လူနာတွေအကြောင်း စိမ်ပြေနပြေ ရေးနေပြီဆိုတော့ စစ်ရေးနိုင်ငံရေး အခြေအနေများ အေးချမ်းသွားလို့လား။ လေယာဉ်တွေ မလာတော့လို့လား။ စဉ်းစားစရာပါပဲ။ အဲ့သလိုတော့ မဟုတ်သေးပါဘူး။ အပစ်အခတ်ရပ်တာ AA နဲ့ပါ။ ကချင်မှာ “မပစ်ဘူး။ ရပ်ရအောင်။” လို့ ဘယ်ဘက်ကမှ မပြောပါဘူး။ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေထဲက အားနည်းရာကို ထိုးဖောက်သိမ်းပိုက်ဖို့ ပျော့ကွက်ရှာနေတာလို့ ထင်ပါတယ်။ ချင်းရွှေဟော်မှာ အင်အားအလုံးအရင်းနဲ့ MNDAA စခန်းကို တက်သိမ်းတာ မရလို့ ပြန်ဆုတ်လာရတယ် မဟုတ်လား။ ဒီပွဲဟာ အဆုံးသတ်တိုက်ပွဲမှန်း သူတို့ကိုယ်တိုင်လည်း သိလို့ မသေမချင်း တိုက်မယ် လို့ ဆုံးဖြတ်ထားပုံရပါတယ်။ နောက်ဆုတ်စရာ မြေမကျန်တော့ဘူး မဟုတ်လား။ ဒီလိုဆိုရင် ကိုယ်တို့ဘက်ကလည်း သူသေကိုယ်သေ ဆက်တိုက်ရုံပဲ ရှိပါတယ်။ မသေပဲကျန်တဲ့သူ အနိုင်ပေါ့။ ဟုတ်လား။ အသက်နဲ့ရင်း လောင်းကြေးထပ်ရတဲ့ ကစားပွဲဆိုတာ […]
ချန်ဂင်တို့စခန်း (၁၂၇)
လူတစ်ယောက်ရဲ့ နေ့စဉ်မှတ်တမ်းတွေကို လူပေါင်းလေးငါးခြောက် ထောင်လောက်က တစ်နှစ်ပတ်လုံး မပျင်းမရိ စောင့်ဖတ်ချင်အောင် စာရေးရတဲ့အလုပ် ဆိုတာ လွယ်တာတော့ မဟုတ်ပါဘူး။ ကိုယ်ရောက်နေတဲ့ အရပ်ဒေသကလည်း သူများတကာတွေ နိုင်ငံခြားရောက်နေလို့ စာရေးသလို “ဒီကိုလာရင် ဒါကိုမလီပါနဲ့။” “ဟုတ်ဟာလိုချင်ရင် ဟိုဟာလုပ်ပြီးမှလာပါ။” စသည်ဖြင့် မောင်ငယ်ရင်သွေး နာဘိသေးလော့ တွေ လက်ချာရိုက်လို့မှ မကောင်းတာ။ ကိုယ့်ဆွေကိုယ့်မျိုးတွေထဲက သူတို့လည်း အဲ့ဒီ လိုက်လာချင်ပါတယ်။ လိုက်ပါရစီ ဆိုရင်တောင် ချော့ချော့မော့မော့ နဲ့ ဖျောင်းဖြထားရတာပါ။ “မလာပါနဲ့။ အချစ်ရေ မလာခဲ့နဲ့။” ကိုယ်က နေနိုင်ပေမယ့် သူတို့က နေနိုင်ပါ့မလား မသေချာဘူး။ ကိုယ်တောင်မှ အလုပ်ရှိလို့ နေနိုင်တာလေ။ အလုပ်မရှိပဲ ငုတ်တုတ်ထိုင်နေရင် ပျင်းလို့ သေရချည်ရဲ့။ အလုပ်တွေကတော့ တစ်နေ့တစ်မျိုး မရိုးရဘူးဗျ။ ဆရာဝန်တစ်ယောက်ရဲ့ လုပ်ငန်းခွင်ဆိုတာ […]
ချန်ဂင်တို့စခန်း (၁၂၆)
အရင်တုန်းကတော့ ဆောင်းမနက်ခင်းတွေဆို အိပ်ယာထဲမှာ စောင်နဲ့လိပ်ပြီး ကွေးနေရတာကို ပိုသဘောကျတယ်။ လက်ရှိအခြေအနေမှာတော့ မနက်စောစောထပြီး နှင်းမြူတွေကြားထဲမှာ လမ်းလျှောက်ရင်း အသက်ရှူထုတ်လိုက်တိုင်း ရေငွေ့ကလေးတွေ ထွက်လာတာကိုကြည့်ရတာ ပိုပြီး နေလို့ကောင်းသလိုပဲ။ အင်္ဂလိပ်ကားတွေထဲမှာ တွေ့ရတဲ့ မှုန်ဝါးဝါး မြူခိုးကလေးတွေ။ တောတွေတောင်တွေကလည်း အဲ့သလို ဇာပုဝါပါးပါးကလေးနဲ့ အုပ်ထားပေးမှ မျက်စိထဲ ပိုလို့လှလာသလို ထင်မိတယ်။ ဆေးရုံရောက်လို့ မနက်စာစားရင်လည်း အငွေ့တထောင်းထောင်းထနေတဲ့ ပန်းကန်လေးတွေကို လက်ကလေးနဲ့ ယမ်းယမ်းပြီး စားရတာ။ အရမ်းကြီး မပူပေမယ့် ရေငွေ့ပျံတတ်တဲ့ သဘာဝ ထင်ပါတယ်။ မိုးညှင်းဘက် ဘီလူးဘက်ဆိုရင်တော့ ခုလိုမနက်စောစောဆို တောင်ပေါ်တက်ပြီး တိမ်ပင်လယ် ကြည့်လို့ရတယ်။ ဒီရာသီမှာ ဒါကြောင့်လည်း ခေါပုတ်ပူပူ ထောင်းစားကြတာကိုး။ ဗမာတွေ ထမနဲထိုးသလိုပဲနေမှာ။ ရခိုင်မှာဆိုရင်တော့ ရထားပွဲဆွဲကြတဲ့ ရာသီပေါ့။ ကိုယ်တို့လည်း ရထားဆွဲသလို […]
ချန်ဂင်တို့စခန်း (၁၂၅)
အင်းတော်ကြီးဒေသကို နဂါးတွေ နေတဲ့အရပ်လို့ ဒဏ္ဍာရီ ပုံပြင်တွေထဲမှာ ပြောလေ့ရှိကြပါတယ်။ ဒီနေရာမှာ ဒီရေအိုင် အကြီးကြီး လာဖြစ်နေတာကိုက ဘောဂဝတီ နဂါးပြည်က နဂါးညီနောင်နှစ်ဖော် တိုင်းခြားပြည်ထောင် ထူထောင်ဖို့အတွက် ရေတွေလွှမ်းပစ်ခဲ့ရာက စခဲ့တယ် လို့ ပုံပြင်ထဲမှာ လာတာကိုး။ ငါးပါးသီလမြဲတဲ့ မုဆိုးမ အမေအိုကြီးတစ်ဦးသာ ချိုင့်ဝှမ်းကြီးပြည့်အောင်ရွာတဲ့မိုးက လွတ်ခဲ့တယ် လို့ ပြောကြတယ်။ လွယ်မွန်ရွာဘက်မှာ မုဆိုးမဘုရား လို့တောင်ရှိသေး။ အဲ့ဒီမုဆိုးမကြီးရဲ့ ခြေရာရော၊ သူနဲ့အတူ ရေဘေးလွတ်ရာ ဆွဲခေါ်လာတဲ့ ကျွဲခြေရာခွက်တွေရော ကျောက်သားပေါ်မှာ စွဲထင်ကျန်ရစ်တယ် ဆိုပြီး အင်းစပ် ကမ်းခြေမှာ နတ်စင်နတ်ကွန်းနဲ့ ထားကြတာပဲ။ အင်းဘေးမှာ ရှိတဲ့ ရွှေတောင် ငွေတောင်မှာလည်း တောင်စောင့်နတ်တွေ နဂါးတွေရဲ့ ပုံပြင်တွေ ရှိပါတယ်။ ငွေတောင် အောက်ခြေနားမှာ နဂါးအာခံတွင်းကို ချိုးလိမ်ထားပြီး […]
ချန်ဂင်တို့စခန်း (၁၂၄)
ရာသီဥတုက အအေးပိုလာပြီဆိုတော့ မီးပုံလေးတွေဖိုပြီး မီးလှုံတဲ့အချိန် ရောက်လာပါပြီ။ ကောက်သစ် ပေါ်ဦးစမို့ အိမ်တိုင်းလိုလို ခေါပုတ်ထောင်းကြတယ်။ မီးလှုံရင်း ကောက်ညှင်း ကျည်တောက် လည်း ဖုတ်စားကြပါတယ်။ ဒီမှာ ဆတ်သားခြောက်က တခါတလေမှ ရပေမယ့် အမဲခြောက်တော့ ပေါတယ်ဗျ။ ကြက်သားမှာရင်သာ မြို့က လာတာမို့ ၁၄၀၀၀ ဈေးပေး စားရတာ။ ဝက်သား အမဲသားကျ ရွာမှာတင်ပေါ်လို့ ၁၀၀၀၀ ဈေးပဲ ပေးရတယ်။ အမြဲတမ်းတော့ မပေါ်ဘူး။ ကိုယ့်အဖွဲ့ထဲမှာ သားကြီးငါးကြီး မစားတဲ့သူက တဝက်လောက်ပါတော့ ၁ ပိဿာ ဝယ်ရင် တဝက်ချက်ပြီး တဝက်အခြောက်လှမ်းထားလို့ရတယ်။ ဒီရာသီက ဟင်းသီးဟင်းရွက်လည်း တအားပေါပါတယ်။ မုန်ညင်းတွေ စပေါ်ပြီ။ ချဉ်ရည်ချက်လိုက်၊ ဟင်းပေါင်းချက်လိုက်နဲ့ မတုံးမချင်း အမုန်းစား။ မနေ့ကတော့ တောင်ပေါ်တက်ပြီး ပီလောပီနံဥတွေ […]
ချန်ဂင်တို့စခန်း (၁၂၃)
တိုက်ပွဲတွေတော့ ခဏရပ်သွားပြန်ပြီ။ မိုးညှင်းဘက်မှာတော့ ရဟတ်ယာဉ်တွေ အတက်အဆင်း များတုန်းပဲ။ ဂိတ်တွေမှာလည်း အစစ်အဆေး တင်းကြပ်နေတုန်း။ ထိုးစစ်ဆင်လာမလိုလို အရိပ်အရောင် ပြပြီးမှ ခဏနေဦး လို့ စောင့်ခိုင်းထားသလို ပုံစံမျိုး။ လှုပ်ရှားသွားလာနေကြသူတွေအားလုံး လက်နက်ကိုယ်စီလွယ်ထားကြတယ်။ လေကြောင်းရန်ကာကွယ်ရေးအတွက် လုပ်စရာရှိတာတွေ လုပ်နေကြတယ်။ ရွာသူရွာသားတွေကအစ ဘယ်သူမှ အမှုမဲ့ အမှတ်မဲ့ မနေတော့ဘူး။ ဆေးရုံမှာတော့ ကိုယ်တို့တွေ ပုံမှန်လူနာကြည့်တာက တစ်ဘက်၊ ပြင်စရာရှိတာတွေ ပြင်ဆင်သိုမှီးနေတာက တစ်ဘက်။ ဘာမှ ထူးထူးခြားခြား မရှိပါဘူး။ နားနားနေနေ အလုပ်လုပ်ရင်း စိတ်ဖိစီးမှုလေးတွေ လျော့ကျသွားတာပေါ့။ လောလောဆယ် တိုက်ပွဲတွေကိုယ့်အနားမှာ မရှိပေမယ့် မကြာခင်မှာ ရှိလာတော့မယ်ဆိုတာ သဘောပေါက်ပြီး အားလုံးပြင်ဆင်နေကြတယ်။ ဟိုပင် မိုးညှင်းဘက် ကြည့်ကြည့်၊ အင်းတော်ကြီး ဖားကန့်ဘက်ကို ကြည့်ကြည့် လူတိုင်းလူတိုင်းက ဒီဘက်ကို […]

















