ချန်ဂင်တို့စခန်း (၁၃၂)

လူ့ပြည်လူ့ရွာက မယ်လမုကလေးဆီကို မာတလိ နဲ့ ဝိသကြုံတို့ ကျေးသားငှက်ငယ်အသွင်နဲ့ သိကြားရေစင် အပို့လွှတ်ရသလိုပါပဲ။ “ရှူရှူမပါတာ လေးငါးရက်ကြာ။ ဒီအရေး တွေးရခက်ကြီးပါ။” ဆိုတဲ့လူနာကို မန္တလေးအရောက်ပို့ရတာဟာလည်း ရင်တမမ ဖင်တကြွကြွ စိတ်ပူရတယ်ဗျ။ အခုလေးတင် ရောက်ပြီဆိုမှ စိတ်ချလက်ချ ဆက်စီစဉ်နိုင်တယ်။ လမ်းမှာတင် ၂ ရက်ကြာသွားပါသော်ကော။ ဆီးကလေးတော့ တိုရေရှားရေ တခါတလေ ထွက်တယ် ဆိုလို့ တော်သေးတာပေါ့။ တစ်ဆင့်တော့ တက်ပြီ။ တစ်တောင်ကျော်ဖို့ပဲ ကျန်တော့တယ်။ ဆေးရုံထဲ ဝင်ကြရအောင်လေ။ “နားထောင်မှာလား အချစ်ရယ်။ ငြင်းပယ်မှာလည်း စိုးရွံ့မိပါတယ်။” ဆိုတဲ့ love scene လေး ထည့်ရိုက်ရဦးမယ်။ ဒါပဲနော်။ ပြန်မချစ်လို့ကတော့ ဖေ့စ်ဘုတ်ပေါ် ရောက်နေမှာ။ ခြိမ်းခြောက်တာ မဟုတ်ပါဘူး။ တောင်းပန်တာပါ။ “နည်းနည်းဖြစ်ဖြစ် ချစ် ချစ် […]

ချန်ဂင်တို့စခန်း (၁၃၁)

“ထင်လည်းထင်ထားတယ်၊ ပြင်လည်းပြင်ထားတယ်။” ဆိုတဲ့ကိစ္စတွေဟာ တကယ်တမ်းဖြစ်လာတော့လည်း တော်တော်ပင်ပန်းတာပဲ။ လမ်းတွေပွင့်ရင် လူနာတွေ လာမှာပေါ့။ လာပစေ။ လာရင်ကုနိုင်အောင် စီစဉ်ထားတယ် ဆိုပေမယ့် တကယ်တမ်း လာကြတဲ့အခါ တနေကုန်ကို မနားရပါဘူး။ မနေ့ကဆို ကားနှစ်စီးတိုက် တပြိုင်တည်း ရောက်လာကြတယ်။ ဗိုက်လူနာချည့်ပဲ သုံးလေးယောက်ပါတယ်။ လာရတာ စားရိတ်ထောင်းတဲ့အတူတူ package tour နဲ့ ကားတစ်စီးစာပြည့်အောင် စုလာတော့ သက်သာတယ် မဟုတ်လား။ သူတို့ သက်သာရင် ကိုယ်တွေ မသက်သာဘူးသာ မှတ်ပါလေ။ လူနာကျတဲ့အချိန် မွေးလူနာက ဗိုက်နာ။ ကလေးလည်းထွက်ပြီးရော သားအိမ်ကောင်းကောင်း မကျုံ့လို့ သွေးတွေကသွန်။ မွေးခန်းထဲမှာ တစ်သုတ်။ ဆေးထည့်ခန်းထဲမှာ လက် ဓါးရှတဲ့လူနာကို ချုပ်နေတာက တစ်သုတ်။ ကိုယ်နဲ့အတူတူ သွေးလှူရှင်ရှာပြီး Donor screening လုပ်၊ […]

ချန်ဂင်တို့စခန်း (၁၃၀)

ဒီနေ့ တနေ့လုံး ဆေးရုံမှာ အလုပ်တွေ ရှုပ်နေတယ် ဆိုပေမယ့် စစ်ရေးအခြေအနေ​တွေကို မျက်ခြေပြတ်လို့တော့ မရပါဘူး။ အချိန်မရွေး ကိုယ့်ဆီကို ရောက်လာနိုင်မှန်း သိထားလို့ပါ။ နန့်မွန်းမှာ မိုင်းနောင်မှာ အင်အားအလုံးအရင်းနဲ့ တပ်စွဲထားသတဲ့။ မြို့ထဲရွာထဲ ပတ်မွှေနေရင်းကနေ ဒီဘက်ကို စစ်ကြောင်းထိုးလာရင် အလွယ်လေးရယ်။ ပွင့်လင်းရာသီဆိုတော့ လမ်းပေါက်သွားမှပဲဟာ။ လာချင်ရင် အနီးလေးဖြစ်သွားပြီ။ ခုနေခုခါ ကိုယ်တို့ဆီကလူတွေသာ ဘေးမသန်း အေးချမ်း နေလို့ရတာ။ ဟိုပင် မိုးညှင်းမြို့ပေါ်ကလူတွေ မထင်ရင် မထင်သလို စစ်ဆေး ဖမ်းဆီးခံနေရတယ်။ ဖားကန့်မြို့ပေါ်မှာတောင် ကျီးလန့်စာစားရယ်။ အနန့်ပါ ပြီးကတည်းက ဂိတ်ပေါင်းများစွာနဲ့ ပိတ်ဆို့တားဆီးထားတာ။ လုံးခင်း၊ မှော်ဆီဆာဘက်မှာ တိုက်ပွဲတွေဆိုတာလည်း တချိန်းချိန်း။ သူတို့ဘက်က စစ်သားတွေ ရဲတွေ အတုံးအရုံးသေတယ်။ ဒီဘက်မှာတော့ အရပ်သားတွေ အထိအခိုက် အဖမ်းအဆီး […]

ချန်ဂင်တို့စခန်း (၁၂၉)

ဒီဇင်ဘာရောက်လို့မှ ဆောင်းမဟုတ်ရင် ဘယ်အရာကို ဆောင်း လို့ ခေါ်ရမလဲ။ အေးလိုက်တာမှ ချမ်းတုန်နေရော။ နှင်းစက်တွေက တပေါက်ပေါက်နဲ့ တံစက်မြိတ် အောက်မှာဆို မိုးရွာထားသလား အောင့်မေ့ရတယ်။ လှမ်းထားတဲ့အဝတ်တွေ ညဘက်ပြန်မရုတ်ရင် မနက်ကျတော့ ရွှဲနစ်နေရောပဲ။ စမ်းချောင်းထဲကရေကတော့ ရေခဲရေတမျှပေါ့။ ဒါပေမယ့်လည်း ကြည်လင်နေတာများ ကြမ်းပြင်ထိ တိုးလျှိုမြင်ရတယ်။ ငါးကလေးတွေ မပုန်းနိုင်တော့ဘူးလေ။ အများကြီးပါလား လို့ သိလိုက်ရတယ်။ ဒီကြားထဲကမှ ရေမျက်နှာပြင် ပေါ်ကို ဖြတ်ကနဲ ဖြတ်ကနဲ ကျွမ်းပြန်တက်ကြတော့ ချောင်းစပ်မှာ ငှက်ကလေးတွေ ငုတ်တုတ်လာလာချောင်းကြတာပေါ့။ လူတွေကလည်း ပိုက်တန်းတွေချရတာ နေရာတကာ။ စားလို့သောက်လို့ကို မကုန်နိုင်အောင် ပေါပါပေတယ်။ ချောင်းတဘက်တချက်က မုန်ညင်းခင်းတွေ အပင်ပေါက်နေပြီ။ ဒီရာသီ မုန်ညင်း နဲ့ ခေါပုတ်ကတော့ နေ့တိုင်းကို စားရတာပါလား။ ဒါလည်း တစ်ရွာလုံး […]

ချန်ဂင်တို့စခန်း (၁၂၈)

လူနာတွေအကြောင်း စိမ်ပြေနပြေ ရေးနေပြီဆိုတော့ စစ်ရေးနိုင်ငံရေး အခြေအနေများ အေးချမ်းသွားလို့လား။ လေယာဉ်တွေ မလာတော့လို့လား။ စဉ်းစားစရာပါပဲ။ အဲ့သလိုတော့ မဟုတ်သေးပါဘူး။ အပစ်အခတ်ရပ်တာ AA နဲ့ပါ။ ကချင်မှာ “မပစ်ဘူး။ ရပ်ရအောင်။” လို့ ဘယ်ဘက်ကမှ မပြောပါဘူး။ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေထဲက အားနည်းရာကို ထိုးဖောက်သိမ်းပိုက်ဖို့ ပျော့ကွက်ရှာနေတာလို့ ထင်ပါတယ်။ ချင်းရွှေဟော်မှာ အင်အားအလုံးအရင်းနဲ့ MNDAA စခန်းကို တက်သိမ်းတာ မရလို့ ပြန်ဆုတ်လာရတယ် မဟုတ်လား။ ဒီပွဲဟာ အဆုံးသတ်တိုက်ပွဲမှန်း သူတို့ကိုယ်တိုင်လည်း သိလို့ မသေမချင်း တိုက်မယ် လို့ ဆုံးဖြတ်ထားပုံရပါတယ်။ နောက်ဆုတ်စရာ မြေမကျန်တော့ဘူး မဟုတ်လား။ ဒီလိုဆိုရင် ကိုယ်တို့ဘက်ကလည်း သူသေကိုယ်သေ ဆက်တိုက်ရုံပဲ ရှိပါတယ်။ မသေပဲကျန်တဲ့သူ အနိုင်ပေါ့။ ဟုတ်လား။ အသက်နဲ့ရင်း လောင်းကြေးထပ်ရတဲ့ ကစားပွဲဆိုတာ […]

ချန်ဂင်တို့စခန်း (၁၂၇)

လူတစ်ယောက်ရဲ့ နေ့စဉ်မှတ်တမ်းတွေကို လူပေါင်းလေးငါးခြောက် ထောင်လောက်က တစ်နှစ်ပတ်လုံး မပျင်းမရိ စောင့်ဖတ်ချင်အောင် စာရေးရတဲ့အလုပ် ဆိုတာ လွယ်တာတော့ မဟုတ်ပါဘူး။ ကိုယ်ရောက်နေတဲ့ အရပ်ဒေသကလည်း သူများတကာတွေ နိုင်ငံခြားရောက်နေလို့ စာရေးသလို “ဒီကိုလာရင် ဒါကိုမလီပါနဲ့။” “ဟုတ်ဟာလိုချင်ရင် ဟိုဟာလုပ်ပြီးမှလာပါ။” စသည်ဖြင့် မောင်ငယ်ရင်သွေး နာဘိသေးလော့ တွေ လက်ချာရိုက်လို့မှ မကောင်းတာ။ ကိုယ့်ဆွေကိုယ့်မျိုးတွေထဲက သူတို့လည်း အဲ့ဒီ လိုက်လာချင်ပါတယ်။ လိုက်ပါရစီ ဆိုရင်တောင် ချော့ချော့မော့မော့ နဲ့ ဖျောင်းဖြထားရတာပါ။ “မလာပါနဲ့။ အချစ်ရေ မလာခဲ့နဲ့။” ကိုယ်က နေနိုင်ပေမယ့် သူတို့က နေနိုင်ပါ့မလား မသေချာဘူး။ ကိုယ်တောင်မှ အလုပ်ရှိလို့ နေနိုင်တာလေ။ အလုပ်မရှိပဲ ငုတ်တုတ်ထိုင်နေရင် ပျင်းလို့ သေရချည်ရဲ့။ အလုပ်တွေကတော့ တစ်နေ့တစ်မျိုး မရိုးရဘူးဗျ။ ဆရာဝန်တစ်ယောက်ရဲ့ လုပ်ငန်းခွင်ဆိုတာ […]