ချန်ဂင်တို့စခန်း (၁၁၆)

အဖိတ်နေ့ရောက်ပြီ။ မိုးလည်းကုန်ပြီ။ နှင်းလည်းဝေပြီ။ ပီပီပြင်ပြင် ဆောင်းတွင်းရောက်ခဲ့ပြီ။ ဗွက်လမ်းလေးတွေ ဖုန်တထောင်းထောင်း ထလို့ ခရီးလမ်းပန်း ပွင့်လင်းခဲ့ပြီ။ မျှော်လင့်ထားတဲ့အတိုင်း ဟိုးသံလမ်းရိုးဘက်က လူနာတွေ တဖွဲဖွဲရောက်လာကြလို့ တနေကုန် ဆေးရုံမှာ စည်ကားပြီး တစ်ရက်နှစ်ရက်အတွင်းကို လူနာတွေ ပြည့်လုနီးပါး ပြန်ဖြစ်သွားပါတယ်။ တချို့လူနာတွေကို ချက်ချင်းခွဲဖို့တင်တယ်။ တချို့ကို သေချာပြင်ဆင် ရက်ချိန်းပေးပြီးမှ ပြန်ခေါ်ထားတယ်။ မြို့ကလာတဲ့လူနာတွေများတော့ သူတို့အပြန်မှာ သွေးဖောက်ထားတာလေးတွေ ဓါတ်ခွဲခန်းပို့ပေးပါ လို့ လူကြုံပါးရတယ်။ ဒါဆိုမဆိုးပါဘူး။ ဓါတ်ခွဲခန်းနဲ့ လက်လှမ်းမီတာပေါ့။ requisition form နဲ့တော့ ရေးမပေးနိုင်ပါဘူး။ တော်နေကြာ ရှိသမျှ ဓါတ်ခွဲခန်းတွေ လိုက်ဖမ်းနေမှာစိုးလို့။ ကချင်တွေကို အတိအလင်း စစ်မျက်နှာဖွင့်အပြီးမှာ ဆရာဝန်တွေဘက်ကိုလည်း ထိုးစစ်ဆင်နေပြီ မဟုတ်လား။ အထူးကု ဆရာဝန်တွေရှိတယ်။ ခွဲခန်းလည်းရှိတယ်။ အာထရာဆောင်းတွေ ဓါတ်မှန်တွေလည်း […]

ချန်ဂင်တို့စခန်း (၁၁၅)

လေယာဉ်ပျံတွေက နေ့နေ့ညည လာနေတဲ့အခါ ကိုယ်တို့လည်း လေကြောင်းရန်ကင်းအောင် ဘယ်လိုနေရမလဲ ဘဝပေးအသိနဲ့ သိလာပါပြီ။ ကောင်းကင်ပေါ်က လေယာဉ်အသံကြားရုံနဲ့ “ကျုပ်သားကိုတဲ့ စွန်ချီ၊ ငှက်ပလီ ဘယ်ကိုကြွပါလိမ့်။ ပြန်ချပါအုန်းဟုန်းဟုန်း။” ဆို နောက်က ပြေးလိုက်စရာ မလိုသလို စစ်ခွေးတွေလှောင်နေသလိုမျိုး “မိုးရွာရင် မိုးရေချိုးမယ်။ လင်ဘျံလာရင် ကျင်းထဲပြေးပုန်းမယ်။” ဆိုတဲ့ အစားထဲကလည်း မဟုတ်ပါဘူး။ နှစ်သိန်းလေးသောင်း အထုရှိတဲ့ မဟာပထဝီ မြေကြီးပေါ်မယ် ကိုယ့်ဆီတည့်တည့် မှန်အောင် မပစ်နိုင်မချင်း အသက်နဲ့ အဝေးကြီးပါ။ အသံကြားရင် ဖျားကြတဲ့ ကျားမ ခင်စိန် ဆိုတာ သားဗိုလ်အောင်ဒင် ခေတ်မှာပဲ ရှိမယ်။ လေယာဉ်တက်ရင် တက်တဲ့အကြောင်း ဖုန်းကချက်ချင်းရောက်ပြီးသား။ ရှောင်ချင်သပဆိုရှောင်၊ မရှောင်ချင်လည်း ကိုယ့်အလုပ်ကိုယ် ဆက်လုပ်နေရုံပဲ။ Air strike နဲ့ သေရတာ […]

ချန်ဂင်တို့စခန်း (၁၁၄)

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ရက် ညနေ ၄ နာရီအချိန်လောက်မှာ စကစ က ဆယ်ဇင်းရွာကို လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်ခဲ့ပါတယ်။ ဥရုမြစ်ရဲ့တဘက်ကမ်း အနောက်ကမ်းသာရွာက လူနေအိမ်တစ်လုံးပေါ် လက်နက်ကြီးကျတဲ့အခါ အိမ်အောက်မှာ ထမင်းချက်နေတဲ့ အမျိုးသမီးတစ်ယောက်ကို ထိမှန်ပါတယ်။ အဲ့ဒီနောက် SNA တပ်တွေနဲ့ ရွာကို နှစ်ဘက်ညှပ်ပြီး ထွက်ပေါက်ပိတ်ထားခဲ့တာကြောင့် လူနာတွေ ဆေးရုံမပို့နိုင်ပဲ အဲ့ဒီလူနာဟာ ၁၉ ရက်နေ့ည ၆ နာရီခွဲလောက်ကျမှ ကိုယ်တို့ဆေးရုံကို ရောက်ပါတယ်။ ရောက်ရောက်ချင်း ခွဲခန်းထဲသွင်း မေ့ဆေးပေးပြီး ဒဏ်ရာကို စစ်ဆေးသန့်ရှင်းကြည့်တဲ့အခါ တံတောင်ဆစ်ထိပ်ရိုး (olecranon process) တစ်ခုလုံး ကြေမွသွားတာတွေ့ရလို့ ပဲ့ကြေနေတဲ့ အရိုးစတွေ ဖယ်ထုတ်ဆေးကြောပြီး လက်နက်ကြီး ကျည်စကို လိုက်ရှာပေမယ့် မတွေ့ခဲ့ပါဘူး။ ကိုယ်တို့ဆေးရုံမှာလည်း ဓါတ်မှန်ရိုက်ဖို့ X’ray facility […]

ချန်ဂင်တို့စခန်း (၁၁၃)

ဒီမှာနေလာတာ တစ်နှစ်ပြည့်သွားပြီဆိုတော့ တစ်ခုခုဆို “မနှစ်ကတုန်းက ဒီအချိန်ဆိုရင်” လို့ နှိုင်းယှဉ်စရာ ရနေပါပြီ။ မနက်မနက်ဆို နှင်းတွေပိတ်ပြီး တော်တော်နဲ့ နေမပွင့်တဲ့အခါ “ဟုတ်သားပဲ။ မနှစ်တုန်းကလည်း ဆယ်ဇင်းမှာ ဒီအတိုင်းပဲလေ။ ၁၁ နာရီလောက်မှ နေပွင့်ပြီး ငါးနာရီလောက်ဆို နေဝင်ဖြိုးဖျ ဖြစ်သွားတာပဲ။” လို့ ပြန်မှတ်မိလာပါတယ်။ ဒီအခါကျတော့ ညနေ ထမင်းစားချိန်တွေကို ရှေ့တိုးပစ်ရတာပေါ့။ ခါတိုင်း စားနေကျ ၆ နာရီကျော်အချိန်တွေက မိုးစုပ်စုပ် ချုပ်သွားမှကိုး။ မွေးကင်းစကလေးလေးက အသားဝါနေလို့ မနက်ခင်းနေရောင်ပြခိုင်းထားတာ အဆင်မပြေဖြစ်နေတာပေါ့လေ။ သူ့အမေက နေမသာပဲ အနှီးထုပ်ကလေး ထွက်ဖြေပြနေလို့ အအေးပတ်ရုံအပြင် ပိုမထူးဘူး။ ကလေးမီးပြတဲ့ မီးချောင်းလေးတွေကလည်း ရှာမရ။ ကလေးတွေ ကာကွယ်ဆေး ကိစ္စကတော့ ဆက်သွယ်ချိတ်ဆက်လို့ အဆင်ပြေကာနီးပါပြီ။ ကိုယ့်ဘက်က လုပ်ပေးနိုင်သမျှကို အတတ်နိုင်ဆုံး […]

ချန်ဂင်တို့စခန်း (၁၁၂)

အောက်တိုဘာ ကုန်လို့ နိုဝင်ဘာ ရောက်တဲ့နောက်တော့ ဆောင်းဆိုတာ မဝင်ချင်လို့ကို မရတော့ပါဘူး။ သူ့ဘာသူ မိုးရွာချင်ရွာ မရွာချင်နေ။ မနက်ခင်းလေးတွေ နေမသာနိုင်တော့ဘူး။ နှင်းတွေမြူတွေ အုံ့အုံ့ဆိုင်းဆိုင်းနဲ့ ချမ်းစပြုလာပါပြီ။ မြူနှင်းတွေကြားမှာ ရွာသူရွာသားတွေက ပလိုင်းကလေးတွေ လွယ်လို့ ရွာပြင်ကို အသုတ်လိုက် အသုတ်လိုက် ထွက်သွားကြတာ လယ်တောထဲမှာ စပါးသွားရိတ်ကြမလို့တဲ့။ ဟုတ်တာပေါ့။ လယ်ကွင်းထဲမှာ စပါးတွေ ရင့်မှည့်နေတာ မြင်ခဲ့သားပဲ။ ကိုယ်စိုက်တာ ကိုယ်ရိတ်သိမ်းရတဲ့အချိန်ဆိုတော့ တက်တက်ကြွကြွ ပျော်ပျော်ပါးပါးပဲ။ ကောက်သစ်တွေ ပေါ်ကုန်ပါပကော။ မနှစ်ကတုန်းက ဆယ်ဇင်းမှာ ကောက်သစ်စားပွဲလုပ်ပြီး ခေါပုတ်တွေ ထောင်းစားကြတဲ့အချိန် ရောက်လာပြန်ပြီပေါ့လေ။ ကောက်သစ်စားပွဲဆိုတာ သူများနိုင်ငံက Thanksgiving Day ကိုခေါ်တာမှန်း ဒီရောက်မှ သဘောပေါက်တယ်။ ဘုရားကျောင်းမှာ ပေါ်ဦးပေါ်ဖျား ကောက်ပဲသီးနှံတွေ ဘုရားသခင်ထံ အပ်နှံ ကျေးဇူးတော်ကို […]

ချန်ဂင်တို့စခန်း (၁၁၁)

ညနေဘက်မှာ လေယာဉ်လာပြီ လို့ ကြားတဲ့အခါ လေကြောင်းရန်ရှောင်ရင်း ချောင်းထဲ ရေချိုးဆင်း နေလိုက်ပါတယ်။ သူတို့ဟာသူတို့ GPS နဲ့ပဲထောက်ထောက်၊ guided missile နဲ့ပဲ ပစ်ပစ်၊ ပေါက်ကွဲလွင့်စင်နိုင်သော အကွာအဝေးနဲ့ လွတ်ရာဆီကိုပေါ့။ ရာသီဥတုက ကိုယ့်ဘက်ပါနေကျအတိုင်းပါပဲ။ နေကို မမြင်နိုင်အောင် မိုးသားတိမ်လိပ်တွေ အုပ်ထားတယ်။ ဟိုနေ့ညကလည်း အဲ့လိုပဲ။ လေယာဉ်အသံပဲကြားရတယ်။ အကောင်မမြင်ရဘူး။ ညနေ နေဝင်မီးငြိမ်းတဲ့အချိန်ကျမှ မိုးက တဖွဲဖွဲ စရွာတာ။ တဖြေးဖြေးသည်းလာပြီး မိုးလင်းကာနီးမှ တိတ်တော့တယ်။ တညလုံး ဘေးကင်းရာ နေရာမှာ အေးအေးချမ်းချမ်း အိပ်ရတာပေါ့လေ။ ဒါပေမယ့်လည်း အိပ်လို့ မပျော်နိုင်ပါဘူး။ မနေ့ညက ပွဲခင်းထဲမှာ ကိုယ်နဲ့ အိမ်နီးနားချင်း မိတ်ဆွေတွေပါတယ်။ “ဖြစ်တဲ့နည်းနဲ့ ဒီကိုခေါ်လာခဲ့။ အဆင်သင့် စောင့်နေမယ်။” လို့ မှာလိုက်ပေမယ့် […]