ဝင်းနိမ္မိတာရုံဆရာတော်ကို သေနတ်နဲ့ပစ်သတ်တုန်းကလည်း သူတို့မဟုတ်ပါဘူး ဆို ဗြောင်လိမ်တယ်။ အတူပါလာတဲ့ ဆရာတော်ရဲ့ ဗီဒီယိုဖိုင် ထွက်လာမှ လိမ်မရလို့ ဝန်ခံတယ်။ နေ့တိုင်းအခေါက်အခါခါ ဗုံးကျဲနေလျက်က အပစ်ရပ်တယ် အပစ်ရပ်တယ် ကြေငြာချက်တွေ ခဏခဏ ထုတ်ပြနေတာလည်း သူတို့ပဲ။ စာသင်ကျောင်းပေါ် ဗုံးကျဲလို့ ကလေးတွေအများကြီးသေတာတောင် သူတို့လုပ်တာ မဟုတ်ပါဘူး ဗြောင်လိမ်တဲ့သူတွေက ဘယ်သူ့ကိုမှ ယုံစေချင်လို့ မဟုတ်ဘူး။ မင်းတို့ ပြောချင်တာပြော။ ငါ ဘူးခါတော့ ဘာတတ်နိုင်သေးလဲဆိုပြီး ပြည်သူလူထုကို ထပ်စော်ကားပြတာပါ။ သူ့ရုပ်ကြီးပြပြီး ကျမအကိုတွေနဲ့ ဆွေးနွေးပြမယ်ဆိုတဲ့ မသဒီစရာမိန်းမတစ်ယောက်ကိုလည်း တွေ့လိုက်ရပါတယ်။ ဦးနေဝင်းခေတ်က ည ၈ နာရီ သတင်းကြေငြာတဲ့ အမျိုးသမီးတစ်ယောက်ဟာ သူပြောတဲ့စကား လုံးဝမပါပဲ သတင်းဖတ်ပြရုံသက်သက်နဲ့တောင် ဘယ်လောက်ထိအောင် လူမုန်းခံရသလဲဆိုတာ အဲ့ဒီကာယကံရှင်ကိုယ်တိုင် ခံစားရဖူးတဲ့ ဒုက္ခပါ။ အတင်းအကြပ်ခိုင်းလို့ […]
မိစ္ဆာလေတပ် သေခန်းဖြတ်
ဒီကောင်တွေ လက်အောက်မှာ လေးနှစ်လောက် ရှောင်ပုန်းပြီး ဆေးကုနေတဲ့သူအဖို့ လေယာဉ်နဲ့ ဗုံးကျဲခံရတယ် ဆိုတာ အဆန်း မဟုတ်ပါဘူး။ ဒီဆေးရုံကို ဒီမှာ စတည်ဖို့ စိတ်ကူးရတာကိုက လေယာဉ်နဲ့ ဗုံးကျဲတဲ့ဆီက စခဲ့တာပဲလေ။ ဆယ်ဇင်းမှာ ကိုဗစ်စင်တာဖွင့်နေတုန်း တောထဲကလူနာကုဖို့ KIA က လာခေါ်တယ်။ အဲ့ဒီတုန်းကတော့ ဘယ်နေရာမှန်းတောင် မသိခဲ့ပါဘူး။ တောထဲက စခန်းဟောင်းတစ်ခုကို ရုပ်ရှင်ထဲကအတိုင်း တိတ်တဆိတ် လာခေါ်သွားတာ။ ညတုန်းက လေယာဉ်နဲ့ ဗုံးလာကျဲသွားလို့ ဒဏ်ရာရတဲ့ လူနာ ၃ ယောက်ကို ချုပ်လုပ်ဆေးထည့်ပြီး လည်ပင်းအတွင်းထဲကို အနက်ကြီးဝင်သွားတဲ့တစ်ယောက်ကိုတော့ လွှဲခိုင်းတယ်။ ဓါတ်မှန်ရိုက်ဖို့လိုတယ်လေ။ အစာမြိုပြွန်ကို ထိသွားပုံရတယ်။ အစက အထဲမှာပဲ ရှိဦးမှာ။ ဒီဘက်မှာ ဒါမျိုးဖြစ်ရင် အရမ်းဒုက္ခရောက်တာပဲ လို့ သိသွားတယ်။ ကိုယ်ရောက်နေတာ ဗုံးကျတဲ့နေရာတော့ […]
ယောမြို့ကပြန်ခဲ့တယ်။ ဆေးဝါးတော့ သူနားမလည်
ကိုယ်တို့ဆေးရုံကို ဗုံးကျဲပြီးတဲ့နောက်မှာ အလားတူ စစ်မြေပြင်ဆေးရုံတွေ အားလုံးလိုလို တမင်တကာ ပစ်မှတ်ထား ရွေးချယ်ပြီး လေယာဉ်နဲ့ ဗုံးလိုက်ကျဲတာ နေရာအနှံ့ပါပဲ။ လူနာတွေအကြောင်း ဝိုင်းဖွဲ့ဆွေးနွေးတဲ့ clinical meeting တွေမှာတောင်မှပဲ ဒီနေ့တော့ဖြင့် ဘယ်သူ့ဆီကဆေးရုံ ဗုံးအကျဲခံရပြီ ဆိုတာကို အမြဲလိုလို update လုပ်ပြီး သတင်းစကား ပါးနေရတယ်။ ဆရာဝန်တွေ တော်တော် အကြောမာကြတာပဲ။ တပ်ရင်းမှူး၊ တပ်မမှူးတွေသာ အလံဖြူထောင်ပြီး လက်နက်ချရင် ချမယ်။ ဆရာဝန်တွေများဖြင့် “မကုတော့ဘူး။ ပြန်မယ်။” ဆို အရှုံးပေးသွားတာ တစ်ယောက်မှ မရှိကြပါလား။ ပိုပြီးတော့တောင် သန်မာလာကြသေးတယ်။ ဆရာဝန်မလင် ညှိကွပ်ဗခကြီးကိုယ်တိုင် “ဘယ်ဆေးရုံမှ မကျန်စေနဲ့။” ဆို အထူးစစ်ဆင်ရေးအဖြစ်နဲ့ တိုက်စစ်ကစားတာနေမှာပါ။ ဒါပေမယ့် ဘယ်လိုလုပ်မလဲ။ ဘယ်လိုသတ်သတ် သေမှမသေတဲ့ဥစ္စာ။ ပွဲကမပြီးဘူးပေါ့။ ကိုယ်သာ […]
အကြံဉာဏ်တောင်းခြင်း သည်းခံပါ
“ခုနေများ ရှိများရှိရင် လှိုင်ထိပ်ခေါင်တင် သခင်မကြီးထံတော် အရောက်သွားလို့ ဘုရားကျမရဲ့ အဖြစ်တွေကို သိကြတဲ့သူတွေနဲ့ သူလည်းသိလေအောင် စိန်ခြူးရယ်တဲ့ကြာညောင် ဘောလယ်ကဲ့သို့ တစ်ပုဒ်လောက်ရေးဖို့ အကြံကလေးများ ပေးသနားပါလို့ တင်ရသော် တော်မလားနော်။” မဟော်သထာမှာ ဖွားဘက်တစ်ထောင် ရှိတယ်ဆိုတာ အံ့ဩစရာ မဟုတ်ပါဘူး။ ကိုယ်တို့ မြန်မာပြည်မှာဆို ဘာလေးလုပ်လိုက် လုပ်လိုက်၊ အကြံပေးတစ်ထောင်လောက်တော့ ကြံဖန်ထွက်လာတာပဲ။ အလုပ်လုပ်မယ့်သူ၊ အင်အားဖြည့်တင်းမယ့်သူသာ မလုံမလောက် ရှိချင်ရှိမယ်။ အကြံပေးပုဂ္ဂိုလ်တွေများ ပေါမှပေါ။ အကြံတွေကို အဲ့လောက်ပေါပေါများများ ပေးမိတော့ ကိုယ်ပေးတဲ့အကြံတွေက တန်ဖိုးမရှိတော့ဘူးလေ။ “ရှေ့နေမောင်ကံ တစ်ကြံတစ်ကျပ်” ဆိုသလို ပေါပေါပဲပဲ အကြံဉာဏ်တွေ ဖြစ်ကုန်တာပေါ့။ အကြံဉာဏ်ကို တန်ဖိုးထားရကောင်းမှန်း မသိတဲ့အခါကျတော့ တကယ့် professional စစ်စစ်တွေရဲ့ အကြံဉာဏ်တွေကို အလကားလိုချင်တဲ့ အကျင့်ဖြစ်လာတယ်။ “ချောင်းဆိုးနေတာ တစ်လလောက် […]
ဂန္ဓာလရာဇ်
တကမ္ဘာလုံးကရော၊ သူတို့ကိုယ်သူတို့ပါ China / Chinese လို့ခေါ်နေသော်လည်းပဲ ကိုယ့်ဘာသာစကား အသုံးအနှုံးနဲ့ “တရုတ်” လို့ အစဉ်အဆက်ခေါ်လာတာ ကိုယ်တို့တိုင်းပြည်ပဲ ရှိပါလိမ့်မယ်။ တရုတ်နိုင်ငံကို မြန်မာလို အခေါ်အဝေါ်တင် မဟုတ်ဘူး။ ပါဠိဘာသာနဲ့ပါ ကိုယ်ပိုင်နာမ် အမည်ပေးထားတာ ရှိပါတယ်။ “ဂန္ဓာလရာဇ်” တဲ့။ ဟိုးရှေးရှေးကတည်းက ကိုယ်တို့တိုင်းပြည်နဲ့ ထိစပ်ပတ်သက်ခဲ့ကြတဲ့ သမိုင်းတွေ ရှိပါတယ်။ သံတမန်တွေ စေလွှတ်ခဲ့ဖူးတယ်။ စစ်ပွဲတွေလည်း ဖြစ်ခဲ့ဖူးတယ်။ မြန်မာရာဇဝင်မှာ တရုတ်ကျူးကျော်စစ်ကြောင့် ထွက်ပြေးခဲ့ရဖူးတဲ့ နရသီဟပတေ့မင်းကို တရုတ်ပြေးမင်း လို့ အမည်ပေးခဲ့ကြဖူးတယ်။ မနုဿဗေဒ ပညာရှင်တွေ ပြောတာကတော့ မြန်မာလူမျိုးဆိုတာ တရုတ်ဘက်ကလာတဲ့ တိဘက််မြန်မာအနွယ်တွေနဲ့ အောက်ပိုင်းမှာရှိတဲ့ မွန်ခမာအနွယ်တွေ သွေးနှောပေါက်ဖွားပြီး ဖြစ်ပေါ်လာတာတဲ့။ ကိုယ့်ဘိုးစဉ်ဘောင်ဆက်ထဲမှာ တရုတ်မပါပေမယ့်လည်း gene mapping လုပ်လိုက်ရင် ကိုယ့်ဆီမှာ […]
နေ့စဉ်ဗုံးကျဲသော နေ့ရက်များအကြောင်း
စာသင်ကျောင်း၊ ဆေးရုံ နဲ့ ဘာသာရေးအဆောက်အဦတွေကို ပစ်မှတ်ထားပြီး ချေမှုန်းနေတဲ့ မြန်မာစစ်သားတွေဟာ ၄ နှစ်လုံးလုံး သူတို့ ဘယ်သူတွေနဲ့ စစ်တိုက်နေရတယ်၊ ဘယ်သူ့အတွက် စစ်တိုက်နေရတယ် ဆိုတာ သိပုံမပေါ်ပါဘူး။ လူတစ်ယောက်ရဲ့အသိဉာဏ်ကို အဲ့သလောက်ထိ နိမ့်ကျသွားအောင်လည်း brainwash လုပ်နိုင်သားပဲ။ “ငါတို့ဟာ ပြည်သူတွေနဲ့ စစ်တိုက်နေရတာပါလား။ ငါတို့သတ်ဖြတ်နေတာ အပြစ်မဲ့တဲ့ ပြည်သူတွေပါလား။” ဆိုပြီး တစ်ယောက်တလေတောင် အမြင်မှန်မရကြတာလည်း အံ့ဩပါရဲ့။ သူတို့မှာ ရပ်ထဲရွာထဲ မိဘဆွေမျိုး၊ မောင်နှမသားချင်းတွေ မရှိကြဘူးလား။ ဘယ်လိုမျက်နှာနဲ့ တပ်ပြင်ထွက်နေကြပါလိမ့်။ ကိုယ့်ဆေးရုံ ဗုံးမှန်တာကို ဝမ်းသာအားရ လာမန့်တဲ့ စစ်သားအကောင့်တစ်ခုကို မြင်တဲ့အခါ မအလတပ်ထဲက စစ်သားတွေရဲ့ စိတ်နေသဘောထားဟာ ဒီအတိုင်း ရှိပါလား လို့ သနားမိပါတယ်။ လူစိတ်ဆိုတာ သူတို့မှာ မရှိဘူးကွယ်။ အထက်ကခိုင်းရင် […]