ချန်ဂင်တို့စခန်း (၂၇၈)

မိုးတိတ်သွားပေမယ့် ရေကျဖို့က တစ်ရက်နှစ်ရက် စောင့်ရပါဦးမယ်။ ချောင်းရေတွေက တိုးနေသေးတာကိုး။ ထင်တဲ့အတိုင်းပဲ ချင်းတွင်းမြစ်ရေ တိုးလာလို့ ဟုမ္မလင်းမှာတောင် ရေကြီးရေလျှံမယ် သတိပေးချက် ထုတ်ထားတယ်။ ချောင်းရေတိုးရုံတင်မဟုတ်ဘူး။ ကမ်းပါးတွေပါ ပြိုလိုက်လာလို့ သွားနေကျတောလမ်းကလေးတွေတောင် ဆက်သွားလို့ မရတော့ပါဘူး။ ဆေးတွေပစ္စည်းတွေ လိုက်စစ်ပြီး အလေအလွင့် အပျက်အစီး မရှိအောင် လိုက်သိမ်းရင်း အဆက်မပြတ်လာနေတဲ့ ငှက်ဖျားလူနာတွေကို ဆက်ကုရပါတယ်။ အင်းတော်ကြီးပတ်ပတ်လည်တဝိုက်မှာလည်း ငှက်ဖျားက ကပ်ရောဂါများလို outbreak ဖြစ်လို့ ကိုယ့်ဆီက ဆေးဝါးအကူအညီများ လာတောင်းကြပါတယ်။ ကတ္တရာလမ်းပေါ်ကနေ တောထဲဗွက်ထဲက ဆေးရုံကို ဆေးလှမ်းတောင်းရတဲ့အဖြစ်ပါ။ ကိုယ့်ဆီမှာတောင် မလုံမလောက်နဲ့ဥစ္စာ။ သူတို့ကို ဘယ်လိုပြန်မျှရမှာတုန်း။ ဒီမှာ ဆေးတွေရဖို့ ကိုယ်က ပါးစပ်ကလေးစိုက်ပြီး လှမ်းအော်တောင်းထားတာ မဟုတ်ပါဘူး။ ဒီနေ့ဆို မိုးထဲလေထဲ ဗွက်တောထဲမှာ ကိုယ်တိုင် အဲ့ဒီကတ္တရာလမ်းပေါ် […]

ရွှေမန်းမေ – ခင်ယုမေ

ဒီတခါတော့ သီချင်းမြူးမြူးလေး ရွေးထားပါတယ်။ ရွှေမန်းမေ တဲ့။ ဆရာရွှေပြည်အေးရဲ့ လက်ရာ အံတီမေ ရဲ့ ငယ်မူငယ်သွေး အသံလေးကြားရပါမယ်။ ချိုပြုံး တို့ ခင်ယုမေ တို့ ဆိုတာ ရေဒီယိုမှာ တော်တော် နံမည်ကျော်ပြီးမှ ရုပ်ရှင်မင်းသမီး ဖြစ်လာကြတာပါ။ ချောလိုက်ကြတာလည်း မှုန်လို့။ အဲဒီခေတ်က ဖက်ရှင် တပတ်လျှိုထုံးလေးမှာ ပန်းပွင့် ကြီးကြီးတွေပန်လို့။ အင်မတန် ယဉ်ပါပေတယ်။ မင်းသမီးမဖြစ်ခင် အဆိုတော်ဘဝက ဓါတ်ပုံတွေက ပိုလှနေသယောင် ရှိပါတယ်။ ငယ်ငယ်နုနုလေးတွေကိုး။ ဆယ်ကျော်သက်အရွယ်နဲ့ နိုင်ငံကျော်အဆိုတော် ဖြစ်ခဲ့သူတွေပါ။ ဒါပေမယ့်လည်း အဲ့ဒီသီချင်းရဲ့ မူရင်းအဆိုရှင်က ဒေါ်မာမာအေး ဖြစ်ပြီး ရုပ်ရှင်သီချင်းအဖြစ် ဆိုခဲ့တာလို့ အန်တီမာမာအေးကိုယ်တိုင် ပြောပြဖူးပါတယ်။ အရင်တုန်းက အဲ့သလိုပါပဲ။ “မောင့်အချစ်မြားစူး” သီချင်းကလည်း ဒေါ်မာမာအေး အရင်ဆိုတာ မဟုတ်ပဲ […]

ချန်ဂင်တို့စခန်း (၂၇၇)

ဒီမနက် မိုးတွေရွာနေတယ်။ သည်းလိုက်ဖွဲလိုက်နဲ့ တိတ်ကိုမတိတ်ဘူး။ ရွာမှာပေါ့လေ။ ဝါပဲဝင်တော့မယ့်ဥစ္စာ။ အအေးပိုင်းက သတ္တဝါများလို ဆောင်းခိုတဲ့ အလေ့မရှိပေမယ့်လည်း ကိုယ့်အရပ်ကိုယ့်ဒေသနဲ့ကတော့ မိုးခိုရတာပေါ့။ လမ်းတွေရေမြုတ် ရွှံ့နူးပြီး ဗွက်အိုင်ကြီးတွေ ဖြစ်နေလို့ ဝင်ထွက်သွားလာလို့ မရတော့ပဲ အိမ်တွင်းအောင်းနေရတယ်။ လူနာတွေကတော့ ရောက်အောင်လာကြသားဗျ။ မနေ့က သေနတ်မှန်တဲ့လူနာဆို ဖြည်းဖြည်းချင်းလမ်းလျှောက်လာရလို့ ၆ ရက်တောင် ကြာသတဲ့။ ဒဏ်ရာက အနံ့တွေတောင် ထွက်နေပြီ။ ဒီအတိုင်း ၆ ရက်နေလို့မှ မသေရင် ကိုယ့်ဆီရောက်ပြီးမှတော့ သေလို့မဖြစ်သေးဘူး။ နောက်ဘက် လက်ပြင်က တေ့ပစ်လိုက်တဲ့ဒဏ်ရာဟာ ပုခုံးအထက်နားဆီကို တိုးလျှိုပေါက် ပွင့်ထွက်လာတယ်။ သေပြီဆိုပြီး ပစ်ထားခဲ့ရာက မသေလို့ ကိုယ့်ဆီရောက်လာတာ။ ဒီလအတွင်း ကိုယ့်ဆေးရုံမှာ အသေအပျောက် မရှိပါဘူး။ ငှက်ဖျားလူနာ ၄၀၀ နီးပါး၊ OPD လူနာ […]

ချန်ဂင်တို့စခန်း (၂၇၆)

မနေ့ညက လက်နက်ကြီးတွေနဲ့ နီးနီးကပ်ကပ် ပစ်ထားတော့ ရှေ့တန်းမှာ လွှတ်ထားတဲ့ ဆေးရုံအဖွဲ့တွေကို စိတ်မချပါဘူး။ အဆင်ပြေမပြေ သွားကြည့်ချင်သေးတာ။ သို့သော်လည်း ဆေးရုံပိတ်ထားတဲ့ကြားထဲက လူနာတွေကလည်း အဆက်မပြတ် လာနေတုန်း။ ဒီအရပ်မှာ ငှက်ဖျားဖြစ်စရာ လူကို မကုန်နိုင်သေးပါလား။ ဆေးတွေ ထပ်ရောက်လာလို့သာ တော်တော့တယ်။ ဒဏ်ရာရတဲ့လူနာ စုစုပေါင်း ၅ ယောက် ရောက်လာပေမယ့် အပေါ်ယံ သေးသေးမွှားမွှား ဒဏ်ရာလေးတွေမို့ ဓါတ်မှန်ရိုက်ပြီး ထုံဆေးနဲ့ အစထုတ်လိုက်ရုံပါပဲ။ အငယ်တွေ လုပ်လို့ရလို့ စိတ်ချလက်ချ ထားခဲ့ပြီး ဟိုဘက်ဆေးခန်းကို ကူးပါတယ်။ ဟိုဘက်မှာ လူနာမလာပေမယ့်လည်း စစ်ပွဲနဲ့ နီးလွန်းတော့ ကိုယ့်လူတွေရဲ့ လုံခြုံရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေးကိုပဲ ဂရုစိုက်ရတယ်။ သူတို့ဆီမှာလည်း ငှက်ဖျားနဲ့မကင်း။ ဗိုက်ကြီးသည်တစ်ယောက်ကတော့ ဒီမှာမွေးလို့ရမလား ဆို လာပြတယ်။ နေ့စေ့လစေ့ကြီး။ နန့်မွန်းဆေးရုံမှာ […]

သျှင်မွေ့နွန်း နဲ့ မင်းနန္ဒာ – မောင်နေဝါ၊ ခင်ဖြူကြည်

ဝီလျံရှိတ်စပီးယား ရဲ့ ရိုမီယို နဲ့ ဂျူးလိယက် ဇာတ်လမ်းမျိုးဟာ မြန်မာမှာလည်း ရှိခဲ့ပါတယ်။ သန်လျင်ဘက်ကိုရောက်လေတိုင်း လွမ်းစေတီလေးကိုမြင်ရင် ဟိုးအရင်က သျှင်မွေ့နွန်းမင်းသမီးလေး သူ့မောင်တော်ကို လာမျှော်တဲ့ နေရာလို့ ပြောကြစမြဲပါ။ အဲဒီကကြည့်ရင် တိဂုံဆံတော်ရှင်ကြီးကိုလည်း အထင်းသား ဖူးနိုင်တာကိုး။ ရန်ကုန်မြို့ဝန်းကျင်က ငမိုးရိပ်ချောင်းတို့ သန်လျက်စွန်းတို့ဆိုတာကလည်း ဒါဟာ ဒဏ္ဍာရီသက်သက်တော့ မဟုတ်ခဲ့ဘူး လို့ သက်သေထူနေသလိုပါပဲ။ အဲဒီဇာတ်လမ်းလေးကို ဂရိတ်ဦးဖိုးစိန်ကြီး ကတဲ့အခါ ကိုယ်လုံးပေါ်မှန်ကြီးရှေ့မှာ ပုဆိုးတွေ တထည်ပြီးတထည်လဲရင်း ရည်းစားဆီသွားဖို့ အလှတပြင်ပြင်လုပ််နေတဲ့ ဖိုးစိန်ကြီးကို ပရိသတ်က တယ်ပွဲကျဆိုပဲ။ ချစ်သူ သမီးရည်းစားဆိုတာ ဘယ်ခေတ်မှာမဆို ဇာတ်လမ်းအထွဋ်အထိပ်မှာ ရှိခဲ့တာချည့်ပဲလေ။ အဲဒီတော့ မြန်မာမှန်ရင် သျှင်မွေ့နွန်း နဲ့ မင်းနန္ဒာ ဆိုတာ မကြားဖူးတဲ့သူ မရှိသလောက်ပဲပေါ့။ ခု ဟယ်ရီပေါ်တာ တို့ရဲ့ […]

ချန်ဂင်တို့စခန်း (၂၇၅)

မုန်တိုင်းရဲ့မျက်စိ ဆိုတာ မုန်တိုင်းအလယ်မှာ ရှိနေပြီး အလွန်တည်ငြိမ်တယ် လို့ ပြောကြတယ်။ ကိုယ်တို့လည်း အခု မုန်တိုင်းမျက်စိထဲမှာ ရောက်နေကြသလား မပြောတတ်ပါဘူး။ သစ်ရွက်ကလေးတွေတောင် မလှုပ်ခတ်ဘူး။ တည်ငြိမ်အေးဆေးလို့နေတယ်။ စစ်ပွဲရဲ့ အလယ်ပဟိုရ်ချက်မကြီးမှာ ရှိနေလျက်နဲ့လေ။ ကားတွေဆိုင်ကယ်တွေ အဝင်အထွက် ပိတ်ချလိုက်တော့ ဈေးသည်တွေတောင် မလာနိုင်တော့ဘူး။ ရိက္ခာခြောက်တွေလည်း စားရင်းနဲ့ ကုန်တော့မယ်။ ညောင်ပင်ဘက်က မွေးလူနာတစ်ယောက် လာချင်တယ် လို့ ဖုန်းဆက်သော်လည်း လုံးတုံမှာ စစ်မျက်နှာဆိုင်ထားလို့ လာမရဘူး။ မနေ့ကတော့ အူအတက်ယောင်တဲ့ PDF ကလေးတစ်ယောက် ရောက်အောင်လာလို့ ခွဲပေးထားတယ်။ ကျန်တာတော့ အထိအခိုက် မရှိပါဘူး။ အရမ်းကို တည်ငြိမ်နေတယ်။ ရွာမှာလည်း လူတောင် မရှိသလောက်ပဲလေ။ ရှိတဲ့သူကလည်း ကိုယ်တွေလို နားကလေးစွင့်လို့ အရိပ်အခြေကြည့်ပြီး နေနေကြတာ။ စစ်တိုက်မယ့်သူတွေလည်း အသံမထွက်ပဲ […]