ချန်ဂင်တို့စခန်း (၆၄)

ကိုယ်တို့ ဗမာတွေ ဗေဒင်ကိန်းခန်း ယုံကြည်ကြတာ အဆန်းတကြယ် တော့ မဟုတ်ပါဘူး။ ဗုဒ္ဓဘုရားရှင်တောင် ပထမဦးဆုံး တရားဟောတော့ မွေးကတည်းက သူ့ကို ခြေခဏာဖတ်တဲ့ ဗေဒင်ဆရာ ပုဏ္ဏားကြီး ၅ ယောက်ကို အရင်ဟောတာ မဟုတ်လား။ ဒါတွေကို အယုံအကြည်မရှိရင် ရှင်ရဲထွဋ် တောင် ဘုရင့်နောင်ဖြစ်တဲ့အထိ မရောက်ဘူး။ သခင်ကြီးမှာ ကိုယ်ဝန်ရှိကတည်းက မင်းကြီးညိုသတ်လို့ သေတယ်။ ပေရွက်ဇာတာလေးတစ်ချပ်က လူ့အသက်ကိုကယ်တာ ရာဇဝင်မှာ အထင်အရှားပဲ။ ဒါဆိုရင်လည်း တော်လှန်ရေးကြီးအတွက် ဗေဒင်လေးဘာလေး မေးကြည့်ကြရင် မကောင်းဘူးလား။ မေးစရာတောင် မလိုပါဘူး။ စစ်ခွေးနှိပ်စက် အိပ်ရေးပျက်ရတဲ့ မိဘပြည်သူအပေါင်းထဲမှာ ဗေဒင်ဆရာတွေ အကုန်ပါတယ်။ သူတို့လည်း ဘဝတသက်တာ လေ့လာဆည်းပူးခဲ့ရတဲ့ ဗေဒင်နက္ခတ်ပညာတွေနဲ့ နွေဦးတော်လှန်ရေးကြီးကို ဟောစာတမ်းတွေ ထုတ်ခဲ့ကြတာ မနည်းမနောကြီးပါလေ။ အဟောကောင်းလို့ လင်းညှို့တာရာ […]

ချန်ဂင်တို့စခန်း (၆၃)

ဆရာတို့ဘက်ကို လာနေကြပြီ လို့ သတင်းပေးတဲ့သူ ရှိတာကြောင့် ကိုယ်တို့လည်း သတိဝီရိယနဲ့ ညအိပ်ကြပါတယ်။ ရောက်လာရင် ဘာတွေလုပ်ပြီး ဘယ်ဘက်ကိုရှောင်မယ် တိုင်ပင်ပြင်ဆင် ထားမိကြသေး။ ဒီညနေမှပဲ ရင်သားကင်ဆာနဲ့ လူနာတစ်ယောက် ခွဲဖို့ ဆေးရုံလာတက်နေတာ ရှိတယ်။ မနက်ဖြန် ခွဲမယ် ဆို သွေးလှူရှင်တောင် ရှာထားလိုက်ပြီ။ မတတ်နိုင်ဘူးလေ။ ဒီနေ့ညမှ စခန်းကို ဝင်မစီးဘူး ဆိုရင် နက်ဖြန် မနက်စောစော ခွဲကြတာပေါ့။ သူလည်း လွယ်လွယ်ကူကူ နဲ့ လာရတာ မဟုတ်။ မန္တလေးမှာ အသားစယူပြီး ကင်ဆာအဖြေထွက်ထားတာ။ ဆရာတို့ဆီမှာ ခွဲလို့ရလား မေးပြီး ရတယ် ဆိုလို့ ဒီအထိတက်ခဲ့ရတာ။ ကံအားလျော်စွာပဲ။ အေးအေးချမ်းချမ်း နိုးထလာရတဲ့ မနက်မှာ သွေးလှူရှင်ဆီက သွေးထုတ်ပြီး ခွဲခန်းဝင်ကြပါတယ်။ Haemoglobin က […]

ချန်ဂင်တို့စခန်း (၆၂)

မိုးတွေ နေ့တိုင်း ရွာနေရင်းကနေ ရာသီက ပြောင်းစပြုလာပါတယ်။ ၅ လပိုင်းကတည်းက မိုးဦးကျလိုက်တာ မရွာပဲပြတ်လှ ၂ ရက်ထက် မပိုပါဘူး။ ဒီမှာ ရွာသမျှရေတွေက ချောင်းတွေမြောင်းတွေ ပေါင်းဆုံပြီး ဧရာဝတီ နဲ့ ချင်းတွင်းကို ဖြည့်ကြမှာ မဟုတ်လား။ အဲ့ဒီ အချိန်တုန်းက မိုးဦး လို့ ပြောခဲ့ရင် အခုချိန်ကျတော့ မိုးနှောင်းပိုင်းကို ရောက်တော့မှာ။ မိုးဦးမှာ ရွာမှ အေးပေမယ့် အခုကတော့ မရွာလည်း အေးနေပြီ။ မနက်မနက်ဆို စောင်ပြန်ရှာနေရပြီ။ မိုးမရွာလည်း မြူတွေဆိုင်းလို့နေတယ်။ တောင်တွေဆီမှာတော့ မင်ခိုးတွေဖုံးလို့။ ရှိသမျှ သစ်ပင်အားလုံးကတော့ အရွက်စိပ်စိပ်နဲ့ နေပျောက် မထိုးတော့ဘူး။ မြက်ခင်းလေးတွေတောင် အခင်းလိုက်ပြန့်သွားပြီး မြက်သီးလေးတွေ ပါးလာပြီ။ စမ်းချောင်းကလေးက အစဉ်အမြဲ ရေပြည့်လို့နေတယ်။ ပြောင်းလဲသွားတာက အရင် […]

ချန်ဂင်တို့စခန်း (၆၁)

လိပ်ပြာလေးတစ်ကောင် ကိုယ့်အနားမှာ တဝဲဝဲလည် နားလိုက်ပျံလိုက် လုပ်နေပြီး နောက်တစ်နေ့မှာ လိပ်ပြာရုပ်ကလေးပါတဲ့ Butterfly iQ portable ultrasound စက်ကလေး ရောက်လာတာ စိတ်ချမ်းသာစရာကောင်းပါတယ်။ ကိုယ့်အတွက် နောက်ထပ် လေ့လာသင်ကြားစရာ ဘာသာရပ်တစ်ခု တိုးလာပြန်တာပေါ့။ အလှူရှင်တစ်ယောက်က ဓါတ်မှန်စက်ကလေး ဝယ်ပေးမယ် ပြောတုန်းက တားထားရတယ်။ “ဓူဝံကြယ်စင် ခူးဆွတ်ပေးမတဲ့။ ဘယ်မှာသွားထားမလဲ။” ဆိုတာမျိုး။ ခွဲခန်းရဲ့အရင်းအနှီးက သိန်း ၁၀၀-၂၀၀ လောက်နဲ့ ရအောင်ချုံ့ထားတော့ ခနလေးနဲ့ တန်အောင်ခွဲပေးလို့ရတယ်။ ဓါတ်မှန်စက်တပ်လိုက်လို့ တန်အောင်သုံးမပေးနိုင်ရင် ပိုက်ဆံတွေ အလဟဿဖြစ်မယ်။ မေ့ဆေးစက်ကလေးပဲ ဝယ်ကြတာပေါ့ဆို လိုက်စုံစမ်းနေတုန်း မမျှော်လင့်ပဲ ဒါလေးကိုရတော့ ထီမထိုးပဲ ပေါက်သွားသလို ခံစားရတယ်။ တော်လှန်ရေးဆိုတာ ဆင်မြင်းကျွဲနွားများ လှည်းဆွဲသလို ရှေ့ကတစ်ကောင်တည်း အားကုန်ရုန်းရတာမျိုး မဟုတ်ဘူးလေ။ ရှေ့တက်တဲ့သူတက်၊ နောက်ကွယ်က […]

ချန်ဂင်တို့စခန်း (၆၀)

ဒီမနက် မိုးတအားသည်းပါတယ်။ မရွာတဲ့နေ့ရယ်လို့ မရှိသလောက်ပါပဲလေ။ အဲ့ဒါကြောင့် လမ်းတွေပျက်ကုန်တာ။ ဒီလို မိုးအရမ်းကောင်းတာ နှစ်ပေါင်းများစွာ ကြာလာလို့လည်း ဒီနယ်မြေမှာ ရေအိုင်ကြီးတွေ ပေါ်လာတာနေမယ်။ တောင်ပေါ်ဒေသပေမယ့် ဟိုးအရင် လောက်ကိုင်မှာနေသလို အေးမြခြောက်သွေ့တဲ့ ရာသီဥတု မဟုတ်ပဲ အင်မတန်စွတ်စိုထိုင်းမှိုင်းတယ်။ တောထဲမှာ အလိုလိုစိမ့်ထွက်နေတဲ့ သဘာဝစိမ့်စမ်းတွေလည်းရှိတယ်။ မြစ်ဦးချောင်းဖျားက ရေကြည်ရေသန့်ကို အားပါးတရ သုံးချိုးခွင့်ရတာ စည်းစိမ်တစ်မျိုးပါပဲ။ ဟိုးအရင်တုန်းကတော့ ဒီလိုချောင်းကလေးတွေမှာ ရေချိုးရင်း ရွှေတိုရွှေစကလေးတွေ ကောက်ကောက်လာပြီး စုထားတဲ့ ကချင်မလေး မခေါင်ညယ်အကြောင်းကို “မြန်မာပြည်မြောက်ပိုင်း” ထဲမှာ ဖတ်လိုက်ရတယ်။ မြန်မာဘုရင်တွေနန်းကျခါစလောက်ကပေါ့။ နောက်ပိုင်းမှာတော့ အင်ဝိုင်းကလေးတွေနဲ့ ကျင်ယူကြတယ်။ ရွှေတောထဲသွားလို့ ငှက်ဖျားမိပြီးပြန်လာကြတယ်တို့၊ ဖားကန့်တက် ကျောက်တူးတာ ဘိန်းစွဲပြီးပြန်ရောက်လာတယ်တို့ဆိုတာ ကိုလိုနီခေတ်မှာကတည်းက လူတကာကြားဖူးခဲ့တဲ့ ဖြစ်ရပ်တွေပါလေ။ ဆယ်ဇင်းမှာ ရွှေတွေထွက်တော့ မြန်မာပြည်အနှံ့က ရွှေလာကျင်တဲ့သူတွေနဲ့ […]

ချန်ဂင်တို့စခန်း (၅၉)

သာယာသောနေ့သစ်တစ်နေ့ ထပ်ရပါတယ်။ ပြောတော့လည်း နေ့ချင်းညချင်း စစ်ထတိုက်တော့မလိုနဲ့ တစ်နေ့ပြီးတစ်နေ့ သာယာပြနေတာလည်း မင်းပါပဲ။ အဲ့ဒါ ကချင်ပြည်နယ်လို့ ခေါ်ပါတယ်။ မတ်မတ်ဆောင်း စကားကိုတောင် ငှါးသုံးခဲ့ဖူးတယ်လေ။ စစ်က တိုက်သလိုလို မတိုက်သလိုလိုပါလို့။ တကယ်မတိုက်ပါဘူးကွာ လို့ ပြောနေတဲ့သူတွေ အများကြီးရှိပါတယ်။ မဟုတ်ပါဘူး။ တကယ်တိုက်ပါတယ်။ ကချင်တွေ စစ်တိုက်ပုံက တမ်ပိုတွေသိပ်ပါလေ့မရှိဘူး။ ငှက်ပစ်သလို ငါးဖမ်းသလို လုပ်ရိုးလုပ်စဉ်ပဲ သဘောထားတယ်။ သူတို့ပြောရင် စစ်တိုက်တယ်တောင် မပြောဘူး။ အလုပ်လုပ်တယ်တဲ့။ “ဒီနေ့ ကလေးတွေ အလုပ်လုပ်တာ တော်တယ်လေ။ အောင်ပွဲခံရအောင်။” အဲ့သလိုပဲ သူတို့ ပြောလေ့ရှိပါတယ်။ လုပ်စရာရှိတာ လုပ်ပြီးရင် တိုက်ပွဲအကြောင်း စားမြုံ့ပြန်မနေဘူး။ သူတို့စိတ်ထဲ တောလိုက်လို့ အမဲရသလောက်ပဲ သဘောထားပါတယ်။ အရင်တုန်းကတော့ ကိုယ်ရောက်နေတဲ့ အရပ်ဒေသကို မဖော်ပြလိုတဲ့အတွက် သူတို့အကြောင်းတွေ […]