြောပါတယ်။ မလောင်ပဲ ကျန်တဲ့အိမ်တွေကိုဖောက်ပြီး အထဲထဲက လိုချင်ရာကို ရှာဖွေယူကြသတဲ့။ အခုဆိုရင် စစ်သားတွေရော ရှမ်းနီတွေရော အိမ်ထဲကဖောက်ယူထားတဲ့ ဆိုင်ကယ်အသစ်၊ ဖုန်းအသစ်ကလေးတွေ ကိုယ်စီနဲ့ ရွာထဲမှာ လန်းလန်း လန်းလန်း လုပ်နေကြတယ် ဆိုပဲ။ မီးလောင်ပြင်ကြီးကို ဘူဒိုဇာနဲ့ ရှင်းပြီးရင် မြေကွက် ဆိုင်ခန်းအသစ်တွေ အကွက်ဖော် ရောင်းချတော့မှာမို့ လက်ဦးပန်ချင်ရင် အမြန်ပင် လာခဲ့ဖို့ ကိုကို ခေါ်ချင်ပါတယ် မောင် ခေါ်ချင်ပါတယ် တဲ့။ (ဒါသက်သက် ဆလန်ကဘာကြီးတွေကို စိန်ခေါ်တာဗျ။ ခများတို့ ဘယ်တော့မှ ပြန်မသိမ်းနိုင်ပါဘူး လို့ ဆိုချင်တာ။) အဲ့ဒါနဲ့လည်း မကျေနပ်သေးပဲ စစ်ပြေးဒုက္ခသည်တွေဆီက ပါလာတဲ့ ရွှေတွေငွေတွေကို […]