ချန်ဂင်တို့စခန်း (၂၇၄)

ကိုယ်တို့တတွေ သံလမ်းရိုးဘက် တက်တုန်းက သုမေဓာရှင်ရသေ့ ဇာတ်ပဲ ကခဲ့ရတာ။ အခု ကိုယ်တို့ဆရာတော် တံတားဦးက ကြွလာမှပဲ ရှင်မောဂ္ဂလန် ခိုးသား ၅၀၀ နဲ့ တိုးသလို ဘဝနတ်ထံ ပျံလွန်တော်မူရရှာတယ်။ ရင်နာပေမယ့်လည်း အဆန်းတကြယ်တော့ မဟုတ်ရှာပါဘူး။ မအလ လက်ထက်မှာ လူတကာကြုံနေကျ ရန်သူမျိုးငါးပါး အန္တရာယ်တွေပါ။ ပြီးရင် သူတို့ မဟုတ်ပါဘူး ဗြောင်လိမ်ဗြောင်ငြင်း လုပ်တာကလည်း အမြဲတမ်း လုပ်နေကျမို့ အဆန်းတကြယ် အံ့ဖွယ်သုတ မဟုတ်တော့ဘူး။ စကတည်းက မဲခိုးလို့တောင် မနိုင်တာနဲ့ သူခိုးက လူဟစ်ပြီး ဗြောင်လိမ်ဗြောင်စား အာဏာသိမ်းတဲ့ကောင်တွေ မဟုတ်လား။ အလိမ်အညာဆိုတာ တစ်ခါ အစလုပ်မိပြီးရင် မဆုံးနိုင်အောင် လိမ်ပြီးရင်း လိမ်ရင်းနဲ့ အလိမ် ပေါ်လာရတာပဲ။ ဘုန်းကြီးရဟန်း သတ်ပြီးမှ မုသာဝါဒလေး အဆစ်လိုက် […]

ချန်ဂင်တို့စခန်း (၂၇၃)

စစ်ပွဲရှိတော့ အရေးပေါ်လူနာပဲ ခွဲတယ် ဆိုပေမယ့် အကြွေးတင်နေတဲ့ လူနာကြီး ၂ ယောက် ရှိပါတယ်။ အပုတ်နံ့တထောင်းထောင်းထနေတဲ့ ရင်သားကင်ဆာ တွေပါ။ နဂိုက ၃ ယောက် ရှိတာ။ တစ်ယောက်ကို ခွဲပေးလိုက်လို့ ၂ ယောက်ကျန်နေတာ။ အနာကြီးတွေက ဆိုးလွန်းလို့ ကင်ဆာဆေး အရင်ပေးပြီးမှ ခွဲမယ် ဆိုပြီး ကင်ဆာဆေးတွေ ရအောင်မှာပြီး ပေးထားတယ်။ ပထမလတုန်းကတော့ ကြုံ့သွားသား။ ဒုတိယလမှာ မထူးခြားတော့ဘူး။ နေ့တိုင်း တနေ့ ၂ ခါ ဆေးထည့်ပေးနေရတာလည်းတော်တော် ဒုက္ခများတာ။ သွေးတွေလည်းထွက်လို့ တစ်ယောက်ကဆို သွေး ၂ လုံးသွင်းယူရတယ်။ အနာတွေကလည်း ရုပ်ပျက်ဆင်းပျက်၊ အနံ့ကဆိုးဆိုတော့ သူတို့လည်း ဒုက္ခများတာပဲ။ ဆေးရုံပိတ်တော့ ရွာထဲက ဘုန်းကြီးကျောင်းမှာနေပြီး နေ့တိုင်း ဆေးလာထည့်နေကြတာ။ Terminal […]

ချန်ဂင်တို့စခန်း (၂၇၂)

ဒေါ်လာဈေး၊ ရွှေဈေး၊ အထွေထွေ ကုန်ဈေးနှုန်းတွေဟာ မင်းအောင်လှိုင် အာဏာမသိမ်းခင်ကနဲ့စာရင် အကြမ်းဖျင်းအားဖြင့် ၅ ဆလောက် တက်လာတယ်ဆိုတာ ပိုက်ဆံပေးဝယ်စားကြရတဲ့သူတိုင်း သိပါတယ်။ စာရင်းစာအုပ်အဟောင်းလေးများရှိရင် ပြန်သာကြည့်။ ဆေးရုံစဖွင့်ကာစက မနက်မနက် ဟင်းချက်စရာဝယ်တဲ့ ဈေးဖိုးဟာ တစ်ရက်ကို တစ်သောင်းလောက်ဆို လောက်ပါတယ်။ အခုတော့ ၅ သောင်းလောက်မှ လောက်တော့တယ်။ ဒါတောင် ဆန်ဖိုးဆီဖိုးမပါ။ မီးစက်နှိုးဖို့ ဒီဇယ်တစ်ပေပါ ဝယ်ရင် ပထမဦးဆုံး ဝယ်ခဲ့ရတာ ၂ သိန်း။ အခု ၁၀ သိန်း။ ကားခတွေ၊ တန်ဆာခတွေလည်း ငါးဆလောက် တက်တာပဲ။ မတက်တာက လခပဲ ရှိတာ မဟုတ်လား။ ဒီအခြေအနေ ဒီကုန်ဈေးနှုန်းနဲ့မှာ ဘယ်ဝန်ထမ်းမဆို သူ့လုပ်ခလစာက ၅ ဆလောက် လျော့နည်းသွားတဲ့သဘောရှိတယ်။ ရိုးရိုးသားသား လုပ်ကိုင်စားသောက်တဲ့ ဝန်ထမ်းမှန်သမျှ […]

ချန်ဂင်တို့စခန်း (၂၇၁)

ဆရာဝန်ဘဝနဲ့ နယ်တကာထွက်ရတဲ့အခါ ကိုယ့်မှာ ငှက်ဖျားနဲ့ချည်း ရင်ဆိုင်နေရတာပါပဲ။ လူနာတွေ အများကြီး လည်းကုရ၊ ကိုယ်ကိုယ်တိုင်လည်း ဖျားပေါ့။ လောက်ကိုင်မှာလည်း ငှက်ဖျားမိဖူးတယ်။ အမ်းမှာလည်း ငှက်ဖျားမိဖူးတယ်။ အခုတစ်ခေါက်တော့ အင်းတော်ကြီးငှက်ပေါ့။ အရင်တုန်းက ငှက်ဖျားစစ်ရင် blood film ဆွဲပြီး microscope နဲ့ကြည့်ရတာ။ အခုတော့ test kit လေးတွေ ပေါ်နေပြီဆိုတော့ အများကြီး လွယ်ကူသွားတယ်။ ဒါပေမယ့်လည်း ကိုယ့်မှာ သွေးစစ်လိုက်ရင် တစ်ခါမှ ပိုးမတွေ့ဖူးပါဘူး။ သို့သော် ကိုယ့်ဘာသာကိုယ်တော့ သိပ်ကို သေချာတာပါ။ ဆေးရုံမှာ လူနာထိုင်ကြည့်နေရင်း ချမ်းစိမ့်ချမ်းစိမ့်ဖြစ်လာရင် ဆရာဝန်နားနေခန်းထဲဝင်ပြီး စောင်အထူကြီးခြုံကွေးလည်း ခိုက်ခိုက်တုန်နေတာပဲ။ တအောင့်နေ တစ်ကိုယ်လုံး ချွေးတွေ ရွှဲနစ်လာပြီး ကိုင်ရိုက်ထားသလိုနာတယ်။ ၁၅ မိနစ်လောက်နေရင် ပြန်ကောင်းသွားပြီး အပြင်ထွက် လူနာဆက်ကြည့်နိုင်တယ်။ […]

ချန်ဂင်တို့စခန်း (၂၇၀)

စစ်ပွဲကာလအတွင်းမှာ ထွေထွေထူးထူး အပြောင်းအလဲ မရှိပဲ ဖြစ်ရိုးဖြစ်စဉ် နေ့တစ်နေ့ ဖြတ်သန်းရတာဟာ “No news is good news.” လို့ ပြောရမှာလား။ “တစ်ခုခုတော့ လုပ်ကြပါဦး ဟ။ ဒီလိုနဲ့ပဲ တစ်ရက်ကုန်ပြန်ဦးတော့မယ်။” ဆို စိတ်မချမ်းမသာ ဖြစ်ရမှာလား မပြောတတ်တော့ပါဘူး။ “ဘာမှမဖြစ်လည်း တစ်ခုမဟုတ်တစ်ခုတော့ ရေးကိုရေးရမှာ” ဆို ကိုယ့်အိမ်စာနဲ့ကိုယ် ခြေချုပ်မိနေတဲ့ ကိုယ့်အတွက်တော့ အဲ့ဒီ ဘာမှမဖြစ်တဲ့ အကြောင်းအရာကို စိတ်ဝင်တစား လူဖတ်ချင်အောင် စာအရှည်ကြီး ရေးရတဲ့အလုပ်က မလွယ်ပါဘူး။ ဘာမှမဖြစ်လို့ ဘာမှ မလုပ်ဘူးဆိုတာတော့ မဟုတ်သေးဘူးလေ။ တစ်ခုခုတော့ လုပ်နေရမှာ မှလား။ နုတ်စ်အဟောင်းတွေ ပြန်ရှာဖတ်တယ်။ နုတ်စ်အသစ် ရေးဖို့ စဉ်းစားတယ်။ ကိုယ့်ဘာကိုယ်တောင် မေ့တေ့တေ့ဖြစ်နေတဲ့ စာကလေးတွေဆို အသံသွင်း ဗီဒီယိုရိုက်ပြီးတော့ […]

ချန်ဂင်တို့စခန်း (၂၆၉)

ဒေါ်လာဈေးတက်တာကို VPN တွေ ban ပြီး Facebook မသုံးနိုင်အောင် လုပ်လိုက်ရင် ပြန်ကျသွားလိမ့်မယ် လို့ဉာဏ်တိမ်တိမ်လေးတွေးတတ်တဲ့ စစ်တပ်ကကောင်တွေဟာ VPN ပေါင်းစုံနဲ့ တိုင်ပတ်နေတဲ့ မြို့နေလူထုကြီးကို သရော်သလို လှောင်သလိုနဲ့ ရွှေဘကွ လုပ်နေကြပါတယ်။ ရူးသလိုပေါသလိုနဲ့ My Space လေး ပြောင်းသုံးရအောင်လေ လို့ ဆွယ်ပေမယ့်လည်း စွမြင်ကပ်ကပ်နဲ့ rp ဝိုင်းထုကြတာကြောင့် Google Play Store မှာတောင် တင်မရပါဘူး။ “ကဲ အခုတော့ ဘာတတ်နိုင်သေးလဲ။ Facebook သုံးတဲ့သူ နည်းသွားပြီ မဟုတ်လား။” လို့ ဇွတ်လော်နေသူတွေသိအောင် ကိုယ့်မှာ မအားတဲ့ကြားက Facebook ပေါ်တက်ပြီး ဖုန်တထောင်းထောင်းထအောင် လူလုံးပြနေရတယ်။ ၁ အချက်ကတော့ “ငါတို့ဆီမှာ VPN မလိုတာ ကြာပြီ။ […]