ချန်ဂင်တို့စခန်း (၉၄)

ဒီနေ့တော့ ကိုယ်တို့အားလုံး ဆေးခန်းက ပစ္စည်းတွေ စက်ကိရိယာတွေ စစ်ဆေးသိမ်းဆည်း ရှင်းလင်းကြပါတယ်။ အလေအလွင့် အပျက်အစီးတွေများမှာစိုးလို့ပါ။ အလုပ်လုပ်လာတာ ၈ လ၊ ၉ လ ရလာပြီဆိုတော့ maintenance check က မလုပ်လို့ မရဘူးလေ။ မွေးခန်းလေးကို ပိတ်ထားတာကြာတော့ ပျားအုံလေးတောင် ဝင်စွဲနေပြီ။ fogging machine လေးနဲ့ နှင်ပြီး fumigate ပြန်လုပ်ပစ်တယ်။ ရေတိုင်ကီထဲ အနည်တွေများလို့ ဆေးကြလှယ်ကြတယ်။ store တွေ stock တွေ စစ်ပြီး လိုတဲ့ဆေးတွေ ထပ်မှာရတယ်။ ဒီကြားထဲ လူနာကလည်း မပြတ်ရပါဘူး။ မနက်ကလည်း ခွဲခန်းဝင်ရသေးတယ်။ ရွာမှာ ကလေးတွေ အကုန်ဖျားကြ လည်ချောင်းနာကြတယ်။ ကျောင်းဖွင့်ထားတော့ ကျောင်းက ကူးတာ လူကုန်ရော။ လူကြီးတွေလည်း ကူးကြတာပေါ့။ […]

ချန်ဂင်တို့စခန်း (၉၃)

ဆေးရုံမှာ ၂၄ နာရီ service ပြန်ပေးပြီဆိုတဲ့အခါ ကိုယ်တို့အဖွဲ့လည်း သန်းခေါင်ကျော် မိုးအလင်း ထခွဲရတဲ့ အလုပ်တွေ ရှိလာပါတယ်။ အချိန်မီ ပြင်ဆင်ထားနိုင်လို့သာ တော်တော့တယ်။ ရင်ဆိုင်တိုက်ပွဲတွေ မရှိသော်ငြားလည်း ရှေ့တန်းစစ်မြေပြင် ဖြစ်တဲ့အရပ်ဆိုတော့ လက်နက်ခဲယမ်းရဲ့ အန္တရာယ်က အခါခပ်သိမ်း လွတ်ကင်းတယ် မဆိုနိုင်ပါဘူး။ ညကြီးမင်းကြီး မိုင်းနင်းမိလို့ ရောက်လာတဲ့ ကလေးဟာ အသက်ကလေးမှ၂၀ ပဲ ရှိသေးတယ်။ အရင်ကတည်းက စခန်းထဲကို လာဖူးနေကျ ကောင်လေး။ ခြေထောက်က သွေးတောက်တောက်ယိုတာ ရွှဲနစ်နေပြီ။ ရောက်တာနဲ့ လိုင်းထည့်၊ pain killer နဲ့ antibiotics ထိုးပြီး ခွဲခန်းတန်းဝင်ကြတယ်။ သန်းခေါင်ကျော်အချိန်ကြီး သွေးလှူရှင် ရှာဖို့လည်း မလွယ်ဘူး။ မြန်မြန် သွေးတိတ်အောင် လုပ်ဖို့ပဲ ရှိတယ်။ တော်ပါသေးရဲ့။ ခါတိုင်းလို […]

ချန်ဂင်တို့စခန်း (၉၂)

“ဆောင်းဝင်တော့မည်။ ဆောင်းဝင်တော့မည်။ မြူမှုန်တွေ ကာရံတဲ့ လာလမ်းကလေးဆီ။” တဲ့။ မနက် မနက်ဆို မြူတွေဆိုင်းပြီး ညကမိုးရွာသွားတာလား လို့ ဇဝေဇဝါ ဖြစ်ရပါတယ်။ မိုးမြူရစ်ဝိုင်း မှိုင်းပြာမှောင်ပေမယ့် ဝါဆိုဝါခေါင် မုတ်သုန်ဦးတော့ မဟုတ်တော့ပါဘူး။ တော်သလင်း လဆုတ်ထဲ ရောက်နေပြီ။ နေ့အပူချိန်ထက် ညအပူချိန်တွေက သိသိသာသာ လျော့နည်းလို့လာပြီ။ ဒီတစ်လနှစ်လ တောင့်ခံပြီးရင် လမ်းတွေ ပြန်ပွင့်လာတော့မှာ။ ဆယ်ဇင်းရွာက ပြန်စည်လာဖို့ မသေချာတော့ဘူး။ ရွာကပစ္စည်းတွေကို ဖောက်ယူသယ်ထုတ်ပြီး စစ်ကိုင်းဘက် ရှမ်းနီနယ်ထဲက ရွှေပြည်မြင့်၊ လမ်းဆုံ၊ ရွှေတွင်း ဘက်တွေကို စည်အောင် လုပ်ကြမယ့်သဘောရှိတယ်။ အဲ့ဒီဘက်မှာ SNA ခေါင်းဆောင်က ဧရာမဂိုထောင်ကြီးဆောက်ပြီး တိုက်ရာပါပစ္စည်းတွေ စုဆောင်းထားတာ ရန်ကုန်က Macro Mart လောက် ရှိသတဲ့။ အခုလောလောဆယ်တော့ မျှောတွေထဲက […]

ချန်ဂင်တို့စခန်း (၉၁)

အသက်ကြီးလာတဲ့အခါ လေးသမားများ လက်မှန်းတည့်လာသလိုပဲ ဖြစ်နိုင်ခြေတွေ ခန့်မှန်းတွက်ချက်တဲ့နေရာမှာ အလွဲလွဲ အချော်ချော် မဖြစ်တော့ပဲ “ငါ ထင်ရင် လွဲခဲတယ်။” လို့ ပြောစရာတွေ ရရလာပါတယ်။ အခုဆို ဆေးခန်းကို လူနာတွေ ထပ်ရောက်လာတော့မှာပဲ လို့ ပြောလို့တောင် မဆုံးသေးဘူး။ ဆေးရုံက house full ဖြစ်ခါနီးလာပြီ။ COVID နဲ့တူပေမယ့် swab ယူလို့ မပေါ်တဲ့လူနာတွေ၊ ငှက်ဖျားနဲ့တူပေမယ့် သွေးစစ်လို့ မပေါ်တဲ့လူနာတွေ၊ အလာများတယ်။ အဖြေက နှစ်ကြောင်းမပြလည်း “ငါထင်ရင် လွဲခဲပါတယ်” နဲ့သာ ကု။ သက်သာသွားတာပဲ။ ထင်လောက်စရာ တခြားအကြောင်းအချက်တွေ ခိုင်လုံနေတာကိုး။ အခုလိုမျိုး တောထဲမှာ တစ်ယောက်တည်း ကြာကြာကုလာလို့ရှိရင် confidence level တွေ so high ဖြစ်သွားပြီး competency […]

ချန်ဂင်တို့စခန်း (၉၀)

“ခေတ်ကာလ မြန်မာပြည်မယ် အသက်ရှည်ရာ အနာမဲ့ရေး ရန်ဘေးကင်းကြောင်း ကောင်းမှုမင်္ဂလာပြည့်စုံတဲ့ အရပ်ဒေသမှာ နေလိုပါတယ်။ ဘယ်လိုအရပ်မျိုး သွားနေရပါ့မလဲ။” လို့ မေးလာရင် ကိုယ်ကတော့ “စစ်သားတွေ မရှိတဲ့ အရပ်မှာပဲနေပါ။ အဲ့ဒါဟာ အထိုက်အလျောက် အန္တရာယ်လည်းကင်းတယ်။ ဘေးလည်းရှင်းတယ်။ မတရားသဖြင့် နှိပ်စက်ကလူ ပြုတာကိုလည်း မခံရဘူး။ နေရထိုင်ရ အင်မတန် စိတ်ချမ်းသာပါတယ်။” လို့ ဖြေမိမလား မသိပါဘူး။ သူတို့ကတော့ “တပ်မတော်ကြီး မရှိရင် ဘာဖြစ်သွားမလဲ။” ချည့် ခြိမ်းခြောက်နေတာ။ တကယ့်လက်တွေ့မှာတော့ အဲ့ဒီတပ်မတော်ကြီး မရှိမှ အေးချမ်းသာယာတဲ့ နိုင်ငံတော်ကြီး ရမှာမို့ တနိုင်ငံလုံးက အုန်းအုန်းကြွက်ကြွက် တော်လှန်နေရတာ။ ဒါ အလကားနေရင်း မုန်းလို့ ပြောတဲ့စကား မဟုတ်ပါဘူး။ ဘဝပေးအသိနဲ့ ရလာတဲ့ သင်ခန်းစာပါ။ တိုင်းရင်းသားတွေလည်း အသိ။ […]

ချန်ဂင်တို့စခန်း (၈၉)

သာသာယာယာ နေ့တစ်နေ့ပါပဲ။ မိုးမရွာဘူး။ နေသာတယ်။ မနက်ခင်းပိုင်းဆို မြူတွေဆိုင်းလို့ အေးတောင်အေးစပြုပြီ။ ချောင်းရေက များသောအားဖြင့် ကြည်ပေမယ့် ကြမ်းပြင်မှာ ကျောက်စရစ်တွေ နည်းသွားပြီ။ ရေစီးကြောင်း ပြောင်းသွားပြီမို့ မိုးရွာတာနဲ့ ရေနောက်သွားတယ်။ ချောင်းစပ်မှာ ဗျိုင်းအုပ်ကလေးတွေ နေ့တိုင်းလာတယ်။ လာမှာပေါ့။ အောက်မှာ ကျွဲအုပ် ရှိတာကိုး။ ရွာထဲမှာတော့ ဒီနေ့ လပြည့်နေ့မို့ စာရေးတံမဲပွဲ ရှိတယ်။ တစ်ရွာလုံးနီးပါး ဥပုသ်စောင့်ကြတယ်။ ညက တစ်ညလုံးမအိပ်ပဲ ဆွမ်းချက်ကြတယ်။ ဆေးရုံကို လာပြတဲ့လူနာ ပိုများလာပြီ။ အခုရက်တော့ ငှက်ဖျား အဖြစ်များကြတယ်။ နားထဲကို ပိုးကောင်ဝင်တဲ့ ကလေးတစ်ယောက်လာတယ်။ နောက်ကလေးတစ်ယောက်ကတော့ ၃ နှစ်သားကလေး လျှာအရှည်လိုက် ကွဲနေတာ။ သူ့အမေကတော့ ချော်လဲတယ်ချည့် ပြောနေတယ်။ မဖြစ်နိုင်ပါဘူး။ ကလေးက လျှာနှစ်ခွဖြစ်နေပြီ။ ပါးစပ်ထဲ […]