သည်အရပ် သည်ဒေသကို ရောက်ခဲ့တာ ၉ လ နီးပါး ရှိသွားပါပြီ။ လာတုန်းကတော့ အဲ့လောက်ကြာမယ် ထင်မထားသလို ဘယ်လောက်ကြာမယ်ဆိုတာလည်း ခန့်မှန်းလို့ မရပါဘူး။ ဘယ်ကိုဘယ်လိုသွားမယ်ဆိုတာ ရေရေရာရာ မရှိပဲ ပေးလာတဲ့အခြေအနေမှာ ရှင်သန်အောင် ရုန်းကန်လာခဲ့ရတာကိုး။ တကယ်လို့များ ပြန်မလာနိုင်ပဲ တစုံတရာဖြစ်ခဲ့သည်ရှိသော် ဒီနေ့ဒီရက်မှာ ဒီနေရာကိုတော့ ရောက်ခဲ့ပါတယ်လို့ လူပျောက်ရှာမယ့်သူ ခြေရာကောက်နိုင်စေဖို့ စိတ်ချရတဲ့အသိအကျွမ်း တစ်ယောက်ယောက်ကိုတော့ ပြန်မလာနိုင်ခဲ့သည်ရှိသော် အိမ်ကို အကြောင်းကြားပေးပါလို့ မှာပြီး လာခဲ့ရတာပါ။ အခုလိုသာ ထွက်မလာခဲ့ရင်လည်း လူက ထောင်ထဲရောက်နေမှာ သေချာသလောက်ပါပဲ။ ဖမ်းမှာကြောက်လို့ ထွက်ပြေးတာတော့ မဟုတ်ပါဘူး။ သူတို့ကို ဘာမှပြန်မလုပ်နိုင်ပဲ အလကားနေရင်း ကိုယ့်ရဲ့အချိန်တွေ အလဟသဖြစ်သွားမှာကို မလိုလားလို့ ချောင်ပိတ်မိမနေအောင် လှုပ်သာရှားသာတဲ့နေရာမှာ နေတာပါ။ ရှားရှားပါးပါး သားဆရာဝန်ကလေး ၂ ယောက်မွေးပြီး […]
ချန်ဂင်တို့စခန်း
ချန်ဂင်တို့စခန်း (၁၆)
တစ်နေ့ပြီးတစ်နေ့ တစ်လပြီးတစ်လ ကျော်ဖြတ်လာခဲ့တဲ့ အချိန်အတောအတွင်းမှာ စစ်တပ်နဲ့ အပေါင်းအပါ လူယုတ်မာအသင်းအပင်းတစ်စုဟာ ကြာလေကြာလေ ဆထက်ထမ်းပိုး တိုးလို့ ယုတ်မာကောက်ကျစ်လာခဲ့တာဟာ လူရယ်လို့တောင် သတ်မှတ်လို့ လက်မခံနိုင်လောက်အောင်ပါပဲ။ လူမဆန်ဘူးဆိုတာ သူတို့မှအစစ်။ အဲ့လိုမျိုးအတန်းအစားနဲ့ ယှဉ်တွဲပေါင်းဖက် နေထိုင်လုပ်ကိုင်ဖို့ရာ ဘယ်လိုမှ မဖြစ်နိုင်မှန်း အစကတည်းက ကွဲကွဲပြားပြား သိတဲ့အတွက် လွတ်အောင်ကင်းအောင် မပတ်မသက် အိုးစားခွဲခဲ့တာ ခုဘဝရော သံသရာပါ ကောင်းဖို့ဖြစ်လာတာပါပဲ။ ဒီလူတွေကို ပါးလျက်နားလျက် ပရောပရည်လုပ်ရမှ အရိုးအရင်းလေးကိုက်ရမယ့်ဘဝကို ဘယ်တုန်းကမှ မလိုချင်ပါဘူး။ အဲ့ဒါကြောင့် CDM လုပ်ခဲ့တာပါ။ “အခုလိုနှစ်ပေါက်အောင်ကြာလာတော့ စိတ်ဓါတ်တွေ ကျမလာဘူးလား။ စားဝတ်နေရေးတွေ ထိခိုက်ကုန်ပြီ မဟုတ်လား။” လို့ နှမ်းဆီတွေက မေးရင် “ကိုယ့်ဘာသာကိုယ် အင်ဗာတာလေးနဲ့ မြဝတီပဲ ထိုင်ကြည့်နေကြပါ။” လို့ပဲ ပြောချင်တယ်။ ခများတို့နဲ့ […]
ချန်ဂင်တို့စခန်း (၁၅)
“တစ်ခေါက်လောက် ကြွခဲ့စမ်းပါ။ ကျုပ်နှမများကို ဖိတ်ကြားချင်ပါတယ် ခင်ဗျာ။ တိမ်ဝါရောင် တိမ်တောင်တွေ စိမ်းစိမ်းစို အကိုတို့ရွာ” သူခေါ်တယ် လာပါ လာပါ ဆိုနေရင်းကနေ မပြောမဆိုနဲ့ သူများထက်ဦးအောင် ရောက်ချလာတဲ့ ဧည့်သည်ကတော့ ဥမ္မာခင် ပါပဲ။ ဒီလောက်လူသူမနီး တောကြီးမြိုင်လယ်မှာ တသီးတခြား သွားနေတာတောင်မှပဲ ဥမ္မာခင်တို့များ မရောက်ရောက်အောင် လိုက်လာနိုင်တယ်နော်။ လူပုန်းတောမှာ မနေသာဆိုသလိုပ။ အရင်ကတည်းကလည်း ရွာမှာ နှာစေးချောင်းဆိုး အအေးမိတုတ်ကွေးတွေ လာလာပြနေလို့ အကိုက်အခဲပျောက်ဆေး ချောင်းဆိုးပျောက်ဆေးတွေ အဆက်မပြတ်မှာနေရပါတယ်။ သို့သော် ရာသီတုတ်ကွေး နဲ့ ကိုဗစ်တုတ်ကွေးက လက္ခဏာဆင်သော်ငြား အမြင်မှာ ကွဲပြားတယ်ဗျ။ လူနာကြည့်နေကျ ကိုယ်ကပဲ COVID detector ပါနေပြီလား မပြောတတ်။ ကိုဗစ်လူနာဆို မြင်လိုက်တာနဲ့ “ဟင် အဲ့ဒါ ကိုဗစ်ကြီးလား မသိဘူး။” […]
ချန်ဂင်တို့စခန်း (၁၄)
ဇာတိကတော့ ရန်ကုန်ပါ။ မြို့ပြမှာ မွေးဖွားကြီးပြင်းခဲ့တယ် ဆိုပေမယ့် ကျေးလက်ဒေသနဲ့လည်း သိပ်မစိမ်းလှပါဘူး။ မိဘဘိုးဘွား အညာကဆိုတော့ ကလေးဘဝကတည်းက ရပ်ဓလေ့ရွာဓလေ့တွေနဲ့ အကျွမ်းတဝင် ရှိပါတယ်။ သို့သော်လည်း တောဓလေ့ တောစရိုက်တွေကိုတော့ အခုတခါ စခန်းကိုရောက်မှပဲ သေချာ ကျင်လည်လိုက်စားဖူးပေတော့တယ်။ ရှားရှားပါးပါး ကြုံရခဲတဲ့ အတွေ့အကြုံတွေပါပဲ။ ရှေ့လျှောက် ပိုလို့တောင် ခဲယဉ်းဦးမယ်။ တောတွေကသာ ရွာတွေဖြစ်ဖြစ်လာတာ။ ရွာတွေက တောမဖြစ်ဘူးလေ။ (အခုတော့ ပြာပုံပဲဖြစ်တာများပါတယ်။) မြန်မာပြည်အလယ်ပိုင်းမှာ ကြည့်ပါလား။ ရွာချင်းခြားတာ ယာခင်းများသာ ရှိတော့တယ်။ လွင်တီးခေါင်မှာ သစ်ပင်လေးတွေ စိမ်းစိမ်းစုစုမြင်ရင် တောမဟုတ်တော့ဘူး။ အဲ့ဒါရွာ။ အခုအရပ်မှာတော့ ရွာကနေ တောစခန်းရောက်ချင် တစ်နာရီ နှစ်နာရီလောက်တော့ ပျော့ပျော့လေး အတက်အဆင်းရှိတယ်။ ဟောဟိုးကတောင် ဆိုပြီး လက်ညှိုးနဲ့ လှမ်းထိုးပြလို့ ရပေမယ့် တကယ်သွားရင် […]
ချန်ဂင်တို့စခန်း (၁၃)
ဆောင်းဝင်တုန်းက တော်တော်နဲ့ မိုးမပြတ်ခဲ့ပေမယ့် ဆောင်းကုန်တဲ့အခါ နှင်းက ရုတ်ချည်းပျောက်သွားပါတယ်။ အရင်ရက်တွေတုန်းကမှ ထင်းစကလေးတွေ ကောက်ကောက်ထားပြီး မနက်မီးညမီး ဖိုနေရသေးတယ်။ အခုတပါတ်ထဲလည်းရောက်ရော အနွေးထည်တောင် ညတပိုင်းလေးပဲ လိုတော့တယ်။ စောင်တွေလည်း ပိုလာပြီ။ လူနာတွေအတွက် အလှူရှင်တွေပို့ပေးလိုက်တဲ့ အိပ်ယာခင်း ဂွမ်းကပ်တွေ ဂွမ်းစောင်တွေတောင် ဗီရိုထဲပြန်သိမ်းနေရပြီ။ တသွင်သွင်စီးတဲ့ စမ်းချောင်းကလေးလည်း အရင်ကလောက် မနက်တော့ဘူး။ ကြည်တော့ကြည်ပါသေးတယ်။ ညနေစောင်းရင် ချောင်းထဲမှာ ရေချိုးတဲ့သူတွေ စည်တာပေါ့။ ပြီးခဲ့တဲ့ တစ်ပါတ်လောက်ကဆိုရင် ချောင်းထဲကရေက ရေခဲရေထက်ပိုအေးလို့ ကြာကြာမစိမ်နိုင်ကြဘူး။ အစကတော့ မြွေဆိပ်ဖြေဆေးတွေ ရေခဲသေတ္တာနဲ့ထားရတဲ့ ထိုးဆေးတွေကို ဗူးကလေးနဲ့ အလုံပိတ်ပြီး စမ်းချောင်းထဲမှာ သွားစိမ်ထားမလို့ စဉ်းစားနေတာ။ စိမ့်ပြီးကျဉ်နေအောင် အေးတာကိုး။ ဒီစမ်းရေကလေးကိုပဲ အားကိုးနေရတာပါလေ။ အခုတော့ ရာသီဥတုပူလို့ လူတစ်ယောက်ချင်း ရေအသုံးများလာတာရော၊ ဆေးရုံတက်လူနာတွေ […]
ချန်ဂင်တို့စခန်း (၁၂)
စစ်တပ်ကဖျက်စီးပစ်လိုက်တဲ့ အေငြိမ်းရဲ့ဆေးရုံကလေးကို သူဘယ်လောက်ကြာကြာ ကြိုးစားတည်ဆောက်ခဲ့ရသလဲ မသိပါဘူး။ ကိုယ့်ဆေးရုံကလေးကတော့ အတောင်အလက်စုံဖို့ နှစ်လကြာပါတယ်။ လူကိုယ်တိုင်လာမနေပဲ သွားလိုက်ပြန်လိုက် အလုပ်လုပ်နေရတာက အဲ့ဒီမတိုင်ခင် တစ်လလောက်ကြာတာပါ။ ကိုဗစ်စင်တာသိမ်းပြီး အိမ်ပြန်ပို့ဖို့ စီစဉ်ကြတဲ့အခါ ရွာကလူကြီးတွေက ကိုယ့်အပြန်လမ်းကို စိတ်မချပါဘူး။ ရွာမှာပဲ ဆေးခန်းလေးဖွင့်ပြီး ဆက်နေပါ။ နေရေးစားရေးသာမက လခလည်း ကောင်းကောင်းပေးပါ့မယ် ဆိုသည့်တိုင် ခွဲခန်းမပါတဲ့ ဆာဂျင်ဟာ ဆက်ရက်တောင်ပံကျိုးသက်သက်မျှသာပါပဲ။ အဲ့ဒါနဲ့ ဘယ်နေရာမှာ ဘယ်လိုလုပ်ရမလဲ အကြံထုတ်ရင်း ပစ္စည်းကိရိယာစုဆောင်းတာ အဲ့ဒီအချိန်ကတည်းကပေါ့။ အရာအားလုံးကို ပြည့်ပြည့်စုံစုံနဲ့မှ ခရီးစမယ်ဆိုရင် ကိုယ့်မလည်း ခုချိန်ထိ ကမ်းစပ်မှာပဲ ရှိနေဦးမှာ သေချာတယ်။ မဖြစ်မနေ မရပ်မနား တစိုက်မတ်မတ် ကြိုးစားခဲ့လို့သာ ဒီခရီးထိပေါက်လာခဲ့တာ။ အိပ်စရာနေရာ အိမ်သာ ရေမီး စီစဉ်လို့ပြီးတာနဲ့ စခန်းမှာရွှေ့နေပြီး လူနာလေးတွေ လက်ခံဆေးကုခဲ့တယ်။ […]