အောက်ဆီဂျင်လေအိုးတွေ ရောက်လာပြီ။ ဒီဇယ်ပုံးတွေ ပါလာပြီ။ ဆေးတွေလည်း ထပ်ရောက်ပြီ ဆိုတော့ စိတ်အေးလက်အေး ဖြစ်သွားပါပြီ။ လူနာတွေကလည်း ကောင်းလာပြီ။ စိတ်ပူစရာ မရှိတော့ဘူး။ နောက်လာမယ့် လူနာတွေကို ထိုင်မျှော်ရင်း မီးဖိုချောင်ဘက်ကို အာရုံပြောင်းကြတယ်။ “အိမ်ချက်” ဗူးကလေးတွေနဲ့ ဒန်ပေါက်ချက်စားကြတယ်။ ရွာထဲက ငှက်ပျောသီး၊ အုန်းသီးတွေ လာပေးရင် ကောက်ညှင်းထုပ်တို့ ငှက်ပျောသီးပေါင်းတို့ လုပ်စားကြတယ်။ ဒီမှာက မုန့်ပဲသွားရည်စာ ကိုယ်လုပ်မှ ကိုယ်စားရတာလေ။ အစားအသောက်တွေ မှန်လွန်းလို့ ဝိတ်တွေတောင် လျှော့ယူနေကြတယ်။ အချိန်အားရရင် ရသလို ပရိတ်ပဌါန်းတွေလည်း ရွတ်ကြပါတယ်။ ဒီလိုပဲ ရေစီးတစ်ခါ ရေသာတစ်လှည့်ပေါ့။ စစ်အရိပ်အငွေ့တွေ ခဏတော့ ပျောက်နေပြန်ပြီ။ အိပ်ရာလိပ်တွေ သယ်သွားတဲ့ကလေးတောင် သူ့အထုပ်အပိုးတွေ ပြန်သယ်လာပြီ။ ကိုယ်တို့လည်း လုံခြုံရာမှာ သိမ်းဆည်းထားတဲ့ ဆေးရုံပစ္စည်းတွေ ပြန်ထုတ်သုံးပြီ။ […]
ချန်ဂင်တို့စခန်း (၈၆)
ကိုဗစ်ဟာ နောက်ဆိုရင် ရာသီတုတ်ကွေး ဖြစ်သွားမှာ ဆိုတဲ့စကားဟာ သွေးထွက်အောင် မှန်ပါတယ်။ ရန်ကုန်မှာ ခုထက်ထိ ဖြစ်နေကြတုန်းပဲတဲ့။ နိုင်ငံခြားကလူတွေလည်း ကိုယ့်ဘာသာ စစ်ထားတဲ့ နှစ်ကြောင်းပေါ်ကလေးတွေ ဓါတ်ပုံရိုက်ပြီး တင်နေတာ တွေ့ရပါတယ်။ ကိုယ်တို့ဝန်ကြီးဌာနမှာ အဂတိနဲ့ တိုင်လို့တောင် ပြုတ်မသွားဘူး ဆိုတဲ့ ဗိုလ်ကတော် ညွှန်ချုပ်မမကြီးလည်း အပေါင်းအပါများနှင့်တကွ p တော်မူလေတယ် လို့ သတင်းထဲမှာ ဖတ်လိုက်ရပါတယ်။ ဒီရောဂါပိုးနဲ့ ပတ်သက်ပြီး ကိုယ်တို့ရလိုက်တဲ့ immunity က အာကာသဝတ်စုံလို PPE အပြည့်အစုံ ဝတ်ဆင်ကုသတာ တစ်ခုပဲ ဖြေလျှော့သွားခဲ့ပြီး လူနာမှာဖြစ်ပေါ်လာတဲ့ ရောဂါရဲ့သဘောသဘာဝကတော့ ပြောင်းလဲမသွားပါဘူး။ စင်္ကာပူမှာဆို mask တောင် တပ်စရာ မလိုတော့ဘူး လို့ ပြောကြတာပဲ။ ကိုဗစ် နဲ့ ရာသီတုတ်ကွေး ရဲ့ […]
ချန်ဂင်တို့စခန်း (၈၅)
ဒီကလူတွေ အ တာကလည်း တော်တော်ကို အ တယ် လို့ ပြောရပါမယ်။ ဆယ်ဇင်းမှာ စစ်ဖြစ်လို့ ဘုန်းကြီးကျောင်းမှာ စစ်ရှောင်နေတာပဲ တစ်လပြည့်တော့မယ်။ ဘယ်သူနဲ့ ဘယ်သူ ဘာဖြစ်လို့ စစ်ဖြစ်ကြတယ် ဆိုတာလည်း သိပုံမရ။ သွားလမ်းလာလမ်းတွေ မမေးမမြန်းနဲ့ တောတိုးတဲ့သူက ရှိသေး။ “မသွားရဘူး။ မိုင်းတွေရှိတယ်။” လို့ KIA က အတန်တန် ပြောပြီးသားပါ။ သို့သော်လည်း ဖြစ်လာပြီဆို ကြားနေကျစကားပဲ သူတို့ပြောတယ်။ “နို့ သိမှ သိပဲကိုး။” တဲ့။ အရင်တခါလည်း ဆင်နဲ့ဝင်လို့ ၃ ယောက်။ အခုတခါတော့ တစ်ယောက်တည်း လမ်းလျှောက်ဝင်တာ။ သနားလည်းသနားပါတယ်။ သူ့ခမျာ ပို့မယ့်လူမရှိလို့ လမ်းလျှောက်လာတာ တစ်ရက် ကြာတယ်။ ထုံးစံအတိုင်းပေါ့။ ခြေရောလက်ရော၊ ဝမ်းဗိုက်ရောမို့ မေ့ဆေးတွေ […]
ချန်ဂင်တို့စခန်း (၈၄)
ဒီနေ့ဟာ နတ်ဆရာဟောထားတဲ့ လဆန်း ၆ ရက်နေ့ညပါပဲ။ ယုံယုံ မယုံယုံ ကိုယ်တို့လည်း သတိနဲ့ နေရာပြောင်းအိပ်ကြပါတယ်။ သူပြောတဲ့အတိုင်း အလုံးစုံ ပျက်စီးသွားစေမယ့် အရာတစ်ခုဟာ လေယာဉ် ပေါ်က ကျလာတဲ့ ဗုံးအနေနဲ့ မလာပဲ ဗဟိုဘဏ်က ပေါက်ကွဲထွက်လာတဲ့ စီးပွါးပျက်ကပ်ဆိုးကြီးအနေနဲ့ လာဝင်ဆောင့်ပါတယ်။ မနေ့ညက ၃၇၀၀ နဲ့ အိပ်ပျော်သွားတဲ့ ဒေါ်လာဈေးဟာ မနက် အိပ်ရာထတော့ ၄၃၀၀ ဖြစ်နေပါပြီ။ ညနေစောင်းတော့ ၅၀၀၀ ပါ။ တနေ့တာကာလအတွင်း အဲ့သလိုဖြစ်သွားတာ တခါမှ မကြုံဖူးသေးပါဘူး။ သူ့ဘာသူ ဒေါ်လာဈေးတက်တာ ရွှေဈေးတက်တာ ကိုယ်က ဒေါ်လာလည်းမဝယ် ရွှေလည်းမဝယ်ပဲနဲ့ ဘာပူစရာရှိတုန်း။ တော်တော်များများက အဲ့သလိုပဲ တွေးမှာပါ။ ကိုယ့်ထိမှ ကိုယ်ပူတတ်မှာကိုး။ မိုးပြိုလည်း အများနဲ့ပဲဟာ လို့လည်း တွေးချင်တွေးပါမယ်။ […]
ချန်ဂင်တို့စခန်း (၈၃)
ဟိုးအရင် လှထုံတို့ရွာအကြောင်း ရေးတုန်းက ဒီအရပ်ဒေသက လူတွေရဲ့ အခြေအနေကို ဟာသနှောပြီးရေးခဲ့တယ်။ အဲ့ဒီစကားက ရန်ကုန်မှာလည်း နယ်လူနာတွေဆီက ကြားနေကျ စကားပါပဲ။ “အို ဆရာကလည်း ကျွန်မတို့က တောသူတောင်သားပဲဟာကို။ ဘယ်သိမှာတုန်းတော့။” တဲ့။ အခု အဲ့ဒီစကားလေး ပြန်ကြားယောင်မိပြီး ရယ်တောင် မရယ်နိုင်ပါဘူး။ ဒီလူတွေ တကယ်ကိုပဲ မသိနားမလည်နိုင်လွန်းတဲ့သူတွေပါ။ သူတို့ခမျာ ဆရာဝန်အစစ်တောင် သိပ်မြင်ဖူးတဲ့သူတွေ မဟုတ်တော့ ဆရာဝန်ဆိုရင် ဒေါက်တာ ရယ် ဒေါက်တာမ ရယ် နှစ်မျိုးပဲ ရှိတယ် လို့ အောင့်မေ့နေပုံပဲ။ အထူးကုဆရာဝန်တွေဘာတွေ သူတို့မသိဘူး။ အဲ့ဒါကြောင့် ခွဲစိတ်ဆရာဝန်ဆီလာပြီး “ဒီမှာမခွဲဘူး။ ရွာက ဆရာဝန်ဆီမှာပဲ ပြန်ခွဲမယ်။ လွှဲစာ ရေးပေးလိုက်။” လို့ အားမနာ လျှာမကျိုး လာပြောရဲတာပဲ။ မမအိုဂျီဆီမှာလည်း သူ့ကိုကျော်ပြီး […]
ချန်ဂင်တို့စခန်း (၈၂)
ဒီနေ့တော့ ဆယ်ဇင်းတုန်းက ဗော်လံတီယာလုပ်တဲ့ ကလေး နှစ်ယောက် လမ်းကြမ်းပေါ်မှာ မွေးနေ့ကိတ်ကြီး မပျက်မစီးသယ်လာပြီး ဆရာ့မွေးနေ့မို့ဆို ရောက်လာပါတယ်။ မသေကောင်း မပျောက်ကောင်း ပြန်တွေ့ရတဲ့သူတွေဆိုတော့ ဝမ်းသာတယ် ဆိုပေမယ့်လည်း ရွာမှာ ကမ္ဘာပျက်တဲ့ ကိုယ်တွေ့ဖြစ်ရပ်တွေ ပြန်ပြောကြတဲ့အခါ တော်တော်ကို စိတ်မကောင်းဖြစ်ရပါတယ်။ အခုမှ ရယ်ကာမောကာ ဇာတ်ကြောင်းပြန်နိုင်တာ။ ရင်ထဲမှာတော့ မနာပဲ နေပါ့မလား။ ကိုယ်နဲ့ သိကျွမ်းသမျှ ရွာသူရွာသားတွေ အဆင်မှပြေရဲ့လား။ အသေအပျောက်များ ရှိကြသလား။ ရွာက နောက်ဆုံးထွက်လာတဲ့သူကိုမှ မေးရတာဆိုတော့ ဖြစ်ကြောင်းရယ်တဲ့ကုန်စင်ပါပဲ။ ဆယ်ဇင်းအပြင်ဘက် တာဝါတိုင်နားက တပ်ခွဲတစ်ခွဲကို KIA + PDF က သိမ်းလိုက်တယ်။ တပ်ခွဲမှူး ဗိုလ်ကြီးက ထွက်ပြေးပြီး ပုန်းနေရတယ်။ မနက်ကျတော့ ဆယ်ဇင်းရဲစခန်းထဲ ဝင်ပြေးသွားတယ်။ အဲ့ဒီအခါ ဆယ်ဇင်းရဲစခန်းကို ဝိုင်းတယ်။ […]

















