ရာသီပြောင်းချိန် ရောက်ပြန်ပြီလေ။ မနက်ခင်းစောစောဆို အေးလို့ စောင်ကလေးခြုံရတယ်။ နေ့လည်နေစောင်းလောက်ဆို ပူလိုက်တာမှ ချွေးပြိုက်ပြိုက်ကျရော။ မိုးက မေ့လောက်ရှိမှ တစ်ခါရွာတယ်။ ရွာရင်လည်း ဆိုင်းတွေဗုံတွေ ဆင့်မနေတော့ဘူး။ ဒီနေ့ ခွဲခန်းထဲလူနာသွင်းတော့ ပူပူလောင်လောင် ဖုံတသောသောနဲ့ လမ်းကလေးပေါ်ဖြတ်ခေါ်သွားတာ။ ခွဲနေတုန်း မိုးတွေသည်းချလာရော။ ခွဲခန်းလည်းအပြီး၊ မိုးလည်းအတိတ်။ ဆေးရုံရှေ့က လမ်းလေးလည်း ဗွက်ပြန်ပေါက်သွားလေရဲ့။ ချောင်းရေကြည်သွားပြီ။ တိမ်လာပြီ။ ခြင် နဲ့ ဖြုတ်တော့ ပေါလာပြီ။ ဆိုင်ကယ်လမ်းလေး ပြန်ကောင်းလာပြီ။ ဆီဈေးကြီးတော့ ကယ်ရီခတွေတော့ ဈေးမကျသေးဘူး။ ဆယ်ဇင်းရွာပျက်သွားပြီဆိုတော့ လိုင်းကားတွေ အရင်လို ဝင်လာမှာ မဟုတ်တော့ဘူး။ ဖားကန့်သွားချင် ဝေခါလမ်းဘက်က ညောင်ပင်ဘက်ကပဲ တက်ကြလိမ့်မယ်။ မီးထဲမပါတဲ့အိမ်တွေကတော့ ရွာပြန်ပြီး အိမ်အခြေအနေလေးတွေ ကြည့်ကြတယ်။ ဘာမှတော့ ရစရာ မကျန်တော့ပါဘူး။ ယူလို့ရသမျှ အကုန်ဖောက်ယူထားကြပြီ။ […]
ချန်ဂင်တို့စခန်း (၉၈)
ဆရာဝန်တစ်ယောက်ရဲ့ဘဝ အထူးသဖြင့် ခွဲစိတ်ဆရာဝန်တစ်ယောက်ရဲ့ဘဝမှာ စိန်ခေါ်မှုတွေက အမြဲရှိနေမှာပါပဲ။ အစဉ်သဖြင့် လွယ်လွယ်ကူကူ သာသာယာယာ သီချင်းလေးတအေးအေးနဲ့ ဒါလေးများ operation ချည့်ပဲ ခွဲချင်လို့တော့ ဘယ်ရမလဲ။ ချွေးတလုံးလုံး၊သွေးတဝုန်းဝုန်း၊ ချေးကြုံးရတဲ့ operation တွေလည်း တွေ့ရတတ်တာပဲ။ တချို့တချို့သော operation တွေဟာ အင်မတန်မှကို စိတ်ဖိစီးမှု များစေတတ်ပါတယ်။ စစ်ပွဲတစ်ပွဲ တိုက်ရသလိုပဲ။ ရှိသမျှ အင်အားနဲ့ မီးကုန်ယမ်းကုန် ပညာကုန်သုံးပြီး အောင်မြင်သွားပြီ ဆိုတဲ့အခါ ကျေနပ်အားရသွားတဲ့ အရသာဟာ ဆာဂျင်တွေကို ဒီအလုပ် မလုပ်ရမနေနိုင်အောင် စွဲဆောင်ထားတဲ့ job satisfaction တစ်ခုပေါ့။ ဒီလိုနဲ့ပဲ သူဟာ နောက်ထပ် စိန်ခေါ်မှု အသစ်တွေကို ဆက်ကာဆက်ကာ ရင်ဆိုင်ပါတော့တယ်။ မနေ့က အင်းတော်ကြီးဘက်က ကလေးမလေးတစ်ယောက် လာပြတယ်။ နားရွက်အောက်၊ ပါးချိတ်ပေါ်မှာ […]
ချန်ဂင်တို့စခန်း (၉၇)
ခုရက်ပိုင်း တနေကုန် မိုးရွာတာ နေတောင် မမြင်ရဘူး။ မိုးထဲလေထဲဆိုတော့ လူနာနည်းနည်း ကျဲသွားတယ်။ တခါတလေလည်း အနားရတာ ကောင်းပါတယ်။ ကလေးတွေကတော့ ညကြီးသန်းခေါင် normal labour စောင့်မွေးထားလို့ နေ့လည်နေ့ခင်း ပြန်အိပ်ချိန်ရတယ်။ ဒီဘက်တွေမှာ ငြိမ်နေတယ် ပြောရမယ်။ မနေ့ကတော့ အင်းတော်ကြီး ညောင်ပင်ဘက်မှာ စစ်ကြောင်းထိုးရင်း ခလုပ်တိုက်လို့ မွင်းငါးနှစ်ပွဲ ထွက်လာတယ်။ အသက်ဉာဏ်စောင့်သတဲ့။ ပါးနပ်တဲ့သူတွေ ချွေးတောင်အထွက်မခံဘူး။ “သားရီးတို့အေးဆေး” ဆို အလင်းဝင်ပလိုက်တော့ ရခိုင်မုန့်တီ ပွဲ ၄၀ လျော့သွားရော မဟုတ်လား။ “သူ့ကြွေးရှိက ဆပ်ရသည်သာ” ဆိုတာ မယ်နု မှ မဟုတ်ဘူး။ အုန်းသွင်အတွက်လည်း မှန်တာပဲ။ သားမက်တောင်အဆစ်ပါသေး။ အဘတို့ကို နှာနှပ်နေရလို့ “အဘ ထ” တောင် ပစ္စည်းတွေ ပြတ်ကုန်ပြီ။ […]
ချန်ဂင်တို့စခန်း (၉၆)
ကိုယ်တို့ဆေးရုံက ဆာဂျင်ထောင်တဲ့ ဆေးရုံမို့လား မသိပါဘူး။ ခွဲခန်းကို အဓိကထားကြတယ်။ Major operation ကြီးကြီးမားမား ရှိတဲ့အခါဆို တစ်ဆေးရုံလုံး ခွဲခန်းထဲရောက်နေကြရော။ လူနာသယ်တာ၊ မတာ၊ ရွှေ့တာကအစ ဆရာဝန်တွေပါ အတူဝိုင်းသယ်ကြတယ်။ အထဲရောက်တာနဲ့ ခွဲခုံပေါ်တင်၊ သွေးပေါင်ချိန်၊ မော်နီတာတပ်၊ မေ့ဆေးပေး၊ ထုံဆေးထိုး၊ အကုန်လုံး ဇယ်ဆက်သလို တရစပ် လုပ်သွားနိုင်နေပြီ။ လူစုံတက်စုံ ကိုယ့်တာဝန်နဲ့ကိုယ်ပဲ။ အဲကွန်းဖွင့်၊ မီးချိန်၊ machine တွေ အကုန် ရယ်ဒီဖြစ်အောင် တပ်ဆင်တာကအစ OT technician အလုပ်လုပ်ဖို့ အင်ဂျင်နီယာပါ ခွဲခန်းဝင်ရတယ်။ ဗိုက်ခွဲမွေးရင် ကလေးကောက်၊ ကလေးပြုစုတာတစ်ဖွဲ့၊ မေ့ဆေးတစ်ဖွဲ့၊ ခွဲစိတ်တစ်ဖွဲ့၊ တောက်တိုမယ်ရတစ်ဖွဲ့ဆို ရှိသမျှ လူကုန်ရော။ ကလေးဝေယျာဝစ္စတွေပြီး၊ အမေကို ဗိုက်ပြန်ပိတ်တာနဲ့ ဒေါ်စောသိမ်းတို့အဖွဲ့က မလိုတဲ့ပစ္စည်းတွေ စသိမ်းနေပြီ။ […]
ချန်ဂင်တို့စခန်း (၉၅)
စစ်ပွဲရှိတဲ့ အရပ်ဒေသမို့ ညရေးညတာ သတိဝီရိယနဲ့ အိပ်ပါတယ် ဆိုမှပဲ တခါတရံ ဝရုန်းသုန်းကား အုတ်အုတ်သဲသဲ အသံတွေက ကြားရတတ်ပါတယ်။ အိမ်ဘေးနံရံကို တဘုတ်ဘုတ် ဝင်တိုက်သွားမှန်းလည်း သိလိုက်ရတယ်။ အချိန်မတော် ညဉ့်နက်သန်းခေါင် မမြင်အောင် မီးမှောင်ချ အိပ်ပါတယ်ဆိုမှ တောမှောက်သလို တောခြောက်သလို လန့်လန့်နိုးအောင်လုပ်တာ ခဏခဏပဲ။ အစဦးပိုင်းတုန်းကတော့ ဘာမှန်းမသိလို့ ဓါတ်မီးတစ်လက်ယူပြီး ဟိုထိုးသည်ထိုး ကြည့်သေးတယ်။ မှောင်ကြီးမည်းကြီးကနေ ဝင်းဝင်းပြောင်ပြောင် မျက်လုံးအစုံကြီးတွေနဲ့ ပြန်စိုက်ကြည့်နေကြတာ။ သားရဲတောကောင်တွေ မဟုတ်ပါဘူး။ ကျွဲအုပ်ကြီးပါ။ သူတို့က နေ့ဆိုရင် တောထဲက ဗွက်အိုင်ထဲ သွားလူးနေပြီး ညဘက်ကျမှ ဆေးရုံစခန်းထဲ ဟိုအိမ်တိုး သည်အိမ်တိုး တိုးကြတာ။ ဒီဘက်က မောင်းထုတ်လိုက်ရင် ဟိုဘက်မှာ သွား အုံပြန်ရော။ နွားတွေလိုပဲ သူတို့လည်း ဆပ်ပြာကြိုက်တယ်။ နွားတွေက […]
ချန်ဂင်တို့စခန်း (၉၄)
ဒီနေ့တော့ ကိုယ်တို့အားလုံး ဆေးခန်းက ပစ္စည်းတွေ စက်ကိရိယာတွေ စစ်ဆေးသိမ်းဆည်း ရှင်းလင်းကြပါတယ်။ အလေအလွင့် အပျက်အစီးတွေများမှာစိုးလို့ပါ။ အလုပ်လုပ်လာတာ ၈ လ၊ ၉ လ ရလာပြီဆိုတော့ maintenance check က မလုပ်လို့ မရဘူးလေ။ မွေးခန်းလေးကို ပိတ်ထားတာကြာတော့ ပျားအုံလေးတောင် ဝင်စွဲနေပြီ။ fogging machine လေးနဲ့ နှင်ပြီး fumigate ပြန်လုပ်ပစ်တယ်။ ရေတိုင်ကီထဲ အနည်တွေများလို့ ဆေးကြလှယ်ကြတယ်။ store တွေ stock တွေ စစ်ပြီး လိုတဲ့ဆေးတွေ ထပ်မှာရတယ်။ ဒီကြားထဲ လူနာကလည်း မပြတ်ရပါဘူး။ မနက်ကလည်း ခွဲခန်းဝင်ရသေးတယ်။ ရွာမှာ ကလေးတွေ အကုန်ဖျားကြ လည်ချောင်းနာကြတယ်။ ကျောင်းဖွင့်ထားတော့ ကျောင်းက ကူးတာ လူကုန်ရော။ လူကြီးတွေလည်း ကူးကြတာပေါ့။ […]

















