သည်းကြီးမည်းကြီး – ရီရီသန့်

မြန်မာသံသီချင်းတွေ အကြောင်းပြောတဲ့အခါ ဒေါ်ရီရီသန့် ကို ချန်ထားလို့ မရပါဘူး။ လှတောရွာ ဇာတိဖြစ်ပြီး မဟာဂီတသီချင်းကြီးတွေကို ခြေခြေမြစ်မြစ် နှံ့နှံ့စပ်စပ် တတ်ကျွမ်းပြီးမှ မြန်မာ့အသံမှာ တဟုန်ထိုး နံမည်ကျော်လာသူပါ။ သူ့ရဲ့ နံမည်ကြီးသီချင်းတွေထဲက ဒီတစ်ပုဒ်ကို ရွေးထုတ်ရတာကတော့ မြန်မာဆန်လွန်းလို့ပါ။ စကားအသုံးအနှုန်းလည်း ယဉ်ကျေးသလောက် လှတောသူပီပီ စကားတတ်ရန်ကောလို့ ဆိုရမလောက် ထိထိမိမိ ရှိပါတယ်။ ဂီတစာဆို ကိုသက်ဦးက ရေးခဲ့တဲ့ သီချင်းကလေးပါ။ ​သဘောထားတွေ အရင်လိုမဟုတ်တော့တဲ့ ချစ်သူကို အရင်ပြောခဲ့ဖူးတဲ့ စကားလေးတွေ ပြန်အစဖော်ပြီး ခနဲ့တဲ့တဲ့ ရန်ထောင်ရာမှာ ဝေါဟာရကြွယ်ယုံတင်မဟုတ်၊ ဥပမာ ဥပမေယျနဲ့ပါ မငြင်းနိုင်အောင် စွဲချက်တင်ထားပါတယ်။ ပြီးတော့ သူကပဲတပြန် စကားတွေတတ်တိုင်း လှည့်ဖျားလို့ ယုံမိရပါတယ်လို့ ဆိုပြန်ပါသေးတယ်။ ​အစကတော့ ဘယ်လောက်တောင်ချစ်လှပါတယ် ကြိုက်လှပါတယ် ဆိုခဲ့ပြီး အခုတော့ […]

ချန်ဂင်တို့စခန်း (၂၇၃)

စစ်ပွဲရှိတော့ အရေးပေါ်လူနာပဲ ခွဲတယ် ဆိုပေမယ့် အကြွေးတင်နေတဲ့ လူနာကြီး ၂ ယောက် ရှိပါတယ်။ အပုတ်နံ့တထောင်းထောင်းထနေတဲ့ ရင်သားကင်ဆာ တွေပါ။ နဂိုက ၃ ယောက် ရှိတာ။ တစ်ယောက်ကို ခွဲပေးလိုက်လို့ ၂ ယောက်ကျန်နေတာ။ အနာကြီးတွေက ဆိုးလွန်းလို့ ကင်ဆာဆေး အရင်ပေးပြီးမှ ခွဲမယ် ဆိုပြီး ကင်ဆာဆေးတွေ ရအောင်မှာပြီး ပေးထားတယ်။ ပထမလတုန်းကတော့ ကြုံ့သွားသား။ ဒုတိယလမှာ မထူးခြားတော့ဘူး။ နေ့တိုင်း တနေ့ ၂ ခါ ဆေးထည့်ပေးနေရတာလည်းတော်တော် ဒုက္ခများတာ။ သွေးတွေလည်းထွက်လို့ တစ်ယောက်ကဆို သွေး ၂ လုံးသွင်းယူရတယ်။ အနာတွေကလည်း ရုပ်ပျက်ဆင်းပျက်၊ အနံ့ကဆိုးဆိုတော့ သူတို့လည်း ဒုက္ခများတာပဲ။ ဆေးရုံပိတ်တော့ ရွာထဲက ဘုန်းကြီးကျောင်းမှာနေပြီး နေ့တိုင်း ဆေးလာထည့်နေကြတာ။ Terminal […]

တီးပါတီ – ဒေါ်ကြည်အောင်

ဒေါ်ကြည်အောင်ရဲ့ ”တီးပါတီ” သီချင်းကို တင်ထားပါတယ်။ ရွှေတိုင်ညွန့် က ရေးပါတယ်။ စစ်ကြိုခေတ် မြန်မာ့ဂီတလောကမှာ သူတို့နံမယ်ကို ချန်ထားလို့မရပါဘူး။ ဆရာရွှေတိုင်ညွန့် က အံတီထားရဲ့အဖေ၊ ဇော်ဝင်းထွဋ် ရဲ့ အဖိုးဖြစ်ပြီး၊ မကြည်အောင် ကတော့ အငြိမ့်မင်းသမီး ဘဝထက် ဓါတ်ပြားအဆိုတော်ဘဝမှာ အောင်လံထူခဲ့သူဖြစ်ပါတယ်။ သူ့အသံဟာ မေရှင်တို့ လေပါတီတို့လို ချိုမနေပဲ သြသြကြီးနဲ့ အသံဝါကြီးပါ။ ဒါပေမယ့် အဆိုပညာမှာတော့ ပြိုင်ဖက်ကင်းပါတယ်။ မန္တလာမြင့်တို့ မအေးမိတို့ဟာ ဒေါ်ကြည်အောင် လက်ထွက်တွေပါတဲ့။ ကိုလံဘီယာ ဓါတ်ပြားကုမ္ပဏီ ရဲ့ ပင်တိုင်အဆိုတော်လည်း ဖြစ်ပါတယ်။ သူ့ခေတ်မှာတုန်းကတော့ ဒီသီချင်းကို ဘိုသံတွေပါလို့ ကာလပေါ်လို့ သတ်မှတ်ပါတယ်။ ​တီးပါတီ ဆိုတာကတော့ ဒီကနေ့ မင်္ဂလာဆောင်တွေမှာ ဧည့်ခံလေ့ရှိတဲ့ လက်ဖက်ရည်ဝိုင်းကို ခေါ်တာပါ။ ဘိုဆန်ချင်တဲ့ ချစ်သူကို […]

မြိုင်

ဒေါ်မေလှမြိုင် ဆိုထားတဲ့ “မြိုင်” သီချင်းပါ။ မူရင်းအဆိုရှင်ကတော့ မြခြေကျင်းမငွေမြိုင်တဲ့။ ရွှေမန်းတင်မောင် ရဲ့ ကန့်ကူလက်လှည့်ဆရာမ ဖြစ်ပြီး အင်မတန်ဇာတ်စီးကောင်းတယ် လို့ နံမည်ကျော်ပါတယ်။ ရွှေမန်းရဲ့ ဗုဒ္ဒဝင်ဇာတ်တော်တွေမှာ သူ့ အနုပညာအမွေတွေကို တစွန်းတစ အကဲခတ်နိုင်ပါတယ်။ သူ့ခေတ်ကထုတ်တဲ့ မျက်နှာချေထုတ်ကြော်ငြာတွေမှာ မြင်ဖူးသလောက်တော့ မျက်လုံးမျက်ခုံးကောင်းကောင်း ဗမာဆန်ဆန်ချောတဲ့ အမျိုးသမီးကြီးပါ။ ဦးသုမောင်ဆိုတဲ့ ပန်းဦးပန်မယ့်သူ သီချင်းထဲက “လက်ဦီးပန်ချင် အမြန်ပင်လာခဲ့ဖို့ ကိုကို ခေါ်ချင်ပါတယ် မောင်ခေါ်ချင်ပါတယ် ..” ဆိုတာလည်း သူဆိုထားတဲ့သီချင်းပါပဲ။ ဒီသီချင်းကို နန်းတော်ရှေ့ဆရာတင် က ရေးပေးပြီး အဆိုရှင်ရဲ့ ပညာစွမ်းကို သေတ္တာမှောက်ပြမည့် ကိုယ်ရည်သွေး တေးတစ်ပုဒ်ဖြစ်ပါတယ်။ သူဆိုထားခဲ့တဲ့ `အောင်ပင်လယ် တောထဲကရွှေကျီးညို ငွေမြိုင်လာရင်ဆီးလို့ကြို`ဆိုတဲ့ သီချင်းထဲက `ဒိကနေ့ညဖြင့် လာမယ်ဆို ယုံရမှာလားအကို။ အများကပြောတဲ့ ရွှေကျီးညို […]

စိမ့်ကြီးမြိုင်ကြီး – ကိုအံ့ကြီး

ဒီတခါ ရွေးထားတဲ့ သီချင်းကတော့ အဆိုတော် ကိုအံ့ကြီး ရဲ့ “စိမ့်ကြီးမြိုင်ကြီး” မြိုင်ထ ပါ။ မန္တလေးမြို့မက ဦးဘသိန်း ရေးပါတယ်။ အရင်က ကိုအံ့ကြီးသီချင်းတွေကို ဘိုဆန်ဆန် ကြားခဲ့ဖူးသလောက် ဒီတခါတော့ ဗမာလိုလည်း ကျကျနနဆိုပြသွားတာ ကြားရပါမယ်။ အတီးက ရွာစား စိန်မောင်ကို ပါတဲ့။ ဗမာဇာတ်မင်းသားများ မြိုင်ထဆိုတဲ့အခါ ခုနှစ်သံချီပြီး လွင့်နေအောင် ဟစ်ကြတဲ့ဓလေ့ကို ဒီသီချင်းမှာ အသံပါးပါးလေးနဲ့ သာသာယာယာ ဆိုပြသွားပါတယ်။ မြို့မဆိုတာ တခါလာ ဂေါ်ဂေါ်ဂီဂီနဲ့ လေမှုတ်တူရိယာသံ သီချင်းများသာ ရေးဆိုတီးကြတယ်လို့ ပြောနေတဲ့သူတွေကိုလည်း ဘယ်လောက်ဗမာဆန်သလဲဆိုတာ ပြခဲ့တဲ့ သီချင်းတစ်ပုဒ်ပါ။ ရွှေမန်းတင်မောင်၊ စိန်အောင်မင်း၊ ပန်တျာကြည်လင် နားထောင်ဖူးခဲ့ရင် ဇာတ်ဆိုနဲ့ အရပ်ဆို ဘယ်လိုကွာသလဲ သဘောပေါက်ပါလိမ့်မယ်။ ခုခေတ် ဇာတ်မင်းသားများတောင် ဒီလိုဆိုနိုင်တဲ့သူ မရှိတော့တာ […]

စိမ်းရောင်စို – လေပါတီမမြရင်

ပထမဦးဆုံးတစ်ပုဒ် အနေနဲ့ မန္တလေးမြို့အကြောင်းဖွဲ့နွဲ့ထားတဲ့ “စိမ်းရောင်စို” သီချင်းကို တင်ဆက်ပါ့မယ်။ မူရင်းအဆိုကတော့ လေပါတီမမြရင် ပါ။ ရေးတဲ့သူကတော့ မမြရင်ရဲ့ ပထွေးတော်သူ ဦးသာဒင် ရေးတယ်လို့ဖတ်ဖူးပါတယ်။ မူရင်းအသံနဲ့ ရလို့ တင်ပေးလိုက်ပါတယ်။ YouTube က ရထားတဲ့ ဒေါ်မာမာအေး အဆိုကိုပါ နားထောင်နိုင်ပါတယ်။ မြန်မာ့ရုပ်သံမှာတော့ နှင်းနှင်းထူး ဆိုထားတဲ့ ဓါတ်ပြားရှိပါတယ်။ အန်တီခင်စိုးဝင်း ဆိုပြထားတဲ့ စံခွေလည်း ရှိပါတယ်။ အားလုံးပဲ တမျိုးတဘာသာစီ ကောင်းကြပါတယ်။ ဒီသီချင်းရဲ့ အခရာကတော့ ဆိုင်းအသွားပါ။ မြန်မာ့ဆိုင်းဝိုင်းရဲ့ အသံစုံကို ကျကျနန ဂရုတစိုက်နားဆင်ကြည့်ရင် အင်မတန် အရသာရှိပါတယ်။ အဆိုပညာနဲ့ အသံကစားရာမှာ မာမာအေး စစ်စစ်ကိုကြားရပေမယ့် အနွဲ့အတာမှာတော့ လေပါတီ က သာသလို ထင်မိပါတယ်။ “မြစမ်းရေညို…” ဆိုတဲ့ အဆွဲအငင်၊ […]