သင်္ကြန်နားနီးမှ ညဘက်ညဘက်ဆို လေတွေမိုးတွေ မစဲဘူး။ ဆေးရုံဝင်းထဲမှာ သရက်ပင်ကြီးတွေက သီးကင်းလေးတွေ ကြွေကြွေကျတာ ကောက်လို့စားလို့တောင် မနိုင်အောင်ပဲ။ မွှေးမွှေးကြွပ်ကြွပ်ကလေးတွေမို့ ငပိချက်၊ ငပိထောင်းလေးနဲ့ဆို အင်မတန် ထမင်းမြိန်ပါတယ်။ အင်းတော်ကြီးဘက်က လာတဲ့လူနာတွေက ပုဇွန်ဆိတ်ကလေးတွေ သယ်သယ်လာရင်လည်း စားလို့မကုန်လို့ နေလှမ်းသိမ်းရတယ်။ အဲ့ဒါလေးတွေနဲ့ ခရမ်းချဉ်သီးငပိချက်ချက်လည်း ကောင်းတယ်။ ချဉ်ပေါင်ကြော် ကြော်စားလည်း ကောင်းတယ်။ မရမ်းသီးလေးတွေကလည်း အစိမ်းရော အမှည့်ရော ပေါ်နေပြီမို့ ပေါ်ချိန်သီးချိန် ရာသီစာလေးတွေ စားရတာ တောစာတောင်စာပေမယ့် အရသာရှိပါတယ်။ ဒီအချိန်လေးပဲ စားရတာ မဟုတ်လား။ ဟိုဘက်ဆေးရုံမှာတော့ ကံ့ကော်ပင်ကြီးတွေ ပင်လုံးညွှတ်နေအောင်ပွင့်တာ ပင်ခြေမှာကို ဖွေးဖွေးလှုပ်နေတာပဲ။ တဝင်းလုံးလည်းမွှေးလို့။ မနက်ခင်းလေးတွေ အေးပေမယ့် မွန်းတည့်ချိန်လောက်ဆို တအားပူလာပြီ။ Loki တို့ ၂ ကောင်တောင် အဲ့ဒီချိန်ဆို ဆေးရုံမှာ […]
ချန်ဂင်တို့စခန်း (၃၃၄)
ငလျင်လှုပ်တာ တစ်ပါတ်ရှိသွားပေမယ့် aftershock wave တွေက မငြိမ်သေးဘူး။ လှုပ်စိလှုပ်စိနဲ့ နေ့တိုင်းလိုလို ငလျင်ဒဏ်ခံနေရတယ်။ ကိုယ်တို့စိတ်ထဲမှာလည်း မတည်ငြိမ်နိုင်သေးပါဘူး။ ရင်ထဲမှာ ဝမ်းနည်းနာကျည်းနေရတယ်။ ဒီကမ္ဘာကြီးဟာ နေချင်စရာ မကောင်းပါဘူး။ မင်းအောင်လှိုင် တစ်ယောက်တည်းကမှ ကောက်ကျစ်ယုတ်မာတတ်တာ မဟုတ်ဘူး။ သူ့အောက်က ဗိုလ်ချုပ်ကြီးတွေ၊ ဒုတိယဗိုလ်ချုပ်ကြီးတွေကအစ အောက်ခြေစစ်သားကလေးတွေရော၊ စစ်သားမယား၊ စစ်ဆွေစစ်မျိုးတွေပါ စကြာသွားရာ ဗိုလ်ခြေပါ ဆိုသလိုပဲ ထပ်တူထပ်မျှ ယုတ်မာနိုင်ကြတယ်။ ဒါဆို အရပ်သားတွေက လွတ်ကရောလား။ No ပါ။ သူတို့လက်အောက်မှာ ခိုင်းသမျှလုပ်နေတဲ့ ရဲတွေ၊ ထွေအုပ်တွေ၊ လဝကတွေ၊ အကုန်အတူတူပဲလေ။ ချန်မထားနဲ့ ။ ကမအဝကြီးနှင့်တကွ များစွာသောင်းပြောင်း ဆရာဝန်အပေါင်းတို့လည်း ပါတယ်။ ကုန်ရော။ အေးလေ။ အဆုံးသတ်တော့လည်း တလောကလုံး ကိုယ်ကလွဲရင် တစ်ယောက်မှ ကောင်းတဲ့သူ […]
ချန်ဂင်တို့စခန်း (၃၃၃)
မန်းလေးသူလေးတွေ “ကျွန်တော်” “ကျွန်တော်” နဲ့ ပြောကြတာ မင်းတုန်းမင်းကြီးရန်ကို ကြောက်လို့ ဆိုတဲ့ ပြက်လုံး ကြားဖူးတယ် မှလား။ အခုတော့ မန်းလေးသားလေးတွေ “ကျယ်မ” “ကျယ်မ” နဲ့ ပြောရတော့မှာလား မသိဘူး။ နှစ်ဆယ်ပတ်ချာလည် ယောက်ကျားလေး ဆိုရင် စစ်မှုထမ်းခေါ်တော့မှာ သေချာသလောက်ပဲ။ ဒီတစ်ခေါက် မပါတောင် နောက်တစ်ခေါက်တော့ ပါလိမ့်မယ်။ မပါမချင်း ခေါ်နေမှာ။ ဒီကိစ္စက နောက်စရာလည်း မဟုတ်သလို ရယ်စရာလည်း မကောင်းပါဘူး။ ကိုယ့်ဆန္ဒမပါပဲ အတင်းအကြပ် အလုပ်ကြမ်းတွေခိုင်းတဲ့ Forced labor သက်သက်တင် မကဘူး။ နောက်ကျော သေနတ်နဲ့ထောက်ပြီး ရှေ့အတင်းတက်ခိုင်းလို့ သေတွင်းထဲကို တွန်းပို့ရာလည်း ရောက်တယ်။ သူတို့သားသမီးတွေကို အလွတ်ရုန်းပြီး သူများသားသမီးတွေနဲ့ချည့် ထိုးကျွေးမှာ။ “ကျောင်းတက်နေဆဲပါ။” “မိဘကို လုပ်ကျွေးနေတာပါ။” “ကျန်းမာရေး […]
ချန်ဂင်တို့စခန်း (၃၃၂)
“နှင်းငွေ့ကျံ လေပြန်လောင်း၊ ညှာညောင်းကြွေလု စုံတခွင်” တဲ့။ တောထဲက နွေဦးဟာ ရန်ကုန်ကနွေဦးနဲ့တော့ ဘာတစ်ခုမှ မတူပါဘူး။ မနက်ခင်း စောစောထရင် သစ်ပင်သစ်ရွက်ကလေးတွေက နှင်းငွေ့တွေ လိမ်းကျံထားသလို စိုစိုစွတ်စွတ်နဲ့ အအေးဓါတ် မပျောက်သေးဘူး။ နေ့ခင်းဘက်ကျမှ ကျောကော့အောင် ပူလာပြီး ညနေလေးစောင်းတဲ့အခါ လေပွေလေရူးလေးတွေနဲ့ မိုးရွာတော့မလား အောင့်မေ့ရတယ်။ သစ်ရွက်ခြောက်တွေ ကြွေထားတာလည်း အများကြီးပဲလေ။ အပင်ပေါ်မှာ ကြွေလုတည်းလည်း ရွက်ဝါလေးတွေ မကုန်တတ်သေးလို့ ရိုးတံကျဲတဲချည့်တော့ ဖြစ်မနေဘူး။ ကလေးတွေကို ဆေးရုံခေါင်မိုးပေါ် တံမျက်စည်း တက်လှဲခိုင်းပြီး သစ်ရွက်ခြောက်တွေ မီးပုံရှို့တဲ့အခါ OG ward ထဲက မွေးကင်းစကလေးတွေ ရှူမိမှာစိုးလို့ ကမန်းကတန်း နေရာရွှေ့ရသေးတယ်။ မွေးလူနာကလည်း ပြတ်တယ်လို့ကို မရှိတာလေ။ ခွဲလူနာလည်း မပြတ်ပါဘူး။ စစ်ပွဲ မရှိတော့ပေမယ့် တို့စိတို့စိနဲ့ […]
ချန်ဂင်တို့စခန်း (၃၃၁)
စစ်ရှုံးလို့ ဖျင်ပြေးပေါင်တာတောင်မှ တရုတ်ကြီးဆီ တခြမ်း၊ ရုရှားကြီးဆီ တစ်ခြမ်း၊ အီကြာကွေး ဖမ်းတဲ့ မအလ ဟာ လေယာဉ်ပျံပေါ်ကတောင် မဆင်းနိုင်ပဲ မီဒီယာတွေခေါ် အင်တာဗျူးရတဲ့အထိ အရသာတွေတွေ့နေပါတယ်။ ဘေဂျင်းကို သွားတာပဲဖြစ်ဖြစ်၊ မော်စကိုကိုသွားတာပဲဖြစ်ဖြစ် တိုင်းပြည်ကို ရောင်းစားပြီး လက်နက်တွေ ဝယ်ယူဖို့သာ ဖြစ်တဲ့အပြင် အဲ့ဒီလက်နက်တွေဟာလည်း ပြည်သူကိုသတ်ဖြတ်ဖို့အတွက်သာ ရည်ရွယ်ပါတယ်။ ဒါက သူ့ဦးဏှောက်၊ သူ့ဉာဏ်ရည်နဲ့ ပလေးလို့ရတဲ့ နောက်ဆုံးဖဲချပ်ပါ။ ဒါပြီးရင် သူ့မှာ ရွှေ့စရာ အကွက်လည်း မရှိတော့ဘူး။ သူကမှ သုံးပွင့်ဆိုင် ကစားလိုတယ် ဆိုရင်ဖြင့် ကင်မလာမန်းက ဘောင်းထဲဝင်အောင် လိုက်ရိုက်ရမယ့် မိန်းအက်တာကလည်း သုံးယောက်ပဲ ရှိပါမယ်။ ပူတင်ကြီးက ဘာပြောသလဲ။ ဘာတွေ လုပ်ပေးလိုက်သလဲ။ ဒီအခါမှာ ပေါက်ဖော်ကြီးဆီကရော ဘာအသံထွက်လာပြီး ဘယ်လိုတုံ့ပြန်သလဲ။ ကိုယ်တို့ […]
ချန်ဂင်တို့စခန်း (၃၃၀)
စစ်ပွဲတွေ အေးသွားတာ တစ်လလောက်တော့ ရှိပြီ။ လက်ကျန်လူနာတွေလည်း ရှင်းထားတာ ကုန်သလောက်ရှိပြီ။ တော်လှန်ရေးက မပြီးသေးတော့ နောက်ပွဲတွေအတွက် ဆက်ပြင်ထားရသေးတာပေါ့။ ဆေးဝါး၊ ရိက္ခာ၊ လက်နက်၊ လူအင်အား၊ စိတ်ဓါတ်အင်အားအပြင် ငွေကြေးလည်း ပါရပါတယ်။ စစ်တိုက်တယ်ဆိုတာ ပိုက်ဆံရှိမှ တိုက်လို့ရတာကိုး။ ဆေးကုတဲ့အခါမှာလည်း ပိုက်ဆံရှိမှ ကုလို့ရတာပဲ။ ချန်ဂင်လည်း ပိုက်ဆံရှာရတယ်။ ကိုယ့်အတွက်တော့ မဟုတ်ဘူး။ ဆေးရုံအတွက်။ တော်လှန်ရေးအတွက်။ ဟိုကြက်သတုံးကောင် ပြန်လာရင် ပထွေးကပေးတဲ့ လက်နက်တွေနဲ့ ပြည်သူကို နှိပ်စက်ဦးမှာ မှလား။ လာပလေ့စေ။ ငါတို့လည်း ဘယ်မှထွက်မပြေးဘူး။ ရိုးပြာမြေဝယ် မြေ့စေတော့။ ပထဝီမြေပုံနဲ့ကြည့်ရင် ဒီဘက်စစ်မျက်နှာဟာ ဥရုမြစ်ရိုးတလျှောက်မှာ တွေ့ရမယ်။ ခန္တီး၊ ဖားကန့်က ဆင်းလာရင် တာမခန်၊ ဆယ်ဇင်း၊ ရေပေါ်မီး၊ နောင်ပိုအောင်၊ ဟုမ္မလင်းကျမှ ချင်းတွင်းမြစ်ထဲ […]