ချန်ဂင်တို့စခန်း (၂၉)

ရာသီဥတုက အပြောင်းအလဲ မြန်လိုက်တာ။ နွေခေါင်ခေါင်ကြီး လေဦးမိုးဦးကျနေသလိုပဲ။ လျှပ်စီးမိုးကြိုးတွေနဲ့ သည်းသည်းမည်းမည်း ရွာချပြီး အနွေးထည်တွေဘာတွေ ပြန်ထုတ်ဝတ်ယူရတယ်။ မေလဆန်းကတည်းက နေ့ဆိုနေပူ ညဆိုမိုးရွာ မပြတ်တော့ဘူး။ အပူဒဏ်လေးလျော့သွားတော့ နေလို့တော့ ကောင်းတာပေါ့လေ။ သွားရေးလာရေးတော့ ခက်သွားတယ်။ ဗွက်အိုင်ကြီးတွေ ပေါ်လာတာရယ်၊ လမ်းချောတာရယ်ကြောင့်။ နောက်လလောက်ဆို ကားလမ်းတွေ ပိတ်ကုန်ပြီ။ ဒီပုံနဲ့ဆို စောများပိတ်လေမလား။ ကိုယ့်မှာက “ခေါက်တုန့်လူးလာ ကူးကာသယ်ဖို့ကြုံ” ဆိုသလို ပန်းရည်ဘဏ်တိုက်ဆောက်နေရတဲ့အချိန်မို့ တော်တော်လေး စိတ်ဖိစီးရပါတယ်။ ပူတလှည့် အေးတလှည့် အစိုဓါတ်ကလေးလည်း မပြတ်တဲ့အချိန်ဆိုတော့ မှိုတွေပွင့်လာပြီ။ ရွက်သစ်ရွက်နုတွေက ရင့်ကုန်ပြီ။ ပိုးကောင်မွှားကောင်ကလေးတွေက များလိုက်တာ။ ညဆို မီးစက်နှိုးထားလျက်ကို အမှောင်ချပြီးနေရတယ်။ မီးရောင်မြင်ရင် အုန်းအုန်းထနေအောင် လာအုံကြပြီး မနက်ကျရင် အတောင်ပံလေးတွေ ဖွေးဖွေးလှုပ်ကျန်ခဲ့တယ်။ ခြင်ရောဖြုတ်ရော ပေါလာလို့ တချိန်လုံး […]

ချန်ဂင်တို့စခန်း (၂၈)

အလုပ်နဲ့ပါတ်သက်လို့တော့ တော်တော်ကို စိတ်ချမ်းသာရတယ် လို့ ပြောရမှာပါပဲ။ လေးလဆိုတဲ့ ကာလအတောအတွင်းမှာ အရာရာဟာ ကိုယ်စီမံတဲ့အတိုင်း ဖြစ်စေချင်တဲ့အတိုင်း အဆင်ပြေပြေ ချောချောမွေ့မွေ့ လုပ်နိုင်ပါတယ်။ ခွဲခန်းထဲက ပစ္စည်းကိရိယာ တန်ဆာပလာတွေလည်း စုံလင်လာပြီ။ သင်ကြားပြသပေးထားတဲ့ ကလေးတွေလည်း အမှားအယွင်း အထစ်အငေါ့မရှိ လုပ်နိုင်ကိုင်နိုင်နေပြီ။ ဒီကနေ့ဆို မမျှော်လင့်ပဲရောက်လာတဲ့ Ectopic Pregnancy နဲ့ shock ရနေတဲ့ လူနာကို နာရီဝက် တစ်နာရီအတွင်း ခွဲခန်းထဲပို့ ဓါးတင်နိုင်တယ်။ အမှားအယွင်းလည်း မရှိဘူး။ ပြာလောင်ခတ်နေတာလည်း မတွေ့ရဘူး။ ရန်ကုန်က အပြင်ဆေးရုံတွေမှာဆိုရင်တောင် Ultrasound ရိုက်ဖို့ တန်းစီနေတုန်း ရှိဦးမှာ။ ဒီမှာတော့ ကလေးအငယ်လေးက ၈ လ ပဲ ရှိသေးတယ် ဆိုလည်း ရှိရှိ။၊ ၃ လခံ Depo […]

ချန်ဂင်တို့စခန်း (၂၇)

“ကဆုန် နယုန် ဆွေ့ဆွေ့ခုန်” တဲ့။ နှစ်တစ်နှစ်ရဲ့ အပူဆုံးအချိန်ကို ရောက်ခါမှပဲ မီးတွေကလည်း မတရားပြတ်နေပြန်ပြီ မဟုတ်လား။ အမြဲတမ်း ဒီအချိန်ဆို တနေကုန် အဲကွန်းလေးနဲ့ နေနေကျ ရန်ကုန်၊ မန်းလေးက လူတွေ အဖို့တော့ ငရဲမီးဟပ်သလိုများ ပူလောင်နေကြပလား မပြောတတ်ပါဘူး။ ငရဲခွေးဟပ်တဲ့ ဒုက္ခကလည်း မသေး။ သေသာသေလိုက်ချင်တော့တယ် လို့ ညည်းတွားကြမယ် ထင်ပါတယ်။ ဒီမှာလည်း နေ့ခင်းဘက်ဆို ပူတာတော့ တော်တော်ပူပါတယ်။ အရိပ်ကောင်းတဲ့သစ်ပင်အောက်ထိုင်၊ လေလေးဘာလေး လာရင်တော့ မဆိုးဘူးပေါ့။ ခွဲခန်းထဲမှာ ပူလွန်းလောင်လွန်းလို့ elective operations တွေကို မနက်ပိုင်း စောစောပဲခွဲကြတယ်။ ဒီနေ့ခွဲတဲ့လူနာက သနားသွားလို့ အဲကွန်းနဲ့ မီးစက်တစ်လုံး ဝယ်လှူမယ်တဲ့။ ဝမ်းသာစရာကြီးနော်။ အပြင်ကအပူက သည်လောက်မဆိုးပါဘူး။ ညနေစောင်းလို့ ချောင်းထဲဆင်းရင် ရေနွေးနွေးလေးနဲ့ […]

ချန်ဂင်တို့စခန်း (၂၆)

ဒီလိုနဲ့ ရက်တွေလတွေ ပြောင်းလာသလောက် ချန်ဂင်တို့ ဆေးရုံကလေးလည်း တစထက်တစ အဆင်ပြေပြေ သွက်သွက်လက်လက်ကလေး လည်ပတ်လုပ်ကိုင်နေပါပြီ။ လူနာတွေ တစ်သုတ်ပြီးတစ်သုတ် အတက်အဆင်း အဆက်မပြတ်သလို တခြားတဘက်မှာလည်း PDF သင်တန်းလာတက်တဲ့ကလေးတွေ ဝင်လာမစဲ တသဲသဲ ရှိကြပါတယ်။ ကိုယ်တို့စခန်းက သင်တန်းပေးနေတာ မဟုတ်ပဲ ဆေးကုတဲ့ ဆေးရုံသက်သက်ပါ။ အဝင်အထွက် ဆုံမိချိန်လေး ဘုန်းကြီးတွေ သိမ်ဆင်းလောင်းသလို လိုမယ်ထင်တာတွေ ဝယ်ဝယ်ထည့်ပေးတာ။ သိပ်မကြာလှပါဘူး။ သူတို့လည်း ရှေ့တန်းစစ်မြေပြင် အသီးသီးကို ကိုယ်စီကိုယ်စီ ထွက်ခွါသွားကြတာ အမြဲတွေ့မြင်နေကျ။ “ဆရာ။ ဘာမှာဦးမလဲ။” လို့ မေးရင်တော့ “ကောင်းကောင်းမွန်မွန် ပြန်လာခဲ့။ ဒဏ်ရာရတဲ့လူရှိလည်း ဒီကိုရောက်အောင် ပြန်ခေါ်ခဲ့။” လို့ မှာပါတယ်။ ကိုယ့်ဆီက ကလေးတွေ ရှေ့တန်းထွက်ရင် ကိုယ်စီကိုယ်စီ လက်နက်ရိက္ခာ အစုံအလင်ပါသလို သူတို့ချည့်ပဲ […]

ချန်ဂင်တို့စခန်း (၂၅)

အရင်တခါတုန်းက မွေးလူနာနှစ်ယောက် တပြိုင်တည်း ကလေးထွက်လို့ နှစ်သင်းခွဲပြီး ဂိုးစောင့်ရတဲ့ စံချိန်ကို အခုတခါမှာတော့ ဗိုက် ၃ ဗိုက် ပြိုင်တူမွေးပြီး စံချိန်သစ်တင်သွားပါပြီ။ ပထမ ခွဲဖို့ပြင်ထားတာက သွေးပေါင်ချိန် အရမ်းတက်နေတဲ့ ကိုယ်ဝန်သည်။ သားအိမ်အပွင့်နှေးလို့ ခွဲမွေးမယ်ကြံနေတုန်း ရှိသေး။ ရေမွှာမပေါက်ခင် သွေးတွေ ဒလဟောဆင်းပြီး ရောက်လာတဲ့ နောက်ကိုယ်ဝန်သည်က ခွဲခန်းထဲကို အရင်ဝင်ရတော့မလို ဖြစ်သွားတယ်။ သူက ကလေးခေါင်း အောက်မဆင်းပဲ သွေးတွေသွန်နေတာမို့ သူ့ကိုဦးစားပေးရမှာပေါ့လေ။ ခွဲခန်းပြင်ပြီး လူနာသွင်းဖို့လည်းခေါ်ရော အရင်ရောက်နှင့်တဲ့သူက နောက်မှမွေးပြီး မယ်ဦးတပ်တာ မခံချင်စိတ်နဲ့ ဆောင့်ကြီးအောင့်ကြီး ညှစ်ချလိုက်တာ ကလေးခေါင်းလေး တစ်လစ်ဖြစ်လာရော။ ဒါနဲ့ ခွဲခန်း နေဦး ဆို မွေးခန်းထဲဝင် ကလေးအရင်ကောက်ကြတာပေါ့။ ပြီးမှ အေးဆေး ကလေးမွေး ခွဲခန်းထဲမှာ ဓါးတင်မယ် […]

ချန်ဂင်တို့စခန်း (၂၄)

ရာသီဥတုကတော့ သင်္ကြန်ပြီးရင် ပူနေကျဆိုတော့ ထူးထူးထွေထွေ မရှိပါဘူး။ တအောင့်နေရင် တိမ်တွေဖုံးပြီး လေတွေမိုးတွေ လာချင်လည်း လာတာ။ အစိုးမရဘူး။ ကိုယ့်အဖို့ကတော့ ဘာလာလာ ဒေါင်းတယ်လေ။ နေသာတော့လည်း ဆိုလာတွေ အားပြည့်တော့ ဆေးလှောင်တဲ့ ရေခဲသေတ္တာလေး အေးတယ်။ မိုးရွာတော့လည်း နွေခေါင်ခေါင် အဲကွန်းမလိုပဲ အေးစိမ့်စိမ့်လေး။ နေလို့ကောင်းတယ်။ ရောက်စကဆို ချမ်းလွန်းလို့ ရေတောင်ချောင်းထဲဆင်း မချိုးနိုင်ဘူး။ ရေနွေးစက်ကလေးတပ်ထားတဲ့ဆီ မှုန်မွှားမွှားလေး ချိုးရတယ်။ ခုချိန်ကတော့ ရေချိုးလို့ အကောင်းဆုံးအချိန်ပဲ။ ကြည်တယ်။ အေးတယ်။ မချမ်းဘူး။ ရေနည်းနည်းတိမ်သွားတာပဲ ရှိမယ်။ မိုးတွင်းရောက်ရင်တော့ ရေတွေပြန်များလာပြီး ချိုးလို့ပိုကောင်းလာမှာပဲ လို့ ပြောတော့ ရွာကကလေးက ရယ်တယ်။ မိုးတွင်းမှာ ဘယ်သူမှ ချောင်းထဲရေမချိုးတော့ဘူးတဲ့။ ရေတွေနောက်တယ်။ ရေစီးလည်းသန်တယ်။ တောင်ကျရေနဲ့ သစ်ပင်တွေ သစ်ကိုင်းတွေ […]