“တူနှစ်ကိုယ် လျောင်းမွေ့ကြတာရယ်၊ ဆောင်းငွေ့ကကြွယ်ကြွယ်၊ လောင်းကလေးနဲ့ကွယ်။” တဲ့။ ဒီလောက်ချမ်းတဲ့အေးတဲ့အချိန်ကြီး ချောင်းထဲက လှေပေါ်မှာအိပ်ရင် သေရချည်ရဲ့ကွယ်။ မနက်ခင်းဆို ချောင်းရေက အငွေ့တွေပျံတက်ပြီး မြူတွေပိတ်နေတာ။ လူကလည်း ရေထိဖို့နေနေသာသာ မီးပုံနဲ့တောင် ခွါမရဘူး။ ဒီမှာတော့ ငါးဖမ်းတာ အဲ့လောက် အပင်ပန်းမခံကြပါဘူး။ ညဦးပိုင်း ချောင်းစပ်မှာ ဓါတ်မီးနဲ့ထိုးပြီး ကောက်ရိုက်လိုက်ရင် အိပ်ပျော်နေတဲ့ ငါးတွေ အကုန်မိတယ်။ အကောင်ရေများရင် ဘက်ထရီအိုးနဲ့ ရှော့တိုက်ဖမ်းကြတယ်။ အဲ့လိုမလုပ်ရဘူး ပြောပေမယ့် ခိုးလုပ်ကြတာပါပဲ။ ဘယ်သူစောင့်ကြည့်နိုင်တာလိုက်လို့။ ပိုဆိုးတာကတော့ ဟိုးအထက်ဘက်ထိတက်ပြီး ငါးမိုင်းခွဲကြတာပါ။ တခါတလေ မိုင်းက လက်ထဲမှာတင် ကွဲသွားလို့ ဖြတ်ပစ်ရတာတင် ၂ ယောက်ရှိသွားပြီ။ တစ်ခါတစ်ခါခွဲရင် ငါးတွေ ဘာလီပုံးနဲ့အပြည့်ရတယ်လေ။ သောင်းပြောင်းရောရာပေါ့။ ကြီးကြီးငယ်ငယ် အရွယ်အစားစားပဲ။ ငါးကလေးတွေက ချိုပေမယ့် ကိုယ်တို့သိပ်မစားဖြစ်ဘူး။ ခုတ်ရကိုင်ရ […]
ချန်ဂင်တို့စခန်း (၂၂၇)
ဆေးရုံ ၂ နှစ်ပြည့် ကို အလှူလုပ်ချင်နေတုန်း အလှူရှင်ကလည်း မနှစ်ကလို လှူချင်ပါတယ် လို့ ဆက်သွယ်လာတော့ တော်တော်လေး ဝမ်းသာသွားပါတယ်။ ကုန်ဈေးနှုန်းတွေက မနှစ်ကထက် ၂ ဆ တက်နေပေမယ့် မဖြစ်ဖြစ်အောင် လုပ်မယ် လို့ ရည်စူးထားပြီးသား။ အလှူလာမယ့်ဦးရေကလည်း မနှစ်ကထက် ၂ ဆမက ရှိတာ။ သို့သော်လည်း လူသိရှင်ကြား အကျယ်တဝင့်တော့ မလုပ်လို။ မာရ်နတ်မင်း တပည့်သားမြေးတွေသိရင် ပဇီကြီးမှာလို ဗုံးလာကျဲဦးမှာ မဟုတ်လား။ တိုးတိုးတိတ်တိတ် ကျိတ်စီစဉ်ပြီး အလှူမလုပ်ခင် ညနေရောက်မှ နက်ဖြန်မနက် ဆေးရုံကို မုန့်စားကြွပါဆိုပြီး တစ်အိမ်တက်ဆင်း သကြားလုံးနဲ့ လိုက်ဖိတ်တယ်။ အမေကြီးများအဖွဲ့က ချက်ပြုတ်ပြင်ဆင်ပေးပြီး အပျိုလူပျိုများအဖွဲ့က ဧည့်ခံကျွေးမွေးပါတယ်။ အကျွေးအမွေးကတော့ ရေစိမ်/ဆန်စီး ရှမ်းခေါက်ဆွဲပါ။ ရန်ကုန်မှာစားရတဲ့ ရှမ်းခေါက်ဆွဲနဲ့ နည်းနည်းမှ […]
ချန်ဂင်တို့စခန်း (၂၂၆)
မနှစ်ကတုန်းက ဆေးတပ်သားလေးတွေကို Basic Science သွားသင်ပေးရတယ် ဆိုတာ သူတို့သင်တန်းကျောင်း ရှိတဲ့ဆီကိုသွားပြီး တနေကုန် ကျောင်းမှာစာသင်သလို သင်ရတာပါ။ ဒီနှစ်လည်း အဲ့ဒီစာတွေပြန်သင်နေရပြန်ပြီ။ ဒီတစ်ခါတော့ ကိုယ့်ဆေးရုံမှာ အလုပ်သင်လာဆင်းတဲ့ကလေးတွေကို သင်ရတာ။ ဒီမှာတော့ လက်တွေ့အလုပ်တွေကို အဓိကသင်တာပေါ့။ ဒါပေမယ့် ဆေးသင်တန်းမတက်ရသေးတဲ့သူတွေလည်း ပါလာတော့ မထူးပါဘူး။ မနှစ်ကစာတွေပဲ ပြန်သင်ရဦးတော့မယ်။ သူတို့လည်း ကိုယ့်ဆီလာ ဒုက္ခခံရတာ မောင်ပုံ မယ်ပုံအဖြစ်နဲ့ ပြန်မလွှတ်နိုင်ဘူး။ အကြီးက အငယ်ကိုသင်၊ အရင်လူက နောက်လူကိုသင်။ ပညာကို ဒီလိုပဲ လက်ဆင့်ကမ်းရင်း အလုပ်လုပ်ကြတာပေါ့။ လူနာတွေမှာ progress ရှိသလိုပဲ ဆရာဝန်၊ သူနာပြု၊ ဆေးတပ်သားတွေဘက်မှာလည်း progress ရှိရမယ်။ ပြီးတဲ့အခါ အဲ့ဒီ progress တွေကလည်း တော်လှန်ရေးအတွက်လအထောက်အကူဖြစ်ရမယ်။ မြို့ပေါ်မှာလို ပိုက်ဆံယူပြီး […]
ချန်ဂင်တို့စခန်း (၂၂၅)
ဆေးရုံက မိဆိတ်ကလေးက ဆိတ်ကလေး ၂ ကောင်မွေးတယ်။ အရင်ဆိတ်တွေကပေါက်ထားတာရောဆို ဆိတ်ဆယ်ကောင် ပြည့်တော့မှာပဲ။ မိဆိတ်တို့တစ်မြုံကတော့ ပိုင်ရှင်မရှိလို့ ဆေးရုံအပိုင် ဖြစ်သွားပြီ။ ကြက်တွေကလည်း စားဖိုဆောင်ထဲ ဝင်လိုက်ထွက်လိုက် အုလိုက်ဝပ်လိုက်နဲ့ တစ်မြုံပြီးတစ်မြုံပေါက်နေတာ ဘယ်နှစ်ကောင်မှန်းတောင် မမှတ်မိတော့ဘူး။ ဆေးရုံကကြက်မို့ တန်ဆောင်မုန်းလပြည့်တုန်းကတောင် မျက်စောင်းထိုးမခံရဘူး။ “ဆရာတို့ ကာလသားဟင်းချက်ချင် ကြက်တစ်ကောင် ပေးမယ်လေ။” ဆို လာလာပို့ကြသေး။ ကိုယ်တို့လည်း တခါတလေတော့ အိမ်ကြက်ကလေးဘာလေး ချက်စားတဲ့အခါ စားပါတယ်။ လုပ်ကိုင်ပေးမယ့်သူ ရှိရင်ပေါ့။ အခုတော့ မစားဖြစ်တာကြာလို့ ကြက်တွေများလာတာ။ ဆိတ်ကတော့ ဘေးမဲ့ပေးထားပါတယ်။ မနက်စောစောဆို မီးလှုံချင်လို့ လူတွေ မီးမမွှေးသေးခင်ကို မီးပုံဘေးမှာ လာလာစောင့်နေကြတယ်။ ခွေးတွေကလည်း တစ်သားပြီး တစ်သားပါပဲ။ ရွာထဲက လာလာယူသွားကြလို့သာ။ ကြောင်ကလည်း ၆ ကောင် ၇ […]
ချန်ဂင်တို့စခန်း (၂၂၄)
“ဆောင်းရယ် နှင်းရယ် ကိုယ့်ချစ်သူရယ် အတူတူပါပဲ။” လို့ ဦးလှထွတ်က ပြောဖူးတယ်။ အဲ့ဒီသုံးခုက အတူတူမှလည်း အဓိပ္ပါယ်ရှိလိမ့်မယ် လို့ ကိုယ်ကတော့ ထင်ပါတယ်။ ဆောင်းတွင်းမှာ နှင်းပွင့်လေးတွေ မမြင်ရရင် ဘယ်မှာ အဓိပ္ပါယ် ရှိပါ့မလဲ။ ခရစ္စမတ်သစ်ပင်ကြီးကို ဝါဂွမ်းတွေကပ်ပြီး နှင်းဖုံးအောင် လုပ်ပြရတာကို လှတယ်လို့ မထင်ပါဘူး။ နှင်းဝေတဲ့ဆောင်းမနက်ခင်းတွေဟာ လှလွန်းအားကြီးလို့ တကူးတက အိပ်ယာက ထပြီး ကြည့်ယူရလောက်အောင် တန်တာ။ တောင်ပေါ်တက်သွားလိုက်ရင် တိမ်တွေကို အပေါ်စီးက မြင်ရတော့ တိမ်ပင်လယ် လို့ တင်စားကြတာပေါ့။ ဟိုးဘက်က တောင်ထိပ်စွန်းတွေကို ကျွန်းကလေးများလို မြင်ရတယ်။ တောင်ခြေက လယ်ကွင်းပြင်တွေမှာလည်း တိမ်ဆိုင်းကလေးတွေ မြေမှာဝပ်လို့ တွေ့ရတယ်။ ဆောင်း ဆိုတာ နှင်းကိုမြင်ရမှ အဓိပ္ပါယ်ပြည့်စုံလိမ့်မယ်။ ဆောင်းကော နှင်းကော ရှိရုံနဲ့လည်း […]
ချန်ဂင်တို့စခန်း (၂၂၃)
ဆောင်းတွင်းကြီးမှာ မိုးတွေရွာတာ ဒီဒေသရဲ့ ထူးခြားချက်လား မသိပါဘူး။ ချမ်းရတဲ့အထဲ စွတ်စွတ်စိုစိုနဲ့။ နေမမြင်ရတဲ့ရက်တွေမှာ ဆိုလာတွေလည်း အားမဝင်တော့ဘူး။ ထင်းပုံတောင် အမိုးအကာအောက် ထားရတယ်။ ညနေ နေဝင်ပြီဆိုတာနဲ့ အပူချိန်တွေက လျော့ကျသွားတော့တာ။ ဘယ်လိုပဲ စောင်ခြုံကွေးတယ်ပြောပြော၊ အရေးပေါ် ခွဲလူနာ ရှိရင်တော့ ချမ်းချမ်းစီးစီး ခွဲခန်းထဲဝင်ကြရတာပဲ။ ဗိုက်နာတဲ့ မွေးလူနာတစ်ယောက် ရေမွှာမပေါက်ပဲ သွေးတွေ ဒလဟောဆင်းပြီး ရောက်လာလို့ ချက်ချင်းသွေးရှာပြီး ခွဲခန်းတန်းဝင်ကြပါတယ်။ Placenta previa နဲ့ APH ရပြီး ရောက်လာတာကိုး။ ညဦးပိုင်းကတင် ruptured ovarian cyst နဲ့ တစ်ယောက် ခွဲထားသေးတာ။ ခုတလော OG လူနာတွေ အလာစိပ်နေသလိုပဲ။ တစ်ခါလာ တစ်မျိုး မရိုးရဘူး။ Normal labor တွေကိုတော့ […]