မရောက်တာကြာပြီဖြစ်တဲ့ ရန်ကုန်မြို့ကြီးပေါ်ကို အိပ်မက်ထဲမှာ တစ်ခေါက်ပြန်ရောက်သွားပါတယ်။ တော်တော်ပြောင်းလဲသွားပြီပဲ။ ကိုယ်မရောက်ဖူးတဲ့ ဆိုင်အသစ်တွေ အများကြီး ရှိနေပြီ။ ကိုယ်မသိသေးတဲ့ Shopping Mall အသစ်ကြီးတွေလည်း လူစည်ကားလို့နေပြီ။ ဒါကြီး ဘယ်တုန်းကဖွင့်ပြီး ဘယ်သူတွေ ပိုင်တာပါလိမ့် လို့ တွေးနေတုန်း တစ်ယောက်က ဖြေတယ်။ “အဲ့ဒါ နန်းစိန်တွေ ပိုင်တာလေ။ ဒီကာလအတွင်း သူတို့ စီးပွါးဖြစ်ကြတယ်။” တဲ့။ စစ်တပ်ကလူတွေက သူတို့ပိုင်ဆိုင်မှုတွေကို အရပ်သားနံမည်ခံအောက်ကို ရွှေ့ပြောင်းကြတဲ့အခါ ဌာနဆိုင်ရာ ဝန်ထမ်းအကြီးအကဲတွေ အုပ်စုလိုက် အုပ်စုလိုက် ရင်းနှီး မြှုတ်နှံကြသတဲ့။ စစ်တပ်ရဲ့ ဦး/ပိုင် ဆိုတာ မရှိတော့ပေမယ့် လုပ်ငန်းတူရာ ကုမ္ပဏီအကြီးကြီးတွေက ဈေးကွက်ကို လက်ဝါးကြီး အုပ်ထားသတဲ့။ ငါ့နှယ်နော်။ အိပ်မက်ကလည်း သိပ္ပံဝတ္ထုဆန်လိုက်တာ။ ရန်ကုန်မှာ shopping mall တွေ […]
ချန်ဂင်တို့စခန်း (၂၀၄)
ယုန်ကလေးတွေ မရှိတော့တဲ့အခါ အစာကျွေးနေကျအချိန်တိုင်း ကိုယ့်မှာ ယောင်ချာချာ ဖြစ်ရပါတယ်။ နောက်ထပ်တော့ ဘာကောင်ကိုမှ မမွေးတော့ဘူး လို့ စိတ်ကူးမိတယ်။ သို့သော် ကိုယ့်မှာ လူကလေးတွေကို ပျိုးထောင်ရဦးမယ့် အလုပ် ရှိသေးတယ်။ နှစ်ဆန်းပိုင်းတုန်းက စာသွားသင်ပေးခဲ့တဲ့ ဆေးတပ်သားကလေးတွေ အခု သင်တန်းဆင်းလာကြပြီ။ ဒီအခါမှာ လက်တွေ့ အလုပ်သင်ဆင်းဖို့ ကိုယ့်ဆေးရုံကလေးဆီ လိုက်လာကြတယ်။ တစ်ခါတည်းတော့ အကုန်မခေါ်နိုင်ဘူးလေ။ ဆယ်ယောက်တစ်စုလောက် အလှည့်ကျလာကြရင်တော့ အဆင်ပြေပါတယ်။ အဲ့လိုနဲ့ပဲ ယုန်တစ်ဒါဇင် မရှိတော့တဲ့နောက် လူတစ်ဒါဇင် ဆက်မွေးရဦးမှာပေါ့လေ။ ယုန်စာကို ကိုယ်ကကျွေးပေမယ့် လူစာကို သူတို့တပ်က ကျွေးလို့ တော်သေးတာပေါ့။ ကိုယ့်ဆေးရုံမှာလည်း လူ ၁၅ ယောက်လောက် အလုပ်လုပ်နေကြတာဆိုတော့ လူနာများလာလည်း နိုင်နိုင်နင်းနင်းပဲ ဆေးကုနိုင်ပါတယ်။ လိုအပ်သမျှ အလျဉ်မီအောင် ဖြည့်ဆည်းပေးရတာပဲ ရှိတယ်။ […]
ချန်ဂင်တို့စခန်း (၂၀၃)
ဒီနေ့တော်တော် စိတ်မကောင်းဖြစ်ရတယ်။ စိတ်လည်းတိုရတယ်။ နေ့ခင်းက ကိုယ်တို့ ခွဲခန်းဝင်နေတုန်း ခဏလေးမှာ အိမ်ဘေးက ယုန်ခြံထဲကို အကောင်တစ်ကောင်ကောင် ဝင်လာပြီး အကုန်ကိုက်သတ်သွားတယ်။ စားချင်လို့ကိုက်ရင် တစ်ကောင်ပေါ့။ အခုတော့ အကုန်သေကုန်ပြီ။ တချို့အကောင်တွေက ခြေထောက်ကလေးတွေ မရှိတော့ဘူး။ ခြံထဲမှာ ၂ ကောင်၊ ခြံပြင်မှာ ၂ ကောင် သေနေတယ်။ တစ်ကောင်တော့ အစအန ရှာမရဘူး။ ချီသွားသလား လွတ်သွားသလား မသိ။ သနားပါတယ်။ သူတို့ခမျာ ကြောက်ရှာကြမှာပဲ။ ခုရက်ပိုင်း အိမ်ဘေးမှာ ကျွဲတွေနွားတွေက တရုန်းရုန်းနဲ့ တချိန်လုံး မောင်းထုတ်နေရတာ။ အဝတ်တွေ လှမ်းထားရင် ဆပ်ပြာနံ့ရလို့ အကုန်ဆွဲစားတယ်လေ။ ညဆိုလည်း မပြန်ကြဘူး။ ရေချိုးခန်းထဲဝင်ပြီး ဆပ်ပြာရည်ဗူးတွေ ဝါးစားကြတယ်။ ဒီကောင်တွေလာရင် ရွာထဲက ခွေးတွေလည်း ပါလာတာပေါ့။ ခြံထဲဝင်ပြီး […]
ချန်ဂင်တို့စခန်း (၂၀၂)
ဒီဆေးရုံကိုရောက်လာတဲ့ ကာလအတွင်းကျမှ ကိုယ့်ရဲ့ ဆရာဝန်သက်တမ်းတလျှောက်မှာ အရင်ကနဲ့မတူတဲ့ ထူးထူးခြားခြား အတွေ့အကြုံတွေ ရလာတာ မနည်းဘူး။ လောက်ကိုင်မှာတုန်းက လူ ၂၀ လောက် ငှက်ဖျားပိုးတွေ့ရင် malaria outbreak ဖြစ်ပါပြီဆိုပြီး ထအော်တတ်တဲ့ ကိုယ်ဟာ ဒီမှာ တစ်လကို လူ ၂၀၀ လောက် ငှက်ဖျားဖြစ်တော့ အော်တောင် မအော်နိုင်တော့ဘူး။ GP လုပ်ခဲ့တုန်းက တုပ်ကွေးရာသီဆို ပျော်ရမလို မော်ရမလို ဖြစ်ခဲ့ဖူးသော်လည်း အခုလောလောဆယ် ရာသီတုပ်ကွေးနဲ့ ဆေးရုံကို တစ်နေ့ လူနာ ၁၀၀ နီးပါး လာပြနေတဲ့အခါ ပြုံးလည်း မပြုံးနိုင် ပျော်လည်း မပျော်နိုင်တော့ဘူး။ ဆေးသာကုနေကြရတယ်။ ကုတဲ့သူတွေကိုယ်တိုင်လည်း အချင်းချင်း ဆေးထိုးလိုက် ဆေးသောက်လိုက်နဲ့ ကုနေရတာ။ ဆေးဝယ်မရပါဘူးဆိုမှ ဆေးတွေကုန်တာ သောက်သောက်လဲ။ ပါရာစီတမော […]
ချန်ဂင်တို့စခန်း (၂၀၁)
လူတိုင်းမှာ အနာဂတ်ကာလနဲ့ပါတ်သက်ပြီး ဘာလုပ်ချင်တယ် ဘာဖြစ်ချင်တယ် ဆိုတဲ့ အကြံအစည် စိတ်ကူးစိတ်သန်းကလေးတွေ ရှိကြတာပါပဲ။ ဒါပေမယ့် ကြံစည်တိုင်းလည်း ဖြစ်မလာဘူးလေ ဆိုသလိုပေါ့။ ကိုယ်မျှော်မှန်းထားတာတွေနဲ့ လက်တွေ့ဖြစ်လာတာနဲ့ တလွဲစီဖြစ်နေတာလည်း ရှိတတ်ပါတယ်။ ယုန်ပေါက်ကလေးတွေ ပြေးလွှားဆော့ကစားနေကြတဲ့အခါ သူတို့ကျယ်ကျယ်ဝန်းဝန်းနေရဖို့ ခြံစည်းရိုးလေး ဘေးဘက်ကို ချဲ့လိုက်မယ် လို့ စိတ်ကူးနေတာ။ ဒါပေမယ့် ဘယ်လိုဖြစ်တယ် မသိဘူး။ တစ်ကောင်ပြီးတစ်ကောင် သေကုန်တာ တစ်ကောင်ပဲ ကျန်တော့တယ်။ အိမ်ထဲခေါ်ပြီး သပ်သပ်စီ ခွဲထားလည်း သေတယ်။ စိတ်ထဲမှာ မကောင်းဘူးလေ။ သတ္တဝါလေးတွေကို သံယောဇဉ်ထားရတာလည်း စိတ်ပင်ပန်းရတာပါကလား။ ဆက်တောင် မွေးချင်စိတ် ပျောက်သွားတယ်။ ကိုယ့်မှာ ခံစားရတာတွေများတယ်။ ထပ်ပြီး မခံစားချင်တော့ဘူး။ ယုန်သေတာကို စာအရှည်ကြီး ရေးဖို့ပြင်နေတယ်။ ကိုယ့်အနီးအနားမှာ လူတွေသေတာမှ အားမနာ။ ဟုတ်တာပေါ့။ ကိုဗစ်လူနာကြီးတုန်းကလည်း […]
ချန်ဂင်တို့စခန်း (၂၀၀)
ယုန်ကလေးတွေ နို့ခွဲပြီ။ သူတို့မှာ ရှေ့သွားလေးတွေပေါက်လာတော့ နို့စို့ရင် နာလို့ထင်တယ်။ ယုန်မေမေက ရုန်းရှာတယ်။ ကန်စွန်းရွက်ကလေးတွေလည်း ပိုးလို့ပက်လက်လန်အောင် ကိုက်စားနေကြတော့ နို့ဆက်မတိုက်တော့ပဲ အရွက်ပြောင်းကျွေးတယ်။ အဲ့ဒီအခါကျတော့ အင်အင်းလေးတွေ ပါလာပြီမို့ အိပ်ခန်းထဲမှာ မထားတော့ပဲ ခြံထဲပြန်ပို့လိုက်တယ်။ ခုန်ပေါက်ပြေးလွှားနေပြီ။ အမွှေးဖွားဖွားနဲ့ ချစ်စရာလေးတွေ။ အကြီးတွေ ကပ်လာတိုင်း သူတို့အမေအမှတ်နဲ့ နို့ဆွဲဆွဲလို့ သူတို့ကိုတောင် အကြီးတွေက ပြန်ကြောက်နေရသေး။ နောက်တော့ သင်စရာပြစရာမလိုပဲ သူတို့အမေတူးထားတဲ့ ကျင်းကလေးထဲ အကုန်ဝင်ဝင်အိပ်နေကြတယ်။ ပျောက်လို့ရှာရင် အဲ့ဒီထဲမှာချည့်ပဲ။ တစ်ကောင်ကတော့ ခြံစည်းရိုးပျဉ်ချပ်ကြားကတိုးထွက်ပြီး အိမ်ဘေးက ခြုံထဲရောက်နေလို့ ပြန်ခေါ်ထားရတယ်။ ငယ်သေးတော့ လွတ်အောင် မပြေးတတ်သေးဘူး။ အပြင်ကကောင်များဖြင့် လူသာ အကပ်ခံတာ။ ခြံထဲထည့်ရင် ချက်ချင်းပြန်ခုန်ထွက်တယ်။ မနေဘူး။ ဒီလကုန်လောက်ဆို သူ့အမေ နောက်တစ်သားပေါက်လိမ့်မယ် ထင်တယ်။ ခြံချဲ့ဦးမှပါ။ […]