ချန်ဂင်တို့စခန်း (၄၁)

“ရွှေအာကာဘုံစိုး အလို … ပစ္စုန်မင်းငယ်လေး ဘယ်ခင်းနှင့် ငြှိုး။ ခိုးညှာသူဖန် မိုး ဘာပြုထန်သလေး။” ဟုတ်သားပဲ။ ဝါတောင်မဝင်သေးဘူး။ မိုးကလည်း သည်းလွန်းပါတယ်။ ရွာထဲကလူတစ်ယောက်က ပြောသေး။ သူ ဒီမှာနေလာတာ အနှစ် ၂၀ ရှိပြီ။ နယုန်လကြီး ရေကြီးတာ သည်တစ်ခါ ကြုံဖူးသေးသတဲ့။ ရွာအောက်ပိုင်းတွေ ရေမြုတ်နေလို့ ပြောတာပါ။ ကိုယ်ကတော့ ချောင်းကလေးရဲ့ အပြောင်းအလဲတွေကို နေ့တိုင်းသွားကြည့်ပါတယ်။ တစ်ရက်လောက် မိုးတိတ်သွားရင် ပြန်ပြန်ကြည်လာသားပဲ။ ကမ်းပါးပြိုတဲ့နေရာတွေသွားကြည့်ရင် ပထဝီဖတ်စာအုပ်ထဲကအတိုင်း မြေဆီလွှာတွေ အလွှာလိုက် အချပ်လိုက် တွေ့ရတယ်။ ချောင်းထဲက ကျောက်စရစ်တွေ အဲ့ဒီအောက်က လာတာလေ။ ရွှေထွက်ရင် ရွှေကြောရှိတယ်။ ကျောက်ထွက်ရင် ကျောက်ကြော ရှိတယ်။ တချို့ရွာတွေမှာ နှစ်မျိုးလုံးရှိတယ်။ ကြည့်တတ် ကျင်တတ် ဆေးတတ် ကောက်တတ်ဖို့ပဲ […]

ချန်ဂင်တို့စခန်း (၄၀)

ဂေါတမဘုရားရှင်က ကပ္ပိလဝတ်ပြန်ပြီး မိသားစုနဲ့ ဆွေတော်မျိုးတော်တွေ ချေချွတ်တဲ့အခါ ယသော်ဓယာမိဖုရားကတော့ လာရောက်ဖူးမြှော်ခြင်း မရှိပါဘူးတဲ့။ သုမေဓာရှင်ရသေ့ဘဝကတည်းက အတူတူဆုပန်ပြီး ဘဝအဆက်ဆက် ပေါင်းဖက်လာသူချင်း စကားလေးတစ်ခွန်း စာကလေးတစ်စောင်မျှ နှုတ်ဆက်ဖော်မရပဲ ခွဲသွားရက်သူကြီးမို့ မိန်းမသားတို့သဘာဝ စိတ်ကောက်တော်မူတာ လို့ ပြောရင်လည်း ရပါတယ်။ ဒါပေမယ့်လည်း အဆောင်တော်ထိ ကြွမြန်းလာတဲ့ ဘုရားရှင်ကို မြင်လိုက်ရင်ပဲ ဖြေမဆည်နိုင်အောင် ခံစားရလွန်းလို့ သည်းအူပြတ်မျှ ငိုရှာသတဲ့။ ဒီအခါမှာ ဘုရားရှင်ကလည်း မလွန်ဆန်နိုင်တဲ့ ယောက်ကျားတို့ ဝတ္တရားအရ (ပါရမီတွေ အတူဖြည့်ပေးဖူးတဲ့ ကျေးဇူးကြောင့် လို့တော့ ပြောရတာပ။) ချော့တော်မူရပါတယ်။ “မငိုပါနဲ့ တကာမလေး။ တိတ်ပါ။ သံသရာမှာ နှစ်ယောက်သား ခွဲခွါရလို့ ငိုကြွေးလာရတဲ့ မျက်ရည်တွေက သမုဒ္ဒရာကြီးလောက် ရှိနေပါပြီ။” ဆိုပြီး ကိန္နရီမောင်နှံ ချောင်းခြားတဲ့ ဘလ္လာတိယဇာတ်ကို […]

ချန်ဂင်တို့စခန်း (၃၉)

“မိုးဒေဝါ ချိန်ခါလေဟုတ်ပဲ တဖွဲဖွဲ တသည်းသည်း ရွာပဲခုနေ မိုးကစွေစွေ။ တိမ်ခြေတောင်ထဲ မိုးကမည်း။ တဖွဲဖွဲရယ်နှင့် တသည်းသည်းရယ်နှင့် တိမ်ထဲကနေ မိုးဘာပြုစွေတယ်လေးလေ့။” အခုမှ နယုန်လပြည့် ရှိပါသေးတယ်။ မိုးတွေကလည်း စွေလိုက်တာ မပြောပါနဲ့။ ခနလေး စဲသွားပြီးရင် ပြန်ပြန်သည်းလာရော။ ပြက္ခဒိန်ထက် အများကြီးစော ရွာတဲ့မိုးမို့လို့ သူ့နောက်က မနည်းမီအောင်လိုက်နေရတာပေါ့။ ရေစစ်ကန်တွေ ရေမြုတ်မော်တာတွေနဲ့ တွင်းရေတော့ အဆင်ပြေသွားပါပြီ။ ဒါပေမယ့်လည်း အဲ့သလောက်ပေါများနေတဲ့ မိုးရေတွေပါ သုံးချင်တာကြောင့် ရေတံလျှောက်တပ်ပြီး ပိုက်တွေနဲ့ မိုးရေခံဖို့ပါ လုပ်ရတယ်။ ရေမရလို့ နှစ်ရက်လောက် ခွဲခန်းပိတ်ထားလိုက်တာ ခွဲလူနာတွေ ပုံသွားလို့ တစ်နေ့ကို နှစ်ယောက်သုံးဃောက် ဖြိုနေရသေးတာ။ အလုပ်ကို လောဘတကြီးနဲ့ ကြုံးလုပ်နေတော့ ဆေးတွေက မလောက်တော့ပြန်ဘူး။ နဂိုက မှာနိုင်လွန်းလို့ အဆက်မပြတ်ရနေတာ။ အခု […]

ချန်ဂင်တို့စခန်း (၃၈)

“မိုးသံလေသံ မောင်မကြားလား မေ့လျော့နေအား။ ဒေဝါမိုးလေးက အုံတုံတုံ ချစ်သူထံဘယ်သူသွားပါ့မယ် လူကားမကြုံ။” မိုးတွင်းကာလဆိုရင် အသွားအလာ အဆက်အသွယ်တွေ ပြတ်တောက်သွားတာ ဟိုးရှေးရှေးကတည်းကနဲ့ တူပါတယ်။ အခုလည်း ကိုယ်တို့မှာ လူကြုံနဲ့ စာပါးဖို့တောင် ခပ်ခက်ခက်ရယ်။ တယ်လီဖုန်းလိုင်းတွေကလည်း မိုးအုံ့ရင် မမိတော့ဘူး။ အင်တာနက်ကလည်း မမိတာကများပါတယ်။ off line mode နဲ့ စာတွေရေးရေးထားပြီး လိုင်းကလေးတက်လာတဲ့အချိန် ကမန်းကတမ်း ကောက်တင်ရတာ။ ပုံတွေမမြင်ရ ဗီဒီယိုကြည့်မရ။ စာလေးပို့ချင်တာတောင် “အချစ်များစွာဖြင့်သာ…” နဲ့တင် အဝိုင်းလေးလည်နေပြီး ရှေ့မတက်တော့ဘူး။ ဒီလိုအချိန်ကြီး ကိုယ့်ဆီကို မရောက်ရောက်အောင် ဆေးလာကုတဲ့သူတွေကို ကိုယ်ကတောင် ကျေးဇူးတင်နေရသေးတာပါလေ။ ခုရက်ပိုင်း မြို့ပေါ်ကလူတွေတောင် တောမှာလာဆင်းခွဲကြတယ်။ လိပ်ခေါင်းလူနာ နှစ်ယောက်သုံးယောက် ခွဲပေးလိုက်တာ မြို့ပေါ်မှာ လိပ်ခေါင်းဘုရင် မောင်မောင်ခင် လို့များ အမည်စာရင်းပေါက်သွားလား […]

ချန်ဂင်တို့စခန်း (၃၇)

မှုန်ရနံ့ငယ်နှင့် ထုံပျံ့ငယ်သင်းကြူ ဝန်းရံငယ်ဆူ ခွန်းသံကြူရွှေပိတုန်းငယ်တို့ စုရုံးကာတောင်ဟုန်သံနှင့် ဝဲပျံကာမြူးတော့တယ်လေး။ ပိတုန်းတွေမှ အသံဆူတာ မဟုတ်ပါဘူး။ ပုရစ်တွေက ပိုတောင်ဆူသေး။ ပုဇင်းရင်ကွဲတွေ ပါလာလို့ကတော့ နားတွေကို အူနေပြီသာမှတ်။ ဒီကြားထဲ ဖားတွေကလည်း အသံစုံကိုမြည်လို့။ တောထဲတောင်ထဲမို့လို့ တိတ်ဆိတ်ငြိမ်သက်နေမယ်လို့ ထင်ရင် အဲ့ဒါဟာ တော်တော်ကို မှားတဲ့အတွေးပါပဲ။ အကောင်ပလောင်တွေ ဘယ်လောက်ပေါတယ် မပေါတယ် စားလို့တောင် မကုန်နိုင်ပါဘူးဆို။ သူများအသက်တွေဘာတွေ ထွေလီကာလီ လျှောက်မစဉ်းစားနိုင်တော့ပါဘူး။ နောက်ဆုံးတော့ predators and preys ဆိုတဲ့ သဘာဝ အစာစက်ဝန်းနဲ့ပဲ မြင်မိပါတော့တယ်။ ကိုယ်တိုင်တော့ သတ်မစားဘူးပေါ့။ ဒါပေသိ ဖားကိုမြွေမြိုတာကတော့ သူ့သဘာဝအစာ လို့ပဲတွေးလိုက်တယ်။ ဒီတောဒီတောင်ထဲမှာ အမဲလိုက်တဲ့သတ္တဝါနဲ့ အစားခံရတဲ့သတ္တဝါနဲ့က မျိုးပြုန်းသွားတဲ့အထိ မဖြစ်ပဲ မျှတနေဖို့ပဲ လိုတယ် လို့တွေးတတ်လာခဲ့ပြီ။ တောတွေပြုန်းသွားလို့မဖြစ်ဘူး။ […]

ချန်ဂင်တို့စခန်း (၃၆)

မနေ့ညက မိုးတွေ အရမ်းသည်းတာပဲ။ ညဘက် ခွဲခန်းသိမ်းတုန်းက နောက်ကျနေပြီဆိုပြီး ရေသေချာမတင်ခဲ့မိဘူး။ မနက်ကျတော့ ချောင်းထဲမှာ ရေအပြည့်။ အေးကြည်တဲ့ စိမ့်စမ်းရေယဉ်တော့ မဟုတ်ဘူး။ သွင်သွင်မောက်ဖြိုး တိုးတဲ့ရေသီတာဖြစ်သွားပြီ။ ရေချိုးနေကျနေရာလေးတွေ ပျောက်သွားပြီ။ အဝတ်တန်းလေးတွေ အဝတ်လျှော်ခုံကလေးတွေ မျောပါသွားပြီ။ ချောင်းနံဘေးကသောင်ကလေးလည်း ရေမြုတ်ကုန်ပြီ။ ရေမော်တာချိတ်ထားတဲ့ ငုတ်တိုင်လေးတောင် ထိပ်စွန်းပဲပေါ်တော့တယ်။ မော်တာလေးတောင် ရှိသေးရဲ့လားမသိ။ မြှုတ်ထားတုန်းက ချောင်းစပ်မှာ။ အခု အဲ့ဒီနေရာက ချောင်းလယ် ဖြစ်သွားပြီ။ နောက် တစ်မိုးနှစ်မိုးရွာရင် သူလည်း ရေစုန်မျောတော့မှာ။ အစောကြီးကတည်းက ကြိုမြင်လို့ အဝီစိတွင်းတူးထားပေမယ့်လည်း ရေစစ်ကန်က မလုပ်ရသေးဘူး။ ဒီမှာက မီးသွေး၊ ကျောက်၊ သဲ၊ ဖွဲပြာနဲ့ ရေစစ်ကန် ခံပြီးမှ သုံးလို့ရကြတာ။ ရေထွက်ကောင်းပေမယ့် ရေဆီပါတယ်။ သံချေးပါတယ်။ ရွှေကြော၊ ကျောက်ကြောတွေအပြင် […]