ချန်ဂင်တို့စခန်း (၂၄၁)

“ပွဲဦးစရန် ခုနစ်သံချီဆွယ် ဪ သွားလိုက်ကြတာ လူတွေ မနည်းတယ်။ လာလေ။ စောစောသွားမှ တို့နေရာရမယ်။” ဘယ်နေရာမှာ ဘာပွဲရှိသလဲရယ်လို့ အချိန်နှင့်အမျှ စောင့်မျှော်နားဆင်နေကြတဲ့ သောတရှင်အပေါင်းတို့ရေ။ ချန်ဂင်တို့ဆီမှာလည်း ပွဲတွေ က တော့မှာပါနော်။ ပင်ခေါင်တိုင် သပြေကိုင်းနဲ့ နေမှိုင်းတော့ ရွှေဆိုင်းက ဗေထိဆော်နေပါပြီ။ သို့ပေမယ့်လည်း ဒီမှာ ကမယ့်ပွဲက စစ်ပွဲမို့လို့ “ပြေးလိုက်ကြတာ လူတွေမနည်းတယ်။” လို့ပဲ ပြောရမှာပေါ့။ အစောပိုင်းကတည်းက စုဆောင်းရေးကြောင့် ကျီးလန့်စာစားဖြစ်နေရတဲ့ ရပ်တွေရွာတွေဟာ ပွဲစမယ့် အရိပ်အယောင်မြင်တာနဲ့ တိတ်ဆိတ်ခြောက်ကပ် သွားတာပါပဲ။ ကိုယ်တို့အဖွဲ့ကတော့ “လာလေ။ စောစောသွားမှ တို့နေရာရမယ်။” ဆိုတဲ့အထဲပါသဗျ။ ဘေးကင်းလုံခြုံတဲ့ တစ်နေရာကနေ လူနာတွေကို လက်ခံဖို့၊ အရေးပေါ် ကယ်ဆယ်ကုသပြီး ဆေးရုံကို လွှဲပို့ဖို့ လိုအပ်တာတွေ အကုန်ပြင်ဆင်နေရပါတယ်။ တောင်ကြီးက […]

ချန်ဂင်တို့စခန်း (၂၄၀)

အချိန်မဟုတ်အခါမဟုတ် မိုးတွေရွာတဲ့ မနက်အစောကြီး ချမ်းချမ်းစီးစီးမှာပဲ ကိုယ်တို့အဖွဲ့ ခွဲခန်းဝင်ကြပါတယ်။ မနေ့ညနေကတည်းက ဗိုက်နာနေတဲ့ မွေးလူနာဟာ ခုမနက်ထိ မထွက်တော့ အရေးပေါ် ဗိုက်ခွဲမွေးဖို့ ဆုံးဖြတ်လိုက်ကြတာပေါ့။ OG မရှိပေမယ့်လည်း သူတို့ကို OG နှစ်ဆက် ပုံစံသွင်းပေးထားတဲ့ အလေ့အကျင့်အတိုင်း တသွေမတိမ်းလိုက်နာကြရတာလေ။ ပထမအိုဂျီက guidelines တွေ protocols တွေ လက်ထပ်သင်ကြားပေးပြီးသားကို ဒုတိယအိုဂျီလက်ထက်မှာ အပိုအလို အမှားအယွင်း မရှိအောင် ပြန်အချောသပ်ပေးထားတော့ ကိုယ်တို့ဆေးရုံရဲ့ ကိုယ်ဝန်ဆောင် မိခင်စောင့်ရှောက်မှုကတော့ စံနစ်တကျ ရှိနေတာ အမှန်ပါပဲ။ နောက်လူအသစ်တွေလာရင်လည်း ဒီစံနစ်အတိုင်းပဲ လက်ဆင့်ကမ်း အလုပ်လုပ်ကြတယ်။ အဲ့ဒါကြောင့် ကလေး ၁၅၀ မွေးပြီးတာတောင် perinatal mortality မရှိအောင် ထိန်းထားနိုင်ခဲ့တယ်။ ဆောက်ထားတဲ့ မော်ကျူရီအသစ်ကြီးတောင် ခုထက်ထိ ဈေးဦးမပေါက်သေးတော့ […]

ချန်ဂင်တို့စခန်း (၂၃၉)

“ညတုန်းကတွေ့ရတဲ့ ကောင်မလေးတစ်ယောက် ပျောက်သွားလို့ လိုက်ရှာနေတယ်။ ညမွှေးပန်းကလေးရယ် တွေ့များတွေ့မိသလားကွယ်။” အလွမ်းသီချင်းတွေကို DJ ပွတ်တဲ့ခေတ်မှာ ဒီသီချင်းမြူးမြူးလေးက ရင်နာစရာကောင်းလိမ့်မယ် လို့ ဘယ်တုန်းကမှ တွေးထင်မထားဖူးပါဘူး။ ပျောက်သွားလို့ လိုက်ရှာနေရတဲ့ လူငယ်လူရွယ်ကလေးတွေ တော်တော်ကြီးကို များနေပြီ မဟုတ်လား။ သတင်းမီဒီယာတွေရှေ့မှာ ဘယ်လိုပဲ ဘူးကွယ်ပြီးငြင်းငြင်း ညစဉ်ညတိုင်း စကစတပ်တွေက ဖမ်းခေါ်သွားတဲ့ လူငယ် အရေအတွက်ဟာ တနိုင်ငံလုံးမှာ ၅၀၀ ထက်မနည်း ရှိတယ်လို့ စာရင်းပြုစုတဲ့သူတွေက အခိုင်အမာ ပြောပါတယ်။ သတင်းထဲမှာလည်း အဆက်မပြတ် ပါနေတာပဲလေ။ “စစ်ထဲဝင်မလား။ ၅ သိန်းရမယ်။ မဝင်ချင်ရင် သိန်း ၃၀ ပေးခဲ့။ ဒီတစ်ခါအတွက်တော့ ရမယ်။ နောက်တစ်ခါ ထပ်မိရင် နောက်တစ်ဈေး။” လို့ ကိုယ်တွေ့ကြုံတဲ့သူက ပြန်ပြောတာလည်း ရှိတာပဲ။ “တစ်ည […]

ချန်ဂင်တို့စခန်း (၂၃၈)

သည်းခံတယ်ဆိုတာ တော်တော်မလွယ်တဲ့ အလုပ်ပါပဲ။ ဘယ်လောက်ပဲ သည်းခံသည်းခံ ကိုယ့်ဘက်က သည်းခံနိုင်တဲ့အတိုင်းအတာ ကုန်ဆုံးတာနဲ့ သူ့အဆိုးက ကိုယ့်အဆိုး ဖြစ်ရရော။ အခြေအတင်ဖြစ်လာတော့မှ ဟိုဘက်သည်ဘက် “သည်းခံကြပါ” ဝင်တားကြတာ။ အဲ့ဒီမတိုင်ခင်ကတော့ “သူ့ဟာသူ ခံနေလို့ လုပ်တာ လုပ်ပလေ့စေ။” ဆိုပြီး ပစ်ထားကြတာ မဟုတ်လား။ အဲ့ဒီတော့ ကိုယ်ကလည်း ကိုယ့်လစ်မစ်ကိုယ်သိပြီး အဲ့ဒီလစ်မစ်မရောက်မချင်း “လုပ်လို့ရမှန်းသိလို့ လုပ်တယ်။” တို့ “ရမလားလို့ လုပ်ကြည့်တာ။” ဆိုတဲ့လူတွေ ကျွံဝင်မလာအောင် “ဒီကနေတက်မလာနဲ့။ လှည့်ပြန်။” ဆို curfew area သတ်မှတ်ပေးထားရပါတယ်။ ကိုယ်တို့ဆေးရုံက ဖုတ်လှိုက်ဖုတ်လှိုက်တွေ ရှင်အောင်ကုနိုင်တယ် လို့များ သတင်းထွက်သွားလား မသိပါဘူး။ ဝေးနေနီးနေ နှစ်ထွေများစွာ ဆေးခန်းတကာက ပိုက်ဆံကုန် သေခါနီး ဂိတ်ဆုံးစီးပေးရှင့်တွေကို ambulance ကားနဲ့ တင်တင်ပြီး […]

ချန်ဂင်တို့စခန်း (၂၃၇)

“အန္တရာယ်တွေ ကြုံလာရင် မီးကပြတ်လို့သွား။ အိုက်စ် အိုက်စ်။ အိမ်ပေါ်ဝင်ကာ ရှာဖွေလာရင် ဝမ်းလျားမှောက်လို့ထား။ အားစ် အားစ်။ လူငယ်လူရွယ် ဆင်ဂယ်ဆိုရင် လာပါဒီကို ကားထဲဝင်။ အင်ဂျင်နီယာ၊ ဆရာဝန်ဆိုရင် ပညာသည်လိုတယ် သွားစို့အရင် အခုဝင်။ လာ။ ရှေ့တန်းသွားမယ်ပြင်။ မင်း ကျောင်းတက်ရင် အလုပ်အကိုင် ရှိခဲ့ရင် မင်းမိသားစု တနေရာရာမှာ အရေးပါမှန်းသိရင် မင်းကငါ့ရဲ့ ကမ္ဘာကြီး မန်းနီးလုပ်စက်၊ အိပ်မက်သခင် အို ဝိုး …… အိုဝိုဝိုးဝိုး အို့ဝိုဝိုး။ ကြင်နာသူအတွက် ကိုယ်ရံတော်တစ်ယောက်လို အချိန်နာရီတိုင်း အတူနေပါ အမြဲလို… အမြဲတမ်း မင်း အနားရှိရင် ကြောက်စိတ်များကင်းစင် မိုးထက်ကကြယ်စင် ဒရုန်းနဲ့မိုင်း ကင်းစင် မင်းကငါ့ရဲ့အကာအဆီး မင်းကငါ့အတွက် သေပွဲဝင် အူ ဝူး….။ အိုဝို […]

ချန်ဂင်တို့စခန်း (၂၃၆)

“ကြည်အောင် မောင့်ကို ပြောမယ်နော်။ ရဟန်းဘဝကို ရနိုင်ခဲသတဲ့ ပျို့မောင်တော်။ မောင်လည်းပဲ သာသနာ့ဝန်ထမ်း သင်္ကန်းဝတ်မယ်ဆိုသော်။ ချစ်ပေမယ့်လို့ မခွဲနိုင်ပေမယ့်လို့ တရားနဲ့သာပျော်။ မဖျက်ဆီးတယ် မဂ်ခရီးတွက် ရက်အနည်းငယ် ခွင့်ပြုနိုင်မယ်တော်။” အိမ်း။ ကိုယ်တို့ မြန်မာနိုင်ငံမယ် ၂၀၂၄ ခုအတွက် ခေတ်အစားဆုံး ဆံပင်ကေကတော့ ကျော်ရဲအောင်ရဲ့ အကယ်ဒမီပွဲတက် ဖက်ရှင်ကေ ဖြစ်မလား မသိပါဘူး။ လိုအပ်ရင် ယူနီဖောင်းလေး ကောက်ချိန်းလိုက်ရုံနဲ့ လက်အုပ်ချီ ဘုရားထူးခံရဖို့ အဆင်သင့် ဖြစ်သွားတာကိုး။ အရင်ဘဝက သင်္ကန်းလှူဖူးရင် “ဧဟိ ဘိက္ခု” ခေါ်လိုက်ရုံနဲ့ ရဟန်းတန်းဖြစ်တယ်ဆိုတာ ဒါမျိုးနေမှာ။ စစ်တာမစစ်တာ နင်တို့အလုပ် မဟုတ်ဘူးလေ။ သင်္ကန်းဝတ်ထားရင် “ဖာသည်မရီး” လို့ ဆဲလည်း “တင်ပါ့ဘုရား။” လိုက်ရတယ်။ ရိုင်ဖယ်ကြီးကိုင်ပြီး တဒိုင်းဒိုင်းနဲ့ ပစ်သတ်နေလည်း နိဗ္ဗာန်ပို့တယ် […]