ချန်ဂင်တို့စခန်း (၈၅)

ဒီကလူတွေ အ တာကလည်း တော်တော်ကို အ တယ် လို့ ပြောရပါမယ်။ ဆယ်ဇင်းမှာ စစ်ဖြစ်လို့ ဘုန်းကြီးကျောင်းမှာ စစ်ရှောင်နေတာပဲ တစ်လပြည့်တော့မယ်။ ဘယ်သူနဲ့ ဘယ်သူ ဘာဖြစ်လို့ စစ်ဖြစ်ကြတယ် ဆိုတာလည်း သိပုံမရ။ သွားလမ်းလာလမ်းတွေ မမေးမမြန်းနဲ့ တောတိုးတဲ့သူက ရှိသေး။ “မသွားရဘူး။ မိုင်းတွေရှိတယ်။” လို့ KIA က အတန်တန် ပြောပြီးသားပါ။ သို့သော်လည်း ဖြစ်လာပြီဆို ကြားနေကျစကားပဲ သူတို့ပြောတယ်။ “နို့ သိမှ သိပဲကိုး။” တဲ့။ အရင်တခါလည်း ဆင်နဲ့ဝင်လို့ ၃ ယောက်။ အခုတခါတော့ တစ်ယောက်တည်း လမ်းလျှောက်ဝင်တာ။ သနားလည်းသနားပါတယ်။ သူ့ခမျာ ပို့မယ့်လူမရှိလို့ လမ်းလျှောက်လာတာ တစ်ရက် ကြာတယ်။ ထုံးစံအတိုင်းပေါ့။ ခြေရောလက်ရော၊ ဝမ်းဗိုက်ရောမို့ မေ့ဆေးတွေ […]

ချန်ဂင်တို့စခန်း (၈၄)

ဒီနေ့ဟာ နတ်ဆရာဟောထားတဲ့ လဆန်း ၆ ရက်နေ့ညပါပဲ။ ယုံယုံ မယုံယုံ ကိုယ်တို့လည်း သတိနဲ့ နေရာပြောင်းအိပ်ကြပါတယ်။ သူပြောတဲ့အတိုင်း အလုံးစုံ ပျက်စီးသွားစေမယ့် အရာတစ်ခုဟာ လေယာဉ် ပေါ်က ကျလာတဲ့ ဗုံးအနေနဲ့ မလာပဲ ဗဟိုဘဏ်က ပေါက်ကွဲထွက်လာတဲ့ စီးပွါးပျက်ကပ်ဆိုးကြီးအနေနဲ့ လာဝင်ဆောင့်ပါတယ်။ မနေ့ညက ၃၇၀၀ နဲ့ အိပ်ပျော်သွားတဲ့ ဒေါ်လာဈေးဟာ မနက် အိပ်ရာထတော့ ၄၃၀၀ ဖြစ်နေပါပြီ။ ညနေစောင်းတော့ ၅၀၀၀ ပါ။ တနေ့တာကာလအတွင်း အဲ့သလိုဖြစ်သွားတာ တခါမှ မကြုံဖူးသေးပါဘူး။ သူ့ဘာသူ ဒေါ်လာဈေးတက်တာ ရွှေဈေးတက်တာ ကိုယ်က ဒေါ်လာလည်းမဝယ် ရွှေလည်းမဝယ်ပဲနဲ့ ဘာပူစရာရှိတုန်း။ တော်တော်များများက အဲ့သလိုပဲ တွေးမှာပါ။ ကိုယ့်ထိမှ ကိုယ်ပူတတ်မှာကိုး။ မိုးပြိုလည်း အများနဲ့ပဲဟာ လို့လည်း တွေးချင်တွေးပါမယ်။ […]

ချန်ဂင်တို့စခန်း (၈၃)

ဟိုးအရင် လှထုံတို့ရွာအကြောင်း ရေးတုန်းက ဒီအရပ်ဒေသက လူတွေရဲ့ အခြေအနေကို ဟာသနှောပြီးရေးခဲ့တယ်။ အဲ့ဒီစကားက ရန်ကုန်မှာလည်း နယ်လူနာတွေဆီက ကြားနေကျ စကားပါပဲ။ “အို ဆရာကလည်း ကျွန်မတို့က တောသူတောင်သားပဲဟာကို။ ဘယ်သိမှာတုန်းတော့။” တဲ့။ အခု အဲ့ဒီစကားလေး ပြန်ကြားယောင်မိပြီး ရယ်တောင် မရယ်နိုင်ပါဘူး။ ဒီလူတွေ တကယ်ကိုပဲ မသိနားမလည်နိုင်လွန်းတဲ့သူတွေပါ။ သူတို့ခမျာ ဆရာဝန်အစစ်တောင် သိပ်မြင်ဖူးတဲ့သူတွေ မဟုတ်တော့ ဆရာဝန်ဆိုရင် ဒေါက်တာ ရယ် ဒေါက်တာမ ရယ် နှစ်မျိုးပဲ ရှိတယ် လို့ အောင့်မေ့နေပုံပဲ။ အထူးကုဆရာဝန်တွေဘာတွေ သူတို့မသိဘူး။ အဲ့ဒါကြောင့် ခွဲစိတ်ဆရာဝန်ဆီလာပြီး “ဒီမှာမခွဲဘူး။ ရွာက ဆရာဝန်ဆီမှာပဲ ပြန်ခွဲမယ်။ လွှဲစာ ရေးပေးလိုက်။” လို့ အားမနာ လျှာမကျိုး လာပြောရဲတာပဲ။ မမအိုဂျီဆီမှာလည်း သူ့ကိုကျော်ပြီး […]

ချန်ဂင်တို့စခန်း (၈၂)

ဒီနေ့တော့ ဆယ်ဇင်းတုန်းက ဗော်လံတီယာလုပ်တဲ့ ကလေး နှစ်ယောက် လမ်းကြမ်းပေါ်မှာ မွေးနေ့ကိတ်ကြီး မပျက်မစီးသယ်လာပြီး ဆရာ့မွေးနေ့မို့ဆို ရောက်လာပါတယ်။ မသေကောင်း မပျောက်ကောင်း ပြန်တွေ့ရတဲ့သူတွေဆိုတော့ ဝမ်းသာတယ် ဆိုပေမယ့်လည်း ရွာမှာ ကမ္ဘာပျက်တဲ့ ကိုယ်တွေ့ဖြစ်ရပ်တွေ ပြန်ပြောကြတဲ့အခါ တော်တော်ကို စိတ်မကောင်းဖြစ်ရပါတယ်။ အခုမှ ရယ်ကာမောကာ ဇာတ်ကြောင်းပြန်နိုင်တာ။ ရင်ထဲမှာတော့ မနာပဲ နေပါ့မလား။ ကိုယ်နဲ့ သိကျွမ်းသမျှ ရွာသူရွာသားတွေ အဆင်မှပြေရဲ့လား။ အသေအပျောက်များ ရှိကြသလား။ ရွာက နောက်ဆုံးထွက်လာတဲ့သူကိုမှ မေးရတာဆိုတော့ ဖြစ်ကြောင်းရယ်တဲ့ကုန်စင်ပါပဲ။ ဆယ်ဇင်းအပြင်ဘက် တာဝါတိုင်နားက တပ်ခွဲတစ်ခွဲကို KIA + PDF က သိမ်းလိုက်တယ်။ တပ်ခွဲမှူး ဗိုလ်ကြီးက ထွက်ပြေးပြီး ပုန်းနေရတယ်။ မနက်ကျတော့ ဆယ်ဇင်းရဲစခန်းထဲ ဝင်ပြေးသွားတယ်။ အဲ့ဒီအခါ ဆယ်ဇင်းရဲစခန်းကို ဝိုင်းတယ်။ […]

ချန်ဂင်တို့စခန်း (၈၁)

ဒီမနက် မိုးလင်းတော့ မိုးကလည်း သည်းလိုက်တာ။ အုန်းအုန်းကို ဆန်နေတာပဲ။ ဘယ်နေရာကြည့်ကြည့် မိုးကလွဲလို့ ဘာမှ မမြင်ရအောင် ရွာတယ်။ သည်းလွန်းတော့ အိပ်ရာနိုးလည်း ငုတ်တုတ် ထိုင်စောင့်နေရတယ်။ ဆေးရုံပြန်လို့ မရသေးဘူး။ ဒီတခါမိုးက ရေတွေပါတော့ တိတ်တောင်မတိတ်သေးဘူး။ မြေပြင်က ရေပြင်ဖွေးဖွေးကြီး ဖြစ်သွားတယ်။ ချောင်းကနေ တက်တဲ့ရေ မဟုတ်ဘူး။ ချောင်းထဲကို ဆင်းမယ့်ရေတွေ အိုင်နေနှင့်တာ။ ၅ လပိုင်းကတည်းက ရွာတဲ့မိုး။ ၈ လပိုင်းတောင် ကုန်တော့မယ်။ ကောင်းတုန်းကောင်းဆဲပဲ။ နေ့မရွာနိုင်တောင် ညဘက်တော့ မှန်မှန်ရွာတယ်။ နှစ်တိုင်း ဒီလိုပဲ ရွာနေကျလား။ ဒီနှစ်ကျမှ ထူးထူးခြားခြား မိုးများနေတာလား မပြောတတ်။ အောက်ပြည်အောက်ရွာက လာတဲ့သူတောင် မြောက်ဖျားမိုးကို အထူးတဆန်း ဖြစ်နေပြီ။ ဒီနေရာမှာ ဒီလိုမိုးတွေရွာမှပဲ ချောင်းကလေး မြောင်းကလေးတွေကနေ […]

ချန်ဂင်တို့စခန်း (၈၀)

ဘဝ ဟာ အမြဲတမ်းတော့ ပဋာမြေလူး ဇာတ် က နေရတာ မဟုတ်ပါဘူး။ မုန်တိုင်းကြားမှာလည်း လေပြေ ရှိပါတယ်။ ၁၉/၇ မှာ တစ်ခါ၊ ၈/၈ မှာတစ်ခါ၊ ကမ္ဘာပျက်ပြီးတဲ့ ဆယ်ဇင်းရွာဟာ အခုတော့လည်း လူသူစွန့်ခွါပြီး သူခိုးဓါးပြတို့ ဖောက်ထွင်း ယူငင်ရာ အရပ် ဖြစ်ခဲ့ပါပြီ။ ရွာသားတွေက စစ်ရှောင်စခန်းတွေမှာ ရောက်နေကြပြီကိုး။ အများပြည်သူက ဝိုင်းဝန်းပံ့ပိုးကြတာကြောင့် ယာယီအားဖြင့် စားဝတ်နေရေးတော့ အဆင်ပြေနေကြပါတယ်။ ကိုယ်လည်းပဲ တတပ်တအား ကူနေပါရဲ့။ ကိုဗစ်စင်တာမှာ ဗော်လံတီယာလုပ်တဲ့ ကလေးတွေဆီလည်း မုန့်ဖိုးလှမ်းပို့ပေးလိုက်တယ်။ သူတို့လည်း ကိုယ့်ဆွေမျိုးသားချင်း နီးစပ်ရာမှာ တကွဲတပြားစီ ဖြစ်ကုန်ကြပြီ။ မသေမပျောက် မိသားစု စုံစုံလင်လင် ရှိနေရင်ပဲ ကြံဖန် ဝမ်းသာနေရတဲ့ အဖြစ်။ ဆယ်ဇင်းမှာ ရက်တွေကြာလာရင် ဒီကောင်တွေ […]