ဘူတန်မှာ ဘုရားရှိခိုးကြတဲ့အခါ မတ်တပ်ရပ်လျက်ကနေ မှောက်လျားကြီးထိုးပြီး ရှိခိုးလေ့ရှိကြတယ် လို့ ပြောခဲ့ဖူးပါတယ်။ ဗုဒ္ဓဂါယာ ဘုရားဖူးသွားတုန်းကဆို ဘယ်သူ ဘယ်လို ရှိခိုးသလဲ ကြည့်ရင် ဘယ်နိုင်ငံက လာသလဲ ခန့်မှန်းလို့ ရတယ်။ လက်အုပ်ချီပြီး ဦးချတာချင်း တူတာတောင် မြန်မာတွေ ဦးချနည်းက ထိုင်းတွေနဲ့ မတူဘူး။ သူတို့က ခါးစောင်းလေးလိမ်ပြီး ဦးချတယ်။ လေယာဉ်မယ်လေးတွေ လက်အုပ်ချီ နှုတ်ဆက်တာတောင် ဆာဝါဒီးခပ်က ရင်ညွန့်အောက်မှာ နှိမ့်ထားတယ်။ နမာ့စတေးက မေးစေ့နားအထိကပ်ထားပြီး ခေါင်းလေးယမ်းတာ အဆစ်ပါတယ်။ ဗမာတွေလက်အုပ်ချီရင်တော့ “ဘဘဗိုလ်ချုပ်ကြီး ကျန်းမာပါစေ။” ဆိုတဲ့ ကပ်ဖားရပ်ဖား မျက်နှာပေးတွေ အဆစ်ပါလာမလား မသိဘူး။ တရုတ်တွေဆီမှာကျတော့ ရှောင်လင်ဘုန်းကြီးတွေလို လက်ဖဝါးလေးတစ်ဘက်ထောင်ပြီး “အော်မီတော်ဖော်” အော်လိုက်ရုံပဲ။ ဂျပန်တွေကျတော့ လက်ဖဝါးနှစ်ဘက်ကို ခြင်ရိုက်သလို ဖျန်းကနဲမြည်အောင်ရိုက်ပြီးမှ မျက်လုံးလေးစုံမှိတ် […]
နယ်စည်းမခြား သွေးချင်းများ
နယ်တွေကိုရောက်ပြီး အချိန်ကြာကြာနေရတဲ့အခါ အဲ့ဒီဒေသရဲ့ ပထဝီတွေ သမိုင်းတွေလိုပဲ ဌာနေတိုင်းရင်းသားတွေရဲ့ မနုဿဗေဒ နောက်ခံတွေကလည်း စိတ်ဝင်စားစရာ ကောင်းလာပါတယ်။ ရှမ်း/မြောက်မှာတုန်းက ကိုးကန့်တိုင်းရင်းသား၊ ဝတိုင်းရင်းသား နဲ့ ပလောင်၊ မြောင်စီးတွေဟာ တမြေတည်း တရေတည်းပေမယ့်လည်း ရုပ်ထွက်၊ မျက်နှာပေါက်၊ ခန္ဓာကိုယ်အချိုးအဆစ်ချင်းက မြင်တာနဲ့ ကွဲပြားခြားနားတယ်။ ရှမ်းချင်းအတူတူမှာလည်း မိုးညှင်း၊ မိုးကောင်းဘက်က ရှမ်းကြီး/ ရှမ်းနီ နဲ့ ကျိုင်းတုံ၊ တာချီလိတ်ရှမ်း သပ်သပ်စီ မြင််ရလိမ့်မယ်။ မနုဿဗေဒဇစ်မြစ်ချင်း မတူကြပဲကိုး။ မကြီးဟုန်ရဲ့ ဗီဒီယိုတွေကြည့်ပြီး ရှောင်ကောကောလေးတွေကို “အိုး ရယ်ချင်တယ်။ ဒါ အကုန်ပဲလား။ ကိုကိုရယ်။” ဆို လှောင်နေတဲ့သူတွေလည်း Anthropology လေးဘာလေး လေ့လာတီးခေါက်ဖို့ ကောင်းပါတယ်။ ဒေလီမှာ ကလပ်ထဲရောက်သွားတုန်းကဆို ကိုယ့်မှာ သိပ်အားငယ်ရတာပဲ။ ကိုယ်တစ်ယောက်တည်း မျက်နှာပြောင်ကြီးနဲ့ […]
သိုင်းလောကတွင် ကျင်လည်စဉ်က
ဆေးကျောင်းတုန်းက ကိုယ့်သူငယ်ချင်းတွေဟာ ကိုယ့်ကို တနေ့သောအခါ ဆာဂျင်ဖြစ်လာလိမ့်မယ် လို့ ဘယ်သူကမှ ထင်မထားပါဘူး။ M Sc ဝင်ခွင့်အောင်တဲ့အခါ ကိုယ့်ရဲ့ ဌာနမှူး မမအန်းကလည်း စာစစ်လာသူ ဆရာမကြီးများကို “ကိုစိုးမင်းလို နုနုဖတ်ဖတ်ကလေးက ဆာဂျင်ဖြစ်လာလိမ့်မယ် လို့ ထင်မထားခဲ့ဘူး။” လို့ပြောတယ်။ “ဟုတ်ပါတယ်။ မို့လည်း ထင်မထားဘူး။” လို့ ပြုံးမျက်ရည်လေးနဲ့ အကယ်ဒမီ ယူပြရမလား မသိ။ ဆာဂျင်ဖြစ်ဖို့ ဆိုတာ ကိုယ့်ငယ်ဘဝအိပ်မက်တွေထဲမှာတော့ ဘယ်တုန်းကမှ မပါခဲ့တာ အမှန်ပါ။ Surgical Society က ကိုယ်နဲ့ အင်မတန် စိမ်းပါတယ်။ စိမ်းဆို 3 rd MB တုန်းက ကျောင်းတွေပိတ်သွားလို့ Surgical ward ကို ကောင်းကောင်းမဆင်းလိုက်ရဘူး။ Part 2 ကျတော့လည်း […]
မြမရှား စိန်မရှား အလွန်ပင်များသည်ကို
“ရတနာစိန်ကျောက် ဇယ်တောက်တမ်း ကစားရအောင်လေ။” တဲ့။ ရွှေဆိုင်ကြော်ငြာထဲမှာ မင်းသမီးလေးက စိန်တွေရွှေတွေ ညွှတ်နေအောင် ဝတ်ပြရင် မြင်သူတိုင်းက ငေးကြည့်ရတာပဲ။ ပွဲလမ်းသဘင်တွေမှာ အချင်းချင်းတွေ့ရင်လည်း ဘယ်သူဘာဝတ်လာတယ် အရေးတယူကြည့်ကြ၊ အကဲခတ်ကြတာ မဟုတ်လား။ အကယ်ဒမီပေးပွဲကြီးမှာလည်း ဘယ်သူကဖြင့် သရုပ်ဆောင်ကောင်းလိုက်တာ၊ ဘယ်သူလေးက လှလိုက်တာ လို့ သတင်းမတက်ပဲ ဘယ်သူဝတ်ထားတာကဖြင့် ဘယ်လောက်တောင် တန်ကြေးရှိတယ် ဆိုတဲ့ အကြောင်းတွေပဲ ဖတ်ရတော့ ကိုယ့်မှာ အံ့ဩလိုက်တာများ။ အေးလေ။ အင်္ဂလန်က ဘုရင်မကြီးနဲ့ တော်ဝင်မျိုးနွယ်တွေ တက်လာရင်လည်း လူကိုတစက်လေးမှ ကြည့်ဖော်မရပဲ “အောင်မယ်လေး။ ကြည့်စမ်း။ ကြည့်စမ်း။ သူဝတ်ထားတဲ့ဟာက ဟိုးပဝေသဏီ ဘယ်ဘုရင်မကြီးလက်ထက်က ဘယ်သူ့ဆီကဆက်သတဲ့ လက်ဆောင်ပေါ့။ စိန်ကြီး၊ မြကြီး၊ ပတ္တမြားကြီးက ကာရက်ချိန် ဘယ်လောက်၊ အလုံးရေပေါင်းက ဘယ်နှစ်ထောင်ကျော်၊ ကာလပေါက်ဈေးနဲ့ဆို […]
အကြင်နာစစ်ရင်
ဒီမှာရောက်နေတာ လေးနှစ်ရှိပြီဆိုတော့ ရာသီအပြောင်းအလဲတွေက အဆန်းတကြယ် မရှိတော့ပါဘူး။ နေသားကျလာပြီ လို့ ဆိုရမယ်။ အခုက မိုးတွင်းဆိုတော့ မိုးတွေ တအားရွာတယ်။ ချောင်းရေတွေ မြင့်တက်လာပြီး တခါတခါ တောင်ကျရေတွေ တလဟော ဆင်းလာတတ်တယ်။ တချို့နေရာတွေမှာ ကမ်းပါးပြိုပြီး တံတားလေးတွေ မျောပါသွားကြတယ်။ လွင်ပြင်ချိုင့်ဝှမ်းတွေက ရေပြင်ကျယ်ကြီး ဖြစ်သွားတယ်။ ဒါတွေက နှစ်တိုင်းဖြစ်နေကျ အပြောင်းအလဲတွေပါ။ ငှက်ဖျားတွေ မတရားပေါတဲ့ရာသီ ရောက်လာပြီလေ။ ကိုယ်တို့လည်း ငှက်ဖျားဖြစ်ကြတယ်။ ဒါလည်း မထူးဆန်းတဲ့ကိစ္စ။ မနှစ်က ဆေးသင်တန်းဆင်းသွားတဲ့ကလေးတွေဆို ရောက်ရာအရပ်မှာ ငှက်ဖျားကုနိုင်ပါလိမ့်မယ်။ ဆေးရဖို့ကတော့ တော်တော်ရုန်းကန်ရမှာပေါ့။ စစ်ခွေးတွေက လေယာဉ်နဲ့တင် ဗုံးကြဲတာ မဟုတ်ဘူး။ ဆေးဝါးသယ်တဲ့လမ်းကြောင်းမှာလည်း ဒလန်တွေ၊ ထောက်လှမ်းရေးတွေနဲ့ အသည်းအသန် ဖမ်းဆီးသိမ်းယူနေတယ်။ ကိုယ်တို့ဘက်မှာ ထောက်ပို့ နဲ့ ထောက်လှမ်းရေးတွေ အရေးတကြီး […]
လာမယ့်နှစ်မှာ ရည်းစားထားမယ်
“သတိရတိုင်း မေတ္တာပို့တယ်။ ဘယ်ဆီများ ရောက်လို့နေတာလဲ။ အချေ့ရယ်။” ဟော တွေ့ပါပြီဗျာ။ မေတ္တာတွေလည်းစူး။ သစ္စာတွေလည်းစူး။ ဘုရားရော ကျမ်းရောစူးကုန်တာ။ မီးသွေးတုံးလေးပဲ ကျန်တယ်။ ဖားဆောင်းသားတွေ ဘယ်လောက်များ ပျော်နေကြမလဲ မသိ။ ကိုယ်တောင် တော်တော် ပျော်နေမှပဲကို။ ဘယ်ပြောနိုင်မလဲ။ အဲ့ဒီနှစ်ကောင်က ကိုယ်တို့ဆေးရုံကို အကြိမ်ကြိမ် လာကြဲခဲ့တဲ့ကောင်တွေလည်း ဖြစ်နိုင်တာပေါ့။ လိပ်စာများသိလို့ကတော့ အိမ်တိုင်ယာရောက်တောင် ဟဟ သွားပေးချင်သေး။ ကိုယ်လိုပဲ မေတ္တာဝိုင်းပို့နေကြတဲ့သူတွေလည်း ရှိဦးမှာပါလေ။ တစ်ယောက်ချင်းကျိန်ဆဲတာ မထိရောက်ဘူးလို့ ထင်နေရင် သန်းနဲ့ချီသော လူသားများရဲ့အမုန်းကျိန်စာက ဘယ်လိုနေသလဲ ခံစားကြည့်လိုက်ပေါ့။ နာရေးဓါတ်ပုံလေး တင်ကြည့်ပါလား။ ဝက်ဝက်ကိုကွဲနေမှာ။ ကမ္ဘာကြီးက ပျက်ကာနီးလို့ judgment day များ ရောက်နေပြီလား မပြောတတ်။ အကုသိုလ်ကောင် အစုအဝေးကြီးဟာ အရေခြုံမျက်နှာဖုံးတွေ ကွာပြီး တူရာတူရာ […]