စာရေးဆရာထဲမှာ တော်လှန်ရေးလုပ်တဲ့သူ တော်တော်ရှားပေမယ့် ကဗျာဆရာတွေထဲမှာတော့ အများကြီး ရှိပါတယ်။ ဟောတစ်ယောက် ဟောတစ်ယောက် ငြိမ်းချမ်းသွားတဲ့သူတွေတောင် မနည်းတော့ဘူး။ ကဗျာဆရာဆိုတာ စကားလုံး အသုံးအနှုံးလေးတွေကအစ နုရွညက်ညောနေပြီး သံစဉ်ကလေးတွေ စီးမျောလာအောင် တိုတိုရှင်းရှင်း ထိထိမိမိ ရေးကြရတဲ့သူတွေ ဖြစ်သော်ငြား သူတို့ဘဝတွေဖြင့် ကြမ်းတမ်းလိုက်တာ။ နည်းနည်းလေးမှကို ကဗျာမဆန်ဘူး။ ဒါပေမယ့် တော်လှန်ရေးအင်အားမှာ ကဗျာတစ်ပုဒ်က ကျည်ဆန်တစ်တောင့် မကဘူး။ လောင်ချာတစ်လက်လို အာဏာရှင်တွေဘက်မှာ ပေါက်ကွဲအား ပြင်းထန်စေတယ်။ ပျံ့နှံ့အားလည်း ကောင်းတယ်။ ကဗျာဆရာသာ သေချင်သေမယ်။ သူ့ကဗျာက သေဆုံးသွားတာ၊ ရက်လွန်သွားတာ မရှိဘူး။ လိုင်းပေါ်တင်တဲ့ TikTok တစ်ပုဒ်လို သိန်းသန်းချီပြီး ဖွာကနဲ trend ဖြစ်မသွားပေမယ့် ကဗျာချစ်တဲ့သူတွေ ရင်ထဲမှာ သေရာပါတောင် မမေ့ပျောက်တော့ဘူး။ ၈၈ တုန်းက မိန်းထဲမှာ […]
လူကြမ်းတွေလဲရင် ကြိုက်လား
ခုတလော နေ့စားလော်ဘီတွေနဲ့ ကျက်သရေတုံးလွန်းလို့ Newsfeed မှာ ကြာကြာမနေဘူး။ သတင်းတွေဖတ်ပြီးရင် reel ထဲက တစ်ရာဖိုး ၃ ပုဒ် တရုတ်ဒရာမာအတိုလေးတွေ ဝင်ဝင်ကြည့်နေလိုက်တယ်။ ကောင်းလို့လည်းမဟုတ်ဘူး။ အပျင်းပြေလို့လည်း မဟုတ်ဘူး။ ဘာအန်တာတိန်းမန့်မှလည်း မပေးနိုင်ပါဘူး။ မဟုတ်ကဟုတ်ကတွေမှန်းလည်း သိတယ်။ ဒါပေမယ့် စိတ်ထဲမှာ ကျေနပ်မှုတစ်ခုကိုတော့ ရတယ်။ ဝက်ခြံဖုကြီး ညှစ်ထုတ်ပလိုက်ရသလို၊ တန်းလန်းကြီးလန်ထွက်နေတဲ့ ခြေသည်းခွံ ဆွဲခွါပစ်လိုက်ရသလို၊ နားထဲက နားဖာချေးအတုံးကြီး ကလော်ထုတ်လိုက်ရသလို၊ မကောင်းတဲ့ ဒုက္ခပေးနေတဲ့ အရာတခုခုကို ဖယ်ထုတ်ရှင်းလင်းပစ်လိုက်တဲ့ စိတ်ကျေနပ်မှုတခုတော့ ပေးတယ်လေ။ ကြည့်ချင်တဲ့ ဇာတ်လမ်းဝင်ကြည့်။ အင်မတန်မှကို ကောက်ကျစ်ယုတ်မာစွာ လူမဆန်တဲ့ မတရားမှု၊ အလိမ်အညာတစ်ခုခုနဲ့ ဇာတ်ကို အစပျိုးလိုက်တယ်။ အပိုင်း ဆယ်ပိုင်းရှိရင် ရှေ့ကကိုးပိုင်းစလုံးမှာ ဗီလိန်က ပယ်ပယ်နယ်နယ် နှိပ်စက်ပြလိမ့်မယ်။ ပါးတွေရိုက်တာရိုက်တာဆို […]
နက်ဖြန်မနက် ကျောင်းတက်မယ်
တချို့စကားတွေဟာ တစ်ကြောင်းတည်း တစ်ခွန်းတည်းပေမယ့် နောက်ခံအခြေအနေအရပ်ရပ်ကို ထင်ဟပ်သဘောပေါက်စေတာကြောင့် ပြီးပြီးပျောက်ပျောက် ပျောက်မသွားပဲ အစဉ်အဆက် ပြောစမှတ်ကြီးတွင်ကျန်ရစ်ခဲ့ပါတယ်။ နရသီဟပတေ့ရဲ့ “စောလုံ စောင့်ပါခလှည့်။” ဆိုတဲ့စကား။ ဆရာတော်ဦးဗုဒ်ရဲ့ “ဟဲ့ မယ်နု သူ့ကြွေးရှိက ဆပ်ရသည်သာ။” ဆိုတဲ့စကား။ မေရီအန်ထွာနက် ရဲ့ “ကိတ်မုန့်လေးပဲ စားကြရောပေါ့။” ဆိုတဲ့စကားတွေဟာ တစ်ခွန်းတည်း ကြားရရုံနဲ့ သမိုင်းနောက်ခံဇာတ်လမ်းတစ်ခုလုံးကို လှစ်ကနဲ လှမ်းမြင်ခွင့်ရတဲ့ ဇာတ်ဝင်ဒိုင်ယာလော့ခ်တွေပါပဲ။ အဲ့လိုစကားမျိုးကို အခုခေတ်မှာလည်း ပြောခဲ့ကြပါတယ်။ အမျိုးသားပညာရေးကော်မရှင် ဥက္ကဌဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးခင်ညွန့်က ငိုသံပါကြီးနဲ့ ပြောခဲ့တာပါ။ “အိမ်က မြေးလေးတွေလည်း ကျောင်းမတက်ရတာ ကြာပါပြီဗျာ။” တဲ့။ ဦးခင်ညွန့်က ရုပ်မြင်သံကြားသတင်းထဲမှာလာရင် ကလေးချစ်တတ်တဲ့ ဘဘဗိုလ်ချုပ်ကြီးကာရိုက်တာနဲ့ အကယ်ဒမီယူနေကျပါ။ သူလာမယ်ဆိုရင် ချစ်စရာကောင်းတဲ့ သားသားမီးမီးလေးတွေကို လှလှပပ ပြင်ဆင်ဝတ်စားပြီး ပန်းစည်းဆက်ဖို့ ရှာဖွေသင်ပြထားရပါတယ်။ […]
အို တပ်ပြုန်း ခေါ် ပွဲတော်ကြီး နီးလာပြီ
မြောက်ပိုင်းမှာ မိုးတွေကြီးနေတာ နှစ်ပါတ်လောက်ရှိပါပြီ။ တောင်ပေါ် မှာလည်း ရေကြီးရေလျှံ ဖြစ်တတ်တာပဲ။ လိုင်ဇာမှာတောင် ရေကြီးတာ နှစ်ခါရှိပြီ။ ဒီမှာက ရေကြီးရင် မြေလည်းပြိုတယ်။ ညဦးပိုင်းလေး သည်းသည်းမည်းမည်း ရွာလိုက်တာနဲ့ ချောင်းရေတွေက ၄-၅ ပေလောက် တမဟုတ်ချင်းတက်လာတာ။ ရေစီးလည်းသန်လို့ ဖြတ်ကူးလို့ မရတော့ဘူး။ ကမ်းပါးတွေပြိုတယ်။ တံတားတွေကျိုးတယ်။ ငှက်ပျောပင်တွေ မျောပါလာကြတယ်။ လူဆိုလည်း မျောမှာပဲလေ။ ဘယ်ကိုမှ သွားလို့လာလို့ မရတော့ဘူး။ ရေတွေ တလဟောစီးနေပေမယ့် သုံးဖို့ရေကို မိုးရေစောင့်ခံရတယ်။ ချောင်းရေက ရေချိုးလို့တောင် မရဘူး။ အသားတွေ ယားတယ်။ သူတို့က သစ်ပင်မြင့်မြင့်ခုတ်ပြီး သစ်လုံးတံတားထိုးမယ် ကြံကြပေမယ့် ကိုယ်ကတော့ သဘောမကျပါဘူး။ အဲ့သလို မြင့်မြင့်ဖြောင့်ဖြောင့် သစ်ကြီးဝါးကြီးမျိုး ရဖို့က နှစ်တွေ အများကြီး စောင့်ရတယ်။ ဒီမိုးက […]
မေမေပြောတယ် မုန်းလိုက်တဲ့
“တတ်သိနားလည်လွန်းလို့ ပြောရသည်တော့ မဟုတ်ပေ။ အပတ်တကုတ်ကြိုးစား၊ ဘိုးဘွား အဖေအမေ၊ လူကြီးသူမ ဆိုပြောကြတာတွေ။ နားထောင်ရင်းသား အထင်းသားပေါ်နေ ရင်တွင်းခံစားချက်တွေ သိရာမှ မြင်လာရပေ။ တရားသဏ္ဍာန်ကွဲပြား၊ အမှားအမှန်ခွဲခြား၊ ဆင်ခြင်တော်မူစေ။” ကိုယ်တို့အမေဘက်မှာ မွေးချင်းညီအမ ၄ ယောက်ရှိပါတယ်။ သားယောက်ကျားလေး အဖတ်မတင်ပါဘူး။ အမေ့ဘက်က အဘိုး ဆုံးတဲ့အခါ သူ့ရဲ့ မွေးချင်းပေါက်ဖော် အချင်းချင်းပဲ စောင့်ရှောက်ကြတယ်။ ရန်ကုန်ကအဖွားက “မကြည်။ ညည်းသမီး တစ်ယောက်ပေး။ ငါ့သား နဲ့ ပေးစားမယ်။” ဆို ခေါ်သွားတယ်။ သူတို့ချင်းက အဖေညီအကိုရင်းက မွေးတဲ့ တစ်ဝမ်းကွဲ ညီအမတွေ။ အမေ့အောက်က အဒေါ်က ပညာတတ်တယ်။ ဆယ်တန်းအောင်လို့ ဆရာအတတ်သင် တက်နေတာ ဆိုတော့ သူ့ကို အိမ်ထောင်ချပေးလို့ မဖြစ်ဘူး။ ပညာဆုံးအောင် ဆက်သင်ရမယ်။ […]
ဆီမလူးတဲ့ ပေဖူးလွှာ
တော်လှန်ရေးကာလအတွင်းမှာ ဇွဲနဘဲနဲ့ အပတ်တကုတ် ကြိုးစားလုပ်ခဲ့တဲ့ အလုပ်တစ်ခုကတော့ စာရေးတာပါပဲ။ ချန်ဂင်ကို အဆုံးသတ်ပြီးမှ တစ်ပုဒ်ချင်း ရေးတဲ့စာတွေတောင် ၅၂ ပုဒ် ရှိသွားပြီ။ တော်တော် ရေးအားကောင်းတယ်လို့ ဆိုနိုင်သလို ဖတ်တဲ့သူတွေ ဖတ်အားကောင်းလို့လည်း နေ့မြင်ညပျောက် ပျောက်မသွားတာပါ။ Facebook ပေါ်မှာ ဘယ်အရာက နှစ်ရှည်လများ ခံလို့လဲ။ ကိုယ်ရေးခဲ့တဲ့စာတွေ memory ထဲ ပြန်ရှာလို့ ရရင်တောင် font တွေ ပြောင်းကုန်လို့ ဖတ်မရတော့ဘူး။ တချို့လူတွေ ပြောကြတဲ့ အိမ်သာနံရံက စာတွေလိုပဲ နောက်လူ ဆေးသုတ်လိုက်ရင် ပျောက်သွားတာမျိုးပေါ့။ သူ့အလိုလိုကမှ ပျောက်တတ်ပျက်တတ်တဲ့ သဘာဝရှိရတဲ့အထဲ အာဏာ၊ ပါဝါ၊ ငွေအား၊ မီဒီယာအား သုံးပြီး ဖုံးဖိဖျောက်ဖျက်ပစ်ကြသူတွေကြောင့် ဒီစာတွေကို နောက်နှစ် တော်တော်ကြာမှာ ပြန်ရှာဖတ်နိုင်ဖို့ ဆိုတာ […]