ချန်ဂင်တို့စခန်း (၁၉၂)

“ကြက်မရီး ဂုစိုက်” လို့ လူတကာက ပြောတဲ့အတိုင်း ကိုယ်လည်းပဲ အတတ်နိုင်ဆုံး ဂရုစိုက်ပါတယ်။ တဆေးရုံလုံး ကိုဗစ်တွေဖြစ်တုန်းကလည်း ကိုယ်မဖြစ်ခဲ့ဘူး။ ငှက်ဖျားတွေ တစ်ယောက်ပြီးတစ်ယောက် ဖြစ်တဲ့ထဲလည်း ကိုယ်မပါခဲ့ဘူး။ ဒေါင်ဒေါင်မြည်တဲ့အစားထဲကပါ လို့ ကိုယ်ကိုယ်ကိုယ် ထင်မိသေးတယ်။ ဒါပေမယ့်လည်း “အဟံ ငါသည် ဗျာဓိဓမ္မော နာခြင်း တရားသဘော ရှိသည် အံမှီ ဖြစ်၏။ တဿဓမ္မဿ ထိုနာခြင်းသဘောတရားမှ အနတိနော မလွန်မြောက်နိုင်။” လို့ ဆိုတယ် မဟုတ်လား။ ကိုယ်လည်းပဲ သွေးနဲ့ကိုယ် သားနဲ့ကိုယ် ဆိုတော့ ခန္ဓာရှိရင် ဝေဒနာ ရှိရတာပ။ သူများဝမ်းနာတွေကိုတောင် ခွဲခြမ်းစိတ်ဖြာပြီး ကုသပေးနေတဲ့သူ တစ်ယောက်မို့ ကိုယ့်ဝမ်းနာလည်း ကိုယ်သာ အသိဆုံးပါ။ ဒီတစ်ခေါက် ခါးနာတာက ခါတိုင်းလို တနေကုန်ခွဲပြီး အလုပ်ပင်ပန်းရင် နောက်ကျောထဲက […]

ချန်ဂင်တို့စခန်း(၁၉၁)

ဟိုတစ်ရက်က ကိုဗစ်လူနာတွေကို သီးခြားခွဲထားပြီး ၅ ရက်လောက်ကြာတဲ့အထိ နောက်ထပ် လူနာအသစ် မတွေ့တဲ့အခါ “တော်ပါသေးရဲ့။ စောစောစီးစီး သိလိုက်ပေလို့။” ဆို စိတ်အေးလက်အေး ခွဲလူနာတွေ ရက်ချိန်းပြန်ပေးဖို့ လုပ်ပါတယ်။ ဒါပေမယ့် ဒီမနက် ထီးချိုင့်ဘက်က တက်လာတဲ့ ကလေးမလေးမှာ ထပ်တွေ့တော့ သူတို့နေတဲ့ တန်းလျားလေးကို lock down ချ။ အတူနေတဲ့သူတွေ swab ယူ quarantine လုပ် အလုပ်ရှုပ်ရပြန်ရော။ ငှက်ဖျားလူနာကလည်း တဖွဲဖွဲ တဖျောက်ဖျောက်တော့ လာနေတုန်းပါ။ တရွာလုံးလည်း သူ့အိမ်ကိုယ့်အိမ် အနာအဖျားကို မလွတ်ကြဘူး။ ကိုဗစ်စင်တာဖွင့်တုန်းက “ဒီတသက် ကုန်အောင် သုံးနိုင်ဖွယ်ရာ မရှိ။” လို့ ထင်ထားတဲ့ အကိုက်အခဲပျောက်ထိုးဆေး တောင်ပုံရာပုံကြီးဟာ ကုန်သွားလို့ အသည်းအသန်ကို ထပ်မှာရပါရောလား။ ဒါကြောင့်လည်း ဒီအရပ်မှာ […]

ချန်ဂင်တို့စခန်း (၁၉၀)

ကပ်တွေကျော်အောင် ပဲကပ်ကြော် လုပ်စားပေါင်းလည်း များပါပြီ။ ဘေးဘယာတွေကျော်အောင် ဘယာကြော်လည်း လုပ်စားခဲ့ပြီးပြီ။ ဒါပေမယ့်လည်း မကုန်သေးဘူးဗျ။ ဒီနေ့မနက် ချောင်းဆိုး၊ လည်ချောင်းနာ၊ အသံဝင်နေတဲ့ အမျိုးသမီးတစ်ယောက်ကို နှာခေါင်းတို့ပတ်ယူလိုက်တာ ကိုရိုနာဗိုင်းရပ်စ် ရှိတယ် လို့ အဖြေတန်းထွက်လာတယ်။ အဲ့ဒါမှ ဒုက္ခ။ မယ်မင်းကြီးမ က တန့်ဆည်က ပြန်လာတာ မကြာသေးဘူး လို့ ပြောတယ်။ အဲ့ဒီဘက်က ပါလာတာ နေမှာပဲ။ ဒီရွာမှာ ရှိမှ မရှိသေးတာ။ ကိုင်း အခု ရှိသွားပြီဗျ။ လုပ်ကြပါဦး။ “ခင်ခင်ရယ်။ ဘယ်ရွာမှာ နေတာကို သိချင်စမ်းပါတယ်။” ဆို လိုက်ဖို့သာပ။ သူတို့ဘက်က စစ်ဘေးရှောင်ရင်း ဒီရွာရောက်နေတာ တစ်နှစ်လောက်တောင် ရှိတော့မယ်တဲ့။ ရွာ ခဏပြန်သွားပြီး လည်ချောင်းကွဲမတတ် ချောင်းဆိုးနေတာ ၂ ရက်လောက်ပဲ […]

ချန်ဂင်တို့စခန်း (၁၈၉)

ဒီအရပ်ကလူတွေ ငှက်ဖျားအရမ်းကူးတဲ့အချိန်၊ မိုးရွာလို့ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်တဲ့အချိန်၊ စစ်တပ်ဂိတ်တွေက ဖြတ်လေးဖြတ် ကျင့်သုံးလို့ ဆေးပစ္စည်းတွေ သယ်မရတဲ့အချိန်။ ဒီအချိန်မှာပဲ နောက်ထပ် ဖိအားတစ်ခု ထပ်တိုးလာတာကတော့ စစ်ရေးအခြေအနေ တင်းမာလာခြင်းပါပဲ။ နမ်ဆန်ယန် နဲ့ လိုင်ဆာ နဲ့ နဂါးခေါင်းချင်းဆိုင်ထားတဲ့အချိန်မှာ နောက်ကျောဘက် အမြီးဘက်မှာလည်း ထိတွေ့မှု တိုက်ပွဲတွေနဲ့ မငြိမ်မသက် ရှိနေပါတယ်။ လီဒိုလမ်းပေါ်က ရှဒူဇွပ်ဘက်မှာ ဖြစ်တာ၊ ကိုယ်တို့ဆီက စစ်ကိုင်းနယ်စပ် ပန်ချယ်၊ မန်စိမ်းဘက်မှာဖြစ်တာတွေပေါ့။ မိုးရိပ်တိမ်ရိပ်တွေကြားမှာပဲ ကင်းထောက် စစ်လေယာဉ်တွေ ခဏခဏ လာနေတာလည်း တွေ့ရတယ်။ ပြောလို့တော့ ဘယ်ရမလဲ။ မကြာခင်မှာ ပွဲကြီးပွဲကောင်းတစ်ခု ဆင်နွှဲဖို့ နှစ်ဘက်စလုံးက ပြင်ဆင်နေကြပုံပါပဲ။ ဒါကြောင့်မို့ ကိုယ်တို့လည်း အရေးအကြောင်းရှိရင် အလုပ်အများကြီး လုပ်နိုင်ဖို့ လိုလေသေးမရှိအောင် ပြင်ဆင်နေရပါတယ်။ အထူးအားဖြင့်တော့ […]

ချန်ဂင်တို့စခန်း (၁၈၈)

ခုရက်ပိုင်း အလုပ်တွေက ရှောရှောရှူရှူ မဖြစ်တာ များပါတယ်။ ဘယ်လောက်ပဲ သတိဝီရိယနဲ့ ကြိုတင်စီမံထားသော်လည်း ထစ်ငေါ့လွဲချော်နေတာချည့်ပဲ။ ငှက်ဖျားတွေ စဖြစ်ပြီ ဆိုကတည်းက ၃ နေရာခွဲပြီး ဆေးတွေမှာတယ်။ ရောက်မလာကြဘူး။ ရောက်တဲ့ဆေးကလည်း မလောက်ဘူး။ နောက်ဆုံးမှာ ပေးစရာဆေးလည်း မရှိတော့ဘူး။ စစ်စရာ test kit လည်း ကုန်ပြီဆိုတဲ့အခြေအနေ ဖြစ်လာတယ်။ လူနာက မလျော့သေးဘူး။ တချို့လူနာတွေကို အမြစ်ဖြတ်ဆေး ပေးထားပါလျက် ၂ ခါပြန်ဖြစ်တယ်။ အရင်လက cerebral malaria နဲ့ ကလေးလည်း high fever နဲ့ ပြန်လာတယ်။ ရွာထဲကလည်း နောက်ထပ် ကလေးလေးတစ်ယောက် ကယောင်ကတမ်း နဲ့ တက်ပြီး ရောက်လာတယ်။ သူတို့စစ်ဖို့ test kit တောင် မရှိတာ။ […]

ချန်ဂင်တို့စခန်း (၁၈၇)

မိုးတွင်းကာလအတွင်း လမ်းပန်း ဆက်သွယ်ရေး ပြတ်တောက်သွားလို့ ဆေးရုံမှာ လူနာကျဲသွားလိမ့်မယ် ထင်ခဲ့တာ တက်တက်စင်အောင် လွဲပါတယ်။ ဒီလမှာ ဆေးရုံကို OPD လာပြတဲ့လူနာ ၈၈၀ကျော်နဲ့ စံချိန်ချိုးသွားတာ။ ငှက်ဖျားလူနာကချည့် ၁၄၀ ကျော်နဲ့ဆိုတော့ စံချိန်မကျိုးပဲနေမလား။ ကျောင်းတောင် ခနပိတ်ထားရတဲ့ ဥစ္စာ။ ဒါပေမယ့်လည်း အသေအပျောက်က တစ်ယောက်ပဲ ရှိတာ ကိုယ်တို့အများကြီး လုပ်ပေးနိုင်တာ သိသာပါတယ်။ အဲ့ဒီကလေးတောင် ငှက်ဖျားချည့်သက်သက်ဆို သေချင်မှသေမယ်။ သူ့ရောဂါအခံကြောင့် ၅ ရက်လောက် သတိလစ်နေတဲ့အချိန်မှာ နမိုးနီးယား ဝင်ပြီး သေတာ။ ဒါဆိုရင် ဆေးတွေ အကုန်မြန်တာ၊ အောက်ဆီဂျင်တွေ အလျဉ်မမီအောင် ပြတ်တောက်သွားတာ လက်ခံနိုင်လောက်တဲ့ အကြောင်းတရား လို့ ပြောရမှာပေါ့။ အခက်အခဲတွေ ဘယ်လောက်များများ နိုင်နိုင်နင်းနင်း ကျော်ဖြတ်လာခဲ့တယ်။ မှာထားတာတွေ ပို့လိုက်တာတွေကလည်း […]