ကိုယ်တို့အညာမှာတော့ အိမ်ဆိုရင် အောက်ထပ်မှာ ကွပ်ပျစ်ကလေးခင်း။ အပေါ်ထပ်မှာ ဘုရားစင် နဲ့ အိပ်ခန်းနဲ့။ မီးဖိုဆောင်ကို အိမ်ဘေးမှာ အဆွယ်ထား။ ချိုးရေသုံးရေအတွက် ရာဝင်စဉ့်အိုးကြီး ၂ လုံးလောက် ဖြည့်ထားပြီးရင် အိမ်သာကိုတော့ နောက်ဖေးခြံထောင့်ဆီမှာ သပ်သပ်တူးထားကြပါတယ်။ ဒါက လူနေဖို့ပဲ ရှိသေးတာ။ နွားနေဖို့ တင်းကုပ်ကလေးက တစ်ခု။ မျက်နှာကျက်ပေါ်မှာ နွားစာစင်တင်ထားပြီး ဆောက်။ နွားတင်းကုပ်က ရေမမြုတ်အောင် ဗွက်မပေါက်အောင် ခပ်မြင့်မြင့်ကလေး မြေဖို့ထားပြီး အလယ်မှာ လောင်းလှေတစ်စင်းလို သစ်ထွင်းတဲ့ နွားစာခွက်တစ်ခု တည်ထားတယ်။ အပြင်ဘက်မှာတော့ နွားစာစင်းတဲ့ ခြေနင်းဓါးစက်ကလေး တစ်ခုထားရတယ်။ အဲ့ဒီနောက်တော့ ဝမ်းစာသိမ်းဖို့ စပါးကျီ ဒါမှမဟုတ် နောက်ချေးသရိုးကိုင်ထားတဲ့ ပုတ်အကြီးကြီးတွေကို အမိုးမိုးပြီး ထားကြတာပေါ့။ ရေတွင်းက အိမ်တိုင်းမရှိဘူး။ နီးစပ်ရာ ရေတွင်းရှိတဲ့အိမ်မှာ ကိုယ့်စက်သီးနဲ့ကိုယ် […]
ချန်ဂင်တို့စခန်း
ချန်ဂင်တို့စခန်း (၃၄)
“မရွာပဲ မည်းလိုက်ပါနဲ့ ရွှေမိုးညို တို့ပါခင် အနေကြုံ့အောင် မိုးလှုံ့သကို။ တို့ဆီကိုလိုလိုနှင့် ရွှေမိုးညို မြောက်လေရုန်းကာ ချုန်းတန်သင့်ဘူး။” မိုးတွေကတော့ မည်းလို့သာပါပဲ။ ရွာမယ် မရွာမယ်တော့ အတတ်ပြောလို့မရ။ အိမ်မှာရှိတဲ့ တောက်တဲ့တွေကတော့ ဗေဒင် ဟောတတ်တယ်လို့ ပြောကြလေရဲ့။ မိုးအုံ့လာရင် သူတို့တွေက အသံပေးကြတယ်။ “တောက်တဲ့။ တောက်တဲ့။” တဲ့။ သူတို့အော်သံနောက်ကို တစ်ခွန်းချင်းလိုက်မေးသွားလေ။ “မိုးလား။” “လေလား။” ဆိုပြီး။ အသံဆုံးသွားရင် အဖြေထွက်လိမ့်မယ်။ မှန်တာ မမှန်တာ အပထား။ တောက်တဲ့တွေနဲ့ ရင်းနှီးသွားရင် အရင်ကလောက် မကြောက်တော့ဘူးပေါ့။ နို့မို့ တောက်တဲ့ကပ်ကပ်ရင် နောက်တစ်ခါ မိုးမခြိမ်းမချင်း ပြန်ခွါမရတော့ဘူး ဆို ဟုတ်လည်း မဟုတ်ပဲနဲ့ ကြောက်နေလိမ့်မယ်။ အမ်းမှာတုန်းက တောက်တဲ့ကြီး ၃ ကောင်နဲ့ ၂ နှစ်လုံးလုံး […]
ချန်ဂင်တို့စခန်း (၃၃)
“သုန်သုန်ငယ်ချီ တုန်နဘီ ရွှေစည်စောရန်ကော့ မြကြောလွင် ပင်သခွတ်ဆီက ထုံဝတ်ရည် မကြည်သေးပါဘု အရေးတော်သီသီမြန်လှတယ် လွမ်းရန်ဖွဲ့မိုး။” တဲ့။ ဒီတနှစ်တော့ မိုးဦးစောလွန်းသကွယ်။ သခွပ်ပွင့်တောင် ကောင်းကောင်း သုပ်မစားလိုက်ရ။ လက်ပံခေါင်းလည်း ခြောက်အောင်ကောက်လိုက်ရတယ် မရှိ။ သိကြားမင်းက ရေးကြီးသုတ်ပြာနဲ့ စစ်ချီလာတာကိုး။ ရဲတံခွန်လွှား ၃၃ ပါး သိကြားဗိုလ်ပါဆိုတာနဲ့ တိုက်တိုက်ဆိုင်ဆိုင် ချန်ဂင်တို့စခန်းလေးကလည်း အပိုင်း (၃၃) ကို ရောက်လာပါပေါ့ဗျာ။ ဒီအရပ် ဒီနေရာက သစ်ပင်ပန်းမံတွေဟာ သူ့ဟာနဲ့သူ အခါရာသီအလိုက် ဖူးကြပွင့်ကြတာမို့ ရာသီပြောင်းရင် ရာသီစာလည်း ပြောင်းပါတယ်။ မြင်ကွင်းရှုခင်းလည်း ပြောင်းတယ်။ ဆောင်းတွင်းတုန်းက ဖွေးဖွေးလှုပ်နေခဲ့တဲ့ စွယ်တော်ပင်တွေက အခုမပွင့်တော့ဘူး။ သူ့အချိန်ကုန်သွားပြီ။ ပွင့်တုန်းကတော့ အဖြူရောင်တစ်မျိုး ပန်းဆီရောင်တစ်မျိုးနဲ့ ညွှတ်နေတာပဲ။ သူ့နောက်မှာတော့ စိန်ပန်း နဲ့ လက်ပံ […]
ချန်ဂင်တို့စခန်း (၃၂)
ဆရာဝန်ကိုယ်တိုင် ပေါက်ပြားကိုင်၊ ကျောက်ခဲသယ်၊ မြေဖို့လုပ်နေတာကို အမြင်မတော်လို့လား မသိပါဘူး။ အုပ်ကြီးက ရွာသားတွေ လှည်းပါဆင့်ပြီး ဆေးရုံရှေ့ လမ်းလာခင်းပေးသွားလို့ တမနက်နဲ့ ကိစ္စပြတ်သွားပါတယ်။ ကိုယ်တွေကတော့ မနက်စောစောစီးစီး အရေးပေါ် ခွဲလူနာရှိလို့ မကူနိုင်ကြဘူး။ သူတို့ပြန်သွားမှ မနက်စာစားပြီး ဈေးသွားရတယ်။ လမ်းပိတ်လို့ တော်ရုံလူနာတွေ မလာနိုင်တော့ပေမယ့် သေရေးရှင်ရေး လူနာကတော့ မဖြစ်ဖြစ်တဲ့နည်းနဲ့ ရောက်အောင် လာရတာပေါ့။ ရာသီပြောင်းတော့ ရွာထဲကကလေးတွေလည်း ဖျားကုန်ပြီ။ ငှက်ဖျားတွေလည်း များလာပြီ။ Malaria test kit တွေ လုံလောက်အောင် မှာရတဲ့အခါ “ဘာဖြစ်လို့ ပိုက်ဆံအကုန်ခံရသလဲ။ NGOs တွေအများကြီး ရှိတယ်လေ။ အဲ့ဒါတွေ သားဖွားဆရာမဆီတောင်းတောင် ရတယ်။ ပေါလွန်းလို့။” တဲ့။ ခက်တော့နေပါပြီ။ အဲ့ဒီသားဖွားဆရာမတောင် မူးရင်ရှူစရာမရှိလို့ ခက်နေတာ။ ကလေးတွေကို […]
ချန်ဂင်တို့စခန်း (၃၁)
ကျုပ်တို့ မဲဇာတောင်ခြေအရပ်က ပွဲခါညောင်ရေ ဆိုသည်မှာများ ဝါဆိုဝါခေါင်အလား မှတ်ရပါတယ်ဗျား။ မေလဆန်းက ရွာတဲ့မိုးဟာ ၁၆-၁၇ ထိအောင်ကို ရွာကောင်းတုန်းဆိုတော့ မိုးဦးစောတဲ့သဘော ဖြစ်သွားတော့မှာပဲ။ ရွာပုံရွာနည်းကလည်း ချိန်ခါမဲ့မိုးနဲ့မတူတော့ပဲ လေရောမိုးရော လျှပ်ပန်းခွေနွဲ့ လုပ်နေတာကိုး။ သည်တစ်နွေတော့ဖြင့် ဟုတ္တိပတ္တိကို ပူလိုက်ရတယ် မရှိပါဘူး။ တန်ခူးကုန်တာနဲ့ မိုးထဲခုန်ကူးတော့တာ။ အဲ့ဒါကြောင့်ပဲ အကောင်ရှည်တွေ အိမ်ပေါ် တက်တက် လာတယ် ထင်ပါရဲ့လေ။ သူတို့လည်း တွင်းထဲရေဝင်လို့ မိုးတက်ခိုတာ နေမှာ။ အညာက နွားခိုးမယားတွေဆီ နွားပြန်သွားရွေးရင် သူတို့ ပြောနေကျ စကားရှိတယ်။ “အောင်မယ်လေး။ အဲ့လောက်ကြီးလည်း ဈေးမနှိမ်ပါနဲ့ရှင်။ ကျုပ်တို့ယောက်ကျား ညဉ့်နက်သန်းခေါင် မြွေမကြောက် ကင်းမကြောက် တက်ခိုးထားရတဲ့ နွားကလေးပါ။” တဲ့။ သူပြောတာလည်း ဟုတ်တုတ်တုတ်နော်။ အခု ကိုယ်တို့ဆေးရုံမယ် နေကြတဲ့သူတွေအားလုံး […]
ချန်ဂင်တို့စခန်း (၃၀)
စစ်မက်မကင်းသော အရပ်မှာ လာနေရတဲ့သူဆိုတာ အိမ်ကြီးရခိုင်ဆောက်၊ နှစ်ရှည် စားပင်သီးပင်တွေ စိုက်ပျိုး၊ ဘိုးဘွားပိုင်မြေပေါ်မှာ သားစဉ်မြေးဆက် အခြေချသလို နေထိုင်ဖို့ ဘယ်သူကမှ စိတ်မကူးနိုင်ပါဘူး။ မတည်ခင် မဆောက်ခင်ကတည်းက ကိုယ်က လက်နဲ့ရေးထားတဲ့အရာတွေကို အချိန်မရွေး ခြေနဲ့လာဖျက်သွားနိုင်တယ် ဆိုတာ သဘောပေါက်ထားရတာပေါ့။ ဒါကြောင့်မို့ ကိုယ့်ဆေးရုံကလေးဟာ ကံရာဇာကြီး ဘုရားတည်သလို ထုထည်ခိုင်မာစွာ၊ ငွေကြေး အကုန်အကျ များပြားစွာ၊ တာရှည်ခံ အရည်အသွေးမြင့် ခန့်ညားထည်ဝါစွာ၊ ဆိုတာတွေကို အကုန်လုံး လှစ်လျူရှုရပါတယ်။ မရှိမဖြစ်တဲ့ ခွဲခန်းတစ်ခုကိုပဲ အသစ်ဆောက်ပြီး ကျန်တာအားလုံး ရှိပြီးသား အဆောက်အဦဟောင်းတွေကို ပြုပြင်သုံးစွဲထားတာပါ။ လူမြင်ကောင်းဖို့ မကောင်းဖို့ထက် အလုပ်ဖြစ်ဖို့ မဖြစ်ဖို့ကို အဓိကထား စဉ်းစားရတာကိုး။ ဒေါက်တာဆီးဂရေ့ဗ်ကြီး ဆောက်တယ်ဆိုတဲ့ နမ့်ခမ်းဆေးရုံလို နောင်နှစ်ပေါင်း လေးငါးဆယ်မက သက်တမ်းရှည်ကြာ ခံပါစေကြောင်း […]