ဒေါ်လာဈေးတက်တာကို VPN တွေ ban ပြီး Facebook မသုံးနိုင်အောင် လုပ်လိုက်ရင် ပြန်ကျသွားလိမ့်မယ် လို့ဉာဏ်တိမ်တိမ်လေးတွေးတတ်တဲ့ စစ်တပ်ကကောင်တွေဟာ VPN ပေါင်းစုံနဲ့ တိုင်ပတ်နေတဲ့ မြို့နေလူထုကြီးကို သရော်သလို လှောင်သလိုနဲ့ ရွှေဘကွ လုပ်နေကြပါတယ်။ ရူးသလိုပေါသလိုနဲ့ My Space လေး ပြောင်းသုံးရအောင်လေ လို့ ဆွယ်ပေမယ့်လည်း စွမြင်ကပ်ကပ်နဲ့ rp ဝိုင်းထုကြတာကြောင့် Google Play Store မှာတောင် တင်မရပါဘူး။ “ကဲ အခုတော့ ဘာတတ်နိုင်သေးလဲ။ Facebook သုံးတဲ့သူ နည်းသွားပြီ မဟုတ်လား။” လို့ ဇွတ်လော်နေသူတွေသိအောင် ကိုယ့်မှာ မအားတဲ့ကြားက Facebook ပေါ်တက်ပြီး ဖုန်တထောင်းထောင်းထအောင် လူလုံးပြနေရတယ်။ ၁ အချက်ကတော့ “ငါတို့ဆီမှာ VPN မလိုတာ ကြာပြီ။ […]
ချန်ဂင်တို့စခန်း (၂၆၈)
မြေပြင်မှာ စစ်ပွဲတွေ ငြိမ်နေတာ တစ်လလောက် ရှိပါပြီ။ ကောင်းကင်ကနေ လေယာဉ်နဲ့ လာတာတော့ ဘယ်တတ်နိုင်ပါ့မလဲ။ ဆုတ်ခွါသွားတဲ့ စစ်စခန်းတွေမှာ မိုင်းဗုံးတွေ ရာနဲ့ချီပြီး မြှုပ်ထားခဲ့တာမို့ အဲ့သဟာတွေ ရှင်းရတာကလည်း ရက်အတန်ကြာပါတယ်။ မိုင်းဆရာတွေ လက်ထဲတင် မိုင်းကွဲပြီး ရောက်လာတာလည်း ခဏခဏပဲ။ ဆယ်ဇင်းက ကလေးတွေတောင် ခြေနင်းမိုင်းလေးတစ်လုံး ကောက်ရတာကို ချိုင်းသုတ်ဆေးဗူးလေးဆို ယူယူဆော့နေတာ။ ကလေးတစ်ယောက်က “မဟုတ်ဘူး။ အဲ့ဒါ မိုင်းကြီး။” ဆို လွှင့်ပစ်လိုက်တာ ထပေါက်ပြီး ၅ ယောက်လုံး ဆေးရုံရောက်လာကြရော။ ဆင်သမား ၂ ယောက်တုန်းကလည်း ကောက်ရတဲ့ မိုင်းဗုံးအအလေးကို ဘက်ထရီအားကုန်နေတာလား မသိဘူး ဆို ဓါတ်ခဲအသစ်လဲကြည့်လိုက်လို့ ပေါက်သွားတာ။ ကိုယ်လည်း ဒီရောက်မှ မိုင်းထိတဲ့ လူနာမျိုးစုံကို မြင်ဖူးခွဲဖူးသွားတော့တာ။ ပြီးခဲ့တဲ့လ တစ်လလုံး […]
ချန်ဂင်တို့စခန်း (၂၆၇)
မွေးမေလေ ဆိုလို့ဆဲ အိမ်ခွဲပါလို့ဆောက်ရအောင် မဲဇာဆို ရွှေလီထဲက ဝါး ဆွဲခဲ့မောင်။ (ပျို့မောင်တွဲတဲ့ ဝါးရွှေဖောင်ရယ်) x ၂ နှစ်ဆောင်ပြိုင် ကျယ်ကျယ်ဆောက်မှ သုံးဆောင် လေးဆောင် ကျယ်ကျယ်ဆောက်မှ နေလောက်မယ် ပျိုသက်ထားရယ် သားတွေက များတယ်။ ရန်ကုန်မှာ VPN တွေ ချိတ်မရတော့ဘူး။ စစ်သားစုဆောင်းရေးကလည်း ဟိုရပ်ကွက်ချောင်းလိုက် သည်ရပ်ကွက် ချောင်းလိုက်နဲ့လေ။ နေရထိုင်ရတာ အဆင်မပြေပါဘူး။ အဲ့သလိုနဲ့ပဲ ကိုယ်တို့ မဲဇာရွှေလီအရပ်က တောနက်ထဲဆီရောက်လာတဲ့သူတွေ တစ်ယောက်ပြီးတစ်ယောက်ပေါ့။ နိုင်ငံခြားအလုပ်လုပ်နေတဲ့သူတွေကို passport သက်တမ်းတိုးမပေးတော့ရင်လည်း စိတ်နာနာနဲ့ တောထဲအထိ ရောက်အောင် လာကြတယ်။ ရှင်းရှင်းလေးပဲလေ။ မဖြစ်မနေ စစ်သားလုပ်ရတော့မယ် ဆိုမှတော့ ဒင်းတို့ဆီမှာ လုပ်စရာလား။ ဒီဘက်ကိုပဲ လာမှာပေါ့။ အဲ့ဒါကြောင့် ကိုယ်တို့မယ် သားတွေက များပြီး နှစ်ဆောင်ပြိုင်ကျယ်ကျယ်ဆောက်မှ […]
ချန်ဂင်တို့စခန်း (၂၆၆)
လောက်ကိုင်မှာတုန်းက မီးအိမ်နီလေးတွေနဲ့ ပချုပ်တန်းရောက်ရင် ကွန်မြူနစ်နိုင်ငံတွေရဲ့ ဓလေ့အတိုင်း ကုန်ဈေးနှုန်းတည်ငြိမ်အောင် ထိမ်းထားပေးလို့ ထင်ပါရဲ့ ဘယ်ဆိုင်ဝင်ဝင် ဘယ်သူ့ကို ခေါ်ခေါ် “တရေးချစ်ခွင့် ကြင်ရနိုးရှင့်” ဆိုရင် ယွမ် ၁၅၀ ပဲ ကျပါတယ်။ အိုင်ဖုန်းအသစ်ကလေးလို unboxing လုပ်ချင်တယ်ဆိုမှ ကြိုက်ဈေးတောင်းတာ။ တရုတ်ပစ္စည်း export quality ဆိုတော့ သုံးမကောင်းလို့ ပြန်လဲရင်သာ လဲရမယ်။ အမြင်ကတော့ ဖြူဖြူလှလှ ပိန်ပိန်ပါးပါး ဝယ်ချင်စရာလေးတွေပါလေ။ သို့ပါသော်လည်း ဗမာဆေးရုံရှေ့ ဘလူးဗီဒီယိုရုံတန်းကလေးမှာတော့ “မြန်မာမလေးပါရှင်။ မင်ဂယ်လာဘာရှင့်” တွေ ရှိတယ်။ သူတို့ကတော့ အပ်ဆစ်ခွိုက် လို့ တောင်းကြတယ်။ ယွမ် ၂၀ ပဲ ပေးရတာလေ။ သူလည်း ဒီပစ္စည်း ကိုယ်လည်း ဒီပစ္စည်းနဲ့ လုပ်စားတာချင်းအတူတူ မြင်တင့်တွေရဲ့ဘဝက အဲ့သလိုကို […]
ချန်ဂင်တို့စခန်း (၂၆၅)
ည ၁၁ နာရီလောက်ကြီး လေယာဉ်လာသံကြားရတယ်။ အပေါ်မှာ ဝဲနေတုန်းပဲ။ ပေါက်ကွဲတဲ့အသံတော့ မကြားရ။ မိုးတွေအုံ့ပြီး တိမ်တွေဖုံးနေသေးတာကိုး။ လေယာဉ်သံပျောက်သွားပြီး တအောင့်လောက်ကြာမှ မိုးတွေရွာလာတယ်။ ကြောက်စရာတော့ မရှိပါဘူး။ ရိုးသွားပြီ။ ၃ နှစ်လုံးလုံး ဒီလိုပဲ နေလာတဲ့ဥစ္စာ။ တခါတခါတော့လည်း ရွှီ ဆို အုန်းကနဲ ဒိုင်းကနဲ ကြားတဲ့အခါ ကြားတယ်။ လေယာဉ်မလာပဲ လက်နက်ကြီးသံပဲ ကြားတဲ့အခါလည်း ကြားတာပဲ။ စစ်ဖြစ်နေတဲ့အရပ်မှာ ဒါတွေ မထူးဆန်းဘူး။ ဒဏ်ရာရတဲ့လူနာတွေ ရောက်ချင်ရောက်လာလိမ့်မယ်။ “ရောက်လာချိန်မှာတော့ အဆင်သင့်ဖြစ်အောင် အမြဲတမ်းပဲ ခင်းကျင်းထားပါတယ်။” ပေါ့။ ရွာထဲဝင်စီး၊ ပစ္စည်းယူ၊ လူသတ်၊ မီးရှို့တာလား။ ကြုံဖူးပါတယ်။ ကြုံဖူးပါတယ်။ တစ်ခါနှစ်ခါမှ မဟုတ်တာ။ ဒီတစ်နေရာတည်းမှာလည်း မဟုတ်ဘူးလေ။ သုံးနှစ်တောင်ရှိပါပြီ ဆိုမှပဲ။ တချို့ဆို ပြန်စရာအိမ် […]
ချန်ဂင်တို့စခန်း (၂၆၄)
လေယာဉ်တွေက လာတော့လာတယ်။ ကိုယ်တို့ဘက်ကို မဟုတ်ဘူး။ လိုင်ဆာတဝိုက်ကို အသည်းအသန် မည်းနေပြန်ပြီ။ ဝိုင်းမော်မှာ အလဲလဲအကွဲကွဲဖြစ်နေတာကိုး။ မြစ်ကြီးနားဘက်တောင် လက်နက်ကြီးတွေ ကျကုန်ပြီ။ သို့သော်လည်း သူတို့လေကြောင်းပစ်ကူဆိုတာက ဒလန်မပါရင် ဟိုနေရာရမ်းချ ဒီနေရာရမ်းချနဲ့ ဆီကုန်ကျည်ကုန်ရုံပဲ ရှိမှာပ။ မနေ့တနေ့ကမှ ရောက်လာတဲ့ကိုယ်တောင် လွတ်အောင် ရှောင်တတ်သေးတာ။ အနှစ် ၇၀ လောက် သူတို့နဲ့ စစ်တိုက်လာတဲ့ ကချင်တွေက ပျင်းတောင်ပျင်းသေးတယ်။ စစ်ကောင်စီဟာ ဘယ်လိုပဲ ကောက်ကျစ်ယုတ်မာတဲ့နည်းလမ်းတွေသုံးသုံး တိုင်းရင်းသားပြည်နယ်တွေအားလုံးကို လက်လွှတ်ဆုံးရှုံးရတော့မယ် ဆိုတာ သေချာသထက် သေချာလာပြီ။ ဒါကြောင့်မို့ နောက်ပိုင်းပွဲတွေမှာ သူတို့သုံးတဲ့ဗျူဟာတွေက ခံစစ် ထိုးစစ်တွေထက် တိုင်းရင်းသားတွေ မညီမညွတ်နဲ့ အချင်းချင်းထချကုန်ဖို့ သွေးခွဲရန်တိုက်ပေးတာကိုပဲ သုံးတော့တယ်။ ကသောင်းကနင်းတွေဖြစ်မှ ညွန့်ဝင်းက မြင်းစီးပြီး ပြန်လာမယ်ပေါ့။ ဟုတ်စ။ သူ့အဖေကဖြင့် သေတာကြာလှပြီ။ […]