သူပြန်လာမယ်လို့ နင်ထင်နေတာလား

ဆရာဝန်လုပ်သက် ၂ နှစ်ပြည့်ကာနီးတဲ့အခါ နယ်ပြောင်းရမှာ ကြောက်တဲ့အတွက် သင်ကြားရေးဘက်ကို ပြောင်းပါရစေဆိုပြီး လျှောက်လွှာတင်လိုက်လို့ ဆေး (၂) က ရောဂါဗေဒဌာနကို ရောက်သွားပါတယ်။ စာသင်ရတာ ဝါသနာပါလှတယ် မဟုတ်ပေမယ့် ရန်ကုန်မှာနေ၊ ကြော့ကြော့မော့မော့လေး ဝတ်စားပြီး စတိုင်လေးနဲ့ မလိုင်လေးနဲ့ လူလုံးပြတဲ့အလုပ်ကျတော့ ဝါသနာပါသည်လေ။ ကိုယ်တို့ခေတ်မှာ ဟိုးအရင်တုန်းကလို ဆရာဝန်အလုပ်ရဖို့ PSC မှာ အခါခါတန်းစီဖြေရတဲ့ဘဝမျိုး မဟုတ်တော့ဘူး။ အလုပ်ထဲမှာ ဆရာဝန်တွေရှားပါးလွန်းလို့ တစ်ခန်းနှစ်ခန်း လွတ်တောင် အလုပ်ထဲရောက်မှ ဆေးကုယူမယ်ဆိုပြီး ရသမျှ အကုန်ဆွဲခန့်နေရတဲ့အချိန်ပါ။ အရေးအခင်း ၃ နှစ် ကျောင်းပိတ်လိုက်ရတော့ ၃ နှစ်စာ ဆရာဝန်တွေ ပြတ်လပ်သွားပြီး မလည်ပတ်နိုင် ဖြစ်နေတာကိုး။ Patho Dept ကို ရောက်တဲ့အခါ ကိုယ်နဲ့ level တူ […]

ပျော်ရွှင်ခြင်းနိုင်ငံ

ကိုယ့်ဘဝမှာ စံနစ်တစ်ခုရဲ့ သားကောင် ဖြစ်ခဲ့တယ် ဆိုရင် အဲ့ဒါ မဆလခေတ် ပညာရေးစံနစ်ရဲ့ သားကောင် လို့ ပြောရမှာပါပဲ။ ဘယ်တတ်နိုင်မလံ။ ဒီတိုင်းပြည်ထဲမှာ မွေးဖွားကြီးပြင်းပြီး ဒီကျောင်းတွေမှာ ပညာသင်ယူခဲ့ရတဲ့ လူငယ်တိုင်း ဒီလိုပဲ ဖြတ်သန်းကြရတာပဲဟာ။ အထင်သေးတဲ့ အပြစ်မြင်တဲ့သဘောနဲ့ပြောတာ မဟုတ်ပါဘူး။ ကိုယ်ဖြတ်သန်းခဲ့ရပုံလေးပဲ ပြောပြမှာ။ ညံ့စရာရှိ ကိုယ်ညံ့လို့ပေါ့။ ကိုယ့်ဆရာတွေက အကုန်တော်တယ်။ အဲ့ဒီအမှန်တရား လက်ကိုင်ထားပြီးမှ ကျန်တာဆက်ဆွေးနွေးကြမယ်နော်။ နို့မို့ဆို ဆရာကာပြန် အာခေါင်လှံစူး ဖြစ်နေမယ်။ တကယ်တော့ ကိုယ်ပြောချင်တာ လူတွေကို ပြောမှာမှ မဟုတ်တာ။ စံနစ်ကိုပဲ ပြောချင်တာ။ အမ်းမှာနေတုန်းက အဲ့ဒီအကြောင်းကို “ပညာရေး။ ဝေးသည်။ မရှိ။” လို့ စာတစ်ပုဒ် ရေးခဲ့ဖူးတယ်။ အဲ့ဒီစာကို ကိုယ့်ဆရာကြီးတစ်ယောက်က ဖတ်မိတယ် ထင်ပါရဲ့။ စကားစပ်မိတဲ့တစ်ရက်မှာ […]

အနိုင်အရှုံး နဲ့ အဆုံးအဖြတ်

ငယ်ငယ်တုန်းက ဆင်းရဲမွဲတေတဲ့အကြောင်း၊ တောကျတဲ့အကြောင်းတွေ ရေးရေးနေရတာဟာ “ဘဲဥတစ်ခြမ်းစီ လင်များနှောက် စားလာခဲ့တာ။” တို့၊ “မြင်းခွါရွက်စားပြီး အလုပ်လုပ်လာတာ။” တို့ ဆိုတာမျိုး ဒရာမာတွေချိုးပြီး အတန်ရှည်ရှာချင်စိတ် မရှိပါဘူး။ အခုလည်းပဲ ရတနာစိန်ကျောက် ဇယ်တောက်တမ်း ကစားနေတာမှ မဟုတ်တာ။ ဒီကနေ့ ဒီအချိန်မှာ ဒေါင်ကျကျ ပြားကျကျ၊ လဲမသွားအောင် ရပ်တည်နေနိုင်တဲ့ကိစ္စဟာ ငယ်ငယ်ကတည်းက ထုလေမာလေ ငဖယ်တေ တေလာခဲ့တဲ့သူမို့ လို့ ပြောချင်တာ။ ကိုယ်က rich kid မဟုတ်ဘူး။ village boy ။ လူတစ်ယောက်နဲ့တစ်ယောက် ကြီးပြင်းလာပုံချင်း မတူတဲ့အခါ ခံနိုင်ရည်ချင်းကလည်း မတူဘူးလေ။ ကိုယ်တို့ဆီက PDF ကလေးတွေဟာလည်း အဲ့တိုင်းပါပဲ။ သုံးနှစ်ကျော်၊ လေးနှစ်ဆိုတဲ့ ကာလအတွင်းမှာ တော်တော်ကို ထုသားပေသား ကျခဲ့ပြီ။ စစ်ပွဲအတွေ့အကြုံလည်း […]

တောသားလည်း ဟုတ်နိုင်ပေါင်ခင်ရယ်

ဒီကလူနာတွေကို ဉာဏ်နည်းလိုက်တာ၊ ပိန်းလိုက်တာ၊ so stupid နဲ့ နှာခေါင်းလေး တရှုံ့ရှုံ့ လုပ်နေတဲ့ မောင်စံဖားဟာ သူငယ်ငယ်တုန်းက အဲ့ဒီထက်တောင် တုံးတဲ့ အ တဲ့ ဘဝက လာတယ် ဆိုတာ မေ့နေပုံပါပဲ။ တုံးဆို “အပ်ကြောက်တယ်။ ဆရာဝန်ကြောက်တယ်။ ဆေးရုံကြောက်တယ်။” ဆိုတဲ့ မိသားစု အသိုင်းအဝိုင်းက လာတာကိုး။ အခု ဆရာဝန်တွေကုတဲ့ ဆေးပညာကို ကိုယ်တို့က အင်္ဂလိပ်ဆေး လို့ခေါ်တယ်။ အိမ်ကလူတွေက ဗမာဆေးပဲ အားသန်တယ်။ တိုင်းရင်းမြန်မာဆေးခန်းမှာ ပြတာ။ ရန်ကုန်မြို့ကြီးနေပြီး တယ်လည်း တောကျတဲ့သူတွေလို့ ပြောရင်လည်း ခံရမှာပါပဲ။ မှန်ပါတယ်။ ကိုယ်တို့အိမ်က ပညာမတတ်ကြပါဘူး။ အမေရော၊ အဖွားရော လေးတန်းအထိပဲ နေဖူးတယ်။ အဖေက ဆယ်တန်းထိ နေဖူးတယ်။ အမျိုးထဲမှာ ဘွဲ့ရတဲ့သူဆိုတာ […]

မြင့်မိုရ်မို့လား

မြန်မာပြည်က စစ်ဗိုလ်ချုပ်တွေဟာ ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်းတွေကို ပစ်မှတ်ထားပြီး လေယာဉ်နဲ့ ဗုံးလိုက်ကျဲနေတယ် ဆိုတာ တကမ္ဘာလုံးက သိတဲ့ အမှန်တရားပါ။ နေ့စဉ်နဲ့အမျှ နေရာအနှံ့အပြားမှာဆိုတော့ ဖုံးဖိလိမ်ညာ ဘူးကွယ် လို့လည်း မရနိုင်ပါဘူး။ ကိုယ့်နိုင်ငံသားအချင်းချင်း အဲ့သလောက်တောင် ရက်ရက်စက်စက် သတ်ဖြတ်နိုင်တဲ့စစ်တပ်ဆိုတာ ကမ္ဘာ့သမိုင်းမှာတောင် မကြားဖူးဘူး။ တရုတ်၊ ရုရှားဆီကို တိုင်းပြည်ထိုးအပ်ပြီးတော့ကို ပြည်သူတွေကို သတ်ဖြတ်နှိမ်နှင်းနေတာ။ သူ ဘာဖြစ်လို့ ကျောင်းသားတွေ၊ ဆရာတွေ၊ လူနာတွေ၊ ဆရာဝန်တွေကို အငြှိုးတကြီး ချေမှုန်းနေသလဲဆိုတော့ လွတ်မြောက်နယ်မြေတွေမှာ ပညာရေး၊ ကျန်းမာရေး ပြည်သူ့ဝန်ဆောင်မှုတွေ ပုံမှန်အတိုင်း ပြန်လည်ပတ်နေလို့ ဖျက်လိုဖျက်စီး လိုက်လုပ်တာပါ။ အဲ့ဒါကြောင့်လည်း သူတို့သားမြေးတွေ၊ ပညာမတတ်၊ ကျန်းမာရေးမကောင်း၊ ဆေးသမား၊ ဘိန်းစားဖြစ်၊ အိမ်ထောင် ၁၈ ခါလောက်ကွဲရတဲ့ အမ်းစိန်မကြီးတွေ […]

ဆရာဝန်ပါပဲ

အခုလာမယ့် ဒီဇင်ဘာ ၂၀၂၅ ဆိုရင် ဆရာဝန်အဖြစ်နဲ့ အစိုးရအလုပ်ထဲဝင်တာ အနှစ် ၃၀ ပြည့်ပါပြီ။ ဒီဘဝမှာ ကိုယ့်ကိုယ်ကိုယ် ဘာကောင်လဲ လို့ အမျိုးအမည်ခွဲခြားမယ် ဆိုလို့ရှိရင် “ဆရာဝန်တစ်ယောက်ပါ။” လို့ ဖြေလိုက်ရင် ပြည့်စုံပါတယ်။ အဲ့ဒါကြောင့် ပရိုဖိုင်းမှာလည်း မိတ်ဆက်ရင် “A Doctor” လို့ပဲ မိတ်ဆက်ထားတယ်။ Digital Creator တို့၊ Social Influencer တို့ မဟုတ်ပါဘူး။ ကိုယ့်ဘဝရဲ့ သက်တမ်းတဝက်လောက်ကို ဆရာဝန်အဖြစ်နဲ့ ဆေးကုခဲ့တယ်။ အသက်မွေးတယ် လို့တော့ မပြောချင်ပါဘူး။ အိမ်ကထမင်းကျွေးမထားရင် အဲ့ဒီအသက်က ရှင်မှာ မဟုတ်ဘူး။ အသက်ထက်ဆုံး ဆေးကုနိုင်ဖို့အတွက် အိမ်က မပူမပင်၊ မကြောင့်မကျရအောင် ပံ့ပိုးပေးခဲ့တာ အမှန်တရားပဲ။ ကိုယ်ဆရာဝန်ဖြစ်ဖို့အတွက် အိမ်က အမေတွေ အဖွားတွေ […]