ချန်ဂင်တို့စခန်း (၂၉၆)

“သုံးရွေ့လယ်ဝယ် ဆွေတော်မျိုးတော် မူးတော်မတ်တော် ရှေ့ထက်ဝယ်ကရတဲ့ မင်းသမီးအစုံရယ် သီချင်းကြီးမှ ဂုဏ်ထည်တယ်။” တဲ့။ ဟိုးရှေးရှေးတုန်းက နန်းတော်ထဲမှာ မင်း၊ မိဖုရားကို ခစားရတဲ့ ရံရွေပရိသတ် သုံးမျိုးသုံးစား ရှိတယ် လို့ ဆိုချင်တာနဲ့တူပါတယ်။ “ရွေသုံးရံခြယ် ကြာရိပ်လယ်မှာ” လို့လည်း ရေးကြတယ်လေ။ စိန်ချန်ဂင်ကလေးလည်း သုံးရွေ့လယ်မှာ ပတ်ချာလည်လှည့်ပြီး မမောနိုင်မပန်းနိုင် သီဆိုကပြနေရတာ ရက်တွေမနည်းတော့ပါဘူးကွယ်။ ဒီဘက်ဆေးရုံမှာခွဲလိုက်၊ ဟိုဘက်ဆေးရုံကို ပြေးလိုက်၊ သင်တန်းကျောင်းမှာ စာသင်လိုက်။ တစ်ရက်မှလည်း မနားရဘူး။ ဒီကြားထဲ ညဘက်တရေးနိုး စာထထရေးရတာနဲ့၊ လေယာဉ်လာလို့ ကျင်းထဲဆင်းရတာနဲ့။ ကိုယ်ဘယ်လောက် အိမ်မကပ်တယ် ကပ်တယ်၊ Loki တောင် ကိုယ့်ဆီ သိပ်မကပ်တော့ဘူး။ ကိုယ်တို့စစ္စတာကပဲ သူ့ကို ထမင်းမှန်မှန်ကျွေးနေတာမို့ စစ္စတာ့အခန်းမှာပဲ သွားအိပ်တော့တယ်။ မနက်လည်း လာမနှိုးတော့ဘူး။ “မောင်တို့ယောက်ကျားတွေရယ်” […]

ချန်ဂင်တို့စခန်း (၂၉၅)

ရေဘေးဟာ နှစ်တိုင်းကြုံနေကျ သဘာဝဘေးဖြစ်သွားပေမယ့်လည်း အခုတစ်ခေါက်ကြုံနေရတဲ့ ရေဘေးက အသေအပျောက်၊ အပျက်အစီး အဆုံးအရှုံး အများဆုံးပါပဲ။ “ကပ်ဆေးနေတာလေ။ ကပ်ဘေးသင့်နေတာလေ။ ပစ်မှားကျူးလွန်မိတဲ့ အပြစ်တွေရှိခဲ့လို့ပေါ့။” ဆိုတဲ့စကားကို လက်မခံနိုင်သလို “သဘာဝပတ်ဝန်းကျင်ကြီးက ဘယ်လိုဘယ်ပုံ ဘယ်ချမ်းသာ” ဆိုတဲ့ အကြောင်းပြချက်တွေကိုလည်း နားမထောင်ချင်၊ မဖတ်ချင်ပါဘူး။ “နေပြည်တော်မှာ ဖြစ်တာလေ။ စစ်တပ်နဲ့ တပ်ထောက်ခံသူ ဘောမအသိုင်းအဝိုင်းကလူတွေ ပိုပြီး အထိအခိုက်များမှာပေါ့။” ဆိုတာမျိုးတောင် မတွေးမိဘူး။ အဲ့ဒါတွေ အားလုံး “All absurd” လို့ပဲ ပြောချင်တယ်။ အဓိပ္ပါယ်မရှိတာတွေ ရေးနေပြောနေမယ့်အစား တတ်နိုင်တဲ့ဘက်က ကူညီကယ်ဆယ်ရေးကို ချက်ချင်းလက်ငင်းလုပ်ရမှာ။ ဒါပေမယ့်လည်း ဒုက္ခသည်အများစုကို ဘယ်သူကမှ လာကယ်မှာ မဟုတ်ဘူး ဆိုတာကို သေချာပေါက် သိထားတဲ့အတွက် ကိုယ်တို့ရဲ့လက်တွေ့ဘဝဟာလည်း “All absurd” ပဲ ဖြစ်လို့နေပါတယ်။ […]

ချန်ဂင်တို့စခန်း (၂၉၄)

ခုရက်ပိုင်း ကိုယ်တို့ဆီမှာ အေးဆေးနေပေမယ့် လေယာဉ်တွေက ညတိုင်း တနေရာမဟုတ် တနေရာ ဗုံးကျဲနေပါတယ်။ ကျဲသမျှကလည်း တိုက်ပွဲဖြစ်တဲ့နေရာ၊ စစ်စခန်းချတဲ့နေရာ မဟုတ်ပဲ စစ်ရှောင်စခန်းနဲ့ လူနေရပ်ရွာတွေပေါ်မှာချည့်ပါပဲ။ အဲ့သလို ဗုံးကျဲနေတဲ့သူတွေကို ဘာတစ်ခွန်းမှ ပြစ်တင် ပြောဆိုမယ့်သူ မရှိပဲ အသက်နဲ့လဲ ခုခံကာကွယ်နေတဲ့သူတွေကိုသာ အဘက်ဘက်က ဖိအားပေး တားဆီးနေတာဟာလည်း လူသားမဆန်တဲ့ လုပ်ရပ် ပါပဲ။ အင်အားကြီးနိုင်ငံကြီးတွေဖြစ်ပြီးတော့ လူသတ်မုဒိန်းကောင်တွေဘက်က အားပေးရပ်တည် နေတာ မဟုတ်လား။ မြန်မာပြည်က လူသတ်ပွဲတွေဟာ ဘန်ကောက်က Orgy Live Show တွေလို ပိုက်ဆံရလို့ performance လုပ်ပြနေတယ်ထင်ပြီး အရသာခံ ကြည့်နေတာများလား။ တိုက်ခေါင်မိုးပေါ်ကနေ ၅ ယောက် လက်တွဲပြီးခုန်ချတယ်ဆိုတာ ဘယ်နိုင်ငံက မှုခင်းဖြစ်စဉ်ထဲမှာ ကြားဖူးသလဲ။ ဒီလောက် နှစ်တွေကြာပြီးမှတော့ မြန်မာပြည်က […]

ချန်ဂင်တို့စခန်း (၂၉၃)

ခုရက်ပိုင်း ဆေးရုံမှာ လူနာများလာပါတယ်။ ဟိုဘက်ဆေးရုံက မနိုင်တဲ့လူနာတွေနဲ့ elective operation လုပ်ရမယ့်လူနာတွေကို ဒီပဲ လွှဲစရာရှိတာကြောင့် physician နဲ့လည်း နေ့တိုင်းပြပြနေရသလို ခွဲခန်းကလည်း နေ့တိုင်းရှိလာပါတယ်။ ဒီက ဆရာဝန်မှာလည်း ခွဲလူနာကလေး တစ်နေ့တစ်ယောက်မှ မရှိရင် နေမထိထိုင်မသာမို့ ဒီနေ့ခွဲပြီးရင် မနက်ဖြန် ဘာခွဲစရာရှိသေးလဲ မျှော်နေတာလေ။ ကံကောင်းလွန်းတဲ့သူမို့ ရောဂါဝေဒနာနဲ့လူနာတွေချည့် ခွဲနေရတာ။ သူများတွေဆို ခုရက်ပိုင်း လေယာဉ်နဲ့ဗုံးကျဲခံရတဲ့ သွေးထွက်သံယိုလူနာတွေ နေ့မအား ညမအား ခွဲနေရတာ ရင်နာရလွန်းလို့ အရှင်လတ်လတ် ငရဲကျနေသလိုပဲ။ ကျိန်ဆဲစရာ စကားလုံးလည်း ရှာမရဘူး။ ကိုယ့်ဘက်က ကိုယ်လုပ်နိုင်တဲ့အလုပ်ကို အစွမ်းကုန် တိုးလုပ်ရုံပဲ ရှိတယ်။ ကိုယ်သင်ပေးရမယ့် ဆေးသင်တန်းကို သွားကြည့်တယ်။ စာသင်ဖို့ ပြင်ဆင်တယ်။ နေ့တိုင်း တောနင်းရတာတော့ သေလုအောင် ပင်ပန်းတယ်။ […]

ချန်ဂင်တို့စခန်း (၂၉၂)

“ကျန်းမာတော်မူကြပါစ ခင်ဗျာ။” လို့ နှုတ်ဆက်ရမှာလား မသိပါဘူး။ အဆက်မပြတ် ရေးသားလာတဲ့ “ချန်ဂင်တို့စခန်း” လည်း အပိုင်းသစ်တစ်ခု ရောက်လာပြန်ပါပေါ့။ ဆြာစိုးလေးလည်း လေယာဉ်၊ ဗုံးဆံ၊ အမြောက်မှန်လို့ မသေပဲ အလုပ်တွေပိလို့ မာလကီးယားရမယ် ထင်ပါရဲ့။ ဟိုဘက်ဆေးရုံ၊ သည်ဘက်ဆေးရုံ ၂ ရက်ခြား တစ်ခါလောက် ပြေးလွှားကူးသန်းနေရင်းကနေ ခွဲခန်းကလည်း ပြေးပြေးဝင်ရသေးတာ။ မနေ့ကဆို ဆေးရုံကထွက်ခဲ့ပြီးမှ လူနာခေါ်ပြလို့ မလိုက်နိုင်ပဲ နေရစ်ခဲ့ရတယ်။ ဟစိဟစိ လူနာက တစ်ယောက်။ အူအတက်ယောင်တဲ့သူက တစ်ယောက်။ ခွဲလူနာရော၊ ill case ရော ရှိတော့ ဆေးရုံကခွါလို့ ဘယ်စိတ်ဖြောင့်မလဲ။ အိမ်မှာနေမကောင်းတာ တစ်လလောက်ရှိမှ လာသတဲ့။ အစာလည်းမဝင်၊ ရေလည်းမဝင်၊ ပက်လက်တောင် မအိပ်နိုင်။ ကမ္မဌာန်းရုပ်ကလေး။ ထုံးစံအတိုင်းပဲလေ။ လုပ်ချင်ရာတွေ လျှောက်လုပ်ပြီး […]

ချန်ဂင်တို့စခန်း (၂၉၁)

နှိမ်နင်းနှိပ်ကွပ်ချင်သူတွေကို ဆန့်ကျင် တော်လှန်ရင်း နောက်ထပ်မွေးနေ့တစ်ခု ကျော်ဖြတ်လာခဲ့ပြီ ဆိုတဲ့သဘောဟာ ဒီလူတွေကို အံတုဖက်ပြိုင်နေဆဲပဲလို့ အဓိပ္ပါယ်ရပါတယ်။ ကိုယ့်ဘက်က နိုင်နေတယ်လေ။ ဗိုလ်ချုပ်တွေသာ တစ်ယောက်ပြီးတစ်ယောက် ပြုတ်သွားတယ်။ ဒီဆရာဝန်လေးမတော့ ကျက်သရေတန်ခိုး တက်နေတိုးသည့်အလားပဲ။ ဒီနေ့ ဓါတ်ပုံတင်ထားပေးတယ်။ ယှဉ်ကြည့်လိုက်စမ်း။ ဟိုကျက်သတုံးပုံနဲ့။ သူ့မျက်ခွက် ကိုယ့်မျက်နှာ။ အရောင်အဝါချင်းကိုက တခြားစီ။ နှိုင်းချင်လို့ နှိုင်းတာ မဟုတ်ပါဘူး။ စုတ်ပြတ်နေတဲ့ ရုပ်ကလပ်ကြီးကို မြင်သာအောင်လို့။ ဗျာပါပွေပြီး အပူလုံးကြွနေတဲ့ရုပ်ကြီး။ ကိုယ်တို့ဆီမှာတော့ သာသာယာယာပါပဲ။ လမ်းတွေပိတ်နေလို့ ဘာပစ္စည်းမှ ဝယ်မရ၊ သယ်မရ ဖြစ်နေလည်း ရှိတာလေးနဲ့ တနေကုန် ချက်ပြုတ်စားသောက်လို့နေပါတယ်။ ဆန်ကုန်ခါနီးရင် ဂျုံနဲ့ မုန့်လုပ်စားကြတာပေါ့။ မနက် ၆ နာရီကတည်းက ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ အာလူးဟင်း တစ်အိုးချက်ပြီး ပူရီတွေ ဆက်တိုက်ကြော်နေတာ ၈ […]