ဇာတ်ရှိန်တွေတော့ တက်လာပါပြီ။ စောင့်မျှော်ဖတ်ရှုနေကြတဲ့ ပရိသတ်ကြီးရဲ့ စိတ်ပါဝင်စားမှုတွေကလည်း ထက်သန်လာပြီပေါ့။ ဘာတွေများဆက်ဖြစ်ဦးမလဲ ရင်ခုန်စိတ်လှုပ်ရှားနေမှာပေါ့နော်။ ဒီမှာလည်း ပြောပြစရာတွေက တပုံကြီးပါပဲ။ ကိုယ့်အဖြစ်က realty show တစ်ခုကို live လွှင့်ထားမိသလို မျက်စိအောက်ပေါ်လာသမျှကို အချိန်နဲ့တပြေးညီ ထုတ်လွှင့်ရေးသားနေတာ မဟုတ်လား။ ဒီအခန်းဆက်ကလေး တစ်ပါတ်လောက် ဆက်မရေးမိရင် အဆင်မှပြေရဲ့လား စိတ်ပူသူတွေ နည်းမှမနည်းတာ။ အဲ့ဒါကြောင့် ကိုကိုလေပါတီခမျာ အခြေလည်းဖြိုးတယ် အနေလည်းတိုးတယ် မသေပဲကိုး ကွယ် ဆိုတဲ့အကြောင်း ပေတစ်ရာဆီလျှောက် မြင်သလောက်ပြပြနေရတာပေါ့။ “ကိုင်းအခု လုပ်စမ်းပါဦး။ ဘာတွေဆက်ဖြစ်သလဲ။ up date ကလေး၊ breaking news ကလေး။” ဆိုရင်တော့ ပြောရခက်ပါတယ်။ မပြောချင်လို့ အိုက်တင်ခံတာ မဟုတ်ပါဘူး။ ပြောသင့် မပြောသင့် အများကြီး ချင့်ချိန်နေရလို့ပါ။ သိတဲ့အတိုင်းပဲလေ။ […]
ချန်ဂင်တို့စခန်း
ချန်ဂင်တို့စခန်း (၁၀)
ရေးရင်းရေးရင်း အပိုင်း (၁၀) တောင် ရောက်လာပြီနော်။ ဒါတောင်မှ ခွဲခန်းကြီးက လက်စသတ်ရုံပဲ ရှိသေးတယ်။ စုရင်းဆောင်းရင်း စုံလာတာပဲ ရှိသေးတာ။ “ရယ်ဒီ ဝမ်းတူးသရီး အက်ရှင်” ဆိုပြီး ဓါးစွမ်းမပြနိုင်သေးဘူး။ ခွဲစရာလူနာတွေတော့ တန်းစီပြီး ရက်ချိန်းပေးထားပြီ။ ရက်ချိန်းပေးလို့ မရတဲ့လူနာတွေကျတော့ သူ့အတွက် အန္တရာယ်အကင်းဆုံးနည်းလမ်းကို မဖြစ်မနေ ရှာရတာပေါ့။ ဘာလာလာ အကုန်လုံး ကိုယ်ချည့်ပဲလုပ်ချင်တဲ့ အရမ်းကုဆရာဝန်တော့ မဖြစ်ချင်ပါဘူး။ ကိုယ့်အတ္တကိုယ် အရောင်တင်ဖို့ လူနာအသက်ကိုတော့ အသုံးမချနိုင်။ ဒီဘက်အရပ်မှာက ကိုယ်တိုင် စွန့်စွန့်စားစား ခွဲပလိုက်တာထက် သေသေချာချာ ခွဲပေးနိုင်မယ့်သူဆီကို ရောက်အောင်လွှဲပေးရတဲ့အလုပ်က ပိုပြီးခက်ပါတယ်။ ပိုလည်း စွန့်စားရတယ်။ “သွားလိုက်တော့နော်။ ငါ့လက်ကလွတ် ဗြွတ်။” လို့ လွှဲစာလေးတစ်စောင် ကောက်ရေးပေးလိုက်ရင် ကိုယ့်အရေးကုန်ပြီလို့ သဘောမထားပဲ အဲ့ဒီလူနာ ချောချောမောမော […]
ချန်ဂင်တို့စခန်း (၉)
“ယူတို့တော်လှန်ရေးကြီးက ပြီးရောပြီးဦးမှာလား။ ရှေ့လည်းဆက်မတက်ဘူး။ ဒီနားလေးတင် လည်နေတယ်။ လူတွေ ဒုက္ခရောက်လှပြီ။” လို့ စိတ်စောဝေဖန်တဲ့သူတွေ အများကြီး ရှိပါတယ်။ ကိုယ့်လာပြောရင်တော့ “ဟုတ်တယ်လေ။ အဲ့ဒါ ခင်ဗျားကြောင့်ပေါ့။” လို့ ပြန်ပြောမိမယ် ထင်ပါတယ်။ ကိုယ်တိုင်လည်း ဝင်မရုန်းပဲနဲ့ လှေကြုံစီး လှည်းကြုံစီး ရေသာခိုနေတဲ့သူတွေအတွက်ပါ ဝန်ပိုရုန်းနေရတဲ့အတွက် ခရီးမတွင်တာပါ။ လူစည်ရာပွဲရှာပြီး ဈေးဗန်းခင်းချင်သူတချို့ကြောင့်လည်း ခရီးဖင့်ရပြန်တာပဲ။ ဒီခရီး ဒီပန်းတိုင်ကို ကိုယ်တွေထက်ပိုပြီး မြန်မြန်ရောက်ချင်တဲ့သူ ရှိပါဦးမလား။ ဖြစ်နိုင်ရင် အခုချက်ချင်းတောင် မဟုတ်ဘူး။ မနေ့ကတည်းကကို ရောက်နှင့်နေချင်သူ။ ဘာအကြောင်းကြောင့်ပဲ နှောင့်နှေးသည်ဖြစ်စေ၊ ကိုယ့်အတွက်တော့ ခရီးမဖင့်စေချင်လို့ နေ့စဉ်နေ့တိုင်း မိုးလင်းကမိုးချုပ် အလုပ်နဲ့လက်နဲ့ မပြတ်အောင် လှုပ်ရှားနေတာပါပဲ။ ထိုင်ငိုင်ငေးငူနေတယ်လို့ကို မရှိတာ။ အရောက်နှေးချင်နှေးလိမ့်မယ်။ ရပ်တော့မနေဘူး။ တစ်နေ့ကို တစ်လံပဲရွေ့ရွေ့ ရွှေ့မှာ။ “ဆရာတို့ […]
ချန်ဂင်တို့စခန်း (၈)
ခုရက်ပိုင်းအတွင်း ညကြီးသန်းကောင် လူနာလာလာနှိုးလို့ အိပ်ရတယ် မရှိပါဘူး။ လူနာမလာလည်း လေယာဉ်က လာပြန်တယ်။ လာပစေဟာ။ ဗုံးကျသံမကြားလို့ကတော့ ဆက်အိပ်မှာပဲ။ လေယာဉ်သံကြားတိုင်း ဗုံးခိုကျင်းထဲပြေးပုန်းရရင် အိပ်ပျက်တယ်။ ချမ်းကလည်းချမ်းသနဲ့။ ကြာတော့လည်း ရိုးသွားပြီလေ။ သေစရာရှိ အစောကြီးကတည်းက သေနှင့်မှာပဲဟာ။ သေကံမရောက်သ၍ အသက်မပျောက်ဘူး။ ကိုယ့်မှာ အသက်အပိုမပါပေမယ့်လည်း ခုချိန်ထိအောင်တော့ ဂိမ်းအိုဗာ ဖြစ်မသွားသေးဘူး။ သေဖို့ကိစ္စဆိုတာ သူတို့လက်အောက် သက်ဆိုးရှည်ရတာလောက် အဖြစ်မဆိုးဘူး။ ကြောက်စရာမကောင်းဘူး။ တော်လှန်ရေးအတွင်းမှာ အသက်နဲ့ရင်းပြီး စွန့်စားသူမှန်သမျှ အဲ့သလို သဘောပေါက်ထားပြီးသား။ ပြန်စဉ်းစားကြည့်တော့ ကိုယ့်ဇာတ်လမ်းကလည်း အတော်ကြီး ကိုရီးယားဆန်ပါပေတယ်။ ဒါကြောင့်မို့ ဓါတ်သက်ပါပြီး ချန်ဂင်တို့စခန်း မှည့်မိတာ ထင်ပါရဲ့။ ဇာတ်လမ်းရဲ့အစ နန်းတွင်းကိုလုပ်ကြံသူတွေ ဝင်စီးတဲ့အခန်းဆို ကိုယ်ကိုယ်တိုင် ပြန်တွေးကြည့်ရင်တောင် အသည်းတုန်အူတုန် ရှိလှတယ် မဟုတ်လား။ မီးတွေဖြတ်၊ […]
ချန်ဂင်တို့စခန်း (၇)
၂.၂.၂၀၂၂ မှာ ဘာတွေ ထူးခြားသလဲ မေးရင် မွေးလူနာ နှစ်ယောက် ရှေ့ဆင့်နောက်ဆင့်ရောက်လာပြီး အပြိုင်အဆိုင် ဗိုက်နာလို့ ဂိုးဖမ်းပြိုင်ပွဲကြီး ကျင်းပရတာပါပဲ။ မထင်မိဘူးလေ။ တောထဲတောင်ထဲလာပြီး ဗိုက်ချင်းပြိုင်နာလိမ့်မယ်လို့။ မွေးခန်းလည်း ၂ နေရာပြင်ရတယ်။ ပစ္စည်းကိရိယာတွေလည်း ၂ စုံစာ ပြင်ရတယ်။ ဆရာဝန် ဆရာမတွေလည်း ဟိုဘက်ပြေး သည်ဘက်ပြေးပေါ့။ ဖြူဖြူထွားထွား သမီးဦးလေးနှစ်ယောက် ရှေ့ဆင့်နောက်ဆင့်ပဲ မွေးတာ။ ဒီနေ့မှပဲ လူနာတွေကလည်း စည်လိုက်တာလေ။ မနိုင်လို့ လွှဲရတာချည့် နှစ်ယောက်ရှိတယ်။ လမ်းလေးပွင့်တုန်း သွားကြပါနော်။ ဟိုရောက်တဲ့အခါ အဆင်ပြေဖို့လည်း အများကြီး ဆုတောင်းပေးလိုက်ပါတယ်။ အဖွားက ပေါင်ထိပ်ကျိုးတာ၊ ဦးလေးကြီးက ဆိုင်ကယ်ပေါ်က ကျွမ်းပစ်ပြီး ဂယောင်ခြောက်ခြား နားထဲကသွေးထွက်နေတာ။ ဓါတ်မှန်မရှိတော့ အထင်နဲ့ပဲ မှန်းကုရတယ်။ အပ်နဲ့ထွင်းရမလား ပုဆိန်နဲ့ထွင်းရမလား မသဲကွဲသေးဘူး။ […]
ချန်ဂင်တို့စခန်း (၆)
စပြီးရည်ရွယ်တုန်းက အမြောက်ဆံ ဗုံးဆံ သေနတ်ဒဏ်ရာနဲ့ လူတွေကို တတ်နိုင်သမျှ ကုပေးနိုင်ဖို့ရာ ရည်စူးထားပေမယ့် တည်ဆောက်ဆဲကာလ လတ်တလောအခြေအနေမှာ ကိုယ့်ဆီကို အသည်းအသန်ခဲမှန် စာသူငယ်ကလေးတွေ အစုလိုက်အပြုံလိုက် ရောက်မလာသေးတာ သူငယ်မကုသိုလ် ငါ့ကုသိုလ်လို့ ပြောရမှာပါပဲ။ ရပ်သူရွာသားတွေအပေါ်မှာ ဘုရားသခင်စောင့်ရှောက်တဲ့ ကောင်းချီးမင်္ဂလာ လို့ ပြောချင်လည်းပြော။ နံနက်လင်းတိုင်း ဘုန်းကြီးကျောင်းကို ဆွမ်းချိုင့်ကလေးတွေနဲ့သွားပြီး သီလဆောက်တည်ရတဲ့အတွက် ရတနာ ၃ ပါးဂုဏ်နဲ့ လုံခြုံတာလို့ပဲပြောပြော။ ကိုယ်ယုံကြည်ရာကို လက်ခံလို့ရပါတယ်။ အနည်းဆုံးတော့ ကိုယ့်ဆီက ဘုန်းကြီးတွေဟာ စစ်တပ်ကို သတင်းပေးပြီး ပျူစောထီးတွေ မမွေးဘူးပေါ့။ ရွာထဲမှာ ဖွတ်လေးငါးကောင် ရှိသော်ငြားလည်း မြို့တက်ပြီးထောက်ခံပွဲလုပ်တာကလွဲလို့ ရွာမှာ အသံတောင် မထွက်ဝံ့ဘူး။ ဒီအရပ်မှာမှ မဟုတ်ပါဘူး။ ဘယ်အရပ်မှာဖြစ်ဖြစ် စစ်တပ်နဲ့ထွေအုပ်က ဖွတ်မွေးမြူရေးလုပ်မှသာ စားကာဝါးကာ ဆူဆူဖြိုးဖြိုး အသားတိုးဖွတ်တွေ […]