လှထုံတို့ရွာ (၂)

ဒီအလုပ်ကို လူမိုက်တွေပဲလုပ်မယ်။ လူလိမ်မာတွေ မလုပ်ဘူးဆိုတာက ကိုယ်ရောက်နေတဲ့အရပ်ရဲ့ ကာလံဒေသံတွေနဲ့ဆိုင်ပါတယ်။ လက်နက်ကြီးရော လက်နက်ငယ်ရော အုန်းကနဲ ဒိုင်းကနဲ ကျနေတဲ့ စစ်မြေတလင်းမို့လို့ အခန့်မသင့်ရင် လမ်းမှာဂိသွားနိုင်တဲ့ အန္တရာယ် ရှိပါတယ်။ ပိုဆိုးတာက စစ်ဆေးရေးဂိတ်ပေါင်းများစွာကို ကျော်ရဖြတ်ရဦးမှာ။ ဘယ်နေရာမှာ ငါ့ဆွဲစိလိုက်မှာပါလိမ့်ဆိုတဲ့ စိတ်နဲ့ ခရီးသွားရပါတယ်။ လက်ကိုင်ဖုန်းကို reset မချရုံတမယ် ဖယ်ရှားခြင်းတွေပြုပြီးမှ အာကာထွန်းဘောင်းဘီဝတ် ရာဘာဖိနပ်စီးပြီး ရွှံ့အလူးလူးနဲ့ ရုပ်ပေါက်အောင် သွားရတာ။ ကားနဲ့သွားမရရင် ဆိုင်ကယ်နဲ့ ၊ ဆိုင်ကယ်ပါရုန်းမရရင် လူကိုယ်တိုင် ဗွက်ထဲဆင်းရုန်းရတာကိုး။ ကားဆရာကတော့ တစ်ဂိတ်ဝင် တစ်မျိုး ပုံပြောတာပါပဲ။ “ရွာဦးကျောင်းဆရာတော် အသည်းအသန်ဖြစ်နေလို့ လစ်တော့မယ်။ သူ့ခမည်းတော်နဲ့ မိသားစုတွေကို အသက်မီအောင် သွားပင့်လာတာ။ သွားလက်အုန်းမျယ်နော်။ သက်လား။” ဆိုတာကတမျိုး။ “ဒါ ကျနော့်လော်ပန်။ နေမကောင်းလို့ […]

လှထုံတို့ရွာ (၁)

အင်တာဗျူးမေးခွန်းတွေ ဖြေဖန်များလာတဲ့အခါ ကိုယ့်ဆရာသမားများရဲ့ ပညာရှိစကားများထဲမှာ နာယူမှတ်သားမိတာလေးတွေ ပြန်ပေါ်လာပါတယ်။ “မေးခွန်းဆိုတာ အမျိုးမျိုးရှိတယ်။ သူက ဘာသဘောနဲ့မေးချင်တာလဲ ဆိုတာ သိမှ ကိုယ်က သူလိုချင်တဲ့အဖြေကို တည့်အောင်ဖြေနိုင်မှာ။ သိလို၍မေးခြင်းလော။ ညှိလို၍ မေးခြင်းလော။ ရိလို၍ မေးခြင်းလော။ ကလိလို၍ မေးခြင်းလော။ အရင် သဘောပေါက်အောင် လုပ်ရတယ်။” တဲ့။ ဟုတ်ပ။ ခုများတော့ ဆရာကောင်းတပည့် ပန်းခေါင်းလှန်နိုင်ပါပြီ။ ဖွလို၍ မေးခြင်းလော။ ဆွလို၍မေးခြင်းလော။ ရွလို၍ မေးခြင်းလော။ ချက်ဆို နားခွက်က မီးတောက်ပါလေရော။ “ကိုဗစ်ကပ်ရောဂါကြီးဖြစ်နေတာ ဆရာလည်းမြင်မှာပါ။ အသေအပျောက်တွေ အရမ်းများတယ်လေ။ ဆေးရုံတွေမှာလည်း ဆရာဝန်တွေ မလုံလောက်ဘူးဆိုတော့ ဆရာ့အနေနဲ့ CDM လုပ်မိတာ မှားတယ်လို့ မထင်ဘူးလား။ ဆေးရုံကို အလုပ်ပြန်ဝင်ပြီး လူနာတွေကို ကိုယ်တတ်တဲ့ပညာနဲ့ ဆေးကုချင်စိတ် […]

CDM ဘယ်မှာ ဆုံးမှာလဲ

မြန်မာပြည်မှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အခါ နိုင်ငံရေးသမားတွေက ငုတ်တုတ်ကလေး အဖမ်းခံလိုက်ရပြီး ဘယ့်နှယ့်ကြောင့် ဆရာဝန်တွေက ‌ထိပ်ဆုံးကနေ သူ့ကျွန်မခံပြီ ထတော်လှန်နေရသလဲ ဆိုတာ စိတ်ဝင်စားစရာ မကောင်းပါလား။ ကိုယ်တို့ ဆေးပညာလောကသားတွေ နှီးနောတိုင်ပင်တဲ့အခါမှာလည်း ဘယ်တုန်းကမှ စစ်တပ်မကောင်းကြောင်း မယ်ဖျားကောင်းကြောင်း စကားစပ်လို့တောင် ထည့်မပြောခဲ့ကြဖူးပါဘူး။ ဆရာဝန့်ပါးစပ်ဆိုတာ သူ့အတတ်ပညာနယ်ပယ်မှ မဟုတ်တယုတ် လာလုပ်လို့ကတော့ အနီသော အစိမ်းသော ဘယ်သူ့ကိုမှ ချမ်းသာမပေးကြပါဘူး။ အခုတလော လော်ဘီလောက်ကောင်တွေ ပါးစပ်ဖျားမှာ ‌ရေပန်းစားနေတဲ့ “ဆရာဝန်ဆိုတာ ဘယ်အစိုးရတက်တက် လူနာတွေရဲ့အကျိုးကိုပဲ လိုလားရတယ်။ ဟိုအစိုးရတက်ရင် လက်မခံဘူး။ ဒီအစိုးရတက်မှ ဆေးကုမယ် ဆိုတာ ဆရာဝန်စိတ်ထား မဟုတ်ဘူး။ ဆရာဝန်ကျင့်ဝတ်နဲ့ မညီဘူး။” လို့ အတင်းကြီး စိတ်ထားမြင့်မြတ်ဖြူစင်ပြနေသူတွေရဲ့ စကားဟာ မြဝတီကလွှင့်တဲ့သတင်းတွေလိုပဲ အမှန်တရားကိုမျက်ကွယ်ပြုပြီး ကိုယ်ပြောချင်တဲ့စကားကိုသာ ကျားကျားမီးယပ် […]

Happy ending

ပါရီရဲ့ကျဆုံးခန်းကို ရေရေရာရာ မသိပေမယ့် ဒီနွေဦးမှာ တပ်မတော်ရဲ့ကျဆုံးခန်းကို ကိုယ်တို့မြန်မာတပြည်လုံးတင်မက တကမ္ဘာလုံးကပါ မျက်ဝါးထင်ထင် တွေ့မြင်နေကြရပြီ ထင်ပါတယ်။ စစ်သားတွေဆိုတော့ သူတို့ကိုအကုန်သတ်ပြီး ငါတို့ဘက်က မသေရင် နိုင်ပြီ လို့ တွက်ကြပေမယ့် သမိုင်းစာမျက်နှာမှာ ဟစ်တလာ၊ ကဒါဖီး၊ ဆက်ဒမ်ဟူစိန်တို့လို လူသားထဲမှာ သည်လိုလူတစ်ယောက် မွေးဖွားလာတဲ့အတွက် လူသားမျိုးနွယ်တရပ်လုံး ဒုက္ခပင်လယ်ဝေကြရလေတယ် လို့ အမည်းစက်ထင်စရာ ပြစ်တင်ရှုံ့ချစရာ ဥပဒေနဲ့မညီတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတစ်ရပ် ဖြစ်သွားတာကိုး။ အခုဆိုရင် သူတို့က သူပုန် သူပုန်ရယ်လို့ တချိန်လုံး ဗီလိန်နေရာကထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အားလုံးကတောင် “အဲ့သလောက်ကြီးတော့ မတရားသဖြင့် မလုပ်သင့်ပါဘူး။ နည်းနည်းပါးပါးလေးများ ရှက်တတ်ပါဦးတော့လား။” ဆို ပြည်သူဘက်က ကာကွယ်ပြောဆိုပေးနေရတဲ့ အခြေအနေရောက်သွားပြီ။ ဟိုးရှေးရှေးတုန်းက ပြည်သူတွေရင်ခွင်ထဲကနေ ပေါက်ဖွားလာတဲ့ ပြည်သူ့တပ်မတော်ကြီးဆိုတာ မရှိတော့ဘူး။ မသိတော့ဘူး။ သေကုန်ပြီ။ […]