“စစ်ဟာ အေးသွားသလား လေးသွားသလား။ အီသွားသလား အိုင်သွားသလား။” ဆိုရင် ကိုယ်တွေဘက်မှာတော့ ဟုတ်ချင်ဟုတ်ပါလိမ့်မယ်။ စကစ ဘက်မှာတော့ မဟုတ်ပါဘူး။ ညတိုင်း တနေရာမဟုတ် တနေရာ လေယာဉ်မလာတဲ့ရက်ဆိုတာ ရှိမှ မရှိတာ။ အဲ့ဒါ ဘာကိုပြသလဲဆိုရင် သူ့မှာ ပျံစရာ လေယာဉ်ဆီတွေ မကုန်သေးဘူး။ ကျဲချစရာ ဗုံးတွေ မကုန်သေးဘူး။ “စီးပွါးရေးပိတ်ဆို့တာ တို့မမှုပါ” ဆိုပြီး စစ်စားရိတ်တွေ ဖြုန်းနိုင်နေတုန်းပဲ ဆိုတာကိုပါ။ လူနေရပ်ကွက် အိုးအိမ်တွေပေါ်ကို လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်နေတာ ၃ နှစ်ကျော်ကြာနေပြီ။ တကမ္ဘာလုံးက တားဆီးကန့်ကွက်မယ့်သူ မရှိဘူးဆိုတဲ့ ugly truth ကလည်း ဘယ်လိုဆင်ခြေနဲ့မှ ဖုံးဖိလို့မရအောင် ပေါ်လွင်နေပါတယ်။ သူတို့မသိကြလို့လား။ ဒီကသတင်းတွေ မီဒီယာပေါ်မတက်ဘူးလား ဆိုတော့ အဲ့သလိုသတင်းမျိုး ဆိုရှယ်မီဒီယာပေါ်တင်ရင် မထင်မရှားနဲ့ မှေးမှိန်ပျောက်ကွယ်သွားအောင် […]
ချန်ဂင်တို့စခန်း (၂၉၇)
အခုရက်ပိုင်း မိုးပြန်ရွာနေလို့ တချို့ရက်တွေမှာ စာသွားသင်လို့ မရပါဘူး။ ရွှံ့ဗွက်တွေနဲ့ လမ်းတအားချောလွန်းတာရယ်၊ ချောင်းက ရေစီးသန်လွန်းတာရယ်ကြောင့်ပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလကုန်ရင် မိုးကလည်း ကုန်တော့မှာပဲဥစ္စာ။ သွားရလာရခက်ခဲပြီး လေယာဉ်ပေါ်က မမြင်နိုင်တဲ့နေရာမျိုးမှပဲ ကလေးတွေရဲ့အသက်က လုံခြုံမှာပါ။ ကိုယ်တို့က အင်မတန်ယုတ်မာကောက်ကျစ်တဲ့ စစ်အစိုးရကို တော်လှန်နေတာဖြစ်တဲ့အတွက် အရာအားလုံးကို သတိကြီးစွာထားရပါတယ်။ လိုင်းပေါ်က အာချောင်နေရုံသက်သက်မှ မဟုတ်တာ။ ရင်းထားရတဲ့အထဲ ကိုယ့်အသက်လည်းပါတယ်လေ။ ကိုယ်ကတော့ ကိုယ့်အသက်ထက် ကိုယ့်လက်အောက်ငယ်သားတွေရဲ့အသက်ကို ပိုဂရုစိုက်ပါတယ်။ ကိုယ့်မျက်နှာ တစ်ရွာမှတ်ပြီး တောထဲလိုက်နေကြရတာကိုး။ သေမှာ မကြောက်ပေမယ့်လည်း ကိုယ်တစ်ခုခုဖြစ်ရင် သူတို့တတွေ လမ်းပျောက်ပြီး ဒုက္ခရောက်ကြမယ် ဆိုတာသိလို့ ကိုယ့်ကိုယ်ကိုယ်လည်း အန္တရာယ်မဖြစ်အောင် နေရပါတယ်။ နန့်မွန်းမှာ ကိုယ့်ကို ရှမ်းနီတွေ ဖမ်းသွားပါပြီဆိုပြီး သတင်းကြားတဲ့အခါ တဆေးရုံလုံး ထိတ်ထိတ်ပြာပြာနဲ့ ငိုကြယိုကြ ဖြစ်ကြသေးတယ်လေ။ […]
ချန်ဂင်တို့စခန်း (၂၉၆)
“သုံးရွေ့လယ်ဝယ် ဆွေတော်မျိုးတော် မူးတော်မတ်တော် ရှေ့ထက်ဝယ်ကရတဲ့ မင်းသမီးအစုံရယ် သီချင်းကြီးမှ ဂုဏ်ထည်တယ်။” တဲ့။ ဟိုးရှေးရှေးတုန်းက နန်းတော်ထဲမှာ မင်း၊ မိဖုရားကို ခစားရတဲ့ ရံရွေပရိသတ် သုံးမျိုးသုံးစား ရှိတယ် လို့ ဆိုချင်တာနဲ့တူပါတယ်။ “ရွေသုံးရံခြယ် ကြာရိပ်လယ်မှာ” လို့လည်း ရေးကြတယ်လေ။ စိန်ချန်ဂင်ကလေးလည်း သုံးရွေ့လယ်မှာ ပတ်ချာလည်လှည့်ပြီး မမောနိုင်မပန်းနိုင် သီဆိုကပြနေရတာ ရက်တွေမနည်းတော့ပါဘူးကွယ်။ ဒီဘက်ဆေးရုံမှာခွဲလိုက်၊ ဟိုဘက်ဆေးရုံကို ပြေးလိုက်၊ သင်တန်းကျောင်းမှာ စာသင်လိုက်။ တစ်ရက်မှလည်း မနားရဘူး။ ဒီကြားထဲ ညဘက်တရေးနိုး စာထထရေးရတာနဲ့၊ လေယာဉ်လာလို့ ကျင်းထဲဆင်းရတာနဲ့။ ကိုယ်ဘယ်လောက် အိမ်မကပ်တယ် ကပ်တယ်၊ Loki တောင် ကိုယ့်ဆီ သိပ်မကပ်တော့ဘူး။ ကိုယ်တို့စစ္စတာကပဲ သူ့ကို ထမင်းမှန်မှန်ကျွေးနေတာမို့ စစ္စတာ့အခန်းမှာပဲ သွားအိပ်တော့တယ်။ မနက်လည်း လာမနှိုးတော့ဘူး။ “မောင်တို့ယောက်ကျားတွေရယ်” […]
ချန်ဂင်တို့စခန်း (၂၉၅)
ရေဘေးဟာ နှစ်တိုင်းကြုံနေကျ သဘာဝဘေးဖြစ်သွားပေမယ့်လည်း အခုတစ်ခေါက်ကြုံနေရတဲ့ ရေဘေးက အသေအပျောက်၊ အပျက်အစီး အဆုံးအရှုံး အများဆုံးပါပဲ။ “ကပ်ဆေးနေတာလေ။ ကပ်ဘေးသင့်နေတာလေ။ ပစ်မှားကျူးလွန်မိတဲ့ အပြစ်တွေရှိခဲ့လို့ပေါ့။” ဆိုတဲ့စကားကို လက်မခံနိုင်သလို “သဘာဝပတ်ဝန်းကျင်ကြီးက ဘယ်လိုဘယ်ပုံ ဘယ်ချမ်းသာ” ဆိုတဲ့ အကြောင်းပြချက်တွေကိုလည်း နားမထောင်ချင်၊ မဖတ်ချင်ပါဘူး။ “နေပြည်တော်မှာ ဖြစ်တာလေ။ စစ်တပ်နဲ့ တပ်ထောက်ခံသူ ဘောမအသိုင်းအဝိုင်းကလူတွေ ပိုပြီး အထိအခိုက်များမှာပေါ့။” ဆိုတာမျိုးတောင် မတွေးမိဘူး။ အဲ့ဒါတွေ အားလုံး “All absurd” လို့ပဲ ပြောချင်တယ်။ အဓိပ္ပါယ်မရှိတာတွေ ရေးနေပြောနေမယ့်အစား တတ်နိုင်တဲ့ဘက်က ကူညီကယ်ဆယ်ရေးကို ချက်ချင်းလက်ငင်းလုပ်ရမှာ။ ဒါပေမယ့်လည်း ဒုက္ခသည်အများစုကို ဘယ်သူကမှ လာကယ်မှာ မဟုတ်ဘူး ဆိုတာကို သေချာပေါက် သိထားတဲ့အတွက် ကိုယ်တို့ရဲ့လက်တွေ့ဘဝဟာလည်း “All absurd” ပဲ ဖြစ်လို့နေပါတယ်။ […]
ချန်ဂင်တို့စခန်း (၂၉၄)
ခုရက်ပိုင်း ကိုယ်တို့ဆီမှာ အေးဆေးနေပေမယ့် လေယာဉ်တွေက ညတိုင်း တနေရာမဟုတ် တနေရာ ဗုံးကျဲနေပါတယ်။ ကျဲသမျှကလည်း တိုက်ပွဲဖြစ်တဲ့နေရာ၊ စစ်စခန်းချတဲ့နေရာ မဟုတ်ပဲ စစ်ရှောင်စခန်းနဲ့ လူနေရပ်ရွာတွေပေါ်မှာချည့်ပါပဲ။ အဲ့သလို ဗုံးကျဲနေတဲ့သူတွေကို ဘာတစ်ခွန်းမှ ပြစ်တင် ပြောဆိုမယ့်သူ မရှိပဲ အသက်နဲ့လဲ ခုခံကာကွယ်နေတဲ့သူတွေကိုသာ အဘက်ဘက်က ဖိအားပေး တားဆီးနေတာဟာလည်း လူသားမဆန်တဲ့ လုပ်ရပ် ပါပဲ။ အင်အားကြီးနိုင်ငံကြီးတွေဖြစ်ပြီးတော့ လူသတ်မုဒိန်းကောင်တွေဘက်က အားပေးရပ်တည် နေတာ မဟုတ်လား။ မြန်မာပြည်က လူသတ်ပွဲတွေဟာ ဘန်ကောက်က Orgy Live Show တွေလို ပိုက်ဆံရလို့ performance လုပ်ပြနေတယ်ထင်ပြီး အရသာခံ ကြည့်နေတာများလား။ တိုက်ခေါင်မိုးပေါ်ကနေ ၅ ယောက် လက်တွဲပြီးခုန်ချတယ်ဆိုတာ ဘယ်နိုင်ငံက မှုခင်းဖြစ်စဉ်ထဲမှာ ကြားဖူးသလဲ။ ဒီလောက် နှစ်တွေကြာပြီးမှတော့ မြန်မာပြည်က […]
ချန်ဂင်တို့စခန်း (၂၉၃)
ခုရက်ပိုင်း ဆေးရုံမှာ လူနာများလာပါတယ်။ ဟိုဘက်ဆေးရုံက မနိုင်တဲ့လူနာတွေနဲ့ elective operation လုပ်ရမယ့်လူနာတွေကို ဒီပဲ လွှဲစရာရှိတာကြောင့် physician နဲ့လည်း နေ့တိုင်းပြပြနေရသလို ခွဲခန်းကလည်း နေ့တိုင်းရှိလာပါတယ်။ ဒီက ဆရာဝန်မှာလည်း ခွဲလူနာကလေး တစ်နေ့တစ်ယောက်မှ မရှိရင် နေမထိထိုင်မသာမို့ ဒီနေ့ခွဲပြီးရင် မနက်ဖြန် ဘာခွဲစရာရှိသေးလဲ မျှော်နေတာလေ။ ကံကောင်းလွန်းတဲ့သူမို့ ရောဂါဝေဒနာနဲ့လူနာတွေချည့် ခွဲနေရတာ။ သူများတွေဆို ခုရက်ပိုင်း လေယာဉ်နဲ့ဗုံးကျဲခံရတဲ့ သွေးထွက်သံယိုလူနာတွေ နေ့မအား ညမအား ခွဲနေရတာ ရင်နာရလွန်းလို့ အရှင်လတ်လတ် ငရဲကျနေသလိုပဲ။ ကျိန်ဆဲစရာ စကားလုံးလည်း ရှာမရဘူး။ ကိုယ့်ဘက်က ကိုယ်လုပ်နိုင်တဲ့အလုပ်ကို အစွမ်းကုန် တိုးလုပ်ရုံပဲ ရှိတယ်။ ကိုယ်သင်ပေးရမယ့် ဆေးသင်တန်းကို သွားကြည့်တယ်။ စာသင်ဖို့ ပြင်ဆင်တယ်။ နေ့တိုင်း တောနင်းရတာတော့ သေလုအောင် ပင်ပန်းတယ်။ […]