တောကြိုအုံကြားမှာ စာရင်းမဝင် အင်းမဝင် ကိုဗစ်စင်တာကြီးထောင်တယ်ဆိုတော့ ပေတရာခင်ခင်ကြီးတို့်များ သိရင် အမယ်လေး ရယ်ချင်လိုက်တာ ဖတ်ဖတ်မော ရင်ဘတ်နောက်ကကျော လို့ လှောင်မလား မသိပါဘူး။ သူက အိမ်မှာ ကိုယ့်ဘာသာသေတဲ့ဟာတွေဘယ်နှစ်သိန်းရှိရှိ PM လုပ်မထားရင်၊ သူ့ဆီမှာ ကိုဗစ်အမည်ပေါက်စာရင်းမဝင်ရင်၊ ထည့်တွက်စရာ မလိုဘူး လို့ ပညာရှိစကား မိန့်ကြားထားတာကိုး။ သူသူငါငါ ကိုယ့်ဘာသာကိုယ် test kit ကလေးတွေနဲ့ နှာခေါင်းကော်လို့ နှစ်ကြောင်းပေါ်ခဲ့ရင်တောင် NHL မှာ PCR နဲ့ မစစ်ရသေးရင် “ကိုဗစ်ဟု အဓိပ္ပါယ်သက်ရောက်ခြင်း မရှိစေရ။” ပဲ။ အဲ့လိုဆိုတော့ လှထုံတို့တစ်ရွာလုံး ပြုတ်ပြုတ်ပြုန်းသွားရင်တောင် သူ့အတွက်တော့ ဘောင်မဝင်တန်းမဝင်တွေပဲ။ တောကလူတွေ ဘာနဲ့သေသေ သေချင်တာနဲ့သေ။ အရေးကိုမပါတာ။ ဒါပေမယ့် ရွာထဲမှာ လေးတန်းမအောင်တဲ့ ကလေးပေါက်စကတောင် နှာခေါင်းနှိုက်စရာမလိုပဲ […]
လှထုံတို့ရွာ
လှထုံတို့ရွာ (၃)
နောက်တနေ့ ဆေးထုပ်တွေရောက်လာတော့ ကားတစ်စီးတိုက် အပြည့်ပါပဲ။ အိမ်တစ်အိမ်မှာ ဆေးတွေကိုအမျိုးအစားခွဲ နေရာချထားရင်း ဘာတွေရှိပြီး ဘာတွေလိုသေးသလဲ စာရင်းပြုစုနေတုန်းမှာ ဥက္ကဌအမေ ကိုဗစ်နာလန်ထက ဝမ်းတွေသွားနေတာ ဘာဆေးသောက်ရမလဲ မေးလို့ ဆေးညွှန်ပေးလိုက်ပါတယ်။ လိုလိုမယ်မယ် အောက်ဆီဂျင်လေးလည်း တိုင်းကြည့်ထားဦး လို့ မှာလိုက်တော့ ခနနေ ပြန်လာခေါ်တယ်။ ဆရာ့အောက်ဆီဂျင်စက်ကလေးက တိုင်းလို့လည်း မရဘူးတဲ့။ အေးလေ။ သွားကြည့်ရမှာပေါ့။ မိုးထဲလေထဲ ထီးကလေးဆောင်းပြီး level 2 PPE နဲ့ home visit ကြွလေသတည်း။ အောင်မယ်လေး။ ကိုဗစ်လူနာအိမ်မို့သာတော်တော့တယ်။ ဆွေအစုံမျိုးအစုံနဲ့ လူနာပြုစုနေကြတာ။ ရွာလူကြီးတွေ ကို အိမ်ထဲမဝင်နဲ့၊ အပြင်ကပဲ စောင့်ကြပါ ဆိုလည်း မရဘူး။ တအောင့်နေ အကုန်အထဲရောက်လာတာပဲ။ “အမေ။ ဆရာဝန်လာပြီ အမေ။ အားတင်းထားဦးနော်။ စိတ်မလျှော့လိုက်နဲ့။” […]
လှထုံတို့ရွာ (၂)
ဒီအလုပ်ကို လူမိုက်တွေပဲလုပ်မယ်။ လူလိမ်မာတွေ မလုပ်ဘူးဆိုတာက ကိုယ်ရောက်နေတဲ့အရပ်ရဲ့ ကာလံဒေသံတွေနဲ့ဆိုင်ပါတယ်။ လက်နက်ကြီးရော လက်နက်ငယ်ရော အုန်းကနဲ ဒိုင်းကနဲ ကျနေတဲ့ စစ်မြေတလင်းမို့လို့ အခန့်မသင့်ရင် လမ်းမှာဂိသွားနိုင်တဲ့ အန္တရာယ် ရှိပါတယ်။ ပိုဆိုးတာက စစ်ဆေးရေးဂိတ်ပေါင်းများစွာကို ကျော်ရဖြတ်ရဦးမှာ။ ဘယ်နေရာမှာ ငါ့ဆွဲစိလိုက်မှာပါလိမ့်ဆိုတဲ့ စိတ်နဲ့ ခရီးသွားရပါတယ်။ လက်ကိုင်ဖုန်းကို reset မချရုံတမယ် ဖယ်ရှားခြင်းတွေပြုပြီးမှ အာကာထွန်းဘောင်းဘီဝတ် ရာဘာဖိနပ်စီးပြီး ရွှံ့အလူးလူးနဲ့ ရုပ်ပေါက်အောင် သွားရတာ။ ကားနဲ့သွားမရရင် ဆိုင်ကယ်နဲ့ ၊ ဆိုင်ကယ်ပါရုန်းမရရင် လူကိုယ်တိုင် ဗွက်ထဲဆင်းရုန်းရတာကိုး။ ကားဆရာကတော့ တစ်ဂိတ်ဝင် တစ်မျိုး ပုံပြောတာပါပဲ။ “ရွာဦးကျောင်းဆရာတော် အသည်းအသန်ဖြစ်နေလို့ လစ်တော့မယ်။ သူ့ခမည်းတော်နဲ့ မိသားစုတွေကို အသက်မီအောင် သွားပင့်လာတာ။ သွားလက်အုန်းမျယ်နော်။ သက်လား။” ဆိုတာကတမျိုး။ “ဒါ ကျနော့်လော်ပန်။ နေမကောင်းလို့ […]
လှထုံတို့ရွာ (၁)
အင်တာဗျူးမေးခွန်းတွေ ဖြေဖန်များလာတဲ့အခါ ကိုယ့်ဆရာသမားများရဲ့ ပညာရှိစကားများထဲမှာ နာယူမှတ်သားမိတာလေးတွေ ပြန်ပေါ်လာပါတယ်။ “မေးခွန်းဆိုတာ အမျိုးမျိုးရှိတယ်။ သူက ဘာသဘောနဲ့မေးချင်တာလဲ ဆိုတာ သိမှ ကိုယ်က သူလိုချင်တဲ့အဖြေကို တည့်အောင်ဖြေနိုင်မှာ။ သိလို၍မေးခြင်းလော။ ညှိလို၍ မေးခြင်းလော။ ရိလို၍ မေးခြင်းလော။ ကလိလို၍ မေးခြင်းလော။ အရင် သဘောပေါက်အောင် လုပ်ရတယ်။” တဲ့။ ဟုတ်ပ။ ခုများတော့ ဆရာကောင်းတပည့် ပန်းခေါင်းလှန်နိုင်ပါပြီ။ ဖွလို၍ မေးခြင်းလော။ ဆွလို၍မေးခြင်းလော။ ရွလို၍ မေးခြင်းလော။ ချက်ဆို နားခွက်က မီးတောက်ပါလေရော။ “ကိုဗစ်ကပ်ရောဂါကြီးဖြစ်နေတာ ဆရာလည်းမြင်မှာပါ။ အသေအပျောက်တွေ အရမ်းများတယ်လေ။ ဆေးရုံတွေမှာလည်း ဆရာဝန်တွေ မလုံလောက်ဘူးဆိုတော့ ဆရာ့အနေနဲ့ CDM လုပ်မိတာ မှားတယ်လို့ မထင်ဘူးလား။ ဆေးရုံကို အလုပ်ပြန်ဝင်ပြီး လူနာတွေကို ကိုယ်တတ်တဲ့ပညာနဲ့ ဆေးကုချင်စိတ် […]