ချန်ဂင်တို့စခန်း (၁၇၃)

ရှင်ဘုရင်တွေ အသက်ကိုရန်ရှာလာရင် တောထဲခိုရတယ်ဆိုတာ ဟိုးတုန်းက တကောင်းပြည်မှာ ပန်းပဲမောင်တင့်တယ်တို့ စခဲ့တဲ့ ဇာတ်လမ်း။ ကိုယ့်အဘိုးလက်ထက်မှာလည်း တောထဲရောက်တာပဲ။ ဘားမားရိုင်ဖယ်တပ်တွေ ဗကပ နဲ့ ပူးပေါင်းရမယ်ဆိုလို့ အမေရိကား ပညာတော်သင်သွားမယ့် ကိုယ်တို့အဖိုးလေး BDA စစ်ဗိုလ်လေးဟာ မင်္ဂလာဒုံလေဆိပ်ကနေ လေယာဉ်ပေါ်မရောက်ပဲ တောထဲရောက်သွားတာပါတဲ့။ ရုပ်ရည်လည်းချော၊ လူရည်လည်းသန့်တဲ့ မောင်ငယ်လေးဆိုတော့ တောထဲမှာ မညှိုးနွမ်းရအောင် အဖွားတို့ ညီအမများက အစားအသောက်၊ စီးကရက်ဆို သံဗူးနဲ့မှ ဆို မရအရ ရှာဝယ်ပို့ကြတယ် လို့ ပြောကြတယ်။ အောင်မယ်။ ကိုယ့်လက်ထက်မှာလည်း တောထဲရောက်နေတာပဲဟာ။ ဘာဆန်းလို့လဲ။ ကိုယ့်ကျတော့မှ စားရေရိက္ခာ ဘာညာသ ရကာတွေတင် မကဘူး။ ဆေးဝါးတွေ စက်ပစ္စည်းကိရိယာတွေ တစ်ဆေးရုံလုံးစာ နေရာတကာက ဝိုင်းဝန်းပို့ဆောင် နေကြရတာ မဟုတ်ပါလား။ စဉ်းစားကြည့်လေ။ မိုးပေါ်က […]

ချန်ဂင်တို့စခန်း (၁၇၂)

သတ္တဝါတွေမှာ သူတို့ရဲ့ ဗီဇသဘာဝဆိုတာ သင်မပေးရပဲနဲ့ အလိုလို တတ်မြောက်ကြတာပဲ။ ယုန်ကလေးတွေဟာ မွေးကတည်းက ကြောင်မွေးမွေးလာပေမယ့် သူတို့ဘာသူတို့ ကျင်းကလေးတွေ ရအောင်တူးပြီး အဲ့ဒီအထဲ ဝင်ဝင်နေလေ့ရှိတယ်။ အပြင်မှာ အန္တရာယ်တွေကြုံလာရင် အဲ့ဒီထဲဝင်ပုန်းမှ စိတ်လုံခြုံလို့ ထင်ပါရဲ့။ လူတွေတောင် လေယာဉ်လာရင် ကျင်းထဲဆင်းပုန်းရတဲ့ အရပ်ဒေသမို့လား။ အဲ့ဒီတော့ သူတို့သဘာဝကို မပိတ်ပင်ပါဘူး။ တူးပလေ့စေ။ အစာကျွေးဖို့ ခေါ်ရင်တော့ အပြေးလာနေကျပဲ ဥစ္စာ။ မနက်တုန်းကတော့ ယုန်ကလေးနှစ်ကောင်က ကျင်းထဲကနေ အပြင်ရောက်အောင် တူးထွက်သွားကြတယ်။ ဝေးဝေးတော့ မပြေးဘူး။ အိမ်ဘေးက ခြုံတွေထဲတင် ရှိတယ်။ အတင်းလိုက်ဖမ်းမှ တောထဲဝင်ပြေးသွားမှာစိုးလို့ လူနဲ့ဝိုင်းပြီး ပြန်ဖမ်းခေါ်လာရတာ။ သူတို့လည်း သဘာဝအတိုင်း လွတ်လွတ်လပ်လပ်နေချင်မှာပေါ့လေ။ လွှတ်ပေးလိုက်ရင် တောကောင်တွေရန်က လွတ်အောင်ပြေးနိုင်ပါ့မလား စိတ်မချလို့သာ။ ရွာထဲမှာ အဲ့လိုထွက်ပြေးရင်တော့ ခွေးတွေဝိုင်းဆွဲလို့ […]

ချန်ဂင်တို့စခန်း (၁၇၄)

ရန်ကုန်မှာ မိုးတွေအရမ်းသည်းတာပဲ လို့ ဖတ်လိုက်ရတဲ့အချိန် ကိုယ်တို့ဆီမှာ နေကျဲကျဲတောက် ပူနေတော့ အဲ့သလောက်တောင် အလှမ်းဝေးတဲ့ နေရာ ရောက်နေသလား လို့ ကိုယ့်ဘာသာ အံ့ဩမိပါတယ်။ ဒီမှာဖြင့် မိုးရိပ်လေရိပ်ကလေးတောင် မမြင်ရသေးဘူးနော်။ ကောင်းကင်ကြီးကလည်း ပြာလဲ့ကြည်စင်လို့ ကောင်းတုန်း။ ရန်ကုန်ကမိုးဟာ ကိုယ့်ဆီရောက်ဖို့ ဘယ်လောက်ကြာမှာပါလိမ့်။ မိုးမျှော်တယ်ဆိုတာ ဒါမျိုးကိုး။ မျှော်သာမျှော် ပေါ်မလာပါဘူးလေ။ ပူလွန်းအားကြီးတော့ ကိုယ့်ဆီကို PDF ကလေးတစ်ယောက် heat stroke နဲ့ ရောက်လာတယ်။ ရေခဲသေတ္တာထဲက ရေခဲခြောက်တွေ အအေးဗူးတွေ အကြိုအကြားညှပ်ပြီး တစ်ကိုယ်လုံး ရွှဲနေအောင် ရေပတ်တိုက်ချတယ်။ တက်နေလို့ Dz တွေလည်းထိုးချရတယ်။ လုပ်တတ်သမျှအားလုံးလုပ်ပြီး physician ဆီကိုလည်း ဖုန်းဆက် တိုင်ပင်ရတယ်။ ကျန်ခဲ့မှာစိုးလို့။ တကိုယ်လုံးအေးသွားမှ သူလည်း အတက်ကျလာတယ်။ သတိရလာတယ်။ […]

ချန်ဂင်တို့စခန်း (၁၇၁)

လေတွေမိုးတွေ ညာသံပေးလာပေမယ့်လည်း နင်လားငါလား ရွာတာမျိုးတော့ မဟုတ်ပါဘူး။ ခဏတဖြုတ်တော့ အေးသွားတာပေါ့။ မိုးမကျခင် လမ်းကို ဒုန်းစိုင်းပြင်နေကြတာ အဆင်ပြေမပြေ ရေထဲမိုးထဲကျမှ သိရမယ်။ လောလောဆယ်တော့ ဖုန်တထောင်းထောင်းနဲ့ ချောင်းရေတွေ နောက်နေပြီ။ မနှစ်က ဒီအချိန် ချောင်းရေ အရမ်းကြည်တာ။ တချို့က လယ်ပြန်လုပ်ဖို့ တောင်ယာတွေ မီးရှို့နေကြတယ်။ အရှို့ကောင်းလို့ မိုင်းထကွဲတာ အနားက ဆိုင်ကယ်ဖြတ်မောင်းတဲ့ သားအမိကိုမှန်ရော။ အရင်တပါတ်က ဗိုက်ခွဲရတာလေ။ မနက်ဖြန်ဆို ဆေးရုံက ပေးဆင်းပြီ။ ကုတင်နေရာမလောက်လို့ ကြာကြာမထားနိုင်ပါဘူး။ appendix တောင် ၃ ရက်နဲ့ ပေးဆင်းတာ။ မိုင်းထိလူနာတွေ တန်းစီနေတော့ ခြေတုတပ်မပေးနိုင်တောင် ချိုင်းထောက်ကလေးတွေ မှာပေးနိုင်ရင် ကောင်းမှာပဲ လို့ အောင့်မေ့မိတယ်။ ဘယ်က မှာရမှန်း မသိလို့။ ကိုယ်တောင် မသိဘူးဆိုရင် […]

ချန်ဂင်တို့စခန်း (၁၇၀)

တနိုင်ငံလုံး ပူပြင်းလောင်မြိုက် နေတဲ့ ကာလကြီးမှာ ကိုယ်တို့ဆီ မလည်း ကွက်အေးမနေပါဘူး။ ညအိပ်ချိန် ရောက်မှ နည်းနည်းလေး နေသာလာပြီး မနက်ကျရင်တော့ စောင်ခြုံကွေးရပါတယ်။ ဒီမှာကျတော့ ဘယ်လောက်ပူပူ သစ်ရိပ်ဝါးရိပ်အောက် ခိုပြီး လေကလေးတိုက်လာရင် ချွေးသိပ်သွားတာပါပဲ။ ရန်ကုန်ကလူတွေမှာဖြင့် ရာသီဥတု က ပူ။ မီးကပျက်၊ ငရဲတမျှ အသက်ရှူလို့တောင် မဝအောင်ပါပဲတဲ့။ တနိုင်ငံလုံး မီးဖြတ်ပြီး သူတို့တပ်တွင်းမှာပဲ လုံခြုံရေးအရ ၂၄ နာရီ ထိန်ထိန်ငြီးနေအောင် မီးပေးထားတော့ ပူရတဲ့အထဲ အသည်းကပါ နာစရာပေါ့။ တပ်ကလွဲရင် ပြည်သူတရပ်လုံး ရန်သူ ဖြစ်နေပြီ မဟုတ်လား။ သူတို့ကို ထောက်ခံလှပါရဲ့ဆိုတဲ့ အဘဘောမ (ABBM) တွေတောင် ပဋာမြေလူး ငိုချင်းချကုန်ပြီလေ။ “ဟိုအရင် အစက အဘကို ချစ်ခင်။ ဘယ်တုန်းကမှ […]

ချန်ဂင်တို့စခန်း (၁၆၉)

ကိုယ်တို့လို တောထဲက ဆေးရုံ သေးသေးလေးမှာ တစ်နေ့ကို ၃ ယောက်လောက် ခွဲခန်းဝင်ရတယ် ဆိုရင် တော်တော် အလုပ်ရှုပ်နေပြီ ပြောရမှာပဲ။ ခွဲခန်းထဲ မဝင်ပဲ အပြင်က minor room ကလေးမှာတင် ချုပ်လုပ်ခွဲစိတ်တဲ့ တိုလီမုတ်စလေးတွေလည်း ရှိသေးတယ် မဟုတ်လား။ OPDလူနာတွေ၊ ဗိုက်ကြီးသည်နဲ့ မွေးလူနာတွေ၊ သွားလာနှုတ်တဲ့သူတွေနဲ့ဆိုတော့ ဆေးရုံကြီးက လူတွေ တရုန်းရုန်းနဲ့ရယ်။ စစ်ပွဲတွေဖြစ်နေပါတယ်ဆိုကာမှ “စစ်ပွဲ က စစ်ပွဲ။ လူနာ က လူနာ။ လာမှာပဲ လာမှာပဲ။” ဆိုတဲ့သူတွေချည့်။ မနက်ပိုင်း elective ပြင်ထားတဲ့ Bladder stone လူနာကို ကျောက်ထုတ်ပြီးတဲ့အခါ appendix လူနာက စောင့်နေတယ်။ နေ့လည် ထမင်းစားပြီး စာသင်ပြီးရင် ခွဲပေးမယ် ဆို အေးအေးဆေးဆေး […]