ချန်ဂင်တို့စခန်း (၁၂၅)

အင်းတော်ကြီးဒေသကို နဂါးတွေ နေတဲ့အရပ်လို့ ဒဏ္ဍာရီ ပုံပြင်တွေထဲမှာ ပြောလေ့ရှိကြပါတယ်။ ဒီနေရာမှာ ဒီရေအိုင် အကြီးကြီး လာဖြစ်နေတာကိုက ဘောဂဝတီ နဂါးပြည်က နဂါးညီနောင်နှစ်ဖော် တိုင်းခြားပြည်ထောင် ထူထောင်ဖို့အတွက် ရေတွေလွှမ်းပစ်ခဲ့ရာက စခဲ့တယ် လို့ ပုံပြင်ထဲမှာ လာတာကိုး။ ငါးပါးသီလမြဲတဲ့ မုဆိုးမ အမေအိုကြီးတစ်ဦးသာ ချိုင့်ဝှမ်းကြီးပြည့်အောင်ရွာတဲ့မိုးက လွတ်ခဲ့တယ် လို့ ပြောကြတယ်။ လွယ်မွန်ရွာဘက်မှာ မုဆိုးမဘုရား လို့တောင်ရှိသေး။ အဲ့ဒီမုဆိုးမကြီးရဲ့ ခြေရာရော၊ သူနဲ့အတူ ရေဘေးလွတ်ရာ ဆွဲခေါ်လာတဲ့ ကျွဲခြေရာခွက်တွေရော ကျောက်သားပေါ်မှာ စွဲထင်ကျန်ရစ်တယ် ဆိုပြီး အင်းစပ် ကမ်းခြေမှာ နတ်စင်နတ်ကွန်းနဲ့ ထားကြတာပဲ။ အင်းဘေးမှာ ရှိတဲ့ ရွှေတောင် ငွေတောင်မှာလည်း တောင်စောင့်နတ်တွေ နဂါးတွေရဲ့ ပုံပြင်တွေ ရှိပါတယ်။ ငွေတောင် အောက်ခြေနားမှာ နဂါးအာခံတွင်းကို ချိုးလိမ်ထားပြီး […]

ချန်ဂင်တို့စခန်း (၁၁၀)

ဘဝဟာ မြွေနဲ့ လှေကား ကစားရသလိုပါပဲ။ လှေကားထစ်တွေနဲ့ တက်သွားလိုက်၊ မြွေခံတွင်းဝရောက်သွားရင် အောက်ပြန်ဆင်းလာလိုက်နဲ့ပါ။ သီချင်းထဲမှာတော့ “The Gods may throw a dice. Their minds as cold as ice.” လို့ ဆိုပါတယ်။ ကံဇာတ်ဆရာ ခေါက်လိုက်တဲ့ အံစာတုံးအတိုင်း ကိုယ်တို့က ရွှေ့ရတာပါလေ။ ကိုယ့်ဘဝရဲ့ ကစားပွဲမှာတော့ ကံကြမ္မာလေး မျက်နှာသာပေးတယ် ထင်ပါရဲ့။ အမြဲတမ်း ပွတ်ကာသီကာ လွတ်တဲ့ဘက်မှာ ရှိတယ်။ ကျားကွက်ရွှေ့သလို ရွှေ့နိုင်လို့ လွတ်တယ်ဆိုရင်လည်း အများကြီးကွာအောင် လွတ်တာ မဟုတ်။ တစ်ကွက်ကလေးပဲ ဦးဦးပြီးလွတ်တယ်ဆိုရုံလေး။ အင်ဒီယာနာဂျုံးကား ကြည့်ရသလို အသည်းတယားယားနဲ့ရယ်။ ကိုယ်တို့စခန်းမှာ ကိုဗစ်တွေဖြစ်တော့ တစတစနဲ့ လူကုန်ပြီ။ ကိုယ်တစ်ယောက်တည်း မဖြစ်ရသေးတာ ကျန်တော့တယ်။ […]

ချန်ဂင်တို့စခန်း (၁၀၉)

မိုးမပြတ်သေးပေမယ့် ဆောင်းအဝင်မဆိုင်းတာ သိသာပါတယ်။ မနက်ခင်းတိုင်း မြူတွေဆိုင်းပြီး ချမ်းစပြုလာပြီ။ ရေချိုးရင်လည်း အေးစိမ့်နေတာပဲ။ ညနေစောစောမှောင်ပြီး မနက်အာရုံတက် နောက်ကျလာပြီ။ နောက်လလောက်ဆို မီးပြန်လှုံရတော့မယ်။ နှစ်ကုန်ဖို့ ၂ လ ပဲ ကျန်တော့တယ်လေ။ တစ်နှစ်တာအတွင်းမှာ အခြေအနေတွေ အများကြီး တိုးတက်ခဲ့ပါတယ်။ လိုချင်တာတွေကို ဖြစ်အောင်လုပ်ယူရတာမို့ အရင်စာတွေထဲမှာ ရေးခဲ့တဲ့ ကိုယ့်ဆေးရုံ အနီးအနား ဝန်းကျင်က ဆရာဝန်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဆက်သွယ်ချိတ်ဆက်လို့ မရသေးဘူး ဆိုတာ အခုတော့ အဆင်ပြေသွားပြီ။ သူတို့နဲ့ ပူးပေါင်းပြီး referral system ရော public health အလုပ်တွေပါ ပြန်စနိုင်ဖို့ ကြိုးစားရပါဦးမယ်။ ဒီလိုပဲ ကိုယ်စွမ်းရှိသမျှ ဉာဏ်စွမ်းရှိသမျှ အစွမ်းကုန် ကြိုးစားရုန်းကန်ရမှာပေါ့။ ဘယ်သူ့အတွက်မှ မဟုတ်ပါဘူး။ ကိုယ့်အတွက်လည်း မဟုတ်ဘူး။ […]

ချန်ဂင်တို့စခန်း (၁၀၈)

မြန်မာပြည်မြောက်ဖျားက ပူတာအို နဲ့ ခေါင်လန်ဖူးမှာဆိုရင် ဥတု ၃ လီ မရှိပဲ မိုးရာသီ နဲ့ ဆောင်းရာသီသာ ရှိတယ် လို့ ပြောကြပါတယ်။ ဆွမ်ပရာဘွမ် မှာ ဆိုရင်တော့ “၁၂ လ ရာသီ ချိန်ခါမရွေး မိုးသံပေးနေ။” လို့ သီချင်းထဲမှာ ပါတယ်။ ဒီလိုဆိုရင် ကိုယ်တို့လည်း ရန်ကုန်မှာ ဆောင်းပျောက်နေပြီ လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် ရန်ကုန်မိုးက ဘယ်လောက်ပဲသည်းသည်း ဝါဆိုမှ စ ရွာ၊ သီတင်းကျွတ်ရင် တိတ်တာပဲ။ အခု အင်းတော်ကြီးမှာတော့ ကဆုန်လက ရွာနှင့်တာ သီတင်းကျွတ်လ ကုန်တော့မယ်။ မတိတ်သေးဘူးဗျ။ အခုကို စွေစွေချုန်းချုန်း ရွာနေတုန်း။ ဆေးရုံဘေးမှာတောင် နွံထဲ၌ လှည်းဘီးကျွံနေသည် တဲ့။ လမ်းတွေဆိုးလို့ လူနာတွေ […]

ချန်ဂင်တို့စခန်း (၁၀၇)

တစ်ရက်ပြီးတစ်ရက် ကျော်ဖြတ်လာတဲ့ နေ့ရက်တိုင်းမှာ အသစ်အသစ်သော စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြတ်သန်းရင်း တရွေ့ရွေ့ ခရီးဆက်လာခဲ့တာ အရှိန်တွေလည်းရလို့ အဆင့်တွေလည်း တက်ခဲ့ပါပြီ။ C- arm လက်ဆွဲဓါတ်မှန်လေးရပြီဆိုတော့ လွန်ခဲ့တဲ့ ၇ လက သေနတ်မှန်ထားတဲ့သူကလည်း တံတောင်ဆစ်ရှေ့မှာ အိုးတိုးအောင့်တောင့်နဲ့ ကျည်ဆန်ဖူးကလေး ထုတ်ချင်ပါသတဲ့။ လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းက လက်နက်ကြီးမှန်ဖူးတဲ့ ဦးလေးကြီးကလည်း ကျည်ဆန်များ ကျန်ဦးမလား ရှာချင်ပါသတဲ့။ ကောင်းပြီလေ။ ဒီကလည်း တစ်ခါမှ မသုံးဖူးသေးတဲ့ စက်အသစ်ကလေးကို လူနာအစစ်ကြီးတွေနဲ့ စမ်းကုကြည့်ချင်သေးတာပေါ့။ စစချင်းမှာ သွေးသံရဲရဲ သေကောင်ပေါင်းလဲ case ကြီးတွေနဲ့ လက်တွေ့ မစမ်းချင်ဘူး။ ပထမလူနာက တံတောင်ဆစ်မှာဆိုတော့ ဇက်ကြောခွဆုံကနေ လက်တစ်ချောင်းလုံး ထုံသွားအောင် အကြောပိတ်ရတယ်။ မိုင်းထိလူနာတွေတုန်းက လုပ်သလိုပါပဲ။ Butterfly iQ အာထွာဆောင်းစက်ကလေးနဲ့ထောက်ပြီး […]

ချန်ဂင်တို့စခန်း (၁၀၆)

ကိုဗစ်ကြောင့် တစ်ပါတ်လောက် ခွဲခန်းပိတ်ထားရာကနေ ပြန်စဖြစ်တော့ Urgent Caesar တစ်ယောက်နဲ့ ပြန်ဖွင့်ဖြစ်ပါတယ်။ လူနာကတော့ တခြားသူ မဟုတ်ပါဘူး။ ကိုယ်တို့ဆေးခန်းဖွင့်စကတည်းက လာပြနေကျ လည်ပင်းကြီးရောဂါနဲ့ ကလေးမပါ။ မမအိုဂျီရောက်ကာစမှာ မင်္ဂလာဆောင်တယ်။ အခု သူတို့ကလေးလေး မွေးပေးရပြီလေ။ သူ့အတွက်ဆေးတွေ မပြတ်မှာပေးရတာပဲ တစ်နှစ်ပြည့်ကာနီးပြီပေါ့။ ကလေးမှာပါ ရောဂါပါလာရင် မွေးရဖွားရ ခက်မှာစိုးလို့ ကိုယ်တို့လည်း မျက်စိဒေါက်ထောက် ကြည့်နေကြတာပါ။ ဗိုက်စနာတော့ မမအိုဂျီက ခြင်ထောင်ပါယူသွားပြီး ဆေးရုံမှာ စောင့်မွေးပေးတယ်။ တော်တော်နဲ့ ခေါင်းမဆင်းတော့မှ ခွဲမွေးမယ်လို့ decide လုပ်ရတာ။ သူခွဲမယ်ဆို ကိုယ်တို့လည်း ချက်ချင်းခွဲခန်းပြင်ပြီး လူနာတန်းသွင်းတော့တာပဲ။ လိုချင်တာ ဖြစ်ချင်တာကို အခုလို အခုရအောင် လုပ်နိုင်လို့ စိတ်ချမ်းသာရတယ်။ လူနာလည်း မပင်ပန်းဘူးလေ။ ဖြူဖြူထွားထွား သမီးမိန်းကလေးတစ်ယောက်မွေးတယ်။ သူတို့ဗိုက်တွေ […]