စိမ်းရောင်စို – လေပါတီမမြရင်

ပထမဦးဆုံးတစ်ပုဒ် အနေနဲ့ မန္တလေးမြို့အကြောင်းဖွဲ့နွဲ့ထားတဲ့ “စိမ်းရောင်စို” သီချင်းကို တင်ဆက်ပါ့မယ်။ မူရင်းအဆိုကတော့ လေပါတီမမြရင် ပါ။ ရေးတဲ့သူကတော့ မမြရင်ရဲ့ ပထွေးတော်သူ ဦးသာဒင် ရေးတယ်လို့ဖတ်ဖူးပါတယ်။ မူရင်းအသံနဲ့ ရလို့ တင်ပေးလိုက်ပါတယ်။ YouTube က ရထားတဲ့ ဒေါ်မာမာအေး အဆိုကိုပါ နားထောင်နိုင်ပါတယ်။ မြန်မာ့ရုပ်သံမှာတော့ နှင်းနှင်းထူး ဆိုထားတဲ့ ဓါတ်ပြားရှိပါတယ်။ အန်တီခင်စိုးဝင်း ဆိုပြထားတဲ့ စံခွေလည်း ရှိပါတယ်။ အားလုံးပဲ တမျိုးတဘာသာစီ ကောင်းကြပါတယ်။ ဒီသီချင်းရဲ့ အခရာကတော့ ဆိုင်းအသွားပါ။ မြန်မာ့ဆိုင်းဝိုင်းရဲ့ အသံစုံကို ကျကျနန ဂရုတစိုက်နားဆင်ကြည့်ရင် အင်မတန် အရသာရှိပါတယ်။ အဆိုပညာနဲ့ အသံကစားရာမှာ မာမာအေး စစ်စစ်ကိုကြားရပေမယ့် အနွဲ့အတာမှာတော့ လေပါတီ က သာသလို ထင်မိပါတယ်။ “မြစမ်းရေညို…” ဆိုတဲ့ အဆွဲအငင်၊ […]

အိပ်မက်စေတမန်

အိပ်မက်မက်တယ်ဆိုတာ အိပ်ပျော်နေခိုက် မနိုးတနိုးအချိန်မှာ ကိုယ့်ဦးနှောက်က မှတ်ဉာဏ်ခန်းထဲမှာသိမ်းထားတဲ့ ယခင်ဖိုင်တွေ (ရခိုင်ဖင် မဟုတ်ပါ) ပြန်လှန်တာတဲ့။ ကိုယ်ကတော့ ဆရာဝန်ပီပီ အဲ့သလိုပဲ ယူဆပါတယ်။ သွေးလေချောက်ခြားသောအိပ်မက်တို့ နတ်တို့နှိုးဆော်သော အိပ်မက်တို့ဆိုတာ ကိုယ်လည်း မမက်ဖူးဘူးလေ။ အိပ်မက်မက်လို့ အတိတ်ကောက်ပြီး ချဲလည်း မထိုးဖူးဘူး။ ချွေးသီးချွေးပေါက်တွေနဲ့ လန့်မနိုးတတ်ဘူး။ ဝင်းဦးသီချင်းထဲကလို ဝိုးတဝါး မပြတ်သား ထပ်မနား မှတ်သားမရတဲ့သူတွေလည်း မပါပါဘူး။ အိပ်မက်ရိုင်းတွေ တခါတခါ မက်ဖူးသော်ငြား နိုးလာရင် ပြန်မမှတ်မိတတ်ဘူး။ အိပ်မက်ထဲမှာ အစားစားရရင် တကယ်မဟုတ်ပေမယ့် အိပ်မက်ထဲ ရှူရှူးပေါက်ချရင် တကယ်စိုတယ် ပြောကြတာပဲ။ ဒါပေမယ့် ကိုယ်က ငယ်ငယ်ကတည်းက အိပ်ရာထဲ ရှူရှူးပေါက်မချတတ်ဘူး။ သို့သော်လည်း ခုနောက်ပိုင်း အိပ်မက်မက်ရတာ အရသာရှိတယ်။ အစားအသောက်တွေမက်ရင် တကယ်စားရသလိုပဲ။ food blogger […]

မောင်ပေးတဲ့အကြွေးပြန်ဆပ်ခဲ့ပါ

အမျိုးယုတ် သန္ဓေယုတ် စိတ်ထားယုတ် အကျင့်ယုတ် အသင်းအပင်းအသိုက်အမြုံတစ်ခုလုံးပါယုတ်တဲ့ ကြင်စိုးနဲ့သားများအဖွဲ့က တိုင်းပြည်ကို အတင်းအဓမ္မကျင့်ကြံပြုမူခဲ့တာ တစ်နှစ်တင်းတင်း ပြည့်ပါပြီ။ အဲ့ဒီမသူတော် အာဏာရူးတွေက မတန်မရာ နိုင်ငံတော်အခမ်းအနားနဲ့ ပွဲခံမလို့ နိုင်ငံ့ဝန်ထမ်းတွေ ရှေ့တော်ပါး ခစားဆင့်၊ ဘယ်ညာဘယ်ညာ အနင်းခိုင်းနေတာလောက် အသည်းနာစရာကောင်းတာ ကျက်သရေယုတ်တာလည်း မရှိပါဘူး။ အရင်တုန်းကဆို နေ့စားနဲ့ခေါ်၊ စစ်တန်းလျားထဲက ဆွဲထုတ်ပြီး ရှမ်းမဲမကြီး လုပ်ခိုင်းလိုက်၊ ကရင်ညိုမကြီးလုပ်ခိုင်းလိုက် ဝတ်စုံတွေ အမျိုးမျိုးဆင်နေရတာ မဟုတ်လား။ အခုတော့ အာဏာကြိမ်လုံးနဲ့ ရိုက်ခိုင်းနေပြီလေ။ Non တွေရဲ့ ပြယုဂ်ဆိုတာ အဲ့ဒါပါပဲ။ လက်အောက်ငယ်သားကို မလျော်ဩဇာနဲ့ ချိန်းခြောက် ဟိန်းဟောက် ချနင်းပြီး ကိုယ့်အထက်ကလူကို မျက်နှာလုပ်ရတာ၊ ဖျာအရှည်ကြီးခင်းရတာ၊ ရှက်ရကြောက်ရမှန်းမသိ မျက်နှာပြောင်ရတာ၊ ပြီးရင် သူတို့ကမှ တိုင်းပြည်တာဝန်ကို ဦးလည်မသုန် ထမ်းနေတာပါလို့ […]

စစ်ကျွန်ပညာရေး

စစ်ကျွန်ပညာရေးဆိုတာ ဘယ်လိုဟာမျိုးလဲ လို့ မသိတဲ့လူတွေက မေးကြတယ်။ စစ်သားတွေက ပညာရှင်တွေကို သူတို့လက်အောက်မှာ ကျွန်ခံခိုင်းချင်လို့ ဦးနှောက်အသိဉာဏ်တွေကို မဖွံ့ဖြိုးအောင် ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးဖြစ်အောင် လေ့ကျင့်သင်ကြားပေးတဲ့ ပညာရေးစံနစ်ကို စစ်ကျွန်ပညာရေး လို့ ခေါ်ပါတယ်။ ဘဝတစ်သက်တာ ဆည်းပူးသင်ကြားထားခဲ့သမျှ ပညာရပ်ပိုင်းမှာ တဘက်ကမ်းခတ်စေကာမူ စစ်သားတွေ အသုံးချဖို့ထက် ပိုအသုံးမဝင်တဲ့ ဦးနှောက်တွေဟာ စစ်ကျွန်ပညာရေးရဲ့ ထွက်ကုန်တွေပေါ့။ မမြင်ဖူးရင် စစ်ဗိုလ်တွေ ဖိနပ်ဦးကို နဖူးတိုက်ခစားနေရတဲ့ ပါမောက္ခကြီးတွေကို ကြည့်လိုက်။ သူတို့မှာ ယုံကြည်ချက်ဆိုတာ မရှိတော့ဘူး။ အလိုက်သင့် ခစားဝန်းရံဖို့ပဲ တတ်တော့တယ်။ ဟိုက ဩဝါဒပေးရင် ဘုတ်အုပ်ကလေးနဲ့တောင် ထုတ်မှတ်ပြရတာ။ ခိုင်းသမျှလည်း ဘာပဲလုပ်ရလုပ်ရ ဆိုတဲ့ အစားမျိုး။ စစ်ကျွန်ပညာရေးရဲ့အစဟာ ဦးနေဝင်းကြီး အာဏာသိမ်းလိုက်တဲ့ဆီက စတာပဲ။ သူ့ဩဇာ မနာခံပဲ ကလန်ကဆန်လုပ်တဲ့ […]

စာမှန်မှန် ကိုကိုရေးပါ့မယ်

ဘူတန်က ပြန်ခါနီးအချိန် ၂၀၁၁ နှစ်မဆန်းခင်က စာတွေ စရေးလာခဲ့တာဆိုတော့ အခုဆိုရင် စာရေးသက် ၁၀ နှစ်ကျော် ရှိလာခဲ့ပါပြီ။ စာအုပ်ဆိုင်တွေမှာ သွားမေးရင် ဘယ်သူမှ ကြားဖူးမှာ မဟုတ်ပေမယ့် စာအုပ် ၄ အုပ် ပုံနှိပ်ထုတ်ဝေဖူးပါတယ်။ မဂ္ဂဇင်း နဲ့ ဂျာနယ်တွေ ထဲမှာလည်း ကိုယ်ရေးတဲ့စာတွေ ဖော်ပြဖူးသားပဲ။ ဖိတ်တဲ့ခေါ်တဲ့သူရှိပြီး စိတ်ဝင်တစားနားထောင်မယ့်သူ ရှိရင် ဟောပြောပွဲတွေမှာ သုံးလေးခါလောက် စကားလိုက်ပြောဖူးပါတယ်။ ခုထက်ထိတော့ ကိုယ့်ကိုယ်ကိုယ် စာရေးတဲ့သူတစ်ယောက်အနေနဲ့ မခံယူပါဘူး။ စာရေးဆရာတွေနဲ့တွေ့ရင် စာဖတ်ပရိသတ်အနေနဲ့ပဲ ခင်မင်မိတ်ဆက်ပါတယ်။ ကိုယ့်ဘာသာကိုယ် အဆင့်သတ်မှတ်ရင် အပျော်တမ်းဝါသနာရှင်အဆင့် amateur လို့သာ စာရင်းသွင်းပြီး professional တန်းထဲတော့ မဝင်ဘူးလို့ သဘောပေါက်ပါတယ်။ ဝါသနာပါလို့သာ လုပ်နေတာ အသက်မွေးစားလို့မှ မရပဲလေ။ သို့သော်လည်း ဆယ်နှစ်တိုင်တိုင် […]

ဒေါက်တာနွေဦး

မမြင်တာ မဆုံတာကြာတဲ့ သိဟောင်းကျွမ်းဟောင်းများနဲ့ အမှတ်တမဲ့ပြန်တွေ့လို့ ကိုယ့်ရဲ့လက်ရှိအခြေအနေကို update ဖြစ်သွားရင် “နိုင်ငံရေးတွေ တော်တော်လုပ်နေတာပဲနော်။” လို့ တအံ့တဩ ပြောကြပါလိမ့်မယ်။အဲ့သလိုတော့ဖြင့် ကိုယ်က မခံယူပါဘူး။ နိုင်ငံရေးဆိုတာ ဘာကိုပြောတာလဲ။ ကိုယ်လုပ်နေတဲ့အလုပ်ဟာ နိုင်ငံရေးပုဒ်မတပ်ပြီး ဖမ်းဆီးထောင်ချလို့ ရချင်ရပါလိမ့်မယ်။ သို့သော်ငြား ကိုယ်က အဲ့ဒါကို နိုင်ငံရေးအနေနဲ့ သတ်မှတ်ပြီး လုပ်နေတာ မဟုတ်ပါဘူး။ တော်လှန်ရေးလို့ ပြောချင်ပြောလေ။ လက်ခံတယ်။ မြန်မာနိုင်ငံရဲ့ ၂၀၂၁ နွေဦးတော်လှန်ရေးမှာ ကိုယ်ပါဝင်နေတယ်။ ဒါနည်းတဲ့နိုင်ငံရေးပြစ်မှုကြီးလား။ တွေ့ရာသင်္ချိုင်း ဓါးမဆိုင်း စိတ်ရှိတိုင်း စီရင်နှိမ်နှင်းဖို့ရာ အာဏာကုန်လွှဲအပ်ထားတယ်။ သူတို့ကိုဖီဆန်တဲ့ ကိုယ့်ရဲ့ ယုံကြည်ချက်တစ်ခုအတွက်နဲ့ သူတို့ဟာ ကိုယ့်ရဲ့ အသက်ကိုရော၊အိုးအိမ်စည်းစိမ်ကိုရော၊ အသက်မွေးမှု လုပ်ငန်းခွင်၊ မိသားစုဘဝ၊ ဘာမဆို အရာရာတိုင်း အတိုင်းအဆမရှိ လုပ်ချင်တိုင်း လုပ်လို့ ရသွားတယ်။ […]