ချန်ဂင်တို့စခန်း (၅၂)

“မိုးမင်းလွန်ကဲ အုံ့ဖွဲစွေရွာ။ ရွာပင်သာရွာလှ ပင်လုံးလန်း။ ကြွားကြွားရွားရွား ရိုးဆင့်ဆင့်မြိုင်ဖျား။ နူးညွတ်စေဖွယ်သား။” မိုးကလည်း အဆက်မပြတ်ကို ရွာတော့သကိုး။ မိုးကောင်းတော့ တောထူဖို့ဖြစ်လာတယ် ပြောရမှာပဲ။ စိမ်းစိမ်းစိုစို အုပ်အုပ်ဆိုင်းဆိုင်းနဲ့ သစ်ပင်ဝါးပင်တွေဟာ တတောလုံးပိန်းပိတ်လို့သာနေတယ်။ မြေပေါ်မှာဆိုလည်း မြက်ပင်ခြုံနွယ်တို့က သန်လှတယ်။ ပုဆိုးတွေ ဘောင်းဘီတွေမှာ မြက်သီးလေးတွေစူးနေတာများ နှုတ်လို့တောင် မနိုင်ဘူး။ အိမ်ဘေးတဘက်တချက်က ဂျာမနီခြုံကြီးတွေဆို လူတရပ်ကျော်လာလို့ ဘက်ဖိုးခေါ်ပြီး ကုပ်ချရတယ်။ မမအိုဂျီစိုက်ထားတဲ့ စိုက်ခင်းကလေးကတော့ သန်တော့သန်ပါရဲ့။ ခြံစည်းရိုးခတ်မထားတော့ နွားတွေကချည့် ဝင်ဝင်စားနေလို့ အခင်းပျက်ရတယ်။ ခုနေခါများ ရွာထဲသွားရင် ယောက်ကျားသားတွေ တွေ့ရမှာမဟုတ်ပဲ နွားအုပ်ကြီး တရုန်းရုန်းပဲ ရှောင်နေရမယ်။ စိုက်ချိန်ပျိုးချိန်ဆိုတော့ အကုန် လယ်တောထဲရောက်ကုန်ပြီလေ။ ဒီမှာက လယ်ကို စက်နဲ့ပဲထွန်တော့တယ်။ သူတို့လယ်တောတွေဟာ ရွာကနေ တမျှော်တခေါ် တွေ့နေရတဲ့ မြေပြန့်မြေညီမှန်သမျှ […]

ချန်ဂင်တို့စခန်း (၅၁)

မနေ့ကတိုက်ပွဲရဲ့ အခြေအနေဟာ သူတို့ဘက်က အရေးမလှတဲ့အတွက် နောက်တစ်နေ့မနက် ၅ နာရီမှာ ဒီဘက်ကို ဗုံးတစ်လုံး လာကျဲသွားပါတယ်။ လှထုံတို့ရွာဘက်မှာတော့ တနေကုန် တအုန်းအုန်း ကျဲချနေပြီး ရွာထဲက လူနေအိမ်တွေပါ ထိကုန်ပါတယ်။ ရွာကထွက်ပေါက်တွေကို ပိတ်ဆို့ထားလို့လည်း ဘယ်ကိုမှ ထွက်ပြေးလို့ မရပဲ အိမ်နောက်ထဲမှာ ခေါင်းကလေးတွေပုလို့ နေကြသတဲ့။ ရွာလယ်ဘုန်းကြီးကျောင်းတောင် အမိုးတွေလန် ပြူတင်းပေါက်မှန်တွေ ကွဲကုန်တယ် လို့ ကြားရတယ်။ ကိုဗစ်စင်တာမှာ ဗော်လံတီယာလာလုပ်တဲ့ ကလေးမလေးရဲ့ အိမ်ကိုလည်း ဗုံးကျသတဲ့။ ဒဏ်ရာရတဲ့ လူတစ်ယောက်ကို ဒီဘက်ပို့ချင်တာ ညဘက်မှောင်သွားလို့ရော၊ လမ်းခရီးမသာလို့ရော ပို့လို့မရသေးပါဘူး။ ဟိုဘက်က ဒဏ်ရာရတဲ့သူတွေကိုတော့ ရဟတ်ယာဉ်နဲ့ အခေါက်ခေါက်အခါခါ သယ်ပို့နေတာပဲ။ ကိုယ်တို့ဆေးရုံပေါ်ကနေ တနေကုန် လေယာဉ်တွေ ကူးသန်းနေကြတာ မင်္ဂလာဒုံရောက်နေသလား မှတ်ရတယ်။ ညနေပိုင်းလောက် ရောက်တဲ့အခါမှာတော့ […]

ချန်ဂင်တို့စခန်း (၅၀)

ဒီကနေ့တော့ မနက်စောစောစီးစီးကတည်းက တိုက်ပွဲသတင်းတွေ တက်နေပါတယ်။ ရွာအနောက်ဘက် နယ်စပ်မျဉ်းတဘက်မှာ တိုက်ပွဲတွေ ဖြစ်နေတဲ့အပြင် ကြိုးတံတားတစ်စင်းလည်း ချိုးထားလိုက်ပြီတဲ့။ လက်နက်ကြီးသံတွေ တအုန်းအုန်း။ လေယာဉ်ပျံတွေကလည်း ဟိုဘက်ကပတ်လိုက် သည်ဘက်ကပတ်လိုက်ပါပဲ။ ဆေးရုံပေါ်မှာကို ဝဲနေလို့ အဆောက်အဦးထဲ မနေကြနဲ့ လာပြောပေမယ့် ကိုယ့်မှာက သွေးလှူရှင်ဆီက သွေးထုတ်ရင်းတန်းလန်းဆိုတော့ ကိုယ့်အလုပ်ကိုယ် ဆက်လုပ်နေရုံပါပဲ။ ကံကောင်းချင်တော့ မိုးတွေအုံ့နေလို့ ကိုယ်တို့လည်း သူ့မမြင်ရ၊ သူလည်း ကိုယ်တို့မမြင်ရ။ အသံတော့ ကျယ်ကျယ်လောင်လောင် ကြားရတယ်။ မနေ့ကသွေးလှူပေးတဲ့ ဆေးခန်းက ကလေးကတော့ သူတို့ရွာက လေယာဉ်လာရင် အမြဲတမ်း တိမ်နဲ့ အုပ်ပေးထားနေကျ။ ဆေးရုံထိပ်က နတ်ကြီးစင်ကြောင့်ပေါ့ တဲ့။ ဟုတ်ချင်လည်း ဟုတ်မှာပေါ့။ ဘာပဲဖြစ်ဖြစ် အပေါ်မှာ လေယာဉ်ကို ရှင်းရှင်းကြီးမြင်နေရရင် စိတ်ထဲမှာ ကြောက်ချင်ကြောက်နေမိမယ်။ အခု မမြင်ရတော့ […]

ချန်ဂင်တို့စခန်း (၄၉)

လက်နက်မရှိတဲ့ အရပ်သားပြည်သူတွေကို လက်နက်နဲ့ နှိပ်စက်သတ်ဖြတ် အနိုင်ကျင့်တယ်။ လက်နက်ကိုင်အချင်းချင်း စစ်တိုက်လို့ ရှုံးရင်ကျ လေကြောင်းပစ်ကူ လာပါ လာပါဆိုပြီး ပဲပြုတ်သည် လက်ခုပ်တီးခေါ်သလို ခေါ်တယ်။ သူတို့သောက်ကျင့်တွေက ဒီအတိုင်း လုပ်နေကျမို့လို့ ဟိုတနေ့က တပ်တွင်းမွင်းငါး ချက်ပြီးတဲ့အခါ ညကျရင်တော့ လေယာဉ်လာတော့မယ်ဆို စောင့်နေပါတယ်။ သို့သော်လည်း တကယ်တမ်း လေယာဉ်လာတဲ့အချိန်ကျတော့ အကုန်လုံး ခွဲခန်းထဲရောက်နေပြီး မီးစက်သံတွေ ဆူညံနေလို့ မကြားလိုက်ပါဘူး။ ဖုန်းလိုင်းတွေ ပြန်ပွင့်တော့ missed calls ပေါင်းများစွာနဲ့ လှထုံတို့ဆီက ဖုန်းတွေ ဆက်ထားတာကိုး။ သူတို့ဆီမှာ အခြေအနေမကောင်းဘူး။ လေယာဉ်နဲ့ လာချ၊ လက်နက်ကြီးနဲ့ လာပစ်လို့ အိမ်ထဲကအိမ်ပြင်တောင် ထွက်လို့မရဘူး။ ရွာအထွက်လမ်းတွေ ပိတ်ထားလို့ “ဝေးဝေးထွက်ပြေးသွား” လည်း လုပ်မရဘူး။ ကိုယ်တွေရော အဆင်ပြေ လုံခြုံရဲ့လား […]

ချန်ဂင်တို့စခန်း (၄၈)

မနှစ်ကတုန်းက တောထဲကနေ လှထုံတို့ရွာကို လာစဉ်အခါမှာ မီးကျွမ်းပြီး ကျည်ပေါက်ရာပရပွနဲ့ ပရိုဘောက်ကားတစ်စီးကို လမ်းတစ်နေရာမှာ မြင်ခဲ့တယ် လို့ ရေးဖူးပါတယ်။ အိမ်ကား ၃ စီး ချောဆွဲပြီး တက်လာတဲ့ စကစတပ်တွေကို ကိုင်ထည့်လိုက်တာ အပြတ်အစအနတွေ ဆာလာအိပ်နဲ့ ထည့်မြှုပ်ရတယ်လို့ ပြောပြတဲ့သူကတော့ ကားဆရာ ကိုပိုင်ပါ။ သူနဲ့အတူပါလာတဲ့ ကားဆရာနောက်တစ်ယောက်ကတော့ အဲ့ဒီဖြစ်စဉ်မှာ အတူပါပြီး နောက်ပြန်လှည့်ပြေးလို့ လွတ်ခဲ့သူတစ်ယောက်ဆိုတော့ ဒီ့ထက်သေချာတာ မရှိတော့ဘူးပေါ့။ မသေလို့သာ တွေ့ရတာတဲ့။ အိမ်စီးကားပေါ်မှာ အရပ်ဝတ်တွေနဲ့ လာတဲ့စစ်သားတွေကို ထိထိမိမိကြီး စောင့်ဆော်တယ်ဆိုတော့ သူတို့ဘက်က သတင်းရနိုင်စွမ်းက သိပ်တော့ မခေလှပါဘူး။ ဒါတောင် အမုန်းကျွေးတာ မဟုတ်။ အမြည်းလောက်ပဲ နမူနာပေးတာတဲ့။ မသေပဲ လွတ်သွားတာ ဗိုလ်ကြီးတစ်ယောက်တောင်ပါတယ် ပြောတယ်။ အဓိကကတော့ သူတို့နယ်မြေမှာ စကစတပ်တွေ […]

ချန်ဂင်တို့စခန်း (၄၇)

“မိုးအုံ့လို့ သစ်ရွက်ကလေးတွေငြိမ်နေရင် တိမ်တွေပြိုတော့မှာ ကြိုသိတယ်။” ဆိုတာ ဟုတ်လည်း မဟုတ်ပဲနဲ့။ “ဝါဆိုရယ် သိပ်သတိရမိတယ်။” ဆိုတာ ဘယ်လိုလုပ် ယုံရမလဲ။ အခုဆို ဝါသာဝင်သွားတယ်။ မိုးရိပ်လေရိပ်တွေ ပျောက်ပြီး ပူလိုက်တာမှ လိမ့်နေတာပဲ။ ချောင်းထဲဆင်းဆင်းပြီး ရေစိမ်နေရတယ်။ တနေ့ ၂ ခါလောက်စိမ်မှ နေသာထိုင်သာ ရှိတာ။ တော်သေးတာပေါ့။ ချောင်းကလေးက အိမ်နောက်ဖေး ခဲတပစ်လောက် အကွာတင်မို့။ ညဘက်ကျရင်တော့ လေတွေမိုးတွေလာတတ်လို့ အေးအေးချမ်းချမ်း အိပ်ရတယ်။ လျှပ်စီးတွေ လက်တာကလည်း လင်းထိန်နေတာပဲ။ ဒီတခါမိုးကြိုးပစ်တာတော့ လူတွေမထိပဲ နွားတင်းကုပ်ထဲက နွား ၁၂ ကောင် သေသတဲ့။ ဒီမှာတော့ အဖိတ် ဥပုသ်ဆို ကျောင်းတွေအလုပ်တွေ နားကြတယ်။ ဈေးသည်တွေလည်း မထွက်ဘူး။ ရွာထဲမှာလည်း ဥပုသ်စောင့်တဲ့သူ များတယ်။ အများအားဖြင့်တော့ […]