ဆင့်အထွာ နဲ့ ဆိတ်အထွာ

ကမ္ဘာကြီးက အကျယ်ကြီးပဲ။ လူတွေကလည်း အများကြီးပဲ။ ကမ္ဘာမြေရဲ့ နေရာအနှံ့အပြားမှာ နေထိုင်ကြတဲ့ လူသားတွေမှာ မတူကွဲပြားတဲ့ မျိုးရိုးဇာတိ နဲ့ ယဉ်ကျေးမှု စရိုက် လက္ခဏာတွေ ရှိကြတယ်။ သဲကန္တာရထဲမှာ မွေးဖွားကြီးပြင်းလာရတဲ့ အာရပ်ကလေးတစ်ယောက်ရဲ့ နေပုံထိုင်ပုံဟာ ပင်လယ်ထဲက ကျွန်းကလေးပေါ်မှာနေတဲ့ ဖီလိပီနိုလေး နဲ့ တူမှာ မဟုတ်ဘူး။ အေးမြခြောက်သွေ့တဲ့ ကျောက်တောင်စောင်းက တိဘက်လေးနဲ့လည်း မတူနိုင်ဘူး။ သာတယ်၊ နာတယ်၊ မြင့်တယ်၊ နိမ့်တယ် ဆိုတာ မရှိဘူး။ မတူကွဲပြား ခြားနားတာပဲ ရှိတယ်။ ဘာပဲဖြစ်ဖြစ် သူတို့ဟာ လူတွေဆိုတာတော့ ငြင်းလို့မှ မရတာ။ အဲ့တော့ လူကိုလူချင်း လူလူချင်း ဆိုတဲ့စိတ်နဲ့ပဲ ဆက်ဆံရမယ်။ “ကိုယ်တွေက ယူရိုပီယံမို့လို့ အာဖရိကန်တွေကိုဖမ်းပြီး ကျွန်အဖြစ် ခိုင်းစေရမယ်။ အေရှန်တွေကို စစ်တိုက်ကျူးကျော်ပြီး […]

ပွေ့လို့ယူချီ ဘုံပျံနတ်နန်းလေးဆီ

ကောင်းကင်ဘုံကြီးရဲ့ တံခါးဝဆီမှာ လူတန်းရှည်ကြီးများ တန်းစီနေမလား မသိပါဘူး။ “Look over Jordan! What do I see? Coming for to carry me home.” တဲ့။ ဂျော်ဒန်မြစ်တကြောကို ကြည့်လိုက်စမ်းပါ။ ဘာတွေမြင်သလဲတဲ့။ အိမ်အပြန် ခေါ်ဆောင်ပို့ပေးမယ့် ငြိမ့်ငြိမ့်ငြောင်းငြောင်း ရထားလေးတစ်စီးတလေများ မတွေ့ဘူးလားတဲ့။ “Swing low sweet chariot, coming for to carry me home” ဆိုတဲ့သီချင်းဟာ သူတို့ဆီက အသုဘတွေမှာ ဆိုတဲ့သီချင်းပါ။ ကိုယ်တို့ဆီမှာတော့ “ဖြည်းဖြည်းလေးနဲ့ ငြိမ့်ငြိမ့်လေး” ဆိုပြီး ကိုလေးလွင်က မြန်မာမှု ပြုထားတယ်။ ရောမတွေ၊ အီဂျစ်တွေအနေနဲ့ ဂျော်ဒန်မြစ်ဆိုတာကို သေခြင်းရဲ့ဝိဉာဉ်တွေ စီးသွားရာ မြစ်တစ်စင်း လို့ […]

လေကိုဆန်ကာ တို့ပျံမလား

ဆေးကျောင်းသားတစ်ယောက်ဟာ ဆေးရုံကန်တင်းမှာ နေ့လည်စာ စားနေခိုက် ဗြုန်းဆို လေယာဉ်ပျံကြီးက ဝင်တိုက်သွားတယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစ္စရပ်ကြီးပါပဲ။ ဒါပေမယ့် မနေ့ကတော့ တကယ်ဖြစ်သွားပါတယ်။ ဟိုးအရင်နှစ်တွေတုန်းကလည်း ဆိုင်ကယ်စီးရင်း ကောင်းကင်ကလေယာဉ်ပျံကြီးက ဝင်တိုက်တာ ကြုံခဲ့ဖူးသေးတယ်လေ။ လေယာဉ်ပျံအကြီးကြီး နှစ်စင်းကို လက်နက်အဖြစ်သုံးပြီး တွင်တာဝါကြီးကို ဝင်တိုက်တဲ့ဖြစ်ရပ်ကလည်း တကမ္ဘာလုံး မြင်ဖူးကြပါတယ်။ တကယ်တော့ မဖြစ်နိုင်ဘူး ဆိုတာ ဘာမှကို မရှိတာပါ။ ရိုက်ညီနောင် လေယာဉ်ပျံကို တီထွင်တုန်းက လူသားတွေ ကောင်းကင်ပေါ်မှာ ပျံသန်းဖို့ပဲရည်ရွယ်ပေမယ့် ဒီကနေ့ခေတ် လေကြောင်းပျံသန်းမှုနယ်ပယ်ဟာ တစ်ကမ္ဘာလုံးနဲ့ ချိတ်ဆက်မိပြီးသား ဖြစ်နေပါပြီ။ ကိုယ်တို့ဆီမှာလည်း တိုးတက်နေပြီပ။ မြန်မာပြည်ကောင်းကင်ယံမှာ လေယာဉ်တွေ ဥဒဟို ပျံသန်းသွားလာနေတာများ တစ်စင်းနဲ့တစ်စင်း မတိုက်မိအောင် မနည်းရှောင်နေရတဲ့ သဘောရှိတယ်။ တချို့နေရာတွေဆို တစ်နေ့တည်းကို လေယာဉ် ဆယ်ကြိမ်ကနေ […]

ကိုကိုခေါ်ရင် လာမှာပေါ့

မဆလခေတ်မှာ ကြီးပြင်းလာခဲ့ရတဲ့သူတွေအဖို့ “သမဝါယမ” ဆိုတာကို မသိစရာ မရှိပါဘူး။ လမ်းစဉ်ပါတီက နိုင်ငံရဲ့ တစ်ခုတည်းသော ဦးဆောင်ပါတီ ဖြစ်ရမယ် ဆိုတာပြီးရင် သမဝါယမ ဆိုတာကတော့ ဆိုရှယ်လစ်စီးပွါးရေးစံနစ်ရဲ့ ဒုတိယမဏ္ဍိုင် ဖြစ်တယ် လို့ ဆိုပါတယ်။ တိုင်းပြည်ရဲ့ အချုပ်အခြာ၊ အာဏာကို ချုပ်ကိုင်ထားတဲ့ ပါတီ၊ ကောင်စီ၊ အာမီ ဒေါက်တိုင်ကြီး ၃ ခုပြီးရင် သူကတော့ စီးပွါးရေးကို ချုပ်ကိုင်ထားတဲ့ ဒေါက်တိုင်ကြီးတစ်ခု ဖြစ်ပါတယ်။ ဘောဂဗေဒ လို့ခေါ်တဲ့ စီးပွါးရေးပညာ သင်ရိုးညွှန်းတမ်းတွေမှာ တဝက်လောက်က သမဝါယမ ရဲ့ သမိုင်းနောက်ခံ၊ သဘောတရား နဲ့ နည်းနာနိဿယတွေချည့်ပါပဲ။ အင်္ဂလိပ်စကားလုံး Co- operative ဆိုတာကို ဘာသာပြန်တဲ့အခါ မြန်မာဘာသာကို မပြန်ပဲ သမ ဆိုတာ မျှတခြင်း၊ […]

အတိတ်လမ်းကို ပြန်လျှောက်ခြင်း

အရင်တုန်းက အကြောင်းလေးတွေ အစပြန်ဖော်ပြီး ရေးရေးနေရတာ ကိုယ်ငယ်ငယ်က ဖတ်ခဲ့ဖူးတဲ့ အန်တီပတ္တမြားခင်ရဲ့ စာတွေလိုပါပဲ။ ရေးလို့ပြောလို့ မကုန်နိုင်လောက်တဲ့ အကြောင်းအရာ ဆန်းဆန်းပြားပြားလည်း ပါတာမဟုတ်။ ကိုယ့်ဘဝကလည်း အများသူငါ စိတ်ဝင်စားလောက်စရာ အချိုးအကွေ့အလှည့်အပြောင်း မရှိပါပဲနဲ့ ရှည်ရှည်ဝေးဝေး ရေးသားနေရတာ ပျင်းစရာများ ကောင်းနေမလားတောင် မသိ။ ဒါပေသိ အတိတ်ဆိုတာက ကိုယ့်တစ်ယောက်တည်းမှာ ရှိတာ မဟုတ်ဘူးလေ။ လူတိုင်းမှာ ကိုယ်စီ ရှိကြတာပဲ။ ကိုယ့်အတိတ်လေးကိုကိုယ် မျက်စိထဲမြင်ယောင်လာအောင် ရေးလိုက်တဲ့အခါ သူများတွေလည်း သူ့အတိတ်သူ စီစီရီရီကလေး ပြန်ပေါ်လာပေါ့။ ဘယ်သူမဆိုကိုယ့်ဇာတ်လမ်းမှာတော့ ကိုယ်ဇာတ်လိုက် မဟုတ်လား။ လေပွေကလေး မွှေ့လိုက်တဲ့အခါ သစ်ရွက်ခြောက်ကလေးတွေ လေထဲမှာ ပျံဝဲတက်လာသလိုပေါ့။ အဲ့ဒီအခါမှာ သီချင်းလေးတစ်ပုဒ်လည်း နားထဲမှာ ကြားယောင်လာပါလိမ့်မယ်။ အင်္ဂလိပ်လိုတော့ “The Autumn Leaves” လို့ […]

တတိယနှစ် MBBS

အရေးအခင်းတွေဖြစ်တော့ ကိုယ်တို့က 3rd MB တက်နေတုန်းတန်းလန်းပါ။ လမ်းမတော်ဆေးကျောင်းကို ရောက်ကာစပေါ့။ လမ်းမတော်ဆေးကျောင်းက မနက်ပိုင်း မဖွင့်ဘူး လို့ ပြောရမလိုပါပဲ။ အတန်းအားလုံးက မနက်ဆိုရင် ဆေးရုံတွေမှာ စာသင်ရတာကိုး။ ဆေးကျောင်းသားဘဝ ဆေးရုံတွေမှာ စာသင်ရတာ အင်မတန်ပျော်စရာကောင်းပါတယ်။ အပေါက်စောင့်ကအစ “ဆရာလာပြီ။ ဘေးဖယ်။” ဆို ဆလံလေးပေးပြီး တံခါးဖွင့်ပေးတယ်လေ။ ခါတိုင်းဆို အဲ့အပေါက်ဝလောက် အဟောက်ခံရတာ အဲ့နေရာပဲ ရှိတယ်။ အပြင်ကမြင်ရတာနဲ့တင် အလိုလို ကြောက်နေတဲ့ ရန်ကုန်ဆေးရုံကြီးကို ဝင်လိုက်ထွက်လိုက်၊ တက်လိုက်ဆင်းလိုက်နဲ့ လျှောက်ကြည့်ရတာ မမောနိုင်မပန်းနိုင်။ ဒါ ငါတို့ကျောင်း၊ ဒါ ငါတို့ဆေးရုံပေါ့။ Ward ထဲက ပရော်ဖက်ဆာတွေ အားလုံးကလည်း မဂိုလမ်းမှာ အရမ်းနံမည်ကြီးတဲ့ အထူးကုဆရာဝန်ကြီးတွေ မဟုတ်လား။ တနေ့သောအခါ ဒီလိုဆရာဝန်ကြီးတွေ ဖြစ်မလာပါဘူးလို့ ဘယ်သူပြောနိုင်မလဲ။ […]