ချန်ဂင်တို့စခန်း (၁၀၅)

“သီတင်းကျွတ် ပွဲတော်ကြီး ပြီးတော့ တန်ဆောင်မုန်း တန်ဆောင်တိုင် ဆီမီးကမြိုင်” အဲ့သလိုသာ အချိန်တွေကို ရွှေ့ယူလိုက်ချင်တော့တာပဲ။ အခု သီတင်းကျွတ်ကပြီးပြီ။ မိုးက မပြီးသေးဘူး။ ရွာကောင်းတုန်းရယ်။ ခြိမ်းကလည်းခြိမ်း သွန်ကလည်းသွန်။ ချောင်းထဲ ရေချိုးနေရင်းမှာကို ရေတွေတိုးလာပြီး ကမ်းပေါ်လျှံတက်လာတယ်။ သင်္ကြန်ပြီးကတည်းက စရွာလိုက်တာ သီတင်းကျွတ်လပြည့်ကျော်တာတောင် ရွာကောင်းတုန်းဆိုတော့ ဒီနှစ်မိုးရာသီဟာ နှစ်တဝက်လောက်ကို ရှိတာပဲ။ အရင်နှစ်တွေကတော့ ဒီလောက် မိုးမကောင်းဘူး ပြောကြတယ်။ ပြင်ဦးလွင်၊ တာချီလိတ်၊ တောင်ပေါ်မြို့တွေတောင် မကြုံစဖူး မကြားစဖူး ရေတွေကြီးကုန်တဲ့နှစ်ပေါ့။ ဒီမိုးကြောင့်တော့ အောက်ပြည်အောက်ရွာမှာ ထူးပြီး စပါးကောင်းစရာ စပါးပျက်စရာ မရှိတော့ပါဘူး။ ရွာပါပျက်လို့ မီးလောင်ပြင်ဖြစ်ကုန်မှပဲဟာကို။ ကျီထဲရှိတဲ့စပါးပါ မီးပုံရှို့ကြတာ။ ဒီမှာတော့ စပါးခင်းတွေ ရင့်မှည့်ကုန်ပြီ။ ရှေ့လလောက်ဆို ရိတ်ကြသိမ်းကြရတော့မယ်။ မနှစ်တုန်းက အဲ့ဒီအချိန် ဆေးရုံဆောက်ဖို့ […]

ချန်ဂင်တို့စခန်း (၁၁၇)

အခုရက်ပိုင်း လူနာတွေက များသလို အင်တာနက်ကလည်း လိုင်းမကောင်းပါဘူး။ Specialist consultation လိုတဲ့ case တွေကို လိုင်းပေါ်ကနေ ချိတ်ဆက်ပြသရတာ တော်တော်ကို ရွာလည်ပါတယ်။ စာရိုက်တာတောင် အဝိုင်းလေးတလည်လည်နဲ့ နာရီဝက် တစ်နာရီလောက် ပြတ်တောင်းပြတ်တောင်း ပို့နေရတာ။ ဓါတ်ပုံတွေ ဗီဒီယိုတွေဆို စဉ်းစားသာကြည့်။ နောက်ပြီး တစ်ယောက်ပြမပြီးသေးဘူး။ နောက်တစ်ယောက်ပါ ပြစရာ တန်းစီထားနှင့် ရတယ်။ ပြီးရင် ရလာတဲ့ treatment ကို အချိန်မီဝင်အောင် ပေးပြီး၊ ရလာတဲ့ outcome ကိုလည်း ပြန်သတင်းပို့။ ဖုန်းတစ်လုံးနဲ့ လိုင်းမိရာ နေရာ ပြေးပြေးပြီး စာပို့နေရတာပေါ့။ ဆေးတွေကုန်ပြီ လိုပြီ ဆိုရင်လည်း ဒီအတိုင်း၊ မှာထားတဲ့ဆေးတွေ ရောက်ပြီဆိုရင်လည်း ဒီအတိုင်းပေါ့။ ဒီကြားထဲ စာအဆက်အသွယ်တွေ ပြန်ကြားဖြေရှင်းနေရတာလည်း တစ်မျိုး။ […]

ချန်ဂင်တို့စခန်း (၁၀၄)

ဒီနေ့ သီတင်းကျွတ်လပြည့်နေ့ ရှိပါပြီ။ မိုးကတော့ ရွာနေတုန်းပါပဲ။ ဆေးရုံမှာတော့ ကိုယ်တို့တွေ self isolate လုပ်နေတာ ရက်မပြည့်သေးပါဘူး။ ရွာထဲကလူတွေလည်း အလိုက်သိစွာ လူနာလာမပြတော့ဘူး။ သူတို့ကိုယ်တိုင် ကိုဗစ်ဖြစ်တယ်ထင်မှ လာပြကြတယ်။ စုစုပေါင်း ရွာထဲက ၅ ယောက် ပိုးတွေ့ထားပါတယ်။ သီတင်းကျွတ်နဲ့ရောပြီး စာသင်ကျောင်းတွေတော့ ပိတ်ထားနှင့်တယ်။ ကိုယ်တို့ထဲမှာ နေမကောင်းတဲ့သူတွေက သက်သာလာပြီး နောက်ထပ်ကူးစက်မှုတော့ မရှိပါဘူး။ ကံကောင်းချင်တော့ အရေးပေါ်ခွဲလူနာကလည်း မလာဘူး။ ရွာထဲမှာတော့ မီးထွန်းပွဲလုပ်ကြပါတယ်။ ကိုယ်တို့လည်း အားကျမခံ ကိုယ့်ဆေးရုံရှေ့ကိုယ် ဖယောင်းတိုင်လေးတွေ ထွန်းကြတယ်။ မူကြိုကလေးတွေနဲ့ ဆီမီးမျှောမလို့ မီးပုံးလေးတွေ ခေါက်ထားပေမယ့် မလုပ်ဖြစ်တော့ပါဘူး။ သူများလာလာပေးတဲ့ မုန့်တွေတော့ စားရပါတယ်။ မုန့်ဖက်ထုပ်တွေပါ။ အုန်းသီးနဲ့ ငါးပေါက်ဆံနဲ့ လုပ်ကြတယ်။ တောင်ပေါ်ဘုရားကို ဆီမီးထွန်းဖို့လည်း မသွားနိုင်တော့ဘူး။ […]

ချန်ဂင်တို့စခန်း (၁၀၃)

ကိုဗစ်ဟာ တုပ်ကွေးယောင်ဆောင်ပြီး ဆရာဝန်ဆီကို ရောက်လာကြပေမယ့် ကိုယ်တို့ မျက်စိထဲမှာတော့ သိုးရေခြုံထားတဲ့ ဝံပုလွေကြီးကို ကြည့်ရသလိုပါပဲ။ တုပ်ကွေး က တုပ်ကွေး။ ကိုဗစ် က ကိုဗစ်။ ကွဲကွဲပြားပြား မြင်ပါတယ်။ လူနာကို အိပ်သွန်ဖာမှောက် လှန်လှောစမ်းသပ်စရာ မလိုပဲ မျက်နှာလေး ရဲနေတာ မြင်ရုံနဲ့ အဖျားတက်နေမှန်း သိတယ်။ ဟိုဘက်ခန်းက ချောင်းဆိုးသံလေး ကြားရုံနဲ့ လည်ချောင်းတွေ တော်တော်နာနေလောက်ပြီ လို့ သိတယ်။ အိမ်သာတံခါး ဖွင့်တဲ့ပိတ်တဲ့အသံ ခဏခဏ ကြားရုံနဲ့ ညက သူ တစ်ညလုံး ဝမ်းတွေသွားနေလိမ့်မယ် လို့ သိတယ်။ ဒါတွေ အကုန်လုံးက မုဆိုးစိုင်သင် သင်သွားတာပဲလေ။ လူနာတွေ ကြည့်ဖန်များလာတဲ့အခါ အလိုလို ကျွမ်းကျင်လာလိမ့်မယ်။ အခုတွေ့ရကြားရသလောက်တော့ သူတို့ခံစားနေရတဲ့ ကိုဗစ်ဟာ သာမာန် […]

ချန်ဂင်တို့စခန်း (၁၀၂)

“နေသာခိုက်မှာ မြင်လို့လေ တွေ့တဲ့အခါတိုင်းလည်း မိုးမအုံ့ပါဘူး မပြောသာ ခန့်မှန်းလို့ မရကောင်းတဲ့ အကြောင်းအရာ အချစ်ဆိုတာ လျှို့ဝှက်ချက်တစ်ခုပါ။” လောကကြီးမှာ လျှို့ဝှက်ချက်တွေကတယ်လည်း များပေတာပဲ။ အခုလေးပဲ ကိုယ်တို့ကို ဆာပရိုက်အကြီးကြီး တိုက်သွားတယ်ဗျ။ မနေ့က ဆရာသွား နေမကောင်းဘူး။ ဆေးတွေဘာတွေထိုးရတယ်။ သူကတော့ တုတ်ကွေးမိသွားပြီ ဆိုပြီး အိပ်ယာထဲ ခွေနေတာ။ ဒီနေ့ကျ ထမင်းလည်း မစားဘူး။ ဝမ်းလည်းသွားတယ်တဲ့။ ဆေးရုံက ကလေးနှစ်ကောင်လည်း လည်ချောင်းနာပြီး ကိုက်ခဲနေသတဲ့။ ဒါလောက်ဆို သိပြီ။ until proved otherwise ပဲ။ swab ယူခိုင်းလိုက်တော့ positive ထွက်လာရော။ သေပြီဆရာ။ တစ်ဆေးရုံလုံး အကုန် swab ယူရပြီ။ ၆ ယောက် positive ထွက်လာတယ်။ ကိုယ်တော့ မပါသေးဘူး။ […]

ချန်ဂင်တို့စခန်း (၁၀၁)

မိုးကုန်ပြီအထင်နဲ့ ဘက်ဖိုးတွေ ဒမ့်ထရပ်တွေ လုပ်အားပေးခေါ်ပြီး ပျက်နေတဲ့လမ်းတွေ ပြန်ခင်းနေဆဲမှာ မိုးက သည်းသည်းမည်းမည်း ၂ ရက်လောက် ဆက်ရွာလိုက်တာ လုပ်ထားသမျှတွေ အကုန်ရေထဲမျောပါပြီး ဆိုးဆိုးဝါးဝါးကို ဗွက်ပေါက်သွားပါတယ်။ ဒီမှာက ဒီလိုပဲ။ တစ်နှစ်တစ်ခါ မိုးကုန်မှ လမိးပြင်လမ်းခင်းကြ၊ ကောင်းသွားတဲ့အခါ ဖုန်တသောသောနဲ့ နောက်တစ်မိုး မကျမချင်း ဝင်ထွက်သွားလာကြ၊ မိုးတွင်းကျ လမ်းတွေပြန်ပိတ်သွားကြ။ အဲ့တိုင်းပဲ နေလာကြတာလေ။ ကတ္တရာလမ်း၊ ကွန်ကရိလမ်း မရှိဘူး။ မြေသားလမ်းတွေပါ။ ရေကျော်လေးတွေ စမ်းချောင်းလေးတွေမှာ တိမ်ရင် ဒီအတိုင်းဖြတ်၊ နက်ရင် တံတားထိုးပြီး ကူးတယ်လေ။ ခရီးသည်တင်ယာဉ် မသွားဘူး။ အများဆုံးသွားတာ သစ်တင်တဲ့ကား၊ ဆီဘောက်ဆာ နဲ့ ကုန်တင် ဆယ်ဘီးကားတွေ ဥဒဟို သွားနေကြတာပါ။ အခုလည်း အဲ့ဒီကားတွေ သွားလာနိုင်ဖို့ လမ်းပြန်ပြင်တာလေ။ လမ်းပွင့်ရင် […]