“ဗိုလ်ချုပ်ဈေး ပေါင်ချိန်စက် ပေါင်ချိန်တုန်ူး ဟောတဲ့အကြောင်းလေး အချစ်ရေးမကောင်းနိုင်ဘူး။ ဆင်ခြင်ပါ သတိပြုတဲ့။” ငယ်ငယ်တုန်းက စကော့ဈေးကိုသွားရင် အမြဲတမ်း မလုပ်မဖြစ် လုပ်တဲ့အလုပ်ကတော့ ပေါင်ချိန်စက်ကြီးမှာ ဝင်ချိန်တာပါ။ “တစ်ပါတ်နဲ့တစ်ပါတ် ကိုယ်အလေးချိန် ဘယ်လောက်များ တက်ကျသွားမှာမို့လဲ။”ဆိုပေမယ့် ကိုယ်က Body Weight ချည့်ပဲ သိချင်တာ မဟုတ်ပါဘူး။ ပေါင်ချိန်ကဒ်ကလေးမှာပါတဲ့ ဗေဒင်ကလေးလည်း ဖတ်ချင်သေးတာကိုး။ ဗေဒင်ကို တော်တော်ယုံလို့လားဆိုတော့ ယုံလို့လည်းမဟုတ် မယုံလို့လည်း မဟုတ်ပါဘူး။ အဲ့ဒါလေးတွေ ဖတ်ရတာ ပျော်လို့ပါ။ စကော့ဈေးမသွားဖြစ်ရင်လည်း မဟေသီမဂ္ဂဇင်း ငှါးဖတ်တဲ့အခါ ကိုယ့်မွေးဇာတာ ရာသီခွင်အလိုက် တစ်လစာ ဗေဒင်ဟောစာတမ်းကလေးတွေ ဖတ်ဖြစ်အောင် ဖတ်သေးတာပဲ။ အခုနောက်ပိုင်း ကြီးတောင့်ကြီးမားတောင်မှပဲ City Mart မှာ ဈေးဝယ်လို့ ငွေရှင်းကောင်တာနားရောက်ရင် စံဇာနည်ဘို ရဲ့ တစ်နှစ်စာဟောစာတမ်းစာအုပ်ကလေးတွေ ကောက်ထည့်လာတတ်သေးတယ်။ […]
ချန်ဂင်တို့စခန်း (၂၀၉)
လိုင်ဆာက စစ်ရှောင်စခန်းမှာ စစ်ဘေးဒုက္ခသည်တွေကို ညသန်းခေါင်အချိန်ကြီး လေယာဉ်နဲ့ ဗုံးလာကျဲပြီးတဲ့နောက်မှာ ကိုယ်တို့လည်း လေကြောင်းအန္တရာယ်အတွက် သတိဝီရိယနဲ့ နေကြရပါတယ်။ မာရ်နတ်ဆိုးကြီးတောင် မြန်မာစစ်သားတွေလောက် မကောက်ကျစ် မယုတ်မာနိုင်တော့တဲ့ ကာလမှာ သူတို့တိုင်းပြည် လူလာဖြစ်ရတော့ ဘယ်တတ်နိုင်မှာလဲ။ မြန်မြန်သေတော့လည်း မြန်မြန်ဝဋ်ကျွတ်တာပေါ့။ ဒီကောင်တွေနဲ့ တခေတ်တည်း တနိုင်ငံတည်း လူလာဖြစ်ရတာတောင် အသည်းနာလှပြီ။ ငါတို့ကို ကုန်အောင်ရှင်းနိုင်ရင်ရှင်းပေါ့။ မရှင်းနိုင်လို့ကတော့ သိတယ်မှလား။ လေကုန်တယ်။ မပြောတော့ဘူး။ “အရမ်းကိုပေါက်ကွဲနေပါလား။ ဒေါသူပုန်ထနေပါလား။” လို့ မထင်ပါနဲ့။ ဒါ ပထမဆုံးမှ မဟုတ်တာ။ နောက်ဆုံးလည်း မဟုတ်မှန်း သိတယ်။ အဲ့ဒါကြောင့် ဘယ့်နှယ်မှ ထူးမခံစားရဘူး။ ကိုယ်လုပ်စရာရှိတဲ့အလုပ် ပြတ်အောင်လုပ်ရုံပဲ ရှိတယ်။ ပြောရမယ်ဆိုရင် ဒီတော်လှန်ရေးအလုပ်ကို ချစ်ခြင်းမုန်းခြင်း ကင်းကင်းနဲ့ကိုလုပ်နေတာ။ အလွန်အမင်း စွန့်ခြင်းကြီးငါးလီနဲ့လည်း လုပ်တယ်။ အဲ့ဒီ […]
ချန်ဂင်တို့စခန်း (၂၀၈)
“ငွေလဝန်း အစဉ်အမြဲမသာပါဘူး။ စမ်းရေတိုင်း မအေးဘူး။ ပန်းကလေးတွေများဟာလည်း အမြဲမမွှေးဘူး။ မထူးဆန်းဘူး။” တဲ့။ ဆရာစိုးလည်း ထာဝစဉ် မပျော်နိုင်ပါဘူး။ သူများကို မိုတီပေးပေးနေတဲ့သူမို့ ကိုယ့်ကိုယ်ကိုယ် ပေါ့စတစ်ဗိုက်ကလေးနဲ့ မောင်းနှင်ပြီး အမြဲတမ်း ပျော်ရွှင်ကြည်နူး တစ်တီတူး ဖြစ်နေလိမ့်မယ် ထင်လို့လား။ ဆရာစိုးမှာလည်း စိတ်ညစ်တဲ့အချိန်၊ စိတ်ဓါတ်ကျတဲ့အချိန်၊ စိတ်ဆင်းရဲတဲ့ အချိန်တွေ ရှိတာပါပဲ။ ကံကြမ္မာဆိုတာက ချိုတလှည့် ခါးတလှည့်တဲ့။ ဘယ်တတ်နိုင်မလဲ။ တခါတရံမှာ ခါးသည်းလည်း ကျော်ဖြတ်လိုက်ပေါ့နော့။ သူ စိတ်ညစ်တာကလည်း သီချင်းတွေ ကုန်တော့မယ်။ မတတ်နိုင်ဘူးလေ။ နားထဲမှာ ကြားနေတာကိုး။ ပါးစပ်ကတော့ မဆိုနိုင်တာ ကြာလှပါပြီ။ တောကားတောင်ကား နောက်ခံနဲ့ စခန်းချ မြိုင်ထ နှစ်ပါးသွားလေး ကတယ်ဆိုတာ ဇာတ်ခုံပေါ်မှာပဲ ဖြစ်နိုင်ပါလိမ့်မယ်။ ဒီမှာတော့ အချစ်ဟာ ကြိုခင်းထားတဲ့ […]
ချန်ဂင်တို့စခန်း (၂၀၇)
“သည်ယုန်မြင်လို့ သည်ခြုံထွင်တယ်” တဲ့။ ဟုတ်သားပဲ။ အိမ်နောက်ဖေးမှာ အစာလာလာတောင်းတဲ့ ယုန်ကလေးမောင်ကျန် ပေါ်မလာလို့ အိမ်နောက်ကခြုံတွေထဲ ဓါးတစ်ချောင်းနဲ့ လမ်းရှင်းရှင်းပြီး ဝင်ကြည့်တယ်။ သစ်ပင်အောက်မှာ ခြုံ၊ ခြုံအောက်မှာ မြေပြောင်ပြောင်ရှင်းရှင်းလေးတွေ ရှိသားပဲ။ ဘုတ်ငှက်ကလေးတွေ သုတ်ကနဲသုတ်ကနဲ ပြေးဝင်သွားကြတာ။ တောကြက်ကလေးတွေလည်း တွေ့ဖူးတယ်။ သူတို့က ပျံတောင်ပျံတတ်သေး။ ကိုယ်တို့လည်း ရန်သူလာရင် လှစ်ကနဲ ကိုယ်ရောင်ဖျောက်နိုင်ဖို့ တမှော်ရုံတိုး တခြုံလျှိုး လုပ်ချင်လုပ်ရမှာပေါ့။ တောဆိုတာ ပုန်းလို့ခိုလို့ ကောင်းတယ်။ လေယာဉ်ပေါ်ကလည်း မရှာနိုင်သလို ဒရုံးနဲ့ ပျံလာလို့လည်း မမြင်နိုင်ဘူး။ လူတစ်ကိုယ်စာ ဝင်တိုးလို့ရမယ့် ဟာကွက်ကလေးတွေ ဘယ်နေရာမှာမဆို ရှိတယ်။ ရန်ကုန်ဘတ်စကားစီးသလို ငါးဖယ်တိုးလေး တိုးတတ်ရင် ရပြီ။ ဘယ်ဘက်ကိုသွားရင် ဘယ်ရောက်မလဲ သိဖို့ပဲ အရေးကြီးတာ။ နေလာတာ ၂ နှစ်တောင် […]
ချန်ဂင်တို့စခန်း (၂၀၆)
ယုန်ကလေးတွေ အကုန်ကုန်သွားပေမယ့် အပြင်မှာ သူ့ဘာသူနေတဲ့ တစ်ကောင်တော့ ကျန်သေးတယ်။ သူက နဂိုကတည်းက ခြံထဲမှာထားရင် မနေဘူး။ လှစ်ကနဲနေအောင် ခုန်ခုန်ထွက်တယ်။ ဒါပေမယ့် ခြံအပြင်ကနေ နှုတ်သီးချင်း လာလာတို့ပြီး စကားပြောလေ့ရှိတယ်။ အစာကျွေးနေကျ ကိုယ့်ကိုတော့ မှတ်မိသားပဲ။ တခြားသူတွေလာရင် ပြန်ပြေးတယ်။ အရင်တုန်းက အိမ်ဘေးခြုံထဲမှာနေပေမယ့် ခွေးတွေလာဆွဲပြီးနောက်ပိုင်း သူ အဲ့ဒီဘက်ကို မလာတော့ဘူး။ အိမ်နောက်ဘေးက တောတန်းလေးထဲ ပြောင်းနေတယ်။ မနက်မနက် အစာလာမတောင်းတော့လို့ မရှိတော့ဘူး ထင်နေတာ။ ခုရက်ပိုင်းကျမှ အိမ်နောက်ဘက်မှာ တွေ့တွေ့နေတယ်။ သူလာတာမြင်ရင်တော့ အစာသွားသွား ကျွေးပါတယ်။ သူက လျင်တယ်လေ။ တစိမ်းဆိုရင် အကပ်မခံဘူး။ ဟိုးခပ်ဝေးဝေးက ခွေးကိုမြင်ရင် လှစ်ကနဲ ပျောက်သွားရော။ သတိအမြဲရှိတယ်။ အဲ့ဒါကြောင့် သူတစ်ကောင်တည်း အသက်ရှင်ကျန်ရစ်တာ။ တောထဲတောင်ထဲနေတယ်ဆိုတာ သည်လိုပါပဲ။ […]
ချန်ဂင်တို့စခန်း (၂၀၅)
မရောက်တာကြာပြီဖြစ်တဲ့ ရန်ကုန်မြို့ကြီးပေါ်ကို အိပ်မက်ထဲမှာ တစ်ခေါက်ပြန်ရောက်သွားပါတယ်။ တော်တော်ပြောင်းလဲသွားပြီပဲ။ ကိုယ်မရောက်ဖူးတဲ့ ဆိုင်အသစ်တွေ အများကြီး ရှိနေပြီ။ ကိုယ်မသိသေးတဲ့ Shopping Mall အသစ်ကြီးတွေလည်း လူစည်ကားလို့နေပြီ။ ဒါကြီး ဘယ်တုန်းကဖွင့်ပြီး ဘယ်သူတွေ ပိုင်တာပါလိမ့် လို့ တွေးနေတုန်း တစ်ယောက်က ဖြေတယ်။ “အဲ့ဒါ နန်းစိန်တွေ ပိုင်တာလေ။ ဒီကာလအတွင်း သူတို့ စီးပွါးဖြစ်ကြတယ်။” တဲ့။ စစ်တပ်ကလူတွေက သူတို့ပိုင်ဆိုင်မှုတွေကို အရပ်သားနံမည်ခံအောက်ကို ရွှေ့ပြောင်းကြတဲ့အခါ ဌာနဆိုင်ရာ ဝန်ထမ်းအကြီးအကဲတွေ အုပ်စုလိုက် အုပ်စုလိုက် ရင်းနှီး မြှုတ်နှံကြသတဲ့။ စစ်တပ်ရဲ့ ဦး/ပိုင် ဆိုတာ မရှိတော့ပေမယ့် လုပ်ငန်းတူရာ ကုမ္ပဏီအကြီးကြီးတွေက ဈေးကွက်ကို လက်ဝါးကြီး အုပ်ထားသတဲ့။ ငါ့နှယ်နော်။ အိပ်မက်ကလည်း သိပ္ပံဝတ္ထုဆန်လိုက်တာ။ ရန်ကုန်မှာ shopping mall တွေ […]