ကိုယ့်အဖို့ ဝန်ထမ်းဘဝနဲ့ ပထမဆုံး နယ်ကိုထွက်ဖူးတာ လောက်ကိုင်ပါပဲ။ “တစ်နှစ်ပြည့်ရင် ပြန်ခေါ်ပါ့မယ်။ မေ့နေမှာစိုးရင် ၉ လလောက်ဆို transfer တင်လိုက်ပါ။” လို့ ချော့ချော့မော့မော့ လွှတ်လိုက်သော်ငြားလည်း အချိန်တွေ ကြာလာတာနဲ့အမျှ “မင်းပြောတဲ့ စကားတွေ၊ မင်းပေးတဲ့ကတိတွေ၊ ယုံစားမိတော့ မှားမယ်ဟေ့။” လို့ သဘောပေါက်လာရပါတယ်။ တစ်နှစ်ပြည့်လည်း ပြန်မခေါ်၊ နှစ်နှစ်ပြည့်လည်း ပြန်မခေါ်ပါဘူး။ ယောက္ခမဖြစ်သူက ကြာရင် ဟိုမှာ နောက်အိမ်ထောင်ကျနေမှာစိုးလို့ နေပူတော်က လူကြီးတွေဆီ ကဒီးကဒီး သွားကန်တော့သတဲ့။ သို့ပေမယ့် ခိုင်နှင်းဝေ ဆီ ငွေမှားလွှဲမိတဲ့သူလိုပဲ။ ဟိုပြောသည်ပြော ပြောလွှတ်တာ။ “ဒီလောက် ပိုက်ဆံရတဲ့နေရာပို့ထားပေးတာ။ နေပါစေဦး သူပျော်သလောက်။” တဲ့။ နောက်ဆုံးတော့ “ဒီကောင် မပြောင်းချင်လို့များ လူကြီးတွေဆီ ကြိတ်ကန်တော့ထားသလား မသိပါဘူး။” လို့ အပြောခံရတယ်။ […]
အက်ဆေး
ပဲရစ်မြို့ကို အကြွေးနဲ့ဝယ်မယ်
ဆေး(၂) မှာ ကျောင်းဆရာလုပ်တဲ့ကာလဟာ အင်မတန်မှကို သာတောင့်သာယာကလေး လို့ ထင်ရပေမယ့် လက်တွေ့မှာ အဲ့သလို မဟုတ်ပါဘူး။ ကိုယ့်ရဲ့ personal life မှာ အခက်အခဲ၊ ပြဿနာတွေ ရှိပါတယ်။ ဆရာဝန်လခ ၁၅၇၅ ကျပ်ဟာ ကျောင်းကိုလာရတဲ့ ဓါတ်ဆီဖိုးတောင် မကာမိလို့ ဖယ်ရီစီးတဲ့အခါ စီးလိုက်၊ လိုင်းကားစီးတဲ့အခါ စီးလိုက်ပေါ့။ တနေ့ ၂ နာရီလောက်က လမ်းမှာတင် အချိန်ကုန်သွားတယ်။ မြောက်ဥက္ကလာက ဘယ်သူထိုင်ထိုင် GP ကောင်းပါတယ်။ သူများတွေ မြို့ထဲကတောင် လာထိုင်နေကြသေးတာ။ဒါပေမယ့် ကိုယ့်မှာ မနက် ၇ ခွဲလောက်က အိမ်ကထွက်ပြီး ည ၉ နာရီကျော်မှ အိမ်ပြန်ရောက်လို့လည်း မဖြစ်သေးဘူး။ ဆေးကျောင်းတစ်ခေါက် ဆေးခန်းတစ်ခေါက် တစ်နေ့ ၂ ကြောင်းဆွဲရင်လည်း သေရချည်ရဲ့။ […]
အောင်ပါစေသောဝ် အောင်စေသောဝ်
ဆေး (၂) က အကြောင်းတွေ စာရေးတဲ့အခါ တပည့်တွေက သူတို့အကြောင်းလည်း မပါဘူး လို့ စိတ်မကောင်းဖြစ်ကြမယ် ထင်ပါတယ်။ ဟုတ်သားပဲ။ သူတို့အကြောင်းလည်း အမှတ်တရရှိတာတွေ အများကြီးပေါ့။ ကိုယ်တို့ ဌာန က 3 rd MB ရော Part 1 ရော စာသင်နှစ် ၂ နှစ်ကြီးများတောင် သင်ရတဲ့ အတန်းမို့လို့ ကျောင်းသားတွေအနေနဲ့ Patho ဆရာတွေကို ပိုပြီး ရင်းရင်းနှီးနှီး ရှိကြတာ မဆန်းပါဘူး။ ဘာသာရပ်အနေနဲ့ကလည်း ရောဂါဝေဒနာတွေ အကြောင်း ခြေခြေမြစ်မြစ် သင်ရတာမို့ စိတ်ဝင်စားစရာလည်း ကောင်းတယ်လေ။ မီးပွိုင့်နားက အရူးမ ငိုနေတာကြည့်ရင်း ဝမ်းနည်းတတ်တဲ့ မင်းအကြောင်းတွေးမိလာသလား။ အဲ့ဒါ ရောဂါလေ။ သိချင် လာခဲ့။ သင်ပေးမှာပေါ့။ ကိုယ်တို့ဌာနက […]
သူပြန်လာမယ်လို့ နင်ထင်နေတာလား
ဆရာဝန်လုပ်သက် ၂ နှစ်ပြည့်ကာနီးတဲ့အခါ နယ်ပြောင်းရမှာ ကြောက်တဲ့အတွက် သင်ကြားရေးဘက်ကို ပြောင်းပါရစေဆိုပြီး လျှောက်လွှာတင်လိုက်လို့ ဆေး (၂) က ရောဂါဗေဒဌာနကို ရောက်သွားပါတယ်။ စာသင်ရတာ ဝါသနာပါလှတယ် မဟုတ်ပေမယ့် ရန်ကုန်မှာနေ၊ ကြော့ကြော့မော့မော့လေး ဝတ်စားပြီး စတိုင်လေးနဲ့ မလိုင်လေးနဲ့ လူလုံးပြတဲ့အလုပ်ကျတော့ ဝါသနာပါသည်လေ။ ကိုယ်တို့ခေတ်မှာ ဟိုးအရင်တုန်းကလို ဆရာဝန်အလုပ်ရဖို့ PSC မှာ အခါခါတန်းစီဖြေရတဲ့ဘဝမျိုး မဟုတ်တော့ဘူး။ အလုပ်ထဲမှာ ဆရာဝန်တွေရှားပါးလွန်းလို့ တစ်ခန်းနှစ်ခန်း လွတ်တောင် အလုပ်ထဲရောက်မှ ဆေးကုယူမယ်ဆိုပြီး ရသမျှ အကုန်ဆွဲခန့်နေရတဲ့အချိန်ပါ။ အရေးအခင်း ၃ နှစ် ကျောင်းပိတ်လိုက်ရတော့ ၃ နှစ်စာ ဆရာဝန်တွေ ပြတ်လပ်သွားပြီး မလည်ပတ်နိုင် ဖြစ်နေတာကိုး။ Patho Dept ကို ရောက်တဲ့အခါ ကိုယ်နဲ့ level တူ […]
ပျော်ရွှင်ခြင်းနိုင်ငံ
ကိုယ့်ဘဝမှာ စံနစ်တစ်ခုရဲ့ သားကောင် ဖြစ်ခဲ့တယ် ဆိုရင် အဲ့ဒါ မဆလခေတ် ပညာရေးစံနစ်ရဲ့ သားကောင် လို့ ပြောရမှာပါပဲ။ ဘယ်တတ်နိုင်မလံ။ ဒီတိုင်းပြည်ထဲမှာ မွေးဖွားကြီးပြင်းပြီး ဒီကျောင်းတွေမှာ ပညာသင်ယူခဲ့ရတဲ့ လူငယ်တိုင်း ဒီလိုပဲ ဖြတ်သန်းကြရတာပဲဟာ။ အထင်သေးတဲ့ အပြစ်မြင်တဲ့သဘောနဲ့ပြောတာ မဟုတ်ပါဘူး။ ကိုယ်ဖြတ်သန်းခဲ့ရပုံလေးပဲ ပြောပြမှာ။ ညံ့စရာရှိ ကိုယ်ညံ့လို့ပေါ့။ ကိုယ့်ဆရာတွေက အကုန်တော်တယ်။ အဲ့ဒီအမှန်တရား လက်ကိုင်ထားပြီးမှ ကျန်တာဆက်ဆွေးနွေးကြမယ်နော်။ နို့မို့ဆို ဆရာကာပြန် အာခေါင်လှံစူး ဖြစ်နေမယ်။ တကယ်တော့ ကိုယ်ပြောချင်တာ လူတွေကို ပြောမှာမှ မဟုတ်တာ။ စံနစ်ကိုပဲ ပြောချင်တာ။ အမ်းမှာနေတုန်းက အဲ့ဒီအကြောင်းကို “ပညာရေး။ ဝေးသည်။ မရှိ။” လို့ စာတစ်ပုဒ် ရေးခဲ့ဖူးတယ်။ အဲ့ဒီစာကို ကိုယ့်ဆရာကြီးတစ်ယောက်က ဖတ်မိတယ် ထင်ပါရဲ့။ စကားစပ်မိတဲ့တစ်ရက်မှာ […]
အနိုင်အရှုံး နဲ့ အဆုံးအဖြတ်
ငယ်ငယ်တုန်းက ဆင်းရဲမွဲတေတဲ့အကြောင်း၊ တောကျတဲ့အကြောင်းတွေ ရေးရေးနေရတာဟာ “ဘဲဥတစ်ခြမ်းစီ လင်များနှောက် စားလာခဲ့တာ။” တို့၊ “မြင်းခွါရွက်စားပြီး အလုပ်လုပ်လာတာ။” တို့ ဆိုတာမျိုး ဒရာမာတွေချိုးပြီး အတန်ရှည်ရှာချင်စိတ် မရှိပါဘူး။ အခုလည်းပဲ ရတနာစိန်ကျောက် ဇယ်တောက်တမ်း ကစားနေတာမှ မဟုတ်တာ။ ဒီကနေ့ ဒီအချိန်မှာ ဒေါင်ကျကျ ပြားကျကျ၊ လဲမသွားအောင် ရပ်တည်နေနိုင်တဲ့ကိစ္စဟာ ငယ်ငယ်ကတည်းက ထုလေမာလေ ငဖယ်တေ တေလာခဲ့တဲ့သူမို့ လို့ ပြောချင်တာ။ ကိုယ်က rich kid မဟုတ်ဘူး။ village boy ။ လူတစ်ယောက်နဲ့တစ်ယောက် ကြီးပြင်းလာပုံချင်း မတူတဲ့အခါ ခံနိုင်ရည်ချင်းကလည်း မတူဘူးလေ။ ကိုယ်တို့ဆီက PDF ကလေးတွေဟာလည်း အဲ့တိုင်းပါပဲ။ သုံးနှစ်ကျော်၊ လေးနှစ်ဆိုတဲ့ ကာလအတွင်းမှာ တော်တော်ကို ထုသားပေသား ကျခဲ့ပြီ။ စစ်ပွဲအတွေ့အကြုံလည်း […]