စစ်ပွဲဟာ ဒီဘက်ကို လာမလိုလိုနဲ့ တာမခန်၊ ဖားကန့်ဘက်ကို လည်ထွက်သွားတယ် လို့ ပြောခဲ့ပြီးပါပြီ။ ဆယ်ဇင်းမှာတော့ တိုက်ပွဲတွေ ဆက်ဖြစ်နေတုန်းပဲ တဲ့။ ရဲစခန်းကို သိမ်းပြီး မီးရှို့ပစ်လိုက်ပြီ လို့ ကြားပေမယ့်လည်း အတည်မပြုနိုင်သေးပါဘူး။ ဆယ်ဇင်းမှာလည်း မေးစရာလူ ဘယ်သူမှမှ မကျန်တော့တာ။ တရွာလုံးကုန်ပြီးမှတော့ ဘာဂရုစိုက်စရာ လိုတော့သလဲ။ အကုန်လုံး စိစိညက်ညက်ကျေတဲ့သတင်းပဲ ကြားချင်တော့တာပေါ့။ တာမခန်၊ ဟောင်ပါး ဘက်က ဒုက္ခသည်တွေကိုတော့ နန့်မွန်း၊ ဟိုပင်၊ မိုးညှင်းဘက်ကို ဆက်ရွှေ့ဖို့ ကားတွေစီစဉ်ပေးရပါတယ်။ အဲ့ဒီဘက်က ရွာခံတွေလည်း ပြေးရမှာဆိုတော့ ဒုက္ခသည် အရေအတွက် တော်တော် တိုးပွါးလာမယ့်သဘော ရှိတယ်။ လိုင်းမိတဲ့နေရာသွားထိုင်၊ အလှူငွေတွေ လက်ခံပြီး ဒုက္ခသည်တွေဆီ ပြန်ပို့တဲ့ အလုပ်တစ်ခု တိုးလာပြန်တာပေါ့။ ဒုက္ခသည်တွေနဲ့ အဆက်အသွယ်ရတဲ့အခါမှာလည်း အစားအသောက် […]
ချန်ဂင်တို့စခန်း
ချန်ဂင်တို့စခန်း (၇၀)
တခါတလေတော့လည်း ဘာမှရေးစရာ အကြောင်းအရာမရှိတဲ့ နေ့ရက်တွေဟာ စစ်ပွဲအတွင်းမှာ မင်္ဂလာတစ်ပါး လို့ ပြောရမယ် ထင်ပါရဲ့။ ရေးစရာသာ မရှိတာ လုပ်စရာတွေကတော့ မရပ်မနား လုပ်နေဆဲပါပဲ။ လူနာကြည့်တယ်။ ရေတင်တယ်။ ထမင်းချက်တယ်။ ဈေးသွားတယ်။ နံနံပင်၊ သခွါးသီး၊ ကန်စွန်းရွက်ကအစ တစ်ထောင်တန်နဲ့မှ ဝယ်လို့ရတဲ့အတွက် ကျပ် ၅၀၀ အကြွေလေးတွေဟာ မကဒူး ဟင်းနုနယ်စေ့ဝယ်သလို “လက်ညှိုးနဲ့ တကော်နှိုက်ယူသွား” လို့ အပြောခံရပါတော့မယ်။ ဘယ်လိုတွေများ လုပ်ကိုင်စားသောက်ကြမှာပါလိမ့်။ မနှစ်က ကိုဗစ်လှိုင်းမှာ အောက်ဆီဂျင်တွေ လုသလိုပဲ ဒေါ်လာ၊ ဓါတ်ဆီ၊ စားနပ်ရိက္ခာ၊ ဆေးဝါး၊ အကုန်လုံး သူတို့လက်ထဲရောက်အောင် လုနေပြီ မဟုတ်လား။ စစ်သားကလွဲရင် တနိုင်ငံလုံး ငတ်သေစေချင်တဲ့ စေတနာလေ။ သူမှ အုပ်ချုပ်လို့မရရင် မြန်မာတပြည်လုံး ပြာပုံဖြစ်အောင် လုပ်ချင်နေပုံပဲ။ […]
ချန်ဂင်တို့စခန်း (၆၉)
ညဘက်အိပ်မပျော်စရာအကြောင်းတွေ များပေမယ့်လည်း မနက်အရုဏ်တက်ရင် မထလို့ မရပါဘူး။ ကိုယ့်အိမ်ကိုယ် အိပ်နေတာမှ မဟုတ်တာ။ အလင်းရောင်လာရင် ဆေးရုံမှာ အသင့်ရှိနေရမှာလေ။ တိုက်ပွဲတွေက တဖြေးဖြေးနဲ့ နီးလာခဲ့ပြီပေါ့။ လက်နက်ကြီးသံတွေတောင် အုန်းကနဲ အုန်းကနဲ ကြားလာရပြီ။ အဲ့ဒီဘက်က ရွာတွေလည်း ဒီဘက်ကို စစ်ရှောင်လာနေကြရပြီ။ ကိုယ်တို့အတွက်တော့ မထူးခြားပါဘူး။ ဒူးခေါင်းမှန်ထားတဲ့ လူနာတစ်ယောက် ဒီမနက် ခွဲခန်းဝင်စရာ ရှိတယ်။ မွေးလူနာကို ဘယ်လို လုပ်ကြမလဲ လို့ မမအိုဂျီ နဲ့ တိုင်ပင်ကြတယ်။ due date ကျော်နေပြီ။ ရေမွှာပေါက်ပေမယ့် ဗိုက်မနာသေးဘူး။ သားဦးကိုယ်ဝန်ဆိုတော့ တော်တော်ကြာဦးမှာ။ စစ်က အရမ်းနီးနေပြီ။ မမအိုဂျီကတော့ နာရီဝက်အတွင်း အပြီးအစီး ရအောင်မွေးပေးမယ် ဆိုလို့ ခွဲခန်းဝင်ကြတယ်။ မြန်မြန်ဆန်ဆန်ပဲ ပြီးစီးသွားပါတယ်။ မီးစက်ကလည်း အကြာကြီး […]
ချန်ဂင်တို့စခန်း (၆၈)
ဒီနေ့မနက် သာသနာ့ပါလ ဘုန်းကြီးကျောင်းထဲမှာ ပိတ်မိနေတဲ့ စစ်ဘေးမီးဘေးရှောင် ရွာသားတွေ ထွက်ခွင့်ရပါတယ်။ တာမခန် ဘက်ကိုပဲ ထွက်ခွင့်ပေးတာပါ။ စုစုပေါင်း လူ ၄၀၀ လောက် ရှိပါသတဲ့။ အဲ့လောက်များတဲ့လူအုပ် ဘုန်းကြီးကျောင်းထဲမှာ ဘယ်လိုနေ ဘယ်လိုစား ဘယ်လိုအိပ်ကြမလဲ တွေးကြည့်ရုံနဲ့ကို အင်မတန် စိတ်ဆင်းရဲစရာကောင်းပါတယ်။ ကာယကံရှင်တွေကတော့ မအိပ်လည်း မအိပ်နိုင် စားလည်း မစားနိုင်ဘူး လို့ ပြောကြပါတယ်။ အခုဆို ဗွက်ပေါက်နေတဲ့ အတက်အဆင်း လမ်းကြမ်းခရီးရှည်ကြီးကို လျှောက်ကြရဦးမယ်။ လက်လှမ်းမီရာ အကူအညီတောင်းလို့ရသမျှ ကားတွေ ဆိုင်ကယ်တွေနဲ့ သွားခေါ်ပေးနေပါတယ်။ ကိုယ့်ဆီကို ရောက်လာတဲ့ အလှူငွေတွေကိုလည်း လွှဲပို့ပေးလိုက်ပါတယ်။ လူနာတွေကို ဒီဘက်ပို့ဖို့တော့ လမ်းမဖွင့်ပေးသေးပါဘူး။ ဟိုဘက်မှာလည်း ခွဲပေးမယ့် ဆရာဝန်မရှိတာကြောင့် အရေးပေါ်လူနာလမ်းကြောင်းကလေးတော့ ရွာသားတွေအတွက် ဖွင့်ပေးဖို့ အကူအညီတောင်းထားပါတယ်။ ဟိုဘက်ဆိုတဲ့ […]
ချန်ဂင်တို့စခန်း (၆၇)
စစ်သားတွေက သူတို့အလုပ်သူတို့လုပ်တယ်ဆိုတာ အမှန်ပါပဲ။ လူနေအိမ်တွေငဲ့ပြီး ရွာမီးရှို့တဲ့အလုပ်တော့ မလုပ်ပဲ ချန်ထားစရာ အကြောင်းမရှိဘူးလေ။ နေရာတိုင်း ဒီလိုလုပ်နေကျပဲဟာ။ ခုတခါ ကိုယ့်ရွာလောင်တဲ့အလှည့် လို့ ပြောရမှာပေါ့။ အိမ်ရှေ့က ဂီတရပ်ဝန်းကလေးလည်း ပါသွားပြီ။ ဈေးတစ်ဈေးလုံးလည်း ကုန်သလောက်ရှိပြီ။ မနက်လင်းတာနဲ့ ရွာသားတွေ တနိုင်တပိုင် အထုပ်ဆွဲပြီး ခြေလျင်ပြေးကြရတော့မယ်။ ကားတွေလည်း မလောက်တော့ဘူးကိုး။ နဂိုကတည်းက အိမ်စောင့် ဆိုင်စောင့် နေကြတဲ့သူတွေ။ စောင့်တဲ့အိမ် ပြာကျမှတော့ ဘာကို ဆက်စောင့်ရဦးမှာလဲ။ ရဲစခန်း ပတ်ပတ်လည်က လူနေအိမ်တွေ အကုန်ပြာကျအောင် မီးတိုက်ပစ်လိုက်တဲ့ သဘောပါပဲ။ ညတုန်းကတော့ တိုက်လေယာဉ်နဲ့ ၃ ခေါက် ဗုံးလာကျဲပြီး ရှမ်းနီတွေက ရွာထဲဝင်မီးရှို့၊ မီးငြှိမ်းဖို့ထွက်လာတဲ့သူတွေကို ပစ်သတ်တာကြောင့် မနက်လည်းလင်းရော တစ်ရွာလုံး ပြာကျကုန်ပါသတဲ့။ ရဲစခန်းကို လာမထိနဲ့။ တစ်ရွာလုံး […]
ချန်ဂင်တို့စခန်း (၆၅)
ဒီဘက်က ကလေးတွေက ကိုကို လာမယ်ဆိုလို့ ကာဖီရေတွေ ကြိုလို့ စောင့်နေကြတာ အာဇာနည်နေ့ကတည်းကပါ။ မလာနိုင်တော့လည်း ကိုယ့်ဘာသာလိုက်သွားရုံ ရှိတာပေါ့။ ၈/၈ နေ့ကူးတာနဲ့ ဆယ်ဇင်းက စခန်းတွေ တက်သိမ်းပလိုက်တယ်လေ။ ဆယ်ဇင်းမှာ သတင်းထောက်တွေပါ ရောက်နေပြီးသားမို့ ဖြစ်ဖြစ်ချင်းကတည်းက လိုင်းပေါ်မှာ သတင်းတွေ တက်ပါတယ်။ တို့ဆီက သတင်းထောက်တွေလည်း အချဉ် မဟုတ်တော့ဘူး။ သတင်းကို နောက်ကလိုက်မယူ။ ရှေ့ကနေကို ကြိုယူတတ်နေပြီ။ ဟိုဘက်က မအိမ်လုံးတွေကတော့ သတင်းသမားဆို သထုံတင်ထွန်းလောက်ပဲ မြင်ဖူးကြမှာ။ ကလေးတွေ အလုပ်စပြီဆိုတော့ လေယာဉ်တွေလည်း လာကြဦးမှာပေါ့။ တော်သေးတယ်။ မိုးသားတိမ်တိုက်တွေနဲ့ ဆိုတော့ ရာသီဥတုက ကိုယ့်ဘက်မှာ။ ဖုန်းလိုင်းတွေတော့ ထုံးစံအတိုင်း ဖြတ်ပစ်လိုက်ပြီ။ ကိုယ့်မှာတော့ ဘယ်လိုအကျိုးပေးလည်း မသိပါဘူး။ အဲ့သလိုဖြစ်ပြီဆိုရင် ခွဲခန်းဝင်စရာက အမြဲရှိတယ်။ နေမပူခင် […]