အရာဝတ္ထုတွေဟာ နေမြဲနေလိုသော သဘောရှိတယ်တဲ့။ အဲ့ဒီလို ရပ်တည်အင်နားရှား ရွေ့လျားအင်နားရှားတွေကြောင့် အပြောင်းအလဲတွေဟာ အစပိုင်းမှာ လေးပင်ဖင့်နွှဲ ခက်ခဲသလောက် အရှိန်ကလေးရလာတဲ့အခါ သွက်လက်မြန်ဆန် လွယ်ကူသွားပါလေရော။ ကိုယ်တို့တော်လှန်ရေးကြီးဟာလည်း အစပိုင်းမှာ အထနှေးသလောက် အခုများတော့ဖြင့် အရှိန်တွေ အဟုန်တွေ ရနေလိုက်တာ မနေ့က နဲ့ သည်နေ့တောင် အခြေအနေတွေ မတူတော့ဘူး။ ကလေးတွေထိုးစစ်ဆင်နေတဲ့ စစ်မျက်နှာမှာဆို တိုက်ပွဲတစ်ရာရှိရင် အောင်ပွဲတစ်ရာ သာတယ်။ စစ်ဗိုလ်ချုပ်ကြီးတွေခမျာ ထိတ်လန့်တကြား နတ်ကန္နားပေးယူရတဲ့အထိတောင်ပဲ။ သံခင်းတမန်ခင်းဘက်မှာဆိုလည်း NUG အစိုးရ ဝန်မင်းများက အီဂျစ်နဲ့ အင်္ဂလန် နိုင်ငံခြားကို မောင်သွားထားလေမလား မှတ်ရတယ်။ ကြင်စိုးခမျာမတော့ အင်အားကြီးနိုင်ငံတွေက ဝိုင်း အနိုင်ကျင့်ကြလို့ ဆိုပြီး ပူတင်ကြီး ခြေသလုံး ဖက်ငိုနေရတာ။ စီးပွါးရေးစစ်မျက်နှာ ကြည့်ဦးမလား။ ကိုတင်ထွန်းနိုင်ကြီးက မြေပုံပေါ် ဆော့ပန်နဲ့ခြစ်ပြီး […]
ချန်ဂင်တို့စခန်း (၁၄၉)
ရေမြေတောတောင် သဘာဝတွေက ဥတုရာသီနဲ့ လိုက်လျောညီထွေ ပြောင်းလဲသက်ဝင်နေသလိုပါပဲ။ ကိုယ်တို့ဆေးရုံကို လာပြကြတဲ့ လူနာတွေဟာလည်း နယ်မြေဒေသရဲ့ လက်ရှိ စစ်ရေးနိုင်ငံရေး အခြေအနေပေါ် မူတည်ပြီး ခုတစ်မျိုး တော်ကြာတစ်မျိုး အဆင်ပြေသလို ဆေးလာကုကြပါတယ်။ တိုက်ပွဲတွေဖြစ်တယ်၊ လမ်းတွေပိတ်တယ်၊ အစစ်အဆေး အဖမ်းအဆီးတွေ ကြမ်းတယ်ဆို လူနာလည်း မလာတော့ဘူး။ သေကောင်ပေါင်းလဲဖြစ်မှသာ “လာပြလို့ ရသေးလား။” ဆို ဒီဘက်က အခြေအနေ စနည်းနာပြီးမှ Ambulance ကလေးနဲ့ လာတယ်။ ညရေးညတာ ဆေးရုံမှာ စိတ်မချရင် ရွာထဲပြန်အိပ်တယ်။ ရွာထဲမှာ စစ်ရှောင်စခန်း ဆို ဖွင့်ထားတဲ့ တဲတန်းလျားကလေးဟာ တကယ်တော့ ကိုယ်တို့ဆေးရုံကို လာပြတဲ့ လူနာတွေ လူနာစောင့်တွေအတွက် နားခိုရာ ဇရပ်ကလေးတွေပဲ။ ဟိုးတလောက အဲ့ဒီထဲမှာ ညဘက်ကြီး ကိုယ်ဝန်ဆောင်တစ်ယောက် ဗိုက်နာနေတယ်ဆိုလို့ […]
ချန်ဂင်တို့စခန်း (၁၄၈)
ကိုရီးယားဇာတ်လမ်းတွဲကို အားကျလို့ ရေးလိုက်မိတဲ့ နွေဦးဒိုင်ယာရီကလေးဟာ မုဆိုးမလေး မဂင်္ဂါလောက် အပိုင်းဆက်တွေ ရှည်လာပြီဆိုတော့ ဖတ်ရတဲ့သူတွေလည်း ပျင်းလာလောက်ရောပေါ့။ ကိုယ်တွေမှာတော့ မပျင်းနိုင်ပါဘူး။ ရင်းထားရတဲ့အသက်တွေထဲမှာ ကိုယ့်အသက်လည်း ပါတာကိုး။ ရုပ်ရှင်ကြည့်တယ် ဆိုတာက ဘယ်လောက်ပဲ စိတ်လှုပ်ရှားစရာကောင်းကောင်း ဇာတ်ကားထဲတော့ ကိုယ်ပါနေတာ မဟုတ်ဘူး။ ဇာတ်သိမ်းတဲ့အခါ ကိုယ့်အိမ်ကိုယ် ပြန်ကြရုံပဲ။ ဒီမှာကတော့ တစ်ကွက်မှားလို့ အစားခံရရင် လူနာအသက်၊ ကိုယ့်အသက်၊ တစုံတယောက်ရဲ့ အသက်၊ အစစ်ကြီး သေရတာဗျ။ ဘယ်သူပျင်းနိုင်မှာတုန်း။ မနက်ခင်းမှာ ချိန်းထားတဲ့ ခွဲလူနာကလေး စိတ်အေးလက်အေး ခွဲ။ ထမင်းစားလို့ ပြီးရုံရှိသေး သွေးသွန်တဲ့လူနာက ဖြူဖျော့ဖျော့နဲ့ ရောက်လာ။ BP က 80/50။ အားလုံးဝိုင်း နှာနှပ်လိုက်ပြီး ၁၅ မိနစ်တောင် မကြာဘူး။ မွေးခန်းထဲ သားအိမ်ခြစ်ပြီးလို့ […]
ချန်ဂင်တို့စခန်း (၁၄၇)
Elective operations တွေ လျှော့ရတဲ့အကြောင်းရင်းက စစ်မြေပြင် ထိခိုက်ဒဏ်ရာရသူတွေကို အားစိုက်အင်စိုက် ကုသနိုင်အောင်လို့ ဆိုတဲ့ ဆုံးဖြတ်ချက်ဟာ ဒက်ထိ နဲ့ ကွက်တိ ကို မှန်ပါတယ်။ အခုဆို Gun shot wound တွေကိုလည်း laparotomy လုပ်ပေးနေရတယ်။ Mine injuries တွေကိုလည်း Amputation လုပ်ပေးနေရတယ်။ အဆိပ်လူးငြောင့်စူးတဲ့သူတွေကိုလည်း wound toilet လုပ်ပေးခဲ့ရတယ်။ လာလိုက်ရင်လည်း သွေးထွက်လွန်ပြီး shock ရနေတာချည့်ပဲ။ ချက်ချင်းသွေးရှာ ချက်ချင်းသွေးသွင်းနိုင်မှ ခွဲစိတ်ခံနိုင်ဖို့ အသက်မီတယ်။ အရင်ဦးဆုံးရနိုင်တာကတော့ ကိုယ့်ထဲကိုယ့်ဟာ စခန်းကလူတွေချည့်ပဲ ရှိတယ်လေ။ ကိုယ်တို့ထဲမှာ သွေးမလှူဖူးတဲ့သူ တစ်ယောက်မှ မကျန်ဘူး။ ၂ ခါလောက်တော့ လှူဖူးတဲ့သူတွေချည့်ပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ထိထိရောက်ရောက် အသက်ကယ်နိုင်တဲ့ အလုပ်မို့လို့ နှမျောတွန့်တို […]
ချန်ဂင်တို့စခန်း (၁၄၆)
“စိုး ရေ။ ဘယ်သွားမလို့လဲ ဟင်။” “လမ်းလျှောက်မလို့လေ မလေးရဲ့။ မလေး လိုက်ချင်လို့လား။ လိုက်ချင် လိုက်ခဲ့လေ။” “အို… ဘယ်သွားမှန်းလဲ မသိပဲနဲ့။ ရောက်ချင်ရာတွေ ရောက်ကုန်မှာပေါ့။” “ရောက်ပစေလေ။ ကိစ္စမရှိပါဘူး။ ရောက်ဖို့သွားတာမှ မဟုတ်တာ။ ရောက်ချင်တဲ့ဆီ ရောက်။ လျှောက်ဖြစ်တယ်ဆို ပြီးတဲ့ဟာ။” “သွားမယ့်နေရာ ရေရေရာရာမရှိရင် လမ်းပျောက်နေမှာပေါ့ စိုးရယ်။” “မပျောက်ပါဘူး မလေးရယ်။ ဟိုးမှာကြည့်။ မြင်တယ်မို့လား။မိုးကုပ်စက်ဝိုင်းကြီး။ အဲ့ဒီကို သွားကြမယ်လေ။ ဘယ်ကိုမှ လမ်းလွဲစရာ မရှိဘူး။ ကိုယ့်ရှေ့တုရူတင်။” ကြည်အေး ၁၆ နှစ်သမီးလောက်က ရေးတဲ့ ဝတ္ထုစာသားတွေကို ကျော်ဆွေတို့ ခင်ယုမေတို့ ငယ်ငယ်တုန်းက ရုပ်ကလေးတွေနဲ့ မြင်ယောင်ကြည့်လိုက်ပေါ့။ အချစ်မူး မူးတတ်တဲ့ အသက်အရွယ်လည်း မဟုတ်တော့ဘူး။ အချစ်ရူး ရူးရမယ့် အချိန်အခါလည်း မဟုတ်ပါဘူး။ […]
ချန်ဂင်တို့စခန်း (၁၄၅)
ခုရက်ပိုင်း ကိုယ်တို့တတွေ ညဘက်ကြီး ခွဲခန်းဝင်ရလို့ရှိရင် မီးနင်းပွဲမှာ မီးပုံပေါ် ဖြတ်ပြေးတဲ့ အနဲလေးတွေလိုပဲ။ လှစ်ကနဲ လှစ်ကနဲ ပြေးပြေးလွှားလွှား ဝင်ခွဲရပါတယ်။ လေကြောင်းအန္တရာယ်က စိတ်မှမချရပဲကိုး။ ခွဲခန်းထဲမှာ အချိန်ကြာတာ လူနာအတွက်ရော ကိုယ်တို့တစ်ဖွဲ့လုံးအတွက်ပါ စိတ်မအေးရဘူး။ ခွဲနေတုန်း လေယာဉ်လာရင် ဘယ်သူမှ ကျင်းထဲဆင်းပုန်းမှာမှ မဟုတ်တာ။ ဒါကြောင့် ရွေးစရာမရှိတဲ့အခါမှပဲ ညဘက်ကြီး ခွဲခန်းဝင်ကြတယ်။ ခွဲပြီးရင်လည်း ကလေးတွေကို သိမ်းစရာရှိတာ မနက်ကျမှ ကောက်သိမ်းတော့ လို့ မှာပြီး မြန်မြန် ပြန်ထွက်ရတယ်။ ဒီမှာ အလုပ်လုပ်တဲ့သူတွေအားလုံး ဘေးကင်းလုံခြုံဖို့ ကိုယ့်မှာ တာဝန်ရှိတယ်။ ဟိုဘက်ကကောင်တွေကတော့ ကိုယ်တို့ကို အန္တရာယ်ပြုဖို့ ဝတ္တရား ရှိတယ် မဟုတ်လား။ ပြောမယ့်သာ ပြောတာပါလေ။ ခုရက်ပိုင်း အလုပ်ရှုပ်ချက်ကတော့ အအားကို မနေရပါဘူး။ မခွဲပါဘူး […]