စစ်အစ စစ်အလယ် စစ်အဆုံး

စစ်တပ်က ဗျူဟာကုန်းပေါ်ကို ရောက်သွားတဲ့အခါ ဖားကန့်ကလူတွေ စစ်ရှောင်ကုန်ကြပါတယ်။ မြင်မြင်သမျှဖမ်းပြီး လူသားဒိုင်းကာလုပ်မှန်းကိုလည်း ကိုယ်တွေ့မျက်မြင် မြင်နေရတာပဲ။ ဒီမှာလည်း စစ်ပွဲတွေ ထပ်ဖြစ်တော့မယ်ဆိုတာ လူတိုင်းသိနေကြပါပြီ။ မနှစ်တုန်းက တာမခန်စစ်ပွဲမှာကတည်းက စစ်ပွဲအတွင်း အရပ်သား အထိအခိုက် ဘာကြောင့်နည်းရတယ်ဆိုတာ နားလည်လာပြီ။ KIA က စစ်တိုက်တော့မယ်ဆိုရင် အရပ်သားတွေကို အရင်ရှောင်ခိုင်းတယ်။ စကစ နဲ့ SNA ကတော့ စစ်ကြောင်းမဝင်ခင်ကတည်းက လက်နက်ကြီးနဲ့ မရပ်မနားပစ်၊ လေယာဉ်နဲ့ ဗုံးကျဲပြီးတော့မှ ဝင်ပါတယ်။ ဝင်လာရင်လည်း တွေ့သမျှလူဖမ်း၊ သူတို့ရှေ့ကနေကာပြီးမှ ရှေ့တက်ရဲတယ်။ အချိန်ရရင်တော့ လုယက်ယူငင်ပြီး ရွာမီးရှို့တဲ့အလုပ်ကို မပျက်မကွက် လုပ်ပါတယ်။ စစ်သားတွေအတွက် ကြားနေတို့၊ အပြစ်မဲ့ပြည်သူတို့ဆိုတာ မရှိပါဘူး။ စစ်သားကလွဲရင် တနိုင်ငံလုံး ရန်သူပါ။ စစ်သားအချင်းချင်းတောင် ယုံရတာ မဟုတ်။ ဘယ်ကောင်ငါ့ကို […]

မမြင်တာကြာလို့ မေ့များသွားပြီလား

အလုပ်ထဲမှာ ကိုယ်ရောက်ခဲ့ဖူးတဲ့နေရာတွေကို သတိတရ စာတွေရေးတဲ့အခါ အကြာဆုံးနေခဲ့ရတဲ့ YGH ကြီးကို သတိမရသလိုတော့ ဖြစ်နေပါပြီ။ အမှန်တော့ ရေးခဲ့ပြီးပါပြီ။ သူ့အကြောင်းတွေအများကြီး ရေးခဲ့တာပေါ့။ ချန်ဂင်လိုသာ အပိုင်းတွေ ဆက်မထားတာ။ မှန်ကူကွက်များလို တစ်ပိုင်းချင်း၊ တစ်ခန်းချင်း ရေးခဲ့တာတွေ မနည်းပါဘူး။ YGH ဆိုတာ ကိုယ် 3rd MB လောက် ၁၉၈၈ ကတည်းက ဝင်ထွက်၊ တက်ဆင်း ကျင်လည်ခဲ့ရတဲ့ ဆေးရုံကြီး မှလား။ YGH မှာ အမှတ်ရစရာတွေက အများကြီး။ ဘယ်က စ ရေးးမှန်းတောင် မသိ။ လူနာတွေ၊ ကျောင်းသားတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ။ ဆရာကြီး၊ ဆရာမကြီးတွေ။ သို့သော်လည်း လောလောဆယ် သူတို့အကြောင်းတွေ ရေးရင် ကိုယ်ရေးချင်တဲ့ focus ကို အာရုံမရောက်ပဲ […]

တခါက တဘဝ

မိုးတွေနေ့တိုင်းရွာနေတာ တစ်ပါတ် ကျော်သွားပြီ။ ချောင်းရေကလေးတွေ မြင့်တက်လာတယ်။ ရေချိုးနေကျ ကျောက်တုံးကြီးတွေ မြုပ်ကုန်ပြီ။ မြစ်ရေတွေလည်း မြင့်တက်လာမှာပဲ။ မြစ်ကြီးနား မှာ ဧရာဝတီမြစ်ရေတွေ တော်တော်ကြီး တက်လာတယ် လို့ ပြောကြတယ်။ ဒီလိုသာဆိုရင် အောက်ပြည် အောက်ရွာမှာ ရေတွေကြီးဦးတော့မှာပဲ။ ရေဘေးဟာ နှစ်တိုင်းကြုံနေရတဲ့ ဒုက္ခ ဖြစ်သွားပြီ။ ဒီမှာတောင် ရေတွေကြီးပြီး လမ်းတွေပျက်သွားမှပဲဟာကို။ ငှက်ဖျားတွေအများကြီးဖြစ်နေပြီး ဆေးမရကြလို့ ဒုက္ခရောက်နေပါသတဲ့။ စိတ်မကောင်းလိုက်တာ။ ဒါတွေက ဆေးရုံနေရာကို သတင်းပေးတဲ့သူမှာပဲ တာဝန်ရှိပါတယ်။ ကိုယ်တို့တောင် မသေလို့ လွတ်ခဲ့တဲ့ဟာကို။ မနှစ်ကလည်း အခုလို ရေတွေကြီးပြီး လမ်းပိတ်နေတဲ့အချိန်မှာတောင် ဆေးရုံက စံချိန်တင်အောင် လူနာတွေအပြည့် ဖြစ်နေခဲ့တာပါ။ ကိုယ်တို့လည်း မြန်မြန်ဆေးကုချင်လှပြီ။ နိုင်ငံခြားကလူတွေလည်း safe hospital campaign တွေနဲ့ ကူညီထောက်ပံ့ဖို့ […]

ချစ်လိပ်ပြာလေး ချာချာလည်

ဖားကန့်ကို တက်နေတဲ့စစ်ကြောင်းဟာ လုံးခင်းထဲအထိ ရောက်လာပြီး မနေ့ညက တညလုံး လက်နက်ကြီးနဲ့ မရပ်မနားပစ်နေတယ် လို့ ဆိုပါတယ်။ ကလေးသူငယ်တွေလည်း အသေအပျောက် ရှိကြသတဲ့။ ဒါတွေက ကိိုယ့်အတွက် ကြိုတွေးထားပြီးသား ကိစ္စတွေပါ။ ကိုယ်တို့က အဲ့ဒီမှာ မရှိတော့ပါဘူး။ ရှောင်ပြီး တိမ်းပြီးပါပြီ။ ဖားကန့်မှာ ကျောက်တူးနေတဲ့ ကုမ္ပဏီအများစုက တရုတ်အကျိုးစီးပွါးတွေ ဖြစ်တာမို့ အညာမှာ မြေလှန်သလိုတော့ မလှန်ရဲပါဘူး။ သူတို့ တရုတ်ကကောင်တွေဟာလည်း တတိယကမ္ဘာစစ်ကြီး ဖြစ်ရင်တောင် ကျောက်အတူးရပ်မယ့်သူတွေ မဟုတ်ဘူးဗျ။ ဖားကန့်က နံမည်သာ ရှိပြီး မှော်တွေက လုံးခင်း၊ ဆိုင်းတောင်၊ ဆိပ်မူ၊ မှော်ဆီဇာ၊ ဝှေခါ၊ တာမခန် ဆိုတဲ့ အနီးအနား ဝန်းကျင်ကို ရောက်ကုန်ပါပြီ။ “ဒီနေရာမှာ လူတွေ သေချင်သလောက်သေ။ ငေါ့ကျောက်တွင်းလေးတော့ ရပ်သွားလို့ […]

သမင်လည်ပြန်

ဘူတန်ကို ပထမဆုံးရောက်ဖူးတဲ့ နိုင်ငံခြားတိုင်းပြည် လို့ ပြောတာ မမှန်ပါဘူး။ သူ့ရှေ့မှာရောက်ခဲ့တဲ့ လောက်ကိုင် ကိုလည်း နိုင်ငံခြား လို့ ပြောရင်ရတယ်။ မြန်မာစကားပြောလို့ ဘယ်သူမှ နားမလည်ဘူး။ မြန်မာပိုက်ဆံပေးလို့ ဘယ်သူမှ မယူဘူး။ ရန်ကုန်ကို ဖုန်းဆက်ချင် oversea call နဲ့ ပြောရတယ်။ ရန်ကုန်က ကိုယ့်ဆီဖုန်းခေါ်ချင်လည်း တရုတ်နိုင်ငံထဲကို ဖုန်းခေါ်မှ ကိုယ့်ဖုန်းမှာ အသံမြည်တယ်။ လောက်ကိုင်မှာနေခဲ့ရတဲ့ နေထိုင်မှုဘဝဟာ တရုတ်ပြည်ထဲကအတိုင်း နေထိုင်ရှင်သန်ရတယ်။ အိမ်သာတက်ရင်တောင် တရုတ်စာမဖတ်တတ်ရင် ကျား နဲ့ မ ခွဲလို့ရမှာ မဟုတ်ဘူး။ မြန်မာပြည်မြေပုံထဲမှာရှိပြီး ကျန်းမာရေးဝန်ကြီးဌာနက ခန့်လွှတ်လိုက်လို့သာ အဲ့ဒီကို ရောက်သွားတာ သူတို့နေရာကြီးက တကယ့်ကို တရုတ်ပြည်ကြီးပါပဲဗျာ။ တစ်ခုပဲ ဝမ်းနည်းစရာကောင်းတာက ကိုယ့်ရဲ့လစာက မြန်မာငွေနဲ့။ ကျပ်၁၅၀၀၀ ပဲ […]

သိသလို မသိသလိုပါပဲ

အိမ်ရှေ့နား မယောင်မလည် ကိုယ်လေ ရောက်သွားခဲ့။ စွန်ညိုမလေးအလား သိလို့လား မသိလို့နေမလား။” ဟုတ်ကဲ့။ သိသလိုလိုနဲ့ မသိဘူး။ ဒါပေမယ့် မသိသလိုလိုနဲ့ သိပါတယ်။ အကုန်လုံးက “သိနေတယ်။ မပြောသေးဘူး။” လို့ လုပ်နေကတည်းက “စမ်းသီးတော့ စမ်းသီးပဲ” ဆိုတာသိတာပေါ့။ ဘာစမ်းသီးမှန်းသာ မသိတာ။ ဝမ်းသာစရာ စမ်းသီးလို့တော့ပြောတာပဲ။ ဒီချိန်မှာ ဝမ်းသာစရာဆိုလို့ကလည်း ဟိုဘက်က တစ်ကောင်ကောင် မတ်စိကိုက်တာပဲ ရှိမှာပါ။ လူသေရင် ပျော်နေရတဲ့ ကိုယ်တို့ဘဝကလည်း ပျော်စရာ မကောင်းလိုက်တာ။ ကမ္ဘောဒီးယားမှာ ပိုပေါ့လက်ထက်တုန်းကဆို တိုင်းပြည်ရဲ့ လေးပုံတစ်ပုံ ပြုတ်ပြုတ်ပြုန်းသွားတာတဲ့။ ခမာတွေနီရတာလည်း အဲ့သလောက်တောင် ကြောက်ဖို့ကောင်းပေသကိုး။ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ၊ ကျောင်းဆရာတွေ၊ ပညာတတ်တွေကို ဖောက်ပြန်ရေးသမားတွေဆိုပြီး အကုန်သတ်ပစ်သတဲ့။ ဗမာတွေနီတာလည်း သူတို့နဲ့သိပ်မထူးပါဘူး။ ဒီမှာတော့ CDM တွေဆိုပြီးသတ်ပစ်တာပေါ့။ […]