စကစ ဟာ မနေ့ကအထိတိုင်အောင် စာသင်ခန်း နဲ့ ဆေးရုံတွေကို တမင်တကာ ပစ်မှတ်ထား ရှာဖွေတိုက်ခိုက်နေဆဲပဲ ဖြစ်ပါတယ်။ မကြည့်ဝံ့ မမြင်ဝံ့စရာ ကလေးသူငယ် အလောင်းလေးတွေ ဓါတ်ပုံနဲ့တကွ တက်လာသော်လည်းပဲ ဗိုလ်ချုပ်ဇော်မင်းထွန်းကိုယ်တိုင်က “အဲ့ဒါ ဘာဖြစ်သလဲ။ စစ်ဖြစ်ရင် သေတာမဆန်းဘူး။ collateral damage လို့ ခေါ်တယ်လေ။” လို့ သူ့ပါးစပ်က ပြောထွက်ပါတယ်။ collateral damage ဆိုတာက စစ်ရေးပစ်မှတ် မဟုတ်ပဲ စစ်ပွဲဖြစ်ပွါးရာ ဒေသတွေမှာ မလွှဲမရှောင်သာလို့ အရပ်သား ထိခိုက်သေဆုံးရတာကို ဆိုလိုတာပါ။ အခုဟာက တမင်တကာကို ကလေးငယ်တွေရှိတဲ့ စာသင်ကျောင်း၊ ဆေးရုံတွေကို နေရာအတိအကျ သိရအောင် စုံစမ်းထောက်လှမ်းပြီး ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်တာဖြစ်လို့ collateral damage လို့ မခေါ်နိုင်ပါဘူး။ လူမဆန်တဲ့ စစ်ရာဇဝတ်မှုသာ […]
အက်ဆေး
တခါတုန်းက တက္ကသိုလ်မှာ
ဆေးကျောင်းမှာ ကိုယ့်အတွက် အခက်ဆုံးအတန်းကတော့ 2nd MB ပါပဲ။ ပထမဆုံးတွေ့တဲ့ အခက်အခဲကတော့ ဘာသာစကား ပြဿနာ language barrier ပါ။ ကိုယ်တို့က ABCD ကို ၅ တန်းရောက်မှ စ သင်ရတာ။ အင်္ဂလိပ်စာကို ဂုဏ်ထူးထွက်ခဲ့ပေမယ့် ကိုယ်ကျွမ်းကျင်တဲ့ အင်္ဂလိပ်စာက အမှားအမှန်ခြစ်မယ်။ ကွက်လပ်ဖြည့်မယ်။ အရှေ့အနောက်စဉ်မယ်။ အဲ့ဒါမျိုးတွေလောက်ပဲ။ “ပြော” ဆိုရင် ခွေးအလှည်းနင်းသလို တအိုင်အိုင်က မတက်ဘူး။ စာနဲ့ အရင်ရေး၊ ကျက်ပြီးမှ စာဖတ်သလို ပြောနိုင်တာ။ listening ဆိုလည်း အချင်းချင်းပြောတဲ့ ငပိသံကိုပဲ နားလည်တယ်။ ဘိုတွေပြောတဲ့ ခပ်ဝဲဝဲ accent ပါတဲ့ အသံဆို နားမလည်ဘူး။ ကိုယ်တွေက “သစ်စ အစ်စ အေဘွတ်ခ” သမား။ အတန်းထဲမှာ […]
အနည်ထိုင်ချိန်မှာ မင်းရောက်လာ
ဆယ်တန်းဖြေပြီးတဲ့အခါ ကိုယ်ကတော့ အောင်မယ် မအောင်မယ် မသေချာဘူး လို့ တွက်ပေမယ့် ကိုယ့်အဖွားကတော့ သေချာပေါက် အောင်မှာ လို့ တွက်ပါတယ်။ ဆယ်တန်းအောင်ရင် ကိုယ်က သူ့မြေးထဲမှာ ပထမဆုံး ကောလိပ်တက် ရမယ့်သူပဲ။ ကောလိပ်ကျောင်းသားဆိုတော့ မျက်နှာမငယ်အောင် ထားရမှာပေါ့လေ။ စိန်ပေါမှာလို အဖြူအစိမ်း ၃ စုံလောက်နဲ့ လှည့်ဝတ်လို့ မရတော့ဘူး။ အဝတ်အစားဖိုးတွေက ပိုကုန်လာတော့မယ် လို့ ပူရှာတယ်။ သူ့မြေးကို လူတောထဲ မျက်နှာငယ်မှာလည်း စိုးတယ်လေ။ အောင်စာရင်းထွက်တဲ့အခါ သူ့ခမျာ ဈေးကို သုံးခေါက်ပြန်သွားတယ်။ ဟိုဆိုင်လေး ဝယ်မလို ကောက်ကိုင်လိုက် သည်ဆိုင်လေး ဝယ်မလို ကောက်ကိုင်လိုက်။ ဈေးသည်တွေကလည်း သိတာပေါ့။ နေ့တိုင်းဈေးလာနေကျ မြေးအဖွားပဲဟာ။ “ဟယ် ညက ဆယ်တန်းတွေ အောင်စာရင်းထွက်သတဲ့တော့။ ဖိုးချို ဘယ့်နှယ်တုန်း။ […]
ရွာမယ်ဆိုလည်း သည်းလိုက်ပေါ့
စစ်ဆေးရေးဂိတ်တွေမှာ ရုရှားနည်းပညာနဲ့ CDM တွေ၊ နိုင်ငံရေးသမားတွေရဲ့ ကိုယ်ရေးအချက်အလက်တွေ စုစည်းထားပါတယ်တဲ့။ အဲ့ဒီကဒေတာတွေကို နေပြည်တော်က တိုက်ရိုက်ထိမ်းချုပ်ထားပြီး စုစုပေါင်း လူ ၅၀၀၀၀ ကျော်ရဲ့ ပရိုဖိုင်းတွေပါဝင်ပါသတဲ့။ ဪ အဲ့လိုဆိုတော့လည်း ဘာပဲပြောပြော အဆုံးထိတောင့်ခံထားတဲ့ ကိုယ်လိုလူတွေ အယောက်ငါးသောင်းလောက် ရှိသေးသားပဲဆို အားတက်ရပါတယ်။ မိုတီလေးတစ်ဖြတ်ပေါ့နော။ ဒါပေမယ့် ဂိတ်တွေမှာက အဲ့ဒါကြီးနဲ့ တိုက်စစ်ဖို့ နေနေသာသာ သဲအိပ်ကာထားတဲ့ ဘန်ကာထဲက သေနတ်နဲ့ချိန်ထားပြီး ကားဆရာကို ဘယ်သွားမယ် ဘယ်လာမယ်၊ ခရီးသည်စာရင်း လာပေးခိုင်းတာပါ။ ကားတောင် ခပ်ဝေးဝေးမှာ ရပ်ထားခဲ့ရတယ်။ “ရှင် ကျမနား မကပ်နဲ့နော်။ ပစ်ထည့်လိုက်မယ်။” ဆိုတဲ့ သဘောမျိုး။ သူတို့ကတောင် ကိုယ့်ပြန်ကြောက်နေရတာပါလေ။ ရုရှားမှာဆို trucko-phobia ရလို့ ကုန်စည်စီးဆင်းမှုတွေတောင် ပြတ်တောက်သွားသတဲ့။ ပူတင်ကြီးဖတ်ဖို့ “Freedom […]
ကိုဗစ် နှင့် ကောလာဟလများ
စာတွေ နေ့တိုင်း ရေးတင်နေတော့ နားနားနေနေ အေးအေးဆေးဆေးပဲ လို့ ထင်ကြပါလိမ့်မယ်။ မဟုတ်ရပါဘူး။ ပင်ပန်းလိုက်တာ မပြောပါနဲ့။ မိုးထဲလေထဲ ဗွက်တောထဲမှာ ခရီးကြမ်းတွေ နှင်နေရတာ တကိုယ်လုံးကိုက်ခဲနေတာပဲ။ ကိုယ်ကြီးကပူပြီး လူကြီးက ချမ်းနေရင် ဒီအချိန်မှာ ငှက်ဖျားပဲ ဖြစ်စရာ ရှိပါတယ်။ ဘယ်တတ်နိုင်မလဲ။ ဆေးသောက်ရမှာပေါ့။ ခရီးပန်းပြီး ဖျားတာလည်း ဖြစ်ချင်ဖြစ်မယ်။ တစ်ရက်နှစ်ရက်လောက် နားလိုက်ရင် ပျောက်သွားမှာပါ။ ဒါပေမယ့် စာရေးတဲ့အလုပ်ကိုတော့ အားခဲပြီး လုပ်နေပါတယ်။ သွေးအေးသွားလို့ မဖြစ်ဘူး။ စိတ်ဓါတ်ကျ၊ အားငယ်သွားလို့ မဖြစ်ဘူး။ သူတို့ဘက်က ဆိုက်ဝါးပေါင်းမျိုးစုံကို တောင့်ခံထားနိုင်တဲ့သူက အများကြီးမှ မရှိတာ။ ကိုယ့်မှာ ဝန်းရံသူတွေ ရှိတယ်။ အားပေးထောက်ခံသူတွေ ရှိတယ်။ အဲ့ဒီအင်အားကို သုံးပြီး တော်လှန်ရေးကို တွန်းရွှေ့ရမယ်။ စာကို နေ့တိုင်း […]
စစ်အစ စစ်အလယ် စစ်အဆုံး
စစ်တပ်က ဗျူဟာကုန်းပေါ်ကို ရောက်သွားတဲ့အခါ ဖားကန့်ကလူတွေ စစ်ရှောင်ကုန်ကြပါတယ်။ မြင်မြင်သမျှဖမ်းပြီး လူသားဒိုင်းကာလုပ်မှန်းကိုလည်း ကိုယ်တွေ့မျက်မြင် မြင်နေရတာပဲ။ ဒီမှာလည်း စစ်ပွဲတွေ ထပ်ဖြစ်တော့မယ်ဆိုတာ လူတိုင်းသိနေကြပါပြီ။ မနှစ်တုန်းက တာမခန်စစ်ပွဲမှာကတည်းက စစ်ပွဲအတွင်း အရပ်သား အထိအခိုက် ဘာကြောင့်နည်းရတယ်ဆိုတာ နားလည်လာပြီ။ KIA က စစ်တိုက်တော့မယ်ဆိုရင် အရပ်သားတွေကို အရင်ရှောင်ခိုင်းတယ်။ စကစ နဲ့ SNA ကတော့ စစ်ကြောင်းမဝင်ခင်ကတည်းက လက်နက်ကြီးနဲ့ မရပ်မနားပစ်၊ လေယာဉ်နဲ့ ဗုံးကျဲပြီးတော့မှ ဝင်ပါတယ်။ ဝင်လာရင်လည်း တွေ့သမျှလူဖမ်း၊ သူတို့ရှေ့ကနေကာပြီးမှ ရှေ့တက်ရဲတယ်။ အချိန်ရရင်တော့ လုယက်ယူငင်ပြီး ရွာမီးရှို့တဲ့အလုပ်ကို မပျက်မကွက် လုပ်ပါတယ်။ စစ်သားတွေအတွက် ကြားနေတို့၊ အပြစ်မဲ့ပြည်သူတို့ဆိုတာ မရှိပါဘူး။ စစ်သားကလွဲရင် တနိုင်ငံလုံး ရန်သူပါ။ စစ်သားအချင်းချင်းတောင် ယုံရတာ မဟုတ်။ ဘယ်ကောင်ငါ့ကို […]