“မိုးအုံ့လို့ သစ်ရွက်ကလေးတွေငြိမ်နေရင် တိမ်တွေပြိုတော့မှာ ကြိုသိတယ်။” ဆိုတာ ဟုတ်လည်း မဟုတ်ပဲနဲ့။ “ဝါဆိုရယ် သိပ်သတိရမိတယ်။” ဆိုတာ ဘယ်လိုလုပ် ယုံရမလဲ။ အခုဆို ဝါသာဝင်သွားတယ်။ မိုးရိပ်လေရိပ်တွေ ပျောက်ပြီး ပူလိုက်တာမှ လိမ့်နေတာပဲ။ ချောင်းထဲဆင်းဆင်းပြီး ရေစိမ်နေရတယ်။ တနေ့ ၂ ခါလောက်စိမ်မှ နေသာထိုင်သာ ရှိတာ။ တော်သေးတာပေါ့။ ချောင်းကလေးက အိမ်နောက်ဖေး ခဲတပစ်လောက် အကွာတင်မို့။ ညဘက်ကျရင်တော့ လေတွေမိုးတွေလာတတ်လို့ အေးအေးချမ်းချမ်း အိပ်ရတယ်။ လျှပ်စီးတွေ လက်တာကလည်း လင်းထိန်နေတာပဲ။ ဒီတခါမိုးကြိုးပစ်တာတော့ လူတွေမထိပဲ နွားတင်းကုပ်ထဲက နွား ၁၂ ကောင် သေသတဲ့။ ဒီမှာတော့ အဖိတ် ဥပုသ်ဆို ကျောင်းတွေအလုပ်တွေ နားကြတယ်။ ဈေးသည်တွေလည်း မထွက်ဘူး။ ရွာထဲမှာလည်း ဥပုသ်စောင့်တဲ့သူ များတယ်။ အများအားဖြင့်တော့ […]
ချန်ဂင်တို့စခန်း
ချန်ဂင်တို့စခန်း (၄၆)
ကိုရီးယားဇာတ်လမ်းတွဲတွေ ကြည့်ဖန်များလာတဲ့အခါ သူတို့ဆီက ဇာတ်လမ်းဇာတ်အိမ်ဖွဲ့ပုံ၊ ဇာတ်ရှိန် အနိမ့်အမြင့် ကစားတဲ့ပုံကို နည်းနည်း သဘောပေါက်လာပါတယ်။ ဇာတ်လမ်းရဲ့အစမှာ မသမာမှုတစ်ခုခုနဲ့ ကောက်ကျစ်ယုတ်မာသူ တချို့တလေကြောင့် ဘဝတဆစ်ချိုး ပြောင်းလဲ ဒုက္ခရောက်တဲ့ အဖြစ်အပျက်တစ်ခု နဲ့ ဇာတ်အိမ်တည်လိုက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် အစပိုင်းမှာ မကောင်းတဲ့သူရဲ့ဒဏ်ကို အလူးအလဲ လှိမ့်ခံရင်း စိတ်ထားကောင်းတဲ့သူ၊ ကူညီဖေးမတဲ့သူနဲ့ တွေ့ရမယ်။ အလယ်ပိုင်းမှာ အခက်အခဲပေါင်းများစွာကို သူတို့အတူကျော်ဖြတ်ကြရင်း ဇာတ်လမ်းအစမှာ ချည်ထားတဲ့ အထုံးအဖွဲ့တွေကို တစ်ခုမကျန် ဖြည်ထုတ်သွားရမယ်။ နောက်ဆုံးအားလုံး ပြေလည်သွားတဲ့အခါ ဇာတ်သိမ်းတယ်။ အဲ့ဒါကြောင့်မို့လို့ ဇာတ်လမ်းအစပိုင်းတွေမှာ အလှုပ်အခတ်တွေနဲ့ အရမ်းသွက်သလောက် ဇာတ်သိမ်းကာနီးလာတဲ့အခါ ဇာတ်က အေးပြီး အီလည်လည် ဖြစ်သွားတတ်တယ်။ ဒီဇာတ်လမ်းတွဲမှာ အပိုင်း ဘယ်နှစ်ပိုင်းပါမယ် ကြိုမသိပေမယ့်လည်း အခုပြောခဲ့သလို ဇာတ်ရှိန်အနိမ့်အမြင့် အတက်အကျကို ကြည့်ရင် […]
ချန်ဂင်တို့စခန်း (၄၅)
“ချစ်တဲ့သူငယ်လေ သူငယ်ချင်းကောင်း ယောင်းမတို့လေး။ ဝါဆိုငယ်မှဝါခေါင် ရေဖောင်ဖောင်နှင့် ရွာတောင်ကချောင်း ရွာ့နောက်ပေါင်းဝယ် ထနောင်းကြောင်ခြစ် ဆူးရစ်ပွင့်ကာ မိုးမရွာ ရွာပါသော်လည်း မိုးမသည်း။” ဒီတစ်ခါတော့ ရွှံ့ခြောက်အောင် မိုးတိတ်သွားတာ လေးငါးရက် ရှိပါပြီ။ ဆိုင်ကယ်လမ်းလေး ပြန်ပွင့်သွားလို့ လူနာတွေ အိမ်ပြန်ကြတာကြောင့် ဆေးရုံလည်း အခုမှ ချောင်ချောင်ချိချိ ဖြစ်သွားတယ်။ ဒါပေမယ့်လည်း လက်နက်ကိုင်စစ်တပ် ၂ ခု တည်ပြီးစောင့်နေတဲ့ နယ်စပ်မျဉ်း တဘက်တချက်ကိုတော့ အကူးအသန်း အသွားအလာ ပေးမဖြတ်ပဲ ပိတ်ထားတယ်။ အဲ့ဒါလည်း လေးငါးရက် တစ်ပါတ် ရှိပြီမို့ အနားဝန်းကျင်က ရွာတွေ စားစရာဝယ်မရဖြစ်ကုန်လို့ မနက်စောစော ဈေးထွက်ဝယ်ချိန်ကလေး ခန ပေးဖြတ်တယ်။ အဓိက ဖြတ်တောက်ချင်တာကတော့ ဒီဘက်က တပ်တွေ ဟိုဘက်ကို သွားမကူနိုင်အောင် လမ်းကြောင်းဖြတ်တောက်တဲ့ သဘောပါပဲ။ […]
ချန်ဂင်တို့စခန်း (၄၄)
“သခွပ်ကယ်တဲ့ ပွင့်စချိန် တမွတ်ကယ် စံတော်မြေက မှုန်ပြေပြေ ရွှေမင်ဆိုင်းပါလို့ ရှုတိုင်း ဘဝင်ညွှတ်ပါဘိ လွမ်းဆွတ်ဖွယ့်တိမ်။” တဲ့။ အသုရာ နဲ့ သိကြား စစ်ဖြစ်တဲ့အချိန်ကို တာဝတိံသာမှာတော့ ကသစ်ပန်းတွေ ရဲရဲနီနီ ပွင့်တဲ့အချိန်မှာ လို့ ပြောပေမယ့် ကိုယ်တို့ လူ့ပြည်လူ့ရွာမှာတော့ သခွပ်ပန်းတွေ ဖွေးဖွေးလှုပ်အောင် ပွင့်တဲ့အချိန် လို့ စာထဲပေထဲ ရေးကြမှတ်ကြပါတယ်။ တာဝတိံသာနတ်ပြည် ပဏ္ဍုကမ္ဗလာ ကျောက်ဖျာရင်းဆီက ပင်လယ်ကသစ်ပင်ကြီး ပွင့်တဲ့အခါ သဘင်ပွဲလန်းပြုမယ်ကြံတော့မှ ကသစ်မပွင့်ပဲ သခွပ်ပွင့်တဲ့ လူ့ပြည်မှာရောက်နေမှန်း သတိရပြီး အသုရာနတ်တွေ စစ်ပြင်ကြတယ် လို့ ဆိုတဲ့ ပုံပြင်ဟာ ဘုရားဟောထဲ ပါတာတော့ ဟုတ်ပုံမရပါဘူး။ နတ်တို့သနင်း သိကြားမင်း လို့ ဟောတော်မူပေမယ့် ယောက္ခမဖြစ်သူ အသုရာနတ်မင်းကြီးနဲ့တော့ စကားစပ်ဟပ်ပြီး ဟောတော်မူတာ မဖတ်ဖူးဘူး။ […]
ချန်ဂင်တို့စခန်း (၄၃)
“ရှစ်နယ်အုံ့မှိုင်းပါလို့ ဘုံတိုင်းနဘေ ခြုံသိုင်း ဝဠာဘွေက မဟာမေဃော ဗျာပါပွေ စောစေဖို့ ဖြိုးလျှပ်အုံ မိုးနတ်ပစ္စုန် အိုဘယ် မာန်ဟိန်းတယ်လေး။ ပိန်းပိတ်လို့ခြုံ။” ဒီအရပ်ဒေသဟာ တခြားသောအရပ်ဒေသတွေထက်ကိုပဲ မိုးများသလား မပြောတတ်ပါဘူး။ နေ့တိုင်းလို ရွာတယ်။ ရွာတိုင်းလည်း သည်းတယ်။ အရပ်ရှစ်မျက်နှာ မည်းမည်းမှောင်မှောင်နဲ့ကို လျှပ်စီးတဝင်းဝင်းနဲ့ ထစ်ကာချုန်းကာ ရွာတယ်။ ရှေးကပြောသလို ဆိုရင်ဖြင့် ကောင်းကင်မှာ သိကြား နဲ့ အသုရာတို့ အကြီးအကျယ် စစ်ခင်းစစ်တိုက်နေကြတာ လို့ ဆိုမှာပေါ့။ ဒါတောင် မုန်တိုင်းဆင်တာ မဟုတ်သေးဘူး။ မိုးထဲမှာ လေပါတယ်ဆိုရုံကလေး။ ကုန်းတွင်းပိုင်း တောင်တန်းတွေဆီရောက်တော့ အနောက်တောင်မုတ်သုန်လေတွေလည်း အားပျော့သွားပြီး သယ်လာသမျှရေ အကုန်သွန်ချပစ်လိုက်ပုံ ရပါတယ်။ ဒီလေလောက်နဲ့ကိုပဲ သစ်ပင်ကြီးတွေ လဲကျရင် တဲပေါ်ပိလို့ ၂ ယောက်သေပြီး ၃ ယောက် […]
ချန်ဂင်တို့စခန်း (၄၂)
ဒီရက်ပိုင်း မိုးကလေးနည်းနည်းစဲသွားပေလို့ မြေလမ်းကလေးတွေ ရွှံ့ခြောက်လာပြီး ဆိုင်ကယ်လေးဘာလေး သွားလို့လာလို့ ရလာပါတယ်။ တချို့နေရာတွေမှာတော့ ကူးတို့နဲ့ ကူးရတာပေါ့။ ဆေးရုံပေါ်ကလူနာတွေလည်း ခုမှ အလျှိုအလျှို ပြန်နိုင်တယ်။ ကောင်းမွန်ပျောက်ကင်း သွားလိ့အပြန်လှတယ် ပြောရမှာပေါ့လေ။ အမ်းမှာတုန်းကလို တကိုယ်လုံးမီးလောင်ထားတဲ့ လူနာတစ်ယောက် ကောင်းကောင်းမွန်မွန် ဆေးရုံက ပေးဆင်းနိုင်ခဲ့ပြီ။ သူ့ရှေ့ကတစ်ယောက်ကတော့ မရှင်လိုက်ဘူး။ လောင်ပြီး တစ်လကြာမှ ရောက်လာတာကိုး။ ဆေးရုံဆိုတာ လူနာ အသေအပျောက်နဲ့ ဘယ်ကင်းနိုင်မလဲ။ အဖိတ်အစင် ရှိရင် အုပ်ကြီးဆီဖုန်းဆက်ပြီး ရွာသားတွေက လာသယ်ပြီး မြေမြှုတ်ပေးပါတယ်။ တော်ပါသေးရဲ့။ သူတို့သာ မရှိရင် ဆရာဝန်ကိုယ်တိုင် ကျင်းတူးနေရမှ အခက်။ ကိုယ်တွေသာ အလောင်းစည်သူ ဆိုလို့ကတော့ ရွာကအရင် နှင်ထုတ်မှာ သေချာတယ်။ ခုနောက်ပိုင်း ပေါက်ပြား တူရွင်းနဲ့ ရွာသားတွေ အကူအညီမခေါ်ရတာ […]